iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးတစ္ခု ေအာင္ျမင္ဖုိ႕ ေသာ့ခ်က္တခ်ိဳ႕ကေတာ့ သင္တုိ႕အခ်င္းခ်င္း တစ္ေယာက္နဲ႕တစ္ေယာက္ ျပဳမူဆက္ဆံတတ္ၾကတဲ့ အေသးအဖြဲ႕ကိစၥေလးေတြထဲမွာ ရွိေနပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေလးေတြကို တခ်ိဳ႕က ေမ့ေလ်ာ့ထားတတ္ၾကပါတယ္။ ဘယ္လုိအရာေတြကမ်ား အခ်စ္မီးေတာက္ေလး အၿမဲေတာက္ေနေအာင္ စြမ္းေဆာင္ႏုိင္တာပါလိမ့္။ ေမ့ေလ်ာ့ေနတာေလးေတြ တူးဆြၾကည့္ရေအာင္။

(၁)     “I Love You” လုိ႕ေျပာတာကို ဘယ္ေတာ့မွ မရပ္တန္႕ပစ္ပါနဲ႕။ ဒီစကားသံုးလံုးဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ရင္ထဲ စြဲၿမဲေနေစႏုိင္တာကို ဘယ္ေတာ့မွ မေမ့ပါနဲ႕။

(၂)     တစ္ေယာက္နဲ႕တစ္ေယာက္ ေတြ႕ၾကတဲ့အခါ ႏႈတ္ဆက္အနမ္းေလးေတြ ေပးဖို႕ ဘယ္ေတာ့မွ မေမ့ပါနဲ႕။

(၃)     အိပ္ရာထဲေရာက္ခ်ိန္နဲ႕ အေျခအေနေပးတဲ့ အခ်ိန္ေတြမ်ိဳးမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ေႏြးေထြးစြာ ေပြ႕ဖက္ဖို႕ မေမ့ပါနဲ႕။

(၄)     တစ္ေယာက္နဲ႕တစ္ေယာက္ အျပန္အလွန္စေနာက္ၿပီး ေပ်ာ္စရာေလးေတြ ဖန္တီးဖုိ႕ မေမ့ပါနဲ႕။

(၅)     တစ္ေယာက္နဲ႕တစ္ေယာက္ ခဏတာ ခဲြခြာရခ်ိန္မ်ိဳးမွာေတာင္ အဆက္အသြယ္ မျပတ္ပါေစနဲ႕။ ႀကံဳေတြ႕ရတဲ့အရာေတြ ခံစားခ်က္ေတြ မွ်ေ၀ၾကဖို႕ မေမ့ပါနဲ႕။

(၆)     သင့္အေနနဲ႕ မုသားသံုးလုိက္တဲ့ ခဏတာဟာ သင္တုိ႕ရဲ႕အခ်စ္ခရီးလမ္းကို စတင္ အက္ကြဲေစၿပီဆုိတာ မေမ့ပါနဲ႕။ ဒါေၾကာင့္ ရိုးသားစြာ ဆက္ဆံၾကဖို႕ မေမ့ပါနဲ႕။

(၇)     သူမဘယ္ေလာက္လွေၾကာင္း ၊ ဘယ္ေလာက္ ဆဲြေဆာင္မႈရွိေၾကာင္း ေျပာျပဖုိ႕ ဘယ္ေတာ့မွ မေမ့ပါနဲ႕။ ႏွစ္ေတြၾကာလာလို႕ သူမအေလးခ်ိန္ေတြတက္လာရင္ (ဒါမွမဟုတ္) မ်က္လံုးေလးေတြ မေတာက္ပႏုိင္ေတာ့ရင္ေတာင္ သင့္ရဲ႕ဒီစကားေလးေတြ သူမအတြက္ လုိအပ္ေနပါေသးတယ္။

(၈)     အလုပ္ေတြၾကားမွာ အေျခက်လုိ႕ မအားလပ္ႏုိင္ၾကေတာ့ရင္ေတာင္ အတူတကြ ထြက္လည္ဖို႕ စီစဥ္တာဖို႕လုိတာ မေမ့ပါနဲ႕။

(၉)     သင့္ရဲ႕ ဘယ္လိုမ်ိဳးလက္ေဆာင္မဆုိ သူမကို အံ့ၾသေပ်ာ္ရႊင္သြားေအာင္ လုပ္ႏုိင္တယ္ဆုိတာ မေမ့ပါနဲ႕။ တန္ဖိုးနည္းတာပဲျဖစ္ျဖစ္ ၊ မ်ားတာပဲျဖစ္ျဖစ္ အေရးမႀကီးပါဘူး။ မေမ့မေလ်ာ့ လက္ေဆာင္ေလးေတြ ေပးေနႏုိင္ဖို႕သာ အဓိကပါ။

(၁၀)   အရင္းႏွီးဆံုးသူငယ္ခ်င္းေတြအျဖစ္ ေပါင္းသင္းဆက္ဆံေပးဖုိ႕ မေမ့ပါနဲ႕။ သင့္ရဲ႕ ရည္းစား၊ အိမ္ေထာင္ရွင္မ ၊ ကေလးေတြရဲ႕အေမ ဘယ္ေျခအေနကိုပဲ ေရာက္ေရာက္ တုိင္ပင္စရာရွိလာရင္ အေကာင္းဆံုး သူငယ္ခ်င္းေတြအျဖစ္ ရပ္တည္ေပးဖုိ႕လုိပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

အချစ်ရေးတစ်ခု အောင်မြင်ဖို့ သော့ချက်တချို့ကတော့ သင်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပြုမူဆက်ဆံတတ်ကြတဲ့ အသေးအဖွဲ့ကိစ္စလေးတွေထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအချက်လေးတွေကို တချို့က မေ့လျော့ထားတတ်ကြပါတယ်။ ဘယ်လိုအရာတွေကများ အချစ်မီးတောက်လေး အမြဲတောက်နေအောင် စွမ်းဆောင်နိုင်တာပါလိမ့်။ မေ့လျော့နေတာလေးတွေ တူးဆွကြည့်ရအောင်။

(၁)     “I Love You” လို့ပြောတာကို ဘယ်တော့မှ မရပ်တန့်ပစ်ပါနဲ့။ ဒီစကားသုံးလုံးဟာ အမျိုးသမီးတစ်ယောက်ရဲ့ ရင်ထဲ စွဲမြဲနေစေနိုင်တာကို ဘယ်တော့မှ မမေ့ပါနဲ့။

(၂)     တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ နှုတ်ဆက်အနမ်းလေးတွေ ပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

(၃)     အိပ်ရာထဲရောက်ချိန်နဲ့ အခြေအနေပေးတဲ့ အချိန်တွေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးစွာ ပွေ့ဖက်ဖို့ မမေ့ပါနဲ့။

(၄)     တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စနောက်ပြီး ပျော်စရာလေးတွေ ဖန်တီးဖို့ မမေ့ပါနဲ့။

(၅)     တစ်ယောက်နဲ့တစ်ယောက် ခဏတာ ခွဲခွာရချိန်မျိုးမှာတောင် အဆက်အသွယ် မပြတ်ပါစေနဲ့။ ကြုံတွေ့ရတဲ့အရာတွေ ခံစားချက်တွေ မျှဝေကြဖို့ မမေ့ပါနဲ့။

(၆)     သင့်အနေနဲ့ မုသားသုံးလိုက်တဲ့ ခဏတာဟာ သင်တို့ရဲ့အချစ်ခရီးလမ်းကို စတင် အက်ကွဲစေပြီဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ရိုးသားစွာ ဆက်ဆံကြဖို့ မမေ့ပါနဲ့။

(၇)     သူမဘယ်လောက်လှကြောင်း ၊ ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း ပြောပြဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ နှစ်တွေကြာလာလို့ သူမအလေးချိန်တွေတက်လာရင် (ဒါမှမဟုတ်) မျက်လုံးလေးတွေ မတောက်ပနိုင်တော့ရင်တောင် သင့်ရဲ့ဒီစကားလေးတွေ သူမအတွက် လိုအပ်နေပါသေးတယ်။

(၈)     အလုပ်တွေကြားမှာ အခြေကျလို့ မအားလပ်နိုင်ကြတော့ရင်တောင် အတူတကွ ထွက်လည်ဖို့ စီစဉ်တာဖို့လိုတာ မမေ့ပါနဲ့။

(၉)     သင့်ရဲ့ ဘယ်လိုမျိုးလက်ဆောင်မဆို သူမကို အံ့သြပျော်ရွှင်သွားအောင် လုပ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ တန်ဖိုးနည်းတာပဲဖြစ်ဖြစ် ၊ များတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ မမေ့မလျော့ လက်ဆောင်လေးတွေ ပေးနေနိုင်ဖို့သာ အဓိကပါ။

(၁၀)   အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် ပေါင်းသင်းဆက်ဆံပေးဖို့ မမေ့ပါနဲ့။ သင့်ရဲ့ ရည်းစား၊ အိမ်ထောင်ရှင်မ ၊ ကလေးတွေရဲ့အမေ ဘယ်ခြေအနေကိုပဲ ရောက်ရောက် တိုင်ပင်စရာရှိလာရင် အကောင်းဆုံး သူငယ်ချင်းတွေအဖြစ် ရပ်တည်ပေးဖို့လိုပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top