iMyanmarHouse.com - Best Property Website for Myanmar
×

 ေဖ့စ္ဘြတ္ခ္ေပၚ ဓာတ္ပံုေတြတင္၊ စာေတြေရးတင္တာမ်ဳိး လူတိုင္းလုပ္ေနၾကၿပီ။

          လူတိုင္း ဒႆနဆရာ၊ စာေရးဆရာေတြ ျဖစ္လာေနသျဖင့္ မ်က္စိေနာက္ရေသာ္လည္း ထိုကိစၥသည္ တစ္ဦးခ်င္းစီ အတြက္ေတာ့ ေကာင္းသည္ဟု ေလ့လာသုေတသန တစ္ရပ္က ဆိုလိုက္သည္။ ႏုိင္ငံ (၉၁) ႏုိင္ငံမွ ေဖ့စ္ဘြတ္ခ္ သံုးသူေပါင္း (၁၉၁၀) ဦးကို ေမးျမန္း စစ္တမ္းေကာက္ထားျခင္း ျဖစ္သည္။

          တစ္လအတြင္း မိတ္ေဆြေတြဆီက ကြန္မန္႔ ေျခာက္ဆယ္ေလာက္ ဖတ္လိုက္ရလွ်င္ပင္ အိမ္ ေထာင္က်ျခင္း၊ ကေလးရျခင္းကဲ႔သို႔ ဘ၀မွာ အဓိက မွတ္တိုင္တစ္ခု စိုက္ထူလိုက္ႏုိင္ျခင္းမ်ဳိးနဲ႔ ဆင္တူေသာ စိတ္ေက်နပ္မႈမ်ဳိး ရရွိႏုိင္ေၾကာင္း စစ္တမ္းက ဆိုသည္။

          စစ္တမ္းကို ကာနက္ဂ်ီ မီလြန္ တကၠသိုလ္မွ သုေတသီမ်ား ျပဳလုပ္ထားျခင္း ျဖစ္သည္။ မိမိ၏ ေဖ့စ္ဘြတ္ခ္ ပံုမ်ား၊ စာမ်ားေအာက္မွာ မိတ္ေဆြမ်ားက ကြန္မန္႔၀င္ေရးျခင္း၊ မိမိကို အေရးတယူျပဳေသာ ပို႔စ္မ်ဳိး အတင္ခံရျခင္းျဖင့္ ထိုလူသည္ ဘ၀ကို ေက်နပ္ေပ်ာ္ရႊင္စိတ္ ျဖစ္ေပၚရေၾကာင္း သုေတသီတို႔က ဆိုသည္။

          “ Like” ႏွိပ္ခံရျခင္းကမူ ထို သို႔ေသာ သက္ေရာက္မႈမ်ဳိး မရွိဟု သုေတသီတို႔က ဆိုသည္။ Likeေတြ ဘယ္ေလာက္ရရ ကိုယ့္မိတ္ေဆြေတြက ကိုယ့္အတြက္ အခ်ိန္ေပးၿပီး ကြန္မန္႔တစ္ေၾကာင္းေလာက္ ၀င္ေရးလို႔ ခံစားရသည့္ ေက်နပ္စိတ္မ်ဳိးကို မမီႏုိင္ဟု သုေတသနက ေထာက္ျပသည္။

          ေအာက္မွာ ကြန္မန္႔၀င္ေရးျခင္း၊ မိမိကို ရည္ညႊန္းေသာ ပို႔စ္မ်ဳိး ေရးတင္ျခင္းသည္ မိတ္ေဆြမ်ားက မိမိကို တကယ္ဂ႐ုစိုက္ကာ ၎တို႔အခ်ိန္ကို မိမိအတြက္ အသံုးခ်ေဖာ္ရျခင္းကို ေတြးမိတိုင္း ေက်နပ္ေပ်ာ္ရႊင္စိတ္ ျဖစ္ေပၚရေၾကာင္း သုေတသီတို႔က ဆိုသည္။

          သုေတသန စစ္တမ္းကို Com-puter-Mediated Communication ဂ်ာနယ္တြင္ ထည့္သြင္းေဖာ္ျပထားသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Messenger

#Unicode Version
 ဖေ့စ်ဘွတ်ခ်ပေါ် ဓာတ်ပုံတွေတင်၊ စာတွေရေးတင်တာမျိုး လူတိုင်းလုပ်နေကြပြီ။

          လူတိုင်း ဒဿနဆရာ၊ စာရေးဆရာတွေ ဖြစ်လာနေသဖြင့် မျက်စိနောက်ရသော်လည်း ထိုကိစ္စသည် တစ်ဦးချင်းစီ အတွက်တော့ ကောင်းသည်ဟု လေ့လာသုတေသန တစ်ရပ်က ဆိုလိုက်သည်။ နိုင်ငံ (၉၁) နိုင်ငံမှ ဖေ့စ်ဘွတ်ခ် သုံးသူပေါင်း (၁၉၁၀) ဦးကို မေးမြန်း စစ်တမ်းကောက်ထားခြင်း ဖြစ်သည်။

          တစ်လအတွင်း မိတ်ဆွေတွေဆီက ကွန်မန့် ခြောက်ဆယ်လောက် ဖတ်လိုက်ရလျှင်ပင် အိမ်ထောင်ကျခြင်း၊ ကလေးရခြင်းကဲ့သို့ ဘဝမှာ အဓိက မှတ်တိုင်တစ်ခု စိုက်ထူလိုက်နိုင်ခြင်းမျိုးနဲ့ ဆင်တူသော စိတ်ကျေနပ်မှုမျိုး ရရှိနိုင်ကြောင်း စစ်တမ်းက ဆိုသည်။

          စစ်တမ်းကို ကာနက်ဂျီ မီလွန် တက္ကသိုလ်မှ သုတေသီများ ပြုလုပ်ထားခြင်း ဖြစ်သည်။ မိမိ၏ ဖေ့စ်ဘွတ်ခ် ပုံများ၊ စာများအောက်မှာ မိတ်ဆွေများက ကွန်မန့်ဝင်ရေးခြင်း၊ မိမိကို အရေးတယူပြုသော ပို့စ်မျိုး အတင်ခံရခြင်းဖြင့် ထိုလူသည် ဘဝကို ကျေနပ်ပျော်ရွှင်စိတ် ဖြစ်ပေါ်ရကြောင်း သုတေသီတို့က ဆိုသည်။

          “ Like” နှိပ်ခံရခြင်းကမူ ထို သို့သော သက်ရောက်မှုမျိုး မရှိဟု သုတေသီတို့က ဆိုသည်။ Likeတွေ ဘယ်လောက်ရရ ကိုယ့်မိတ်ဆွေတွေက ကိုယ့်အတွက် အချိန်ပေးပြီး ကွန်မန့်တစ်ကြောင်းလောက် ဝင်ရေးလို့ ခံစားရသည့် ကျေနပ်စိတ်မျိုးကို မမီနိုင်ဟု သုတေသနက ထောက်ပြသည်။

          အောက်မှာ ကွန်မန့်ဝင်ရေးခြင်း၊ မိမိကို ရည်ညွှန်းသော ပို့စ်မျိုး ရေးတင်ခြင်းသည် မိတ်ဆွေများက မိမိကို တကယ်ဂရုစိုက်ကာ ၎င်းတို့အချိန်ကို မိမိအတွက် အသုံးချဖော်ရခြင်းကို တွေးမိတိုင်း ကျေနပ်ပျော်ရွှင်စိတ် ဖြစ်ပေါ်ရကြောင်း သုတေသီတို့က ဆိုသည်။

          သုတေသန စစ်တမ်းကို Com-puter-Mediated Communication ဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Messenger
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top