iMyanmarHouse.com - Best Property Website for Myanmar
×

ေဆးလိပ္နွင့္ အရက္တို႕ကို အလြန္အကၽြံေသာက္သံုးျခင္း၊ အိပ္ေရးမဝျခင္း၊ ပတ္ဝန္းက်င္ညစ္ညမ္းျခင္း၊ ဓာတ္မတည့္ျခင္း စသည္တို႔ေၾကာင့္ မ်က္ကြင္းညိဳတာျဖစ္ပါတယ္။ ဓမၼတာလာခ်ိန္နွင့္ ကိုယ္ဝန္ရွိေနစဥ္
အတြင္းမွာ ေဟာ္မုန္းဓာတ္မညီမ်ွမႈေၾကာင့္လည္းျဖစ္တတ္ပါတယ္။

ဒီေခတ္မွာ မ်က္ကြင္းညိဳတာကို ဖံုးကြယ္ဖို႔ မိတ္ကပ္ပစၥည္းေတြရွိလာေပမယ့္လည္း ထိုပစၥည္းေတြဟာ ေစ်းၾကီးျပီးေတာ့ ဓာတုပစၥည္းေတြပါဝင္တာေၾကာင့္ နူးညံ့တဲ့အသားေရေတြကို ထိခိုက္ေစပါတယ္။

ဒါေၾကာင့္ သဘာဝပစၥည္းေလးေတြနဲ႔ အိမ္မွာတင္ ကုထံုးေလးေတြလုပ္ၾကရေအာင္။
ပံုတစ္ပံုခ်င္းစီေအာက္မွာ နည္းလမ္းေလးေတြေရးေပးထားပါတယ္ေနာ္။

သခြားသီး

အေရျပားအေရာင္ကို လင္းေစျပီး ေသြးစီးဆင္းမႈကို ျမွင့္တင္ေပးတယ္။ ဒါ့အျပင္မ်က္လံုးအစ္ေဖာင္းမႈကိုလည္းေလ်ွာ့ခ်ေပးတယ္။

နည္းလမ္း (၁)

သခြားသီးတစ္လံုးကို ပါးပါးေလးေတြလွီးျပီးေတာ့ ေရခဲေသတၱာထဲမွာ အေအးခံပါ။
ထိုအေအးခံထားတဲ့ သခြားသီးခ်ပ္ကို မ်က္လံုးေပၚမွာ၁၀-၁၅မိနစ္ထားပါ။
ထို႔ေနာက္ ၾကက္သီးေႏြးေရေလးနဲ႔ ေဆးခ်ပါ။သိသာတဲ့ရလဒ္ရဖို႔အတြက္ အနည္းဆံုးတစ္ပတ္ၾကာ တစ္ေန႔ကို နွစ္ႀကိမ္လုပ္ေပးပါ။

နည္းလမ္း(၂)

သခြားသီးေသးတစ္လံုးကို ႀကိတ္ေခ်ျပီး အရည္ညွစ္ပါ။ ထိုအရည္ကို ေရခဲေသတၱာထဲမွာ မိနစ္အနည္းငယ္ေလာက္ထားပါ။ ဂြမ္းလံုးေလးနဲ႔ အရည္စြတ္ျပီး မ်က္လံုးေအာက္မွာ လိမ္းေပးပါ။ အသားထဲအရည္စိမ့္ဝင္သြားေအာင္ ၁၅မိနစ္ေလာက္ထားပါ။ ထို႔ေနာက္ ၾကက္သီးေႏြးေရေလးနဲ႔ ေဆးခ်ပါ။ တစ္ပါတ္ေလာက္ တစ္ေန႔ကို နွစ္ၾကိမ္လုပ္ေပးပါ။

နည္းလမ္း (၃)

သခြားသီးရည္နွင့္ သံပရာရည္တို႔ကို အခ်ိဳးညီညီေရာစပ္ကာ ဂြမ္းလံုးကို အသံုးျပဳျပီး မ်က္လံုးနားတဝိုက္ေနရာေတြမွာ လိမ္းေပးပါ။ ၁၅မိနစ္ခန္႔ထားျပီး ေရနဲ႔ေဆးခ်ပါ။ ၈ရက္မွ ၁၀ရက္ထိ ေန႔စဥ္ တစ္ေန႔တစ္ႀကိမ္လုပ္ေပးပါ။


အာလူး
အာလူးမွာ သဘာဝအစြန္းခၽြတ္ဂုဏ္သတၱိရွိတာေၾကာင့္  ညိဳေနတဲ့ မ်က္ကြင္းေတြကို ျပန္လည္လင္းေစပါတယ္။ မ်က္လံုးနားတဝိုက္ရွိ ေဖာင္းအစ္ေနမႈကိုလည္း ဖယ္ရွားေပးပါတယ္။ အာလူးနွစ္လံုးကို ေရခဲေသတၱာထဲမွာ
တစ္နာရီခန္႔ထားျပီးေနာက္ အာလူးရည္ထုတ္ဖို႔အတြက္ အာလူးကိုအခြံႏြာျပီး ႀကိတ္ေခ်ပါ။
ထို႔ေနာက္ အာလူးရည္ထဲမွာ ဝါဂြမ္းေလးနွစ္ျပီး ညအိပ္ရာမဝင္ခင္ မ်က္လံုးနားတဝိုက္မွာ သုတ္လိမ္းေပးပါ။
မနက္ခင္းေရာက္တဲ့အခါ ၾကက္သီးေႏြးေရေလးနဲ႔ ေဆးခ်လိုက္ပါ။ တစ္ပါတ္ေလာက္ ေန႔စဥ္ ျပဳလုပ္ေပးပါ။
ပိုသိသာတဲ့ရလဒ္ရခ်င္ရင္ေတာ့ တစ္ပါတ္ထက္ ပိုလုပ္နိုင္ပါတယ္။



လဖက္ရည္ၾကမ္းထုတ္
လဖက္ရည္ၾကမ္း(၂)ထုတ္ကို ေရတစ္ဝက္ခန္႔ပါတဲ့ ေရေႏြးခြက္ထဲမွာ ၁၀မိနစ္ခန္႕ ထားပါ။ လဖက္ရည္ၾကမ္းထုတ္ေတြကို ထုတ္ျပီး ေရခဲေသတၱာထဲမွာ နာရီဝက္ခန္႔ထားပါ။ ထိုအေအးခံထားေသာ လဖက္ရည္ၾကမ္းထုတ္ေတြကို မ်က္လံုးေပၚတြင္
၁၅မိနစ္ခန္႔ ကပ္ေပးပါ။ ဒီနည္းလမ္းကို ေန႔စဥ္ နွစ္ၾကိမ္၊ အနည္းဆံုး (၁၀)ရက္ ျပဳလုပ္ေပးပါ။


ႏြားနို႔
ႏြားနို႔မွာ နူးညံ့ေစျပီး အသားအေရကို စိုေျပေစတဲ့ လက္တစ္အက္ဆစ္ပါဝင္ပါတယ္။ ထို႔ျပင္ ပရိုတိန္း၊ အန္ဇိုင္း၊ အမိုင္နိုအက္ဆစ္နွင့္antioxidant ေတြ ပါဝင္တာေၾကာင့္ ပ်က္စီးေနတဲ့အေရျပားကို ကုသရာမွာ အေထာက္အပံ့ျဖစ္ေစပါတယ္။
မ်က္ကြင္းညိဳျခင္းနွင့္ မ်က္လံုးအစ္ေဖာင္းမႈကို လ်ွာ့ခ်ေပးပါတယ္။ ေရခဲေသတၱာထဲမွာ အနည္းဆံုး ၁နာရီၾကာထည့္ထားတဲ့ႏို႔ေအးထဲမွာ ဂြမ္းလံုးေလးေတြကို နွစ္ပါ။ ႏို႔ရည္နွစ္ထားတဲ့ ဂြမ္းလံုးေလးေတြကို မ်က္လံုးေအာက္မွာေႏြးလာတဲ့အထိထားပါ။ ေန႔စဥ္ သံုးႀကိမ္ (သို႔) ေလးႀကိမ္ခန္႔
ရက္သတၱပတ္ေတာ္ေတာ္ၾကာ ျပဳလုပ္ေပးပါ။



သံပုယိုရည္
သံပုယိုရည္မွာ ပါဝင္တဲ့ ဗီတာမင္စီသည္ မ်က္လံုးေအာက္နားမွာရွိေသာ အညိဳမည္းကြင္းေတြကို
ဖယ္ရွားေပးဖို႔ ကူညီေပးပါတယ္။ ဝါဂြမ္းလံုးကို လတ္လတ္ဆတ္ဆတ္ ညွစ္ယူထားတဲ့
သံပုယိုရည္နွစ္ျပီး မ်က္လံုးနားတဝိုက္မွာ သုတ္လိမ္းေပးပါ။ ၁၀မိနစ္ခန္႔ထားျပီး ေရေဆးခ်ပါ။
တစ္ေန႔ကိုတစ္ႀကိမ္ မွန္မွန္လုပ္ေပးသြားပါ။


ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးရည္ လဘက္စားဇြန္း (၁)ဇြန္းနွင့္ သံပရာရည္ လဘက္စားဇြန္းတစ္ဝက္တို႔ကို ေရာျပီး
မ်က္ကြင္းညိဳတဲ့ေနရာေတြမွာ ညင္သာစြာ သုတ္လိမ္းေပးပါ။ ၁၀မိနစ္ခန္႔ထားပီး ေရေဆးခ်ပါ။
ရက္သတၱပတ္ေတာ္ေတာ္ၾကာေလာက္ တစ္ေန႔ကို နွစ္ႀကိမ္ျပဳလုပ္ေပးပါ။ ခရမ္းခ်ဥ္သီးရည္ခ်ည္းပဲလည္း သံုးလို႔ရပါတယ္။


အုန္းဆီ
အုန္းဆီတြင္ စိုေျပေစတဲ့ အရည္အေသြးပါဝင္ျပီး အေရးေၾကာင္းမ်ား၊ ပါးေရတြန္႔ျခင္းမ်ားကို ကာကြယ္ေပးတာေၾကာင့္ မ်က္ကြင္းညိဳျခင္းအတြက္ နည္းလမ္းေကာင္းတစ္ခုပါပဲ။ အုန္းဆီစစ္စစ္ကို မ်က္လံုးေအာက္နားတဝိုက္မွာ နွိပ္နယ္ေပးပါ။ ထို႔ေနာက္ နာရီအနည္းငယ္ေလာက္ထားျပီး ေရနဲ႔ ေဆးခ်လိုက္ပါ။ ေန႔စဥ္ ၂ႀကိမ္မွ ၃ႀကိမ္ထိ လေတာ္ေတာ္ၾကာ
ဆက္လုပ္သြားေပးပါ။



ေရဖတ္တိုက္ေပးပါ
ေရေအး (သို႔) နို႔ေအးထဲမွာ အဝတ္စနွစ္ျပီး ပိတ္ထားတဲ့ မ်က္ခြံေတြေပၚမွာ မိနစ္ေတာ္ၾကာ ထားေပးပါ။
သို႔မဟုတ္ ေရခဲတံုးေလးေတြကို နူးညံ့တဲ့လက္သုတ္ပဝါပတ္ျပီး မ်က္လံုးေတြေအာက္မွာ မိနစ္အနည္းငယ္ခန္႔ ထားေပးနိုင္ပါတယ္။ ဒါမွမဟုတ္ ေရခဲေသတၱာထဲထည့္ထားတဲ့ ဇြန္းသန္႔(၁)ေခ်ာင္းကိုလည္း တင္နိုင္ပါတယ္။ ေန႔စဥ္ မၾကာခဏလုပ္ေပးပါ။



နႏြင္းမႈန္႕
နႏြင္းမႈန္႕ လဘက္ရည္စားဇြန္း(၂)ဇြန္းနွင့္ နာနတ္သီးရည္တို႔ကို
ေရာျပီး အနွစ္ျပဳလုပ္ပါ။  ထိုအနွစ္ကို ညိဳေနတဲ့မ်က္လံုးနားတဝိုက္ကို လိမ္းပါ။
၁၀မိနစ္ခန္႔ထားျပီး နူးညံေသာအဝတ္စိုတစ္ခုနဲ႔ သုတ္ပါ။ ရလဒ္ရတဲ့အထိ ေန႔စဥ္ျပဳလုပ္ေပးပါ။



အျခားလိုက္နာသင့္သည့္အခ်က္မ်ား

(၁) အိပ္ေရးဝဝအိပ္ပါ။
(၂) ေသြးေၾကာေတြ က်ယ္ေစျပီး မ်က္ကြင္းညိဳေတြကို
ပိုညိဳေစတာေၾကာင့္ မ်က္လံုးအရမ္းပြတ္ျခင္းကို ေရွာင္ၾကဥ္ပါ။
(၃) ေနေရာင္ျခည္နဲ႔ တိုက္ရိုက္ထိေတြ႔မႈကို ေရွာင္ၾကဥ္ပါ။
(၄) ေရလံုလံုေလာက္ေလာက္ေသာက္ပါ။
(၅) အစားေလ်ွာ႔ေနသူမ်ားအေနျဖင့္ ဗီတာမင္ေအ၊ စီနွင့္ အီး
ျမင့္မားစြာ ပါဝင္ေသာ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးပါ။
(၆) ေဆးလိပ္၊ အရက္ ျဖတ္ပါ၊
ကဖင္းဓာတ္ေသာက္သံုးမႈကိုလည္း ေလ်ွာ့ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:For Her Myanmar

#Unicode Version
ဆေးလိပ်နှင့် အရက်တို့ကို အလွန်အကျွံသောက်သုံးခြင်း၊ အိပ်ရေးမဝခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဓာတ်မတည့်ခြင်း စသည်တို့ကြောင့် မျက်ကွင်းညိုတာဖြစ်ပါတယ်။ ဓမ္မတာလာချိန်နှင့် ကိုယ်ဝန်ရှိနေစဉ်

အတွင်းမှာ ဟော်မုန်းဓာတ်မညီမျှမှုကြောင့်လည်းဖြစ်တတ်ပါတယ်။

ဒီခေတ်မှာ မျက်ကွင်းညိုတာကို ဖုံးကွယ်ဖို့ မိတ်ကပ်ပစ္စည်းတွေရှိလာပေမယ့်လည်း ထိုပစ္စည်းတွေဟာ ဈေးကြီးပြီးတော့ ဓာတုပစ္စည်းတွေပါဝင်တာကြောင့် နူးညံ့တဲ့အသားရေတွေကို ထိခိုက်စေပါတယ်။

ဒါကြောင့် သဘာဝပစ္စည်းလေးတွေနဲ့ အိမ်မှာတင် ကုထုံးလေးတွေလုပ်ကြရအောင်။
ပုံတစ်ပုံချင်းစီအောက်မှာ နည်းလမ်းလေးတွေရေးပေးထားပါတယ်နော်။

သခွားသီး


အရေပြားအရောင်ကို လင်းစေပြီး သွေးစီးဆင်းမှုကို မြှင့်တင်ပေးတယ်။ ဒါ့အပြင်မျက်လုံးအစ်ဖောင်းမှုကိုလည်းလျှော့ချပေးတယ်။


နည်းလမ်း (၁)



သခွားသီးတစ်လုံးကို ပါးပါးလေးတွေလှီးပြီးတော့ ရေခဲသေတ္တာထဲမှာ အအေးခံပါ။
ထိုအအေးခံထားတဲ့ သခွားသီးချပ်ကို မျက်လုံးပေါ်မှာ၁၀-၁၅မိနစ်ထားပါ။
ထို့နောက် ကြက်သီးနွေးရေလေးနဲ့ ဆေးချပါ။သိသာတဲ့ရလဒ်ရဖို့အတွက် အနည်းဆုံးတစ်ပတ်ကြာ တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးပါ။


နည်းလမ်း(၂)


သခွားသီးသေးတစ်လုံးကို ကြိတ်ချေပြီး အရည်ညှစ်ပါ။ ထိုအရည်ကို ရေခဲသေတ္တာထဲမှာ မိနစ်အနည်းငယ်လောက်ထားပါ။ ဂွမ်းလုံးလေးနဲ့ အရည်စွတ်ပြီး မျက်လုံးအောက်မှာ လိမ်းပေးပါ။ အသားထဲအရည်စိမ့်ဝင်သွားအောင် ၁၅မိနစ်လောက်ထားပါ။ ထို့နောက် ကြက်သီးနွေးရေလေးနဲ့ ဆေးချပါ။ တစ်ပါတ်လောက် တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးပါ။


နည်းလမ်း (၃)



သခွားသီးရည်နှင့် သံပရာရည်တို့ကို အချိုးညီညီရောစပ်ကာ ဂွမ်းလုံးကို အသုံးပြုပြီး မျက်လုံးနားတဝိုက်နေရာတွေမှာ လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေနဲ့ဆေးချပါ။ ၈ရက်မှ ၁၀ရက်ထိ နေ့စဉ် တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။


အာလူး

အာလူးမှာ သဘာဝအစွန်းချွတ်ဂုဏ်သတ္တိရှိတာကြောင့်  ညိုနေတဲ့ မျက်ကွင်းတွေကို ပြန်လည်လင်းစေပါတယ်။ မျက်လုံးနားတဝိုက်ရှိ ဖောင်းအစ်နေမှုကိုလည်း ဖယ်ရှားပေးပါတယ်။ အာလူးနှစ်လုံးကို ရေခဲသေတ္တာထဲမှာ
တစ်နာရီခန့်ထားပြီးနောက် အာလူးရည်ထုတ်ဖို့အတွက် အာလူးကိုအခွံနွာပြီး ကြိတ်ချေပါ။
ထို့နောက် အာလူးရည်ထဲမှာ ဝါဂွမ်းလေးနှစ်ပြီး ညအိပ်ရာမဝင်ခင် မျက်လုံးနားတဝိုက်မှာ သုတ်လိမ်းပေးပါ။
မနက်ခင်းရောက်တဲ့အခါ ကြက်သီးနွေးရေလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပါတ်လောက် နေ့စဉ် ပြုလုပ်ပေးပါ။
ပိုသိသာတဲ့ရလဒ်ရချင်ရင်တော့ တစ်ပါတ်ထက် ပိုလုပ်နိုင်ပါတယ်။



လဖက်ရည်ကြမ်းထုတ်
လဖက်ရည်ကြမ်း(၂)ထုတ်ကို ရေတစ်ဝက်ခန့်ပါတဲ့ ရေနွေးခွက်ထဲမှာ ၁၀မိနစ်ခန့် ထားပါ။ လဖက်ရည်ကြမ်းထုတ်တွေကို ထုတ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပါ။ ထိုအအေးခံထားသော လဖက်ရည်ကြမ်းထုတ်တွေကို မျက်လုံးပေါ်တွင်
၁၅မိနစ်ခန့် ကပ်ပေးပါ။ ဒီနည်းလမ်းကို နေ့စဉ် နှစ်ကြိမ်၊ အနည်းဆုံး (၁၀)ရက် ပြုလုပ်ပေးပါ။


နွားနို့
နွားနို့မှာ နူးညံ့စေပြီး အသားအရေကို စိုပြေစေတဲ့ လက်တစ်အက်ဆစ်ပါဝင်ပါတယ်။ ထို့ပြင် ပရိုတိန်း၊ အန်ဇိုင်း၊ အမိုင်နိုအက်ဆစ်နှင့်antioxidant တွေ ပါဝင်တာကြောင့် ပျက်စီးနေတဲ့အရေပြားကို ကုသရာမှာ အထောက်အပံ့ဖြစ်စေပါတယ်။
မျက်ကွင်းညိုခြင်းနှင့် မျက်လုံးအစ်ဖောင်းမှုကို လျှာ့ချပေးပါတယ်။ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၁နာရီကြာထည့်ထားတဲ့နို့အေးထဲမှာ ဂွမ်းလုံးလေးတွေကို နှစ်ပါ။ နို့ရည်နှစ်ထားတဲ့ ဂွမ်းလုံးလေးတွေကို မျက်လုံးအောက်မှာနွေးလာတဲ့အထိထားပါ။ နေ့စဉ် သုံးကြိမ် (သို့) လေးကြိမ်ခန့်
ရက်သတ္တပတ်တော်တော်ကြာ ပြုလုပ်ပေးပါ။



သံပုယိုရည်
သံပုယိုရည်မှာ ပါဝင်တဲ့ ဗီတာမင်စီသည် မျက်လုံးအောက်နားမှာရှိသော အညိုမည်းကွင်းတွေကို
ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ ဝါဂွမ်းလုံးကို လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့
သံပုယိုရည်နှစ်ပြီး မျက်လုံးနားတဝိုက်မှာ သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်ထားပြီး ရေဆေးချပါ။
တစ်နေ့ကိုတစ်ကြိမ် မှန်မှန်လုပ်ပေးသွားပါ။


ခရမ်းချဉ်သီး
ခရမ်းချဉ်သီးရည် လဘက်စားဇွန်း (၁)ဇွန်းနှင့် သံပရာရည် လဘက်စားဇွန်းတစ်ဝက်တို့ကို ရောပြီး
မျက်ကွင်းညိုတဲ့နေရာတွေမှာ ညင်သာစွာ သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်ထားပီး ရေဆေးချပါ။
ရက်သတ္တပတ်တော်တော်ကြာလောက် တစ်နေ့ကို နှစ်ကြိမ်ပြုလုပ်ပေးပါ။ ခရမ်းချဉ်သီးရည်ချည်းပဲလည်း သုံးလို့ရပါတယ်။


အုန်းဆီ
အုန်းဆီတွင် စိုပြေစေတဲ့ အရည်အသွေးပါဝင်ပြီး အရေးကြောင်းများ၊ ပါးရေတွန့်ခြင်းများကို ကာကွယ်ပေးတာကြောင့် မျက်ကွင်းညိုခြင်းအတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။ အုန်းဆီစစ်စစ်ကို မျက်လုံးအောက်နားတဝိုက်မှာ နှိပ်နယ်ပေးပါ။ ထို့နောက် နာရီအနည်းငယ်လောက်ထားပြီး ရေနဲ့ ဆေးချလိုက်ပါ။ နေ့စဉ် ၂ကြိမ်မှ ၃ကြိမ်ထိ လတော်တော်ကြာ
ဆက်လုပ်သွားပေးပါ။



ရေဖတ်တိုက်ပေးပါ
ရေအေး (သို့) နို့အေးထဲမှာ အဝတ်စနှစ်ပြီး ပိတ်ထားတဲ့ မျက်ခွံတွေပေါ်မှာ မိနစ်တော်ကြာ ထားပေးပါ။
သို့မဟုတ် ရေခဲတုံးလေးတွေကို နူးညံ့တဲ့လက်သုတ်ပဝါပတ်ပြီး မျက်လုံးတွေအောက်မှာ မိနစ်အနည်းငယ်ခန့် ထားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရေခဲသေတ္တာထဲထည့်ထားတဲ့ ဇွန်းသန့်(၁)ချောင်းကိုလည်း တင်နိုင်ပါတယ်။ နေ့စဉ် မကြာခဏလုပ်ပေးပါ။



နနွင်းမှုန့်

နနွင်းမှုန့် လဘက်ရည်စားဇွန်း(၂)ဇွန်းနှင့် နာနတ်သီးရည်တို့ကို
ရောပြီး အနှစ်ပြုလုပ်ပါ။  ထိုအနှစ်ကို ညိုနေတဲ့မျက်လုံးနားတဝိုက်ကို လိမ်းပါ။
၁၀မိနစ်ခန့်ထားပြီး နူးညံသောအဝတ်စိုတစ်ခုနဲ့ သုတ်ပါ။ ရလဒ်ရတဲ့အထိ နေ့စဉ်ပြုလုပ်ပေးပါ။



အခြားလိုက်နာသင့်သည့်အချက်များ

(၁) အိပ်ရေးဝဝအိပ်ပါ။
(၂) သွေးကြောတွေ ကျယ်စေပြီး မျက်ကွင်းညိုတွေကို
ပိုညိုစေတာကြောင့် မျက်လုံးအရမ်းပွတ်ခြင်းကို ရှောင်ကြဉ်ပါ။
(၃) နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ပါ။
(၄) ရေလုံလုံလောက်လောက်သောက်ပါ။
(၅) အစားလျှော့နေသူများအနေဖြင့် ဗီတာမင်အေ၊ စီနှင့် အီး
မြင့်မားစွာ ပါဝင်သော အစားအစာများကို ရွေးချယ်စားသုံးပါ။
(၆) ဆေးလိပ်၊ အရက် ဖြတ်ပါ၊
ကဖင်းဓာတ်သောက်သုံးမှုကိုလည်း လျှော့ပါ။



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:For Her Myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top