iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္ေတာ္မ်ားမ်ားက ႏွစ္တစ္ႏွစ္ကုန္ဆံုးေတာ့မယ္ဆုိရင္ ဒီႏွစ္မွာ ဘာေတြလုပ္ခဲ့ျပီးျပီ၊ ေနာက္ႏွစ္ဆုိရင္ ဘယ္လိုအက်င့္ဆိုးေတြ ထားခဲ့ျပီး အသစ္အသစ္ေသာ ေနထုိင္မႈပံုစံေတြနဲ႕ ကိုယ့္ဘ၀အတြက္ ေျပာင္းလဲေနထုိင္သြားမယ္ ဆုိတဲ့ သံုးသပ္ခ်က္ေတြနဲ႕ ဆံုးျဖတ္ခ်က္အသစ္ေတြ ခ်ေလ့ရွိပါတယ္။ တစ္ခ်က္ျပန္စဥ္းစားၾကည့္ရမွာက အရင္ႏွစ္ ဒီအခ်ိန္ကေရာ ဒီလို new year resolutionေတြ လုပ္ခဲ့ေသးသလားဆုိတာပါပဲ။ လုပ္ခဲ့တယ္ဆုိရင္ အဲ့ဒီလို ကိုယ္မျဖစ္မေန ေျပာင္းလဲမယ္ဆုိတဲ့ အရာေတြ တကယ္ေျပာင္းလဲသြားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလားဆုိတာ ဆက္စဥ္းစားရပါမယ္။ ဘာျဖစ္လို႕လဲဆုိေတာ့ ႏွစ္သစ္အတြက္ ဘယ္လိုေလး ေျပာင္းလဲလုပ္ေဆာင္မယ္ဆုိျပီး ဆံုးျဖတ္ခဲ့ၾကေပမယ့္ လူေတာ္ေတာ္မ်ားမ်ား ဒါကို မလုပ္ႏိုင္ၾကပါဘူး။

ဥပမာအေနနဲ႕ေျပာရရင္ ခ်စ္သူရည္းစားမရွိတဲ့သူေတြဟာ ႏွစ္တစ္ႏွစ္ဆံုးခ်ိန္မွာ  ငါေနာက္ႏွစ္အတြင္း ခ်စ္သူတစ္ေယာက္ေတာ့ ရေအာင္ထားမယ္လို႕ သံႏၷိဌာန္ခ်ထားတယ္ဆိုပါစို႕။  နွစ္စပိုင္း ဒိတ္လုပ္တဲ့ ဆုိက္ဒ္ေတြမွာ သူတုိ႕ ခ်စ္သူရည္းစားရဖုိ႕ အသားကုန္ၾကိဳးစားတတ္ၾကေပမယ့္ ေဖေဖာ္၀ါရီလေလာက္က် ရင္ ေတာ္ပါျပီကြာဆုိျပီး ဒီအလုပ္ကို လက္ေလ်ွာ့သြားတတ္ၾကပါတယ္။ ဒါက ခ်စ္သူရည္းစားရွာဖုိ႕ ႏွစ္သစ္မွာ တာဆူေနခဲ့ၾကတဲ့သူေတြအေၾကာင္းေျပာတာပါ။

ဒီလိုပါပဲ၊ အျခားေသာ အမူအက်င့္အသစ္ေတြနဲ႕ ျပူမူေနထုိင္မယ္ဆုိျပီး ဆံုးျဖတ္ခ်က္ခ် ၾကိဳးစားေနထုိင္တဲ့သူေတြကလည္း အမ်ားဆံုး ေလးလအထိသာ လုပ္ေဆာင္ႏိုင္ၾကျပီး ေလးလေနာက္ပိုင္းမွာေတာ့ အရင္ကလို အက်င့္ေဟာင္းေတြအတိုင္းသာ ျပန္လည္ျပဳမူေနထုိင္ျဖစ္သြားၾကပါတယ္။

ဒီေတာ့ သင္ဟာ New Year Resolution အတြက္ အေရးအၾကီးဆံုး စိတ္ထဲျပဳျပင္ရမယ့္အရာက ငါ ဘာလုပ္လုပ္လက္မေလ်ွာ့ပဲ အဆံုးထိ လုပ္သြားမယ္၊ အလြယ္တကူ အရႈံးေပးတတ္တဲ့သူတစ္ေယာက္ မျဖစ္ေအာင္ ၾကိဳးစားမယ္ဆုိတဲ့ အခ်က္ပါပဲ။ ဒီအခ်က္ အဆင္ေျပရင္ အျခားအရာေတြပါ အဆင္ေျပပါျပီ။

သင့္ဘာသာသင္ အခ်စ္ေရးပဲျဖစ္ျဖစ္၊ သင့္ဘ၀အတြက္ ၾကိဳးစားေနတာပဲျဖစ္ျဖစ္၊ အက်င့္ေဟာင္းေတြ ျပင္ဆင္ဖုိ႕ပဲျဖစ္ျဖစ္ လုပ္ေဆာင္ေနတဲ့အရာကို စိတ္ရွည္ရွည္ မေလ်ွာ့ေသာစိတ္ဓာတ္နဲ႕ လုပ္လက္စတစ္ခုကို ဆက္တုိက္လုပ္ေဆာင္သြားဖုိ႕သာ အေရးအၾကီးဆံုးျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

လူတော်တော်များများက နှစ်တစ်နှစ်ကုန်ဆုံးတော့မယ်ဆိုရင် ဒီနှစ်မှာ ဘာတွေလုပ်ခဲ့ပြီးပြီ၊ နောက်နှစ်ဆိုရင် ဘယ်လိုအကျင့်ဆိုးတွေ ထားခဲ့ပြီး အသစ်အသစ်သော နေထိုင်မှုပုံစံတွေနဲ့ ကိုယ့်ဘဝအတွက် ပြောင်းလဲနေထိုင်သွားမယ် ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ဆုံးဖြတ်ချက်အသစ်တွေ ချလေ့ရှိပါတယ်။ တစ်ချက်ပြန်စဉ်းစားကြည့်ရမှာက အရင်နှစ် ဒီအချိန်ကရော ဒီလို new year resolutionတွေ လုပ်ခဲ့သေးသလားဆိုတာပါပဲ။ လုပ်ခဲ့တယ်ဆိုရင် အဲ့ဒီလို ကိုယ်မဖြစ်မနေ ပြောင်းလဲမယ်ဆိုတဲ့ အရာတွေ တကယ်ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်ခဲ့သလားဆိုတာ ဆက်စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်သစ်အတွက် ဘယ်လိုလေး ပြောင်းလဲလုပ်ဆောင်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပေမယ့် လူတော်တော်များများ ဒါကို မလုပ်နိုင်ကြပါဘူး။

ဥပမာအနေနဲ့ပြောရရင် ချစ်သူရည်းစားမရှိတဲ့သူတွေဟာ နှစ်တစ်နှစ်ဆုံးချိန်မှာ  ငါနောက်နှစ်အတွင်း ချစ်သူတစ်ယောက်တော့ ရအောင်ထားမယ်လို့ သံန္နိဌာန်ချထားတယ်ဆိုပါစို့။  နှစ်စပိုင်း ဒိတ်လုပ်တဲ့ ဆိုက်ဒ်တွေမှာ သူတို့ ချစ်သူရည်းစားရဖို့ အသားကုန်ကြိုးစားတတ်ကြပေမယ့် ဖေဖော်ဝါရီလလောက်ကျ ရင် တော်ပါပြီကွာဆိုပြီး ဒီအလုပ်ကို လက်လျှော့သွားတတ်ကြပါတယ်။ ဒါက ချစ်သူရည်းစားရှာဖို့ နှစ်သစ်မှာ တာဆူနေခဲ့ကြတဲ့သူတွေအကြောင်းပြောတာပါ။

ဒီလိုပါပဲ၊ အခြားသော အမူအကျင့်အသစ်တွေနဲ့ ပြူမူနေထိုင်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချ ကြိုးစားနေထိုင်တဲ့သူတွေကလည်း အများဆုံး လေးလအထိသာ လုပ်ဆောင်နိုင်ကြပြီး လေးလနောက်ပိုင်းမှာတော့ အရင်ကလို အကျင့်ဟောင်းတွေအတိုင်းသာ ပြန်လည်ပြုမူနေထိုင်ဖြစ်သွားကြပါတယ်။

ဒီတော့ သင်ဟာ New Year Resolution အတွက် အရေးအကြီးဆုံး စိတ်ထဲပြုပြင်ရမယ့်အရာက ငါ ဘာလုပ်လုပ်လက်မလျှော့ပဲ အဆုံးထိ လုပ်သွားမယ်၊ အလွယ်တကူ အရှုံးပေးတတ်တဲ့သူတစ်ယောက် မဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ အချက်ပါပဲ။ ဒီအချက် အဆင်ပြေရင် အခြားအရာတွေပါ အဆင်ပြေပါပြီ။

သင့်ဘာသာသင် အချစ်ရေးပဲဖြစ်ဖြစ်၊ သင့်ဘဝအတွက် ကြိုးစားနေတာပဲဖြစ်ဖြစ်၊ အကျင့်ဟောင်းတွေ ပြင်ဆင်ဖို့ပဲဖြစ်ဖြစ် လုပ်ဆောင်နေတဲ့အရာကို စိတ်ရှည်ရှည် မလျှော့သောစိတ်ဓာတ်နဲ့ လုပ်လက်စတစ်ခုကို ဆက်တိုက်လုပ်ဆောင်သွားဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top