iMyanmarHouse.com - Best Property Website for Myanmar
×



img_1256




img_1244




img_1242





 img_1241



img_1240



img_1246




img_1239



img_1238



img_1237



img_1258






Credit: For Her Myanmar

 #Unicode Version
ဒီဖိနပ်တွေရဲ့ဈေးနှုန်းဟာ…..လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်ပါတယ်..

ဖိနပ်ဆိုတာ အလှကြိုက်တတ်တဲ့ မိန်းကလေးတိုင်းရဲ့ ရူးသွပ်မှုတစ်ခုပါ။ဒီဖိနပ်တွေရဲ့ ဈေးနှုန်းကတော့ ပိုပြီးရူးသွပ်သွားစေနိုင်ပါတယ်။(၂၀၁၆)ခုနှစ်အထိ သမိုင်းတစ်လျှောက် ဈေးအကြီးဆုံးဖိနပ်စုစည်းမှုပါ။ ဘယ်ဈေးတွေလဲတော့ကြည့်ကြည့်လိုက်နော်။ဖိနပ်တွေတော်တော်များများကတော့ ကမ္ဘာကျော် နံမည်ကြီးဖိနပ် ဒီဇိုင်နာ Stuart Weitzmanရဲ့ဖိနပ်တွေများပါတယ်။



(၁၀) Diamond Dream Stilettos (စိန်အိပ်မက် ဒေါက်ချွန်ဖိနပ်)

ဈေးနှုန်း -ဒေါ်လာ ၅သိန်း

အီတလီဒီဇိုင်နာ Stuart Weitzman က ၂၀၀၇ ခုနှစ် အော်စကာပေးပွဲမှာ Anika Noni Rose အတွက် ဖန်တီးပေးထားတဲ့ဖိနပ်ပါ။ ဖိနပ်မှာ စိန်အလုံးပေါင်း ၁၄၂၀ ပါပါတယ်။



(၉) Original Ruby Slippers from the Wizard of Oz(Wizard of oz မှမူလပတ္တမြားဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၆ သိန်း ၁ သောင်း ၂ထောင်
ဒီဖိနပ်လေးကတော့ Wizard of oz ရုပ်ရှင် မှာ ဒေါ်ရသီ ကာရိုက်တာအတွက် ထုတ်ထားတဲ့ဖိနပ်လေးပါ။ဖိနပ်ကုန်ကျစရိတ်က သိပ်မရှိပါဘူး။ ဖိနပ်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းကြောင့်သာ ဈေးကြီးနေတာပါ။





(၈)Retro Rose Pumps(ရက်ထရို နှင်းဆီရှူးဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၁ သန်း
ဒီဖိနပ်လည်းပဲ အီတလီဒီဇိုင်နာ Stuart Weitzman ဖန်တီးထားတဲ့ဖိနပ်ပါပဲ။ စိန်အလုံးပေါင်း (၁၈၀၀) ၊(၁၀၀)ကာရက်အသုံးပြုထားပါတယ်။





(၇)Marilyn Monroe Shoes (မာရီလင်မွန်ရိုး ဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၁ သန်း
၂၀၀၅ခုနှစ် အော်စကာပေးပွဲမှာ Regina King ဝတ်ဆင်ခဲ့တဲ့ဖိနပ်ပါ။ ဒီဇိုင်နာကတော့ ထုံးစံအတိုင်း Stuart Weitzman ပါပဲ။Swarovski ကျောက်တွေနဲ့အသပ်ရပ်ဆုံး ဖန်တီးထားတာပါ။



(၆)Platinum Guild Stilettos(ပလက်တီနမ်တို့ စုဝေးရာ ဒေါက်ချွန်ဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၁.၀၉ သန်း
ကူဝိတ်စိန် ၄၄၆ လုံးနဲ့ ပလက်တီနမ်ကြိုးတွေပေါင်းစပ်ပြီး Stuart Weitzman ဖန်တီးထားတဲ့ဖိနပ်လေးပါ။ ၂၀၀၄ အော်စကာဆုပေးပွဲမှာ Laura Harring ဝတ်ဆင်ထားပါတယ်။




(၅)Ruby Stilettos(ပတ္တမြား ဒေါက်ချွန်ဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၁.၆သန်း
ပတ္တမြားအလုံး ၆၀၀နဲ့ဖန်တီးထားတဲ့ Stuartရဲ့လက်ရာ ဖိနပ်လေးပါ။ (၂၀၀၃)ခုနှစ် အော်စကာပေးပွဲမှာ ခင်းကျင်း ပြသခဲ့ပါတယ်။



(၄) Tanzanite Heels( တန်ဇန်နိုက် ဒေါက်ဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၂ သန်း
တန်ဇန်နိုက်ဖိနပ်ဟာ ကျောက်မျက်ရတနာ ဒီဇိုင်နာ Eddie Le Vian နဲ့ Stuart တို့ပူးပေါင်းဖန်တီထားတာပါ။ ငွေရောင်လယ်သာသားကို အသုံးပြုပြီး တန်ဇန်နိုက်ကျောက် (၂၁၃)ကာရက်နဲ့ စိန်(၂၈)ကာရက်တို့နဲ့ အလှဆင်ထားတာပါ။



(၃)Cinderella Slippers( စင်ဒရဲလားဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၂ သန်း
Stuartရဲ့စုစည်းမှုတစ်ခု ဖြစ်တဲ့ စင်ဒရဲလားဖိနပ်ဟာ ကူဝိတ်စိန် (၅၆၅)ကာရက်နဲ့ဖန်တီးထားတာပါ။ဒီဖိနပ်ကို ပထမဆုံး စီးခွင့်ရခဲ့တဲ့ ကံကောင်းလှတဲ့သူဟာ Alison Kross ပါ။ ၂၀၀၄ အော်စကာဆုပေးပွဲမှာ ဝတ်ဆင်ခဲ့ရပါတယ်။



(၂)Rita Hayworth Heels ( ရီတာဟေးဝသ် ဒေါက်ဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၃ သန်း
ရီတာဟေးဝသ်အတွက် Stuartရဲ့သီးသန့်ထုတ်ထားတဲ့ဖိနပ်ပါ။စိန်၊ပတ္တမြားနဲ့နီလာတို့နဲ့ဆွဲဆောင်မှုရှိရှိ ဖန်တီးထားတာပါ။



(၁)Ruby slippers (ပတ္တမြားဖိနပ်)

ဈေးနှုန်း – ဒေါ်လာ ၃ သန်း

အမေရိကန် ဒီဇိုင်နာ Harry Winston က (၁၉၈၇)ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်”The Wizard of Oz”နှစ်(၅၀)ပြည့် အတွက် ဒေါ်ရသီစီးတဲ့ ပတ္တမြားဖိနပ်ပုံစံတူကို အချိန်(၂)လယူပြီး ဖန်တီးထားတာပါ။ပတ္တမြား(၁၃၅၀)ကာရက်နဲ့ စိန်(၅၀)ကာရက်တို့ပါဝင်ပါတယ်။

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: For Her Myanmar

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top