iMyanmarHouse.com - Best Property Website for Myanmar
×







Credit : phothutaw

#Unicode Version

 အလုပ်တစ်ခု ပြီးမြောက်အောင်မြင်လာဖို့ဆိုရင်… ဘာလုပ်ရင် ကောင်းမလဲ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာတွေကို တွေးနေတာ ရပ်တန့်ပြီး အကောင်းဆုံး နည်းလမ်းတစ်ခုကို ရွေးချယ်ကာ ခုချက်ချင်းပဲ စလုပ်လိုက်ပါ။

အတွေးတွေ၊ အကြံအစည်တွေက လုပ်ငန်းပြီးမြောက်ဖို့ကို အဟန့်အ တားဖြစ်စေပြီးတော့ အချိန်တွေကြန့်ကြာစေပါတယ်။

ကိုယ့်စိတ်ထဲမှာ စိတ်အားထက်သန်နေတဲ့ အရာတစ်ခုခုကို စမ်းပြီးတော့ စ တင်လုပ်ကိုင် လိုက်ပါ။ အောင်မြင်နိုင်ပါ့မလား။ ကျရှုံးသွားမလားဆို တာတွေ ကြိုတွေးနေပြီး ရှေ့မတိုးရဲတာက အချိန်တွေဖြုန်းတီးရာ ရောက်ပါတယ်။

အောင်မြင်မှုဆီသွားဖို့ အဟန့်အတား၊ အတားအဆီး၊ အခက်အ ခဲ ပေါင်းများစွာနဲ့ မဖြစ်မနေကြုံတွေ့ရပါတယ်။ အဲ့ဒီအခက်အခဲတွေကို မိမိတွန်းလှန်နိုင်တဲ့ နည်းလမ်းနဲ့ကြိုးစားတွန်းလှန်ပြီးမှ အောင်မြင်မှု ဆိုတာ ရရှိလာပါတယ်။ လုံ့လ၊ ဝိရိယနဲ့ ကြိုးစားအားထုတ်မှုတွေ ပေါင်းပြီး အခုပဲ စတင်လိုက်ပါ……

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : phothutaw
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top