iMyanmarHouse.com - Best Property Website for Myanmar
×

ကြၽန္မတို႔တစ္ေတြ လက္သည္းနီဆိုးၾကပါတယ္။ ဒါေပမဲ့ ဒီလက္သည္းနီ ဘယ္ခ်ိန္ကစၿပီး
 ျဖစ္ေပၚလာတာလဲ။ ဘယ္သူေတြက စတင္အသံုးျပဳခဲ့တာလဲဆိုတာ မစဥ္းစားျဖစ္ၾကပါဘူး။ ဒါေၾကာင့္ ဒီတစ္ခါေတာ့ လက္သည္းနီရဲ႕ ေနာက္ခံသမိုင္းေၾကာင္းအက်ဥ္းကို ဗဟုသုတကေလးအေနနဲ႔ မ်ွေဝပါရေစ႐ွင္။ လက္သည္းနီရဲ႕ ဇစ္ျမစ္ဟာ ဘီစီ၃၀၀၀ေလာက္မွာ တ႐ုတ္ကစတင္ခဲ့တာပါ။

အဲ့ဒီ့အခါတုန္းက လက္သည္းနီကို ပ်ားဖေယာင္း(beeswax)၊ ၾကက္ဥအကာ၊ ဟင္းရြက္ဆိုးေဆး၊ gelatin(ဂ်ယ္လီျပဳလုပ္ရာမွာအသံုးျပဳတဲ့ အမႈန္႔တစ္မ်ိဳး) စတဲ့ပါဝင္ပစၥည္းေတြနဲ႔
 ေရာေႏွာၿပီး ျပဳလုပ္ထားတာျဖစ္ပါတယ္။ ေရႊေရာင္နဲ႔ေငြေရာင္ကို မင္းမ်ိဳးမင္းႏြယ္ေတြက အထူးႏွစ္ျခိဳက္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ေတာ့ အနီနဲ႔အနက္ဟာ မင္းမ်ိဳးမင္းႏြယ္ေတြရဲ႕အႀကိဳက္အျဖစ္ အစားထိုးဝင္ေရာက္လာပါတယ္။

အီဂ်စ္မွာေတာ့ လက္သည္းနီးကို လူတန္းစားခြဲျခားတဲ့ေနရာမွာ သံုးၾကပါတယ္။
 ေအာက္ေျခလူတန္းစားေတြဟာ အၾကည္ေရာင္နဲ႔ အေရာင္ႏုေတြကို အသံုးျပဳၾကၿပီး အျမင့္တန္းစားေတြဟာ အနီေရာင္ကို ဆိုးေလ့႐ွိၾကပါတယ္။ တ႐ုတ္ျပည္နဲ႔ အျခားေ႐ွးေဟာင္းယဥ္ေက်းမႈ တိုင္းျပည္ေတြရဲ႕ ကြာျခားခ်က္ကေတာ့ တ႐ုတ္ျပည္မွာ မင္းမ်ိဳးမင္းႏြယ္ေတြကလြဲရင္ သာမန္လူတန္းစားေတြမွာ ဆိုးခြင့့္လံုးဝလံုးဝမ႐ွိပါဘူး။ တျဖည္းျဖည္း ရာစုႏွစ္ေတြ ေက်ာ္လြန္သြားၿပီးတဲ့ေနာက္ ၁၈ရာစုေလာက္မွာ ျပင္သစ္ႏိုင္ငံမွာ လက္သည္းနီက ေရပန္းအစားဆံုးျဖစ္လာတယ္။

၁၉ရာစုမွာေတာ့ ျပင္သစ္ႏိုင္ငံအျပင္ အဂၤလန္၊ အီတလီနဲ႔ အေမရိကန္တို႔မွာပါ ထုတ္လုပ္လာၾကတယ္။ ၁၉၀၀အစပိုင္းေလာက္မွာ Cutex နဲ႔ Revelon အစ႐ွိတဲ့ကုမၸဏီေတြက ကားေဆးေတြရဲ႕
 ေဆးေဖာ္ၫႊန္း ပံုေသနည္းေတြကိုျပဳျပင္ၿပီး လက္သည္းေပၚမွာဆိုးလို႔ရေအာင္ ဆိုးေဆးေတြကို တီထြင္လာၾကတယ္။ Revelon ဟာ cream အေရာင္လက္သည္းဆိုးေဆးေတြကို ျဖန္႔ခ်ီခဲ့ၿပီး ၁၉၃၂ခုႏွစ္မွာ ပထမဦးဆံုးလက္သည္းနီထုတ္လုပ္တဲ့ brand တစ္ခုအျဖစ္နဲ႔ရပ္တည္ခဲ့ပါတယ္။

၁၉၅၀မွာ လက္သည္းနည္းပညာအသစ္ေတြ ေပၚေပါက္လာၿပီး လက္သည္းအလွကပ္ခြာႏွင့္ အျခားလက္သည္းအလွျပင္ပစၥည္းေတြ တီထြင္အသံုးျပဳလာၾကပါတယ္။ အဲ့ဒီ့အခ်ိန္မွာပဲ လက္သည္းအတုေတြကို တီထြင္ဖန္းတီးခဲ့ၾကတယ္။ လက္သည္းအတုေတြဟာ သြားအေပါက္ဖာေထးရာမွာ အသံုးျပဳတဲ့ပစၥည္းေတြနဲ႔ ျပဳလုပ္တယ္လို႔သိရပါတယ္။ ဒါေပမဲ့ လက္သည္းအတုကို ၁၉၇၀ေနာက္ပိုင္းမွသာ လက္ေတြ႔အသံုးျပဳလာၾကတာပါ။ ယခုအခါမွာေတာ့ လက္သည္းနီကို အမ်ိဳးသမီးေတြသာမက၂၀၁၃ခုနွစ္ေနာက္ပိုင္းမွာ အမ်ိဳးသားေတြပါ ဆိုးလာၾကတာ ေတြ႔ရတယ္။ ရည္ရြယ္ခ်က္ေတာ့ မတူပါဘူး။

အမ်ိဳးသားအမ်ားစုဆိုးရတဲ့အေၾကာင္းအရင္းကေတာ့ လက္သည္းႂကြပ္ဆတ္ျခင္းကို ကာကြယ္ဖို႔အတြက္ပါ။ လူငယ္သဘာဝအရ အနက္ေရာင္ဆိုးၾကတာလည္း႐ွိပါတယ္။ အခုေခတ္ဆို လက္သည္းနီကို brand မ်ိဳးစံုနဲ႔ထုတ္လုပ္လာၾကၿပီး မရႏိုင္တဲ့အေရာင္ဆိုတာ မ႐ွိသေလာက္ပါပဲ။ ကဲ..အခုဆို လက္သည္းနီ ဘယ္ကစေပၚလာလဲဆိုတာ သိၿပီဆိုေတာ့ မသိေသးတဲ့ သူငယ္ခ်င္းေတြကိုလည္း လက္ဆင့္ကမ္းမ်ွေဝလိုက္ပါဦး႐ွင္။
ဒီေဆာင္းပါးေလးကေတာ့ For Her Myanmar ကိုေပးပို႔လာတဲ့ ေဆာင္းပါးတစ္ပုဒ္ပဲ ျဖစ္ပါတယ္ရွင္။
ခုလိုမ်ိဳး ကၽြန္မတို႔နဲ႕အတူ မ်ွေဝေပးတဲ့အတြက္ အထူးေက်းဇူးတင္ရွိပါတယ္ရွင့္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:For Her Myanmar

#UnicodeVersion
ကျွန်မတို့တစ်တွေ လက်သည်းနီဆိုးကြပါတယ်။ ဒါပေမဲ့ ဒီလက်သည်းနီ ဘယ်ချိန်ကစပြီး ဖြစ်ပေါ်လာတာလဲ။ ဘယ်သူတွေက စတင်အသုံးပြုခဲ့တာလဲဆိုတာ မစဉ်းစားဖြစ်ကြပါဘူး။ ဒါကြောင့် ဒီတစ်ခါတော့ လက်သည်းနီရဲ့ နောက်ခံသမိုင်းကြောင်းအကျဉ်းကို ဗဟုသုတကလေးအနေနဲ့ မျှဝေပါရစေရှင်။ လက်သည်းနီရဲ့ ဇစ်မြစ်ဟာ ဘီစီ၃၀၀၀လောက်မှာ တရုတ်ကစတင်ခဲ့တာပါ။

အဲ့ဒီ့အခါတုန်းက လက်သည်းနီကို ပျားဖယောင်း(beeswax)၊ ကြက်ဥအကာ၊ ဟင်းရွက်ဆိုးဆေး၊ gelatin(ဂျယ်လီပြုလုပ်ရာမှာအသုံးပြုတဲ့ အမှုန့်တစ်မျိုး) စတဲ့ပါဝင်ပစ္စည်းတွေနဲ့ ရောနှောပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ရွှေရောင်နဲ့ငွေရောင်ကို မင်းမျိုးမင်းနွယ်တွေက အထူးနှစ်ခြိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့တော့ အနီနဲ့အနက်ဟာ မင်းမျိုးမင်းနွယ်တွေရဲ့အကြိုက်အဖြစ် အစားထိုးဝင်ရောက်လာပါတယ်။

အီဂျစ်မှာတော့ လက်သည်းနီးကို လူတန်းစားခွဲခြားတဲ့နေရာမှာ သုံးကြပါတယ်။ အောက်ခြေလူတန်းစားတွေဟာ အကြည်ရောင်နဲ့ အရောင်နုတွေကို အသုံးပြုကြပြီး အမြင့်တန်းစားတွေဟာ အနီရောင်ကို ဆိုးလေ့ရှိကြပါတယ်။ တရုတ်ပြည်နဲ့ အခြားရှေးဟောင်းယဉ်ကျေးမှု တိုင်းပြည်တွေရဲ့ ကွာခြားချက်ကတော့ တရုတ်ပြည်မှာ မင်းမျိုးမင်းနွယ်တွေကလွဲရင် သာမန်လူတန်းစားတွေမှာ ဆိုးခွင့့်လုံးဝလုံးဝမရှိပါဘူး။ တဖြည်းဖြည်း ရာစုနှစ်တွေ ကျော်လွန်သွားပြီးတဲ့နောက် ၁၈ရာစုလောက်မှာ ပြင်သစ်နိုင်ငံမှာ လက်သည်းနီက ရေပန်းအစားဆုံးဖြစ်လာတယ်။

၁၉ရာစုမှာတော့ ပြင်သစ်နိုင်ငံအပြင် အင်္ဂလန်၊ အီတလီနဲ့ အမေရိကန်တို့မှာပါ ထုတ်လုပ်လာကြတယ်။ ၁၉၀၀အစပိုင်းလောက်မှာ Cutex နဲ့ Revelon အစရှိတဲ့ကုမ္ပဏီတွေက ကားဆေးတွေရဲ့ ဆေးဖော်ညွှန်း ပုံသေနည်းတွေကိုပြုပြင်ပြီး လက်သည်းပေါ်မှာဆိုးလို့ရအောင် ဆိုးဆေးတွေကို တီထွင်လာကြတယ်။ Revelon ဟာ cream အရောင်လက်သည်းဆိုးဆေးတွေကို ဖြန့်ချီခဲ့ပြီး ၁၉၃၂ခုနှစ်မှာ ပထမဦးဆုံးလက်သည်းနီထုတ်လုပ်တဲ့ brand တစ်ခုအဖြစ်နဲ့ရပ်တည်ခဲ့ပါတယ်။

၁၉၅၀မှာ လက်သည်းနည်းပညာအသစ်တွေ ပေါ်ပေါက်လာပြီး လက်သည်းအလှကပ်ခွာနှင့် အခြားလက်သည်းအလှပြင်ပစ္စည်းတွေ တီထွင်အသုံးပြုလာကြပါတယ်။ အဲ့ဒီ့အချိန်မှာပဲ လက်သည်းအတုတွေကို တီထွင်ဖန်းတီးခဲ့ကြတယ်။ လက်သည်းအတုတွေဟာ သွားအပေါက်ဖာထေးရာမှာ အသုံးပြုတဲ့ပစ္စည်းတွေနဲ့ ပြုလုပ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ လက်သည်းအတုကို ၁၉၇၀နောက်ပိုင်းမှသာ လက်တွေ့အသုံးပြုလာကြတာပါ။ ယခုအခါမှာတော့ လက်သည်းနီကို အမျိုးသမီးတွေသာမက၂၀၁၃ခုနှစ်နောက်ပိုင်းမှာ အမျိုးသားတွေပါ ဆိုးလာကြတာ တွေ့ရတယ်။ ရည်ရွယ်ချက်တော့ မတူပါဘူး။

အမျိုးသားအများစုဆိုးရတဲ့အကြောင်းအရင်းကတော့ လက်သည်းကြွပ်ဆတ်ခြင်းကို ကာကွယ်ဖို့အတွက်ပါ။ လူငယ်သဘာဝအရ အနက်ရောင်ဆိုးကြတာလည်းရှိပါတယ်။ အခုခေတ်ဆို လက်သည်းနီကို brand မျိုးစုံနဲ့ထုတ်လုပ်လာကြပြီး မရနိုင်တဲ့အရောင်ဆိုတာ မရှိသလောက်ပါပဲ။ ကဲ..အခုဆို လက်သည်းနီ ဘယ်ကစပေါ်လာလဲဆိုတာ သိပြီဆိုတော့ မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်းမျှဝေလိုက်ပါဦးရှင်။
ဒီဆောင်းပါးလေးကတော့ For Her Myanmar ကိုပေးပို့လာတဲ့ ဆောင်းပါးတစ်ပုဒ်ပဲ ဖြစ်ပါတယ်ရှင်။
ခုလိုမျိုး ကျွန်မတို့နဲ့အတူ မျှဝေပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:For Her Myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top