iMyanmarHouse.com - Best Property Website for Myanmar
×

(1) ေရေႏြးေႏြးနဲ႔ သန္႔စင္ပါ။

        အမွန္တကယ္ေတာ့ မိန္းမကိုယ္ကိုသန္႔စင္ဖို႔ ခႏၶာကိုယ္မွာ သန္႔ရွင္းတဲ့စနစ္က အလိုအေလ်ာက္ ပါၿပီးသားျဖစ္ပါတယ္။ အျခားေသာ ကိုယ္အဂၤါအစိတ္အပိုင္းေတြလိုပဲ မိန္းမကိုယ္မွာအက်ဳိးမျပဳတဲ့ ဘက္တီးရီးယားေတြ ရွင္သန္ႀကီးထြားျခင္းမွ ကာကြယ္ဖို႔လိုအပ္တဲ့အျပင္ အက်ဳိးျပဳဘက္တီးရီးယားေတြကို တိုးပြားေစရန္ pH level ကိုထိန္းထားဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္မိန္းမကိုယ္မွာ အေမႊးနံ႔ပါတဲ့ စပေရးဖ်န္းေဆးေတြကို သံုးမိမယ္ဆိုရင္ေတာ့ ေရာဂါပိုး၀င္ေရာက္မႈေတြျဖစ္တာ၊ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္တာေတြ၊ ယားယံတာေတြနဲ႔ အနံ႔အသက္ဆိုးေတြ ထြက္တဲ့အထိေတာင္ ျဖစ္လာႏိုင္ပါတယ္။

        တကယ္လို႔ သင္ဟာမိန္းမကိုယ္ကိုသန္႔စင္ရမွ စိတ္ေက်နပ္သူဆိုရင္ေတာ့ ေရၾကက္သီးေႏြးကိုသာ အသံုးျပဳပါ။



(2) ရာသီလာခ်ိန္မွာမိန္းမကိုယ္က်န္းမာေရးအတြက္ ေစာင့္ေရွာက္ပါ။

        မိန္းမကိုယ္အတြင္း ေရာဂါပိုး၀င္ေရာက္မႈဟာ လစဥ္ရာသီေသြးဆင္းခ်ိန္မွာ ျဖစ္ႏိုင္ေခ် အမ်ားဆံုးျဖစ္ပါတယ္။ ဒါေၾကာင့္

-   မီးယပ္လာခ်ိန္မွာရာသီေသြးထိန္းဖို႔ ထည့္ရတဲ့ Tampon ကိုမၾကာခဏလဲ ေပးပါ။ ၎ဟာရာသီေသြးေတြကို စုပ္ယူထားတာျဖစ္တာေၾကာင့္ အခ်ိန္အၾကာႀကီး ရာသီေသြးေတြကို မိန္းမကိုယ္အတြင္းမွာသာရွိေနေစၿပီး pH ကိုေျပာင္းလဲေစပါ တယ္။ ဒီလုိျဖစ္ျခင္းမွ ကာကြယ္ဖို႔ Tampon ကို 4-8 နာရီျခားတိုင္းလဲေပးဖို႔ လိုအပ္ပါတယ္။

-   ရာသီလာခ်ိန္မွာအသံုးျပဳရတဲ့ အမ်ဳိးသမီးသံုးကပ္ခြာကို လိုအပ္တဲ့အခ်ိန္ထက္ ပိုမသံုးသင့္ပါဘူး။ ရာသီလာၿပီးခ်ိန္မွာေတာင္ အမ်ဳိးသမီးသံုးကပ္ခြာကို ဆက္လက္အသံုးျပဳမိပါက မိန္းမကိုယ္ေရာင္ရမ္းမႈေတြ ျဖစ္ လာႏိုင္ပါတယ္။

    

(3) မိန္းမကိုယ္သန္႔စင္ရာမွာ ဂ႐ုျပဳပါ။

        မိန္းမကိုယ္ကို အေရွ ႔မွအေနာက္သို႔ သန္႔စင္မွသာ နည္းလမ္းမွန္ျဖစ္ပါတယ္။ ဆန္႔က်င္ဘက္ သန္႔စင္ပါက ၀မ္းအႂကြင္းအက်န္ေတြဟာ မိန္းမကုိယ္ထဲကို ၀င္ေရာက္သြားၿပီး ေရာဂါပိုး ၀င္ေရာက္ မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ႏူးညံ့ၿပီးသန္႔ရွင္းတဲ့ toilet paper ကိုအသံုးျပဳပါ။ အေမႊးနံ႔ေတြ၊ Chemicals ေတြပါ၀င္တဲ့ ထုတ္ကုန္ေတြ ဒါမွမဟုတ္ စိုစြတ္တဲ့ အ၀တ္ေတြ အသံုးျပဳျခင္းမွ ေရွာင္ၾကဥ္ပါ။



(4) ခ်ည္သားအတြင္းခံေဘာင္းဘီ ၀တ္ဆင္ပါ။

        ခ်ည္သားအတြင္းခံေဘာင္းဘီေတြဟာ စိုစြတ္မႈကို လ်င္ျမန္စြာေျခာက္ေသြ႕ေစၿပီး ေလ၀င္ေလထြက္ လည္း ေကာင္းမြန္ေစပါတယ္။ စိုထိုင္းျခင္းေၾကာင့္ျဖစ္ေစတဲ့ မိႈေပါက္ဖြားမႈမွ ဟန္႔တားေပးႏိုင္တဲ့ အျပင္ ေရာဂါပိုး၀င္ေရာက္မႈကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြႀကီးထြားျခင္းမွ ကာကြယ္ေပးပါတယ္။



(5) ေခ်ာင္ေခ်ာင္ခ်ိခ်ိ အ၀တ္အစားမ်ားကို ၀တ္ဆင္ပါ။

        တင္းၾကပ္ေနတဲ့အ၀တ္အစားေတြဟာ သက္ေသာင့္သက္သာမရွိေစတဲ့အျပင္ ေလ၀င္မႈကို ပိတ္ဆို႔ေနေစတဲ့ပါတယ္။ အတြင္းခံစိုထိုင္းတဲ့အခါလည္း အလြယ္တကူ မေျခာက္ေစႏိုင္ဘဲ မိန္းမကိုယ္မိႈစြဲတာ၊ ယားယံတာေတြကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ မိမိအတြက္ ေပါ့ပါးမႈရွိေစမယ့္ ပြပြေခ်ာင္ေခ်ာင္ အ၀တ္အစားမ်ဳိးကိုသာ ေရြးခ်ယ္၀တ္ဆင္သင့္ပါတယ္။



(6) စိုစြတ္တဲ့အ၀တ္အစားေတြနဲ႔ အခ်ိန္အၾကာႀကီးမေနပါနဲ႔။

        ေခၽြးစိုေနတဲ့အ၀တ္အစားေတြ ဒါမွမဟုတ္ စိုစြတ္ေနတဲ့အ၀တ္အစားေတြကို အခ်ိန္ၾကာၾကာ ၀တ္ဆင္ ထားမယ္ဆိုရင္ ဘက္တီးရီးယားေတြဟာ စိုစြတ္တဲ့ေနရာေတြမွာ အေကာင္းဆံုး ရွင္သန္ေပါက္ဖြားႏိုင္ တာေၾကာင့္ ယားယံျခင္း၊ ေရာင္ရမ္းျခင္းမွစကာ အနံ႔ဆိုးေတြ ထြက္လာသည္အထိ ျဖစ္ေပၚေစတဲ့ မိန္းမကိုယ္ေရာဂါကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကာယေလ့က်င့္ခန္းလုပ္ၿပီးတဲ့အခါ (သို႔) ေရကူးေလ့က်င့္ၿပီးတဲ့အခါမ်ဳိးေတြမွာ သန္႔ရွင္း၊ ေျခာက္ေသြ႕တဲ့ အ၀တ္အစားေတြကို ခ်က္ခ်င္း လဲေပးသင့္ပါတယ္။



(7) ခ်စ္တင္းေႏွာၿပီးတိုင္း သန္႔စင္ပါ။

        ကိုယ္၀န္ေဆာင္မယ္လို႔ စဥ္းစားထားတဲ့သူေတြကလြဲလို႔ က်န္အမ်ိဳးသမီးေတြအေနနဲ႔ ခ်စ္တင္းေႏွာၿပီးတုိင္း မိန္းမကိုယ္ကိုေရေႏြးေႏြးနဲ႔ သန္႔စင္ေပးျခင္းဟာ အထိေရာက္ဆံုး ကာကြယ္မႈပဲျဖစ္ပါတယ္။



(8) ဆီးသြားပါ။

        အိမ္ေထာင္ဖက္နဲ႔အတူေနၿပီးတဲ့အခါ ဆီးသြားျခင္းဟာ ဆက္ဆံခ်ိန္မွာ ဆီးလမ္းေၾကာင္းကို ၀င္ေရာက္သြားႏိုင္တဲ့ ဘက္တီးရီးယားေတြကို ဖယ္ရွားလိုက္ျခင္းျဖစ္တာေၾကာင့္ ေရာဂါပိုး၀င္ေရာက္မႈကို အေကာင္းဆံုးကာကြယ္ႏိုင္တဲ့ နည္းလမ္းျဖစ္ပါတယ္။



(9) ကြန္ဒံုးသံုးပါ။

        ကြန္ဒံုးအသံုးျပဳမွသာ ေရာဂါပိုးကူးစက္ျခင္းအႏၱရာယ္မွ ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။ အကယ္၍ ကြန္ဒံုးမသံုးမိပါက ဆက္ဆံမႈျပဳၿပီးတာနဲ႔ မိန္းမကိုယ္ကို ေရေဆးေပးျခင္းကလည္း ေရာဂါပိုးေတြရဲ႕ရန္ကေန လံုး၀စိတ္ခ်လို႔ မရေပမယ့္ အနည္းအက်ဥ္းေတာ့ ကာကြယ္ေပးႏုိင္ပါတယ္။

Credit:drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(1) ရေနွေးနွေးနဲ့ သန့်စင်ပါ။

        အမှန်တကယ်တော့ မိန်းမကိုယ်ကိုသန့်စင်ဖို့ ခန္ဓာကိုယ်မှာ သန့်ရှင်းတဲ့စနစ်က အလိုအလျောက် ပါပြီးသားဖြစ်ပါတယ်။ အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ မိန်းမကိုယ်မှာအကျိုးမပြုတဲ့ ဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားခြင်းမှ ကာကွယ်ဖို့လိုအပ်တဲ့အပြင် အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေရန် pH level ကိုထိန်းထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မိန်းမကိုယ်မှာ အမွှေးနံ့ပါတဲ့ စပရေးဖျန်းဆေးတွေကို သုံးမိမယ်ဆိုရင်တော့ ရောဂါပိုးဝင်ရောက်မှုတွေဖြစ်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ၊ ယားယံတာတွေနဲ့ အနံ့အသက်ဆိုးတွေ ထွက်တဲ့အထိတောင် ဖြစ်လာနိုင်ပါတယ်။

        တကယ်လို့ သင်ဟာမိန်းမကိုယ်ကိုသန့်စင်ရမှ စိတ်ကျေနပ်သူဆိုရင်တော့ ရေကြက်သီးနွေးကိုသာ အသုံးပြုပါ။



(2) ရာသီလာချိန်မှာမိန်းမကိုယ်ကျန်းမာရေးအတွက် စောင့်ရှောက်ပါ။

        မိန်းမကိုယ်အတွင်း ရောဂါပိုးဝင်ရောက်မှုဟာ လစဉ်ရာသီသွေးဆင်းချိန်မှာ ဖြစ်နိုင်ချေ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့်

-   မီးယပ်လာချိန်မှာရာသီသွေးထိန်းဖို့ ထည့်ရတဲ့ Tampon ကိုမကြာခဏလဲ ပေးပါ။ ၎င်းဟာရာသီသွေးတွေကို စုပ်ယူထားတာဖြစ်တာကြောင့် အချိန်အကြာကြီး ရာသီသွေးတွေကို မိန်းမကိုယ်အတွင်းမှာသာရှိနေစေပြီး pH ကိုပြောင်းလဲစေပါ တယ်။ ဒီလိုဖြစ်ခြင်းမှ ကာကွယ်ဖို့ Tampon ကို 4-8 နာရီခြားတိုင်းလဲပေးဖို့ လိုအပ်ပါတယ်။

-   ရာသီလာချိန်မှာအသုံးပြုရတဲ့ အမျိုးသမီးသုံးကပ်ခွာကို လိုအပ်တဲ့အချိန်ထက် ပိုမသုံးသင့်ပါဘူး။ ရာသီလာပြီးချိန်မှာတောင် အမျိုးသမီးသုံးကပ်ခွာကို ဆက်လက်အသုံးပြုမိပါက မိန်းမကိုယ်ရောင်ရမ်းမှုတွေ ဖြစ် လာနိုင်ပါတယ်။

   

(3) မိန်းမကိုယ်သန့်စင်ရာမှာ ဂရုပြုပါ။

        မိန်းမကိုယ်ကို အရှေ့မှအနောက်သို့ သန့်စင်မှသာ နည်းလမ်းမှန်ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် သန့်စင်ပါက ဝမ်းအကြွင်းအကျန်တွေဟာ မိန်းမကိုယ်ထဲကို ဝင်ရောက်သွားပြီး ရောဂါပိုး ဝင်ရောက် မှုတွေ ဖြစ်စေနိုင်ပါတယ်။ နူးညံ့ပြီးသန့်ရှင်းတဲ့ toilet paper ကိုအသုံးပြုပါ။ အမွှေးနံ့တွေ၊ Chemicals တွေပါဝင်တဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် စိုစွတ်တဲ့ အဝတ်တွေ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။



(4) ချည်သားအတွင်းခံဘောင်းဘီ ဝတ်ဆင်ပါ။

        ချည်သားအတွင်းခံဘောင်းဘီတွေဟာ စိုစွတ်မှုကို လျင်မြန်စွာခြောက်သွေ့စေပြီး လေဝင်လေထွက် လည်း ကောင်းမွန်စေပါတယ်။ စိုထိုင်းခြင်းကြောင့်ဖြစ်စေတဲ့ မှိုပေါက်ဖွားမှုမှ ဟန့်တားပေးနိုင်တဲ့ အပြင် ရောဂါပိုးဝင်ရောက်မှုကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကြီးထွားခြင်းမှ ကာကွယ်ပေးပါတယ်။



(5) ချောင်ချောင်ချိချိ အဝတ်အစားများကို ဝတ်ဆင်ပါ။

        တင်းကြပ်နေတဲ့အဝတ်အစားတွေဟာ သက်သောင့်သက်သာမရှိစေတဲ့အပြင် လေဝင်မှုကို ပိတ်ဆို့နေစေတဲ့ပါတယ်။ အတွင်းခံစိုထိုင်းတဲ့အခါလည်း အလွယ်တကူ မခြောက်စေနိုင်ဘဲ မိန်းမကိုယ်မှိုစွဲတာ၊ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိအတွက် ပေါ့ပါးမှုရှိစေမယ့် ပွပွချောင်ချောင် အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။



(6) စိုစွတ်တဲ့အဝတ်အစားတွေနဲ့ အချိန်အကြာကြီးမနေပါနဲ့။

        ချွေးစိုနေတဲ့အဝတ်အစားတွေ ဒါမှမဟုတ် စိုစွတ်နေတဲ့အဝတ်အစားတွေကို အချိန်ကြာကြာ ဝတ်ဆင် ထားမယ်ဆိုရင် ဘက်တီးရီးယားတွေဟာ စိုစွတ်တဲ့နေရာတွေမှာ အကောင်းဆုံး ရှင်သန်ပေါက်ဖွားနိုင် တာကြောင့် ယားယံခြင်း၊ ရောင်ရမ်းခြင်းမှစကာ အနံ့ဆိုးတွေ ထွက်လာသည်အထိ ဖြစ်ပေါ်စေတဲ့ မိန်းမကိုယ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာယလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ (သို့) ရေကူးလေ့ကျင့်ပြီးတဲ့အခါမျိုးတွေမှာ သန့်ရှင်း၊ ခြောက်သွေ့တဲ့ အဝတ်အစားတွေကို ချက်ချင်း လဲပေးသင့်ပါတယ်။



(7) ချစ်တင်းနှောပြီးတိုင်း သန့်စင်ပါ။

        ကိုယ်ဝန်ဆောင်မယ်လို့ စဉ်းစားထားတဲ့သူတွေကလွဲလို့ ကျန်အမျိုးသမီးတွေအနေနဲ့ ချစ်တင်းနှောပြီးတိုင်း မိန်းမကိုယ်ကိုရေနွေးနွေးနဲ့ သန့်စင်ပေးခြင်းဟာ အထိရောက်ဆုံး ကာကွယ်မှုပဲဖြစ်ပါတယ်။



(8) ဆီးသွားပါ။

        အိမ်ထောင်ဖက်နဲ့အတူနေပြီးတဲ့အခါ ဆီးသွားခြင်းဟာ ဆက်ဆံချိန်မှာ ဆီးလမ်းကြောင်းကို ဝင်ရောက်သွားနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားလိုက်ခြင်းဖြစ်တာကြောင့် ရောဂါပိုးဝင်ရောက်မှုကို အကောင်းဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။



(9) ကွန်ဒုံးသုံးပါ။

        ကွန်ဒုံးအသုံးပြုမှသာ ရောဂါပိုးကူးစက်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ကွန်ဒုံးမသုံးမိပါက ဆက်ဆံမှုပြုပြီးတာနဲ့ မိန်းမကိုယ်ကို ရေဆေးပေးခြင်းကလည်း ရောဂါပိုးတွေရဲ့ရန်ကနေ လုံးဝစိတ်ချလို့ မရပေမယ့် အနည်းအကျဉ်းတော့ ကာကွယ်ပေးနိုင်ပါတယ်။

Credit:drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top