iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ့္ခ်စ္သူက ကိုယ့္ကိုတကယ္ခ်စ္မခ်စ္ စမ္းသပ္ရတာ နည္းနည္း အူေၾကာင္ေၾကာင္ေတာ့ႏိုင္ပါတယ္။ ခ်စ္သူေတြျဖစ္နၾကေပမယ့္ ဒီလို စမ္းသပ္ရတာကလည္း ခုေခတ္မွာ အလိမ္အညာေတြမ်ားသလို၊ အခ်စ္စစ္ အခ်စ္မွန္ကလည္း ရွားေနတာေၾကာင့္ပါ။ ဒီေတာ့ သူကိုယ့္ကို တကယ္ခ်စ္မခ်စ္ သိခ်င္ရင္ အခ်ိန္ဆြဲမေနပဲ ဒီအခ်က္ (၇)ခ်က္နဲ႕သာ တုိက္စစ္ၾကည့္လိုက္ပါ။

၁။ သူသင့္ကို ေလးေလးစားစား ဆက္ဆံတယ္။
အမ်ိဳးသားတစ္ေယာက္က သူခ်စ္ရတဲ့အမ်ိဳးသမီးကို အျမဲတမ္း တေလးတစားဆက္ဆံပါလိမ့္မယ္။ သူမဘ၀ရဲ႕ အေသးစိတ္အခ်က္အလက္ေလးေတြကအစ သူဂရုစိုက္ေပးတတ္ပါတယ္။ သူခ်စ္ရတဲ့ အမ်ိဳးသမီးရဲ႕အျမင္ေတြကို တန္ဖုိးထားသလို သူမလုပ္ေဆာင္တဲ့အရာေတြ ေအာင္ျမင္ရင္လည္း သူမနဲ႕အတူထပ္တူထပ္မ်ွ ေပ်ာ္ရႊင္ေပးပါလိမ့္မယ္။

၂။ သူ႕စိတ္ထဲ သင္အျမဲရွိေနပါတယ္။
ေန႕လည္ဘက္ေတြမွာ သင့္ကို စာတုိေလးေတြ ပို႕တတ္သလား။ တစ္ခုခု သူေတြ႕လိုက္လို႕၊ သီခ်င္းတစ္ပုဒ္နားေထာင္မိလိုက္လို႕ သင့္ကို သတိရသြားတယ္ဆုိတဲ့ အခိုက္အတန္႕ေတြ သူ႕မွာ အမ်ားၾကီးရွိေနတတ္ပါတယ္။ တစ္ေန႕တာလံုး သင္နဲ႕အတူမရွိေပမယ့္  သင္နဲ႕ပတ္သက္တာေလးေတြ အျမဲသတိတရရွိေနတယ္ဆုိရင္ေတာ့ သူဟာ ဒီအခ်စ္ေရးထဲမွာ ေတာ္ေတာ္ေလးကို ေပ်ာ္ေမႊ႕ေနလုိ႕ပါ။

၃။ ကတိေပးထားတာေတြ ျဖစ္ေအာင္လုပ္ျပတတ္ပါတယ္။
သင့္ကို သူေပးထားတဲ့ ကတိေတြကို သူအျမဲျဖစ္ေအာင္ ပံုေဖာ္ေပးတတ္ပါတယ္။ သင္စိတ္ေပ်ာ္ရႊင္ေအာင္ သင့္ကိုအျမဲထားတတ္ျပီး တစ္ခုခုဆုိ သူ႕ကို သတိေပးေနရတာမ်ိဳးမရွိပဲ သင့္အတြက္ အလုိက္သိေနတာမ်ိဳးပါ။

၄။ လူၾကားထဲမွာ သင့္လက္ကေလးကို ကိုင္တာ၊ ပခံုးဖက္တာမ်ိဳး လုပ္ပါလိမ့္မယ္။
တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေသာ အမ်ိဳးသားေတြဟာ ႏွစ္ဦးရွိခ်ိန္သာ ကိုယ့္ခ်စ္သူကို ဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာျပတတ္ၾကျပီး လူၾကားထဲေရာက္တဲ့အခါ ခပ္တည္တည္နဲ႕ မသိရင္ သူ႕ကိုယ္သူ singel လိုလို လုပ္တတ္ၾကပါတယ္။ ကိုယ့္ခ်စ္သူအတြက္ အလိုက္သိလုပ္ေဆာင္ရမယ့္ အရာေတြကိုလည္း လ်စ္လ်ဴရႈပစ္တတ္ၾကပါတယ္။ သင့္ခ်စ္သူဟာ အဲ့ဒီလို မဟုတ္ပဲ လူၾကားထဲေရာက္တဲ့ အခါ သင့္လက္ကို မိမိရရဆုပ္ကိုင္ထားတာမ်ိး၊ ပခံုးေလးကို ဖက္ထားတတ္တာမ်ိဳး၊ သင့္ကို အလိုက္တသိနဲ႕ သင္လုိအပ္ေနတာေတြကို လုပ္ေပးတတ္တာမ်ိဳးဆုိရင္ေတာ့ သူသင့္ကိုတကယ္တန္ဖုိးထားလို႕ပါ။

၅။ သူ႕မိသားစုကို သင္သေဘာက်တာမ်ိဳး သူတုိ႕လိုခ်င္ၾကတယ္။
သင့္ကိုတကယ္ အတည္ရည္ရြယ္ျပီးခ်စ္တဲ့ အမ်ိဳးသားတုိင္းဟာ သူတုိ႕မိသားစုနဲ႕သင့္ကို ခင္မင္ရင္းႏွီးခ်စ္ခင္တာမ်ိဳး လိုခ်င္ၾကတာခ်ည္း ပါပဲ။ သူူတုိ႕မိသားစုက လုပ္တဲ့ အလွဴ ပြဲ၊ ဒင္နာ စတာေတြကို သင့္ကို အပ်က္မကြက္လာေစခ်င္ပါလိမ့္မယ္။ သူမိသားစု၀င္ေတြနဲ႕ သင့္ကို ရင္းရင္းႏွီးႏီွး ရွိေစခ်င္မယ္ဆုိရင္ေတာ့ သူဟာ သင့္ကို တစ္ဘ၀စာရည္ရြယ္ထားလို႕ပါ။

၆။ သင္နဲ႕ျပသနာျဖစ္တာမ်ိဳး ရွိႏိုင္ေပမယ့္ သူမွားရင္ ေတာင္းပန္ဖုိ႕ ၀န္မေလးဘူး။
အတြဲတုိင္းက ျပသနာေလးေတြေတာ့ ျဖစ္ဖူးတတ္ၾကပါတယ္။ အဲ့ဒီျပသနာေလးေတြကတစ္ဆင့္ သူကဘယ္လုိမ်ိဳးလဲ၊ သင့္သေဘာကေတာ့ ဘယ္လုိရွိတယ္၊ ဘာေတြၾကိဳက္တယ္၊ ဘယ္ဟာေတြေတာ့ျဖင့္ သေဘာမက်ဘူးဆုိတာေလေးတြ သိလာျပီး တစ္ဦးနဲ႕တစ္ဦး နားလည္မႈခုိင္ျမဲေအာင္ ပိုတည္ေဆာက္ၾကရတာပါ။ ဒီလုိျပသနာတက္တဲ့အခါ သူမွားတာ၊ ကိုယ္မွားတာ စတာေတြရွိလာလုိ႕ သူမွားတာကို သူသင့္ကို ေတာင္းပန္တတ္သူဆုိရင္ သူဟာ တကယ္ခ်စ္တတ္သူပါပဲ။

၇။ သူ႕အနာဂတ္မွာ သင္အျမဲတြဲလ်က္ပါေနတတ္တယ္။
သင့္ကို သူဘယ္ေလာက္ခ်စ္သလဲဆုိတာ သင္သိႏိုင္တဲ့ အလြယ္ကူဆံုးအခ်က္ကေတာ့ သူဟာ ေနာက္ပုိင္းမွာ သူ႕ကိုယ္သူညႊန္းမယ့္အစား ႏွစ္ဦးစလံုးကို ကိုယ္စားျပဳ ေျပာဆုိလာတာမ်ိဳးပါ။ ဥပမာ ကိုယ္ အဲ့ဒီအိမ္ေလး ၀ယ္ျပီးရင္ ဆုိတာမ်ိဳးမွာ ကိုယ္တုိ႕သာ ဒီအိမ္ေလး၀ယ္ျပီး အတူေနမယ္ဆုိရင္ ဆုိတာမ်ိဳး ႏွစ္ဦးသားကုိ ကုိယ္စားျပဳတဲ့ အသံုးအႏႈန္းေတြ သံုးလာပါလိမ့္မယ္။ ေနာက္တစ္ခ်က္က သူ႕အနာဂတ္ကို ဖြင့္ဟတဲ့အခါေတြမွာလည္း သင္ပါ၀င္လာပါလိမ့္မယ္။ ဥပမာ ကိုယ္တုိ႕ ေနာက္ဆယ္ႏွစ္က်ရင္ေတာ့ အေျခအေနက ေတာ္ေတာ္ကိုေကာင္းေနျပီ။ ကိုယ္တုိ႕မွာ သားေလးတစ္ေယာက္၊ သမီးေလးတစ္ေယာက္လည္း ရွိေနေလာက္ျပီ ဆုိတာမ်ိဳးေပါ့။ သူစိတ္ကူးယဥ္တာေတာင္မွ သင္အျမဲပါေနတာမ်ိဳးကို ဆိုလိုတာပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

ကိုယ့်ချစ်သူက ကိုယ့်ကိုတကယ်ချစ်မချစ် စမ်းသပ်ရတာ နည်းနည်း အူကြောင်ကြောင်တော့နိုင်ပါတယ်။ ချစ်သူတွေဖြစ်နကြပေမယ့် ဒီလို စမ်းသပ်ရတာကလည်း ခုခေတ်မှာ အလိမ်အညာတွေများသလို၊ အချစ်စစ် အချစ်မှန်ကလည်း ရှားနေတာကြောင့်ပါ။ ဒီတော့ သူကိုယ့်ကို တကယ်ချစ်မချစ် သိချင်ရင် အချိန်ဆွဲမနေပဲ ဒီအချက် (၇)ချက်နဲ့သာ တိုက်စစ်ကြည့်လိုက်ပါ။

၁။ သူသင့်ကို လေးလေးစားစား ဆက်ဆံတယ်။
အမျိုးသားတစ်ယောက်က သူချစ်ရတဲ့အမျိုးသမီးကို အမြဲတမ်း တလေးတစားဆက်ဆံပါလိမ့်မယ်။ သူမဘဝရဲ့ အသေးစိတ်အချက်အလက်လေးတွေကအစ သူဂရုစိုက်ပေးတတ်ပါတယ်။ သူချစ်ရတဲ့ အမျိုးသမီးရဲ့အမြင်တွေကို တန်ဖိုးထားသလို သူမလုပ်ဆောင်တဲ့အရာတွေ အောင်မြင်ရင်လည်း သူမနဲ့အတူထပ်တူထပ်မျှ ပျော်ရွှင်ပေးပါလိမ့်မယ်။

၂။ သူ့စိတ်ထဲ သင်အမြဲရှိနေပါတယ်။
နေ့လည်ဘက်တွေမှာ သင့်ကို စာတိုလေးတွေ ပို့တတ်သလား။ တစ်ခုခု သူတွေ့လိုက်လို့၊ သီချင်းတစ်ပုဒ်နားထောင်မိလိုက်လို့ သင့်ကို သတိရသွားတယ်ဆိုတဲ့ အခိုက်အတန့်တွေ သူ့မှာ အများကြီးရှိနေတတ်ပါတယ်။ တစ်နေ့တာလုံး သင်နဲ့အတူမရှိပေမယ့်  သင်နဲ့ပတ်သက်တာလေးတွေ အမြဲသတိတရရှိနေတယ်ဆိုရင်တော့ သူဟာ ဒီအချစ်ရေးထဲမှာ တော်တော်လေးကို ပျော်မွှေ့နေလို့ပါ။

၃။ ကတိပေးထားတာတွေ ဖြစ်အောင်လုပ်ပြတတ်ပါတယ်။
သင့်ကို သူပေးထားတဲ့ ကတိတွေကို သူအမြဲဖြစ်အောင် ပုံဖော်ပေးတတ်ပါတယ်။ သင်စိတ်ပျော်ရွှင်အောင် သင့်ကိုအမြဲထားတတ်ပြီး တစ်ခုခုဆို သူ့ကို သတိပေးနေရတာမျိုးမရှိပဲ သင့်အတွက် အလိုက်သိနေတာမျိုးပါ။

၄။ လူကြားထဲမှာ သင့်လက်ကလေးကို ကိုင်တာ၊ ပခုံးဖက်တာမျိုး လုပ်ပါလိမ့်မယ်။
တစ်ချို့တစ်ချို့သော အမျိုးသားတွေဟာ နှစ်ဦးရှိချိန်သာ ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ပြောပြတတ်ကြပြီး လူကြားထဲရောက်တဲ့အခါ ခပ်တည်တည်နဲ့ မသိရင် သူ့ကိုယ်သူ singel လိုလို လုပ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူအတွက် အလိုက်သိလုပ်ဆောင်ရမယ့် အရာတွေကိုလည်း လျစ်လျူရှုပစ်တတ်ကြပါတယ်။ သင့်ချစ်သူဟာ အဲ့ဒီလို မဟုတ်ပဲ လူကြားထဲရောက်တဲ့ အခါ သင့်လက်ကို မိမိရရဆုပ်ကိုင်ထားတာမျိး၊ ပခုံးလေးကို ဖက်ထားတတ်တာမျိုး၊ သင့်ကို အလိုက်တသိနဲ့ သင်လိုအပ်နေတာတွေကို လုပ်ပေးတတ်တာမျိုးဆိုရင်တော့ သူသင့်ကိုတကယ်တန်ဖိုးထားလို့ပါ။

၅။ သူ့မိသားစုကို သင်သဘောကျတာမျိုး သူတို့လိုချင်ကြတယ်။
သင့်ကိုတကယ် အတည်ရည်ရွယ်ပြီးချစ်တဲ့ အမျိုးသားတိုင်းဟာ သူတို့မိသားစုနဲ့သင့်ကို ခင်မင်ရင်းနှီးချစ်ခင်တာမျိုး လိုချင်ကြတာချည်း ပါပဲ။ သူူတို့မိသားစုက လုပ်တဲ့ အလှူ ပွဲ၊ ဒင်နာ စတာတွေကို သင့်ကို အပျက်မကွက်လာစေချင်ပါလိမ့်မယ်။ သူမိသားစုဝင်တွေနဲ့ သင့်ကို ရင်းရင်းနှီးနှီး ရှိစေချင်မယ်ဆိုရင်တော့ သူဟာ သင့်ကို တစ်ဘဝစာရည်ရွယ်ထားလို့ပါ။

၆။ သင်နဲ့ပြသနာဖြစ်တာမျိုး ရှိနိုင်ပေမယ့် သူမှားရင် တောင်းပန်ဖို့ ဝန်မလေးဘူး။
အတွဲတိုင်းက ပြသနာလေးတွေတော့ ဖြစ်ဖူးတတ်ကြပါတယ်။ အဲ့ဒီပြသနာလေးတွေကတစ်ဆင့် သူကဘယ်လိုမျိုးလဲ၊ သင့်သဘောကတော့ ဘယ်လိုရှိတယ်၊ ဘာတွေကြိုက်တယ်၊ ဘယ်ဟာတွေတော့ဖြင့် သဘောမကျဘူးဆိုတာလေေးတွ သိလာပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုခိုင်မြဲအောင် ပိုတည်ဆောက်ကြရတာပါ။ ဒီလိုပြသနာတက်တဲ့အခါ သူမှားတာ၊ ကိုယ်မှားတာ စတာတွေရှိလာလို့ သူမှားတာကို သူသင့်ကို တောင်းပန်တတ်သူဆိုရင် သူဟာ တကယ်ချစ်တတ်သူပါပဲ။

၇။ သူ့အနာဂတ်မှာ သင်အမြဲတွဲလျက်ပါနေတတ်တယ်။
သင့်ကို သူဘယ်လောက်ချစ်သလဲဆိုတာ သင်သိနိုင်တဲ့ အလွယ်ကူဆုံးအချက်ကတော့ သူဟာ နောက်ပိုင်းမှာ သူ့ကိုယ်သူညွှန်းမယ့်အစား နှစ်ဦးစလုံးကို ကိုယ်စားပြု ပြောဆိုလာတာမျိုးပါ။ ဥပမာ ကိုယ် အဲ့ဒီအိမ်လေး ဝယ်ပြီးရင် ဆိုတာမျိုးမှာ ကိုယ်တို့သာ ဒီအိမ်လေးဝယ်ပြီး အတူနေမယ်ဆိုရင် ဆိုတာမျိုး နှစ်ဦးသားကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းတွေ သုံးလာပါလိမ့်မယ်။ နောက်တစ်ချက်က သူ့အနာဂတ်ကို ဖွင့်ဟတဲ့အခါတွေမှာလည်း သင်ပါဝင်လာပါလိမ့်မယ်။ ဥပမာ ကိုယ်တို့ နောက်ဆယ်နှစ်ကျရင်တော့ အခြေအနေက တော်တော်ကိုကောင်းနေပြီ။ ကိုယ်တို့မှာ သားလေးတစ်ယောက်၊ သမီးလေးတစ်ယောက်လည်း ရှိနေလောက်ပြီ ဆိုတာမျိုးပေါ့။ သူစိတ်ကူးယဉ်တာတောင်မှ သင်အမြဲပါနေတာမျိုးကို ဆိုလိုတာပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top