iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ သူတုိ႕ရဲ႕ခ်စ္သူအမ်ိဳးသားေတြကို ထိန္းခ်ဳပ္ထားတဲ့ပံုစံေတြ ရွိၾကပါတယ္။ ခုေျပာျပမယ့္ ပံုစံ (၄) မ်ိဳးဟာ ထိန္းခ်ဳပ္ခံထားရတဲ့ အမ်ိဳးသားေတြကိုယ္တုိင္ သတိမထားမိတတ္ၾကသလို အမ်ိဳးသမီးေတြကလည္း ဒီလိုနည္းနဲ႕ထိန္းခ်ဳပ္မယ္ဆုိျပီး ၾကိဳတင္စီစဥ္ထားတာမ်ိဳး မရွိတတ္ၾကပါဘူး။ ဒီပံုစံ (၄) မ်ိဳးနဲ႕ ထိန္းခ်ဳပ္ႏိုင္တယ္ဆိုတာမ်ိဳး သိတဲ့သူနည္းပါတယ္။ ဘာလို႕လဲဆုိေတာ့ ခုေျပာျပမယ့္ နည္းလမ္းေတြဟာ တစ္နည္းအားျဖင့္ အမ်ိဳးသမီးေတြမွာရွိတဲ့ စြမ္းရည္လို႕ ဆုိရမွာျဖစ္တာေၾကာင့္ပါ။

၁။ အမ်ိဳးသားေတြကို ကေလးေတြလို ျပဳမူေျပာဆုိဆက္ဆံတာမ်ိဳး
အမ်ိဳးသားေတြဟာ တစ္ခါတစ္ေလ ကေလးလုိ ျပဳမူတတ္တယ္ဆုိတာ အမွန္ပါပဲ။ ဒါကလည္း ဘယ္သူကမွ သူတုိ႕ကို ဒီလိုျပဳမူဖုိ႕ ေျပာဆုိတြန္းအားေပးထားတာမ်ိဳး မဟုတ္ပဲ၊ သူတုိ႕မသိစိတ္ကကို ခုလို ျပဳမူတတ္ေအာင္ တြန္းအားေပးသလိုမ်ိဳးပါ။ အဲ့ဒီအခ်က္ေပၚလိုက္ျပီး အမ်ိဳးသမီးတစ္ေယာက္က သူတုိ႕ခ်စ္တဲ့ အမ်ိဳးသားကို ကေလးတစ္ေယာက္လို ဂရုစိုက္ေပးတာ၊ ေျပာဆုိျပဳမူတာမ်ိဳးေတြ ရွိလာတဲ့အခါ အမ်ိဳးသားေတြက သာယာလာပါတယ္။ သေဘာက်လာပါတယ္။ တစ္ခါတစ္ေလမွာလည္း အမ်ိဳးသမီးေတြက အမ်ိဳးသားေတြကို ဒါေလးလုပ္ေပးဖုိ႕၊ ဟိုဟာေလး လုပ္ေပးဖုိ႕ ေျပာဆုိလာတဲ့အခါ အမ်ိဳးသားေတြကိုယ္တုိင္ လိုက္လိုက္ေလ်ာေလ်ာ လုပ္ေဆာင္ေပးခ်င္တတ္ၾကပါတယ္။

၂။ အမ်ိဳးသမီးေတြ ဘာမွမေျပာေတာ့ပဲ တိတ္ဆိတ္သြားတာမ်ိဳး
အမ်ိဳးသမီးေတြဟာ ဒီအတတ္ပညာမွာေတာ့ တကယ့္ကို ဆရာက်ပါတယ္။ အမ်ိဳးသားေတြ စိတ္ရႈပ္လာတဲ့အခါ၊ ကိုယ့္ကို တစ္ခုခု ေျပာခ်င္လာျပီဆုိရင္ ပါးစပ္ကဖြင့္ေျပာတတ္ၾကပါတယ္။ တစ္ခါတစ္ေလ ေဒါသျဖစ္လာ ရင္ ေအာ္ေငါက္ခ်င္ ေအာ္ေငါက္ပါလိမ့္မယ္။ သူတုိ႕ဘာျဖစ္ခ်င္တယ္ဆုိတာ ဖြင့္ဟတတ္ပါတယ္။ အမ်ိဳးသမီးေတြကေတာ့ ဒါနဲ႕ဆန္႕က်င္ဘက္ပါပဲ။ သူတုိ႕က ပိုသိသာေစခ်င္ရင္ ပိုတိတ္ဆိတ္ျပတတ္ၾကပါတယ္။ အရင္ကေလာက္ေတာင္ စကားမေျပာေတာ့ပဲ သီးသန္႕ပိုဆန္သြားပါတယ္။ အဲ့ဒီလိုျဖစ္သြားရင္ တစ္ဖက္က အမ်ိဳးသားဟာ ငါဘာလုပ္ခဲ့မိလို႕လဲဆုိတဲ့ အေတြးေတြ ျဖစ္သြားၾကပါေရာ။ အဲ့ဒီလို တိတ္ဆိတ္လိုက္ျခင္းဟာ အမ်ိဳးသားေတြကို ေနမထိထိုင္မသာျဖစ္ေစျပီး ျပသနာကို အျမန္အဆံုးသတ္ခ်င္သြားတတ္ပါတယ္။

၃။ အမ်ိဳးသမီးေတြဟာ သူတုိ႕ခ်စ္သူေတြကို ေျမွာက္ပင့္ေျပာဆုိတတ္တာမ်ိဳး
လူတစ္ေယာက္ကို အျခားလူတစ္ေယာက္က ခ်ီးမြမ္းေျပာဆုိမယ္ဆုိ သေဘာမက်တဲ့သူရွားပါတယ္။ ဒီေတာ့ ကိုယ့္ခ်စ္သူသာ ကုိယ့္ကို ခ်ီးမြမ္းမယ္၊ ေျမွာက္ေျပာမယ္ဆုိရင္ အ့ဲဒီလူအတြက္ ဘယ္ေလာက္စိတ္ခ်မ္းသာစရာေကာင္းသလဲ စဥ္းစားၾကည့္ပါ။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ သာလြန္တဲ့အခ်က္ေတြ လုပ္ေဆာင္ႏိုင္ပါတယ္။ အထူးသျဖင့္ သူအလုပ္ လုပ္တာ ေတာ္တယ္လို႕ ခံစားမိရင္ အလုပ္လုပ္တာ ဘယ္ေလာက္ေတာ္တယ္၊ က်ြမ္းက်င္တယ္ဆုိတာကို ႏႈတ္က ထုတ္ေဖာ္ခ်ီးမြမ္းပါတယ္။ ဒီအခ်က္က အမ်ိဳးသားေတြကို ထိန္းခ်ဳပ္ပစ္လိုက္တဲ့ အခ်က္တစ္ခ်က္ပါပဲ။သူ၀တ္တာစားတာ ၾကည့္ေကာင္းေနရင္ ဘယ္ေလာက္ေခ်ာတဲ့အေၾကာင္း သူ႕ကိုခ်ီးမြမ္းမွာ ျဖစ္သလို သူကိုယ့္အတြက္ ေစတနာပါပါလုပ္ေဆာင္ေပးတဲ့အရာေတြအတြက္လည္း ေက်းဇူးတင္ စကားေျပာပါလိမ့္မယ္။

၄။ ကိုယ့္ခ်စ္သူကို အျခားအမ်ိဳဳးသားေတြနဲ႕ ႏႈိင္းယွဥ္ေျပာတာမ်ိဳး
မိဘေတြက ကိုယ့္သားသမီးကို အျခားကေလးေတြနဲ႕ ႏႈိင္းယွဥ္ေျပာဆုိတာမ်ိဳး ၾကားဖူးပါလိမ့္မယ္။ ဒီအခ်က္ကို ခ်စ္သူရည္းစား စံုတြဲေတြမွာလည္း ဆက္လက္သံုးစြဲေနတုန္းပါ။ ဒီေတာ့ ကိုယ့္ခ်စ္သူေကာင္ေလးကို တိုက္ရိုက္ၾကီး တျခားတစ္ေယာက္နဲ႕ ႏႈိင္းယွဥ္တာကို ႏႈိင္းယွဥ္မွန္းမသိသာေအာင္ ေျပာဆုိဖုိ႕ေတာ့ လိုပါတယ္။ စကားေျပာဆုိရင္း ဘယ္သူကေတာ့ GYM ကို ၅ရက္စလံုးသြားေဆာ့တာ၊ ဘယ္သူကေတာ့ျဖင့္ သူ႕အလုပ္မွာ ရာထူးတက္သြားတာ စသျဖင့္ ေျပာဆိုလိုက္ရင္ တစ္ဖက္လူက ငါေရာဆုိတဲ့ အေတြးမ်ိဳး ၀င္သြားပါလိမ့္မယ္။ သတိထားရမွာကေတာ့ တိုက္ရိုက္ၾကီး ရွင္ကေတာ့ ဘယ္လုိ၊ သူကေတာ့ဘယ္လိုဆိုတာမ်ိဳး ယွဥ္ျပီးမေျပာပဲ မသိမသာ ေျပာဆုိဖုိ႕ပါ။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
အမျိုးသမီးတွေဟာ သူတို့ရဲ့ချစ်သူအမျိုးသားတွေကို ထိန်းချုပ်ထားတဲ့ပုံစံတွေ ရှိကြပါတယ်။ ခုပြောပြမယ့် ပုံစံ (၄) မျိုးဟာ ထိန်းချုပ်ခံထားရတဲ့ အမျိုးသားတွေကိုယ်တိုင် သတိမထားမိတတ်ကြသလို အမျိုးသမီးတွေကလည်း ဒီလိုနည်းနဲ့ထိန်းချုပ်မယ်ဆိုပြီး ကြိုတင်စီစဉ်ထားတာမျိုး မရှိတတ်ကြပါဘူး။ ဒီပုံစံ (၄) မျိုးနဲ့ ထိန်းချုပ်နိုင်တယ်ဆိုတာမျိုး သိတဲ့သူနည်းပါတယ်။ ဘာလို့လဲဆိုတော့ ခုပြောပြမယ့် နည်းလမ်းတွေဟာ တစ်နည်းအားဖြင့် အမျိုးသမီးတွေမှာရှိတဲ့ စွမ်းရည်လို့ ဆိုရမှာဖြစ်တာကြောင့်ပါ။

၁။ အမျိုးသားတွေကို ကလေးတွေလို ပြုမူပြောဆိုဆက်ဆံတာမျိုး
အမျိုးသားတွေဟာ တစ်ခါတစ်လေ ကလေးလို ပြုမူတတ်တယ်ဆိုတာ အမှန်ပါပဲ။ ဒါကလည်း ဘယ်သူကမှ သူတို့ကို ဒီလိုပြုမူဖို့ ပြောဆိုတွန်းအားပေးထားတာမျိုး မဟုတ်ပဲ၊ သူတို့မသိစိတ်ကကို ခုလို ပြုမူတတ်အောင် တွန်းအားပေးသလိုမျိုးပါ။ အဲ့ဒီအချက်ပေါ်လိုက်ပြီး အမျိုးသမီးတစ်ယောက်က သူတို့ချစ်တဲ့ အမျိုးသားကို ကလေးတစ်ယောက်လို ဂရုစိုက်ပေးတာ၊ ပြောဆိုပြုမူတာမျိုးတွေ ရှိလာတဲ့အခါ အမျိုးသားတွေက သာယာလာပါတယ်။ သဘောကျလာပါတယ်။ တစ်ခါတစ်လေမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေကို ဒါလေးလုပ်ပေးဖို့၊ ဟိုဟာလေး လုပ်ပေးဖို့ ပြောဆိုလာတဲ့အခါ အမျိုးသားတွေကိုယ်တိုင် လိုက်လိုက်လျောလျော လုပ်ဆောင်ပေးချင်တတ်ကြပါတယ်။

၂။ အမျိုးသမီးတွေ ဘာမှမပြောတော့ပဲ တိတ်ဆိတ်သွားတာမျိုး
အမျိုးသမီးတွေဟာ ဒီအတတ်ပညာမှာတော့ တကယ့်ကို ဆရာကျပါတယ်။ အမျိုးသားတွေ စိတ်ရှုပ်လာတဲ့အခါ၊ ကိုယ့်ကို တစ်ခုခု ပြောချင်လာပြီဆိုရင် ပါးစပ်ကဖွင့်ပြောတတ်ကြပါတယ်။ တစ်ခါတစ်လေ ဒေါသဖြစ်လာ ရင် အော်ငေါက်ချင် အော်ငေါက်ပါလိမ့်မယ်။ သူတို့ဘာဖြစ်ချင်တယ်ဆိုတာ ဖွင့်ဟတတ်ပါတယ်။ အမျိုးသမီးတွေကတော့ ဒါနဲ့ဆန့်ကျင်ဘက်ပါပဲ။ သူတို့က ပိုသိသာစေချင်ရင် ပိုတိတ်ဆိတ်ပြတတ်ကြပါတယ်။ အရင်ကလောက်တောင် စကားမပြောတော့ပဲ သီးသန့်ပိုဆန်သွားပါတယ်။ အဲ့ဒီလိုဖြစ်သွားရင် တစ်ဖက်က အမျိုးသားဟာ ငါဘာလုပ်ခဲ့မိလို့လဲဆိုတဲ့ အတွေးတွေ ဖြစ်သွားကြပါရော။ အဲ့ဒီလို တိတ်ဆိတ်လိုက်ခြင်းဟာ အမျိုးသားတွေကို နေမထိထိုင်မသာဖြစ်စေပြီး ပြသနာကို အမြန်အဆုံးသတ်ချင်သွားတတ်ပါတယ်။

၃။ အမျိုးသမီးတွေဟာ သူတို့ချစ်သူတွေကို မြှောက်ပင့်ပြောဆိုတတ်တာမျိုး
လူတစ်ယောက်ကို အခြားလူတစ်ယောက်က ချီးမွမ်းပြောဆိုမယ်ဆို သဘောမကျတဲ့သူရှားပါတယ်။ ဒီတော့ ကိုယ့်ချစ်သူသာ ကိုယ့်ကို ချီးမွမ်းမယ်၊ မြှောက်ပြောမယ်ဆိုရင် အဲ့ဒီလူအတွက် ဘယ်လောက်စိတ်ချမ်းသာစရာကောင်းသလဲ စဉ်းစားကြည့်ပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သာလွန်တဲ့အချက်တွေ လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် သူအလုပ် လုပ်တာ တော်တယ်လို့ ခံစားမိရင် အလုပ်လုပ်တာ ဘယ်လောက်တော်တယ်၊ ကျွမ်းကျင်တယ်ဆိုတာကို နှုတ်က ထုတ်ဖော်ချီးမွမ်းပါတယ်။ ဒီအချက်က အမျိုးသားတွေကို ထိန်းချုပ်ပစ်လိုက်တဲ့ အချက်တစ်ချက်ပါပဲ။သူဝတ်တာစားတာ ကြည့်ကောင်းနေရင် ဘယ်လောက်ချောတဲ့အကြောင်း သူ့ကိုချီးမွမ်းမှာ ဖြစ်သလို သူကိုယ့်အတွက် စေတနာပါပါလုပ်ဆောင်ပေးတဲ့အရာတွေအတွက်လည်း ကျေးဇူးတင် စကားပြောပါလိမ့်မယ်။

၄။ ကိုယ့်ချစ်သူကို အခြားအမျိုုးသားတွေနဲ့ နှိုင်းယှဉ်ပြောတာမျိုး
မိဘတွေက ကိုယ့်သားသမီးကို အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောဆိုတာမျိုး ကြားဖူးပါလိမ့်မယ်။ ဒီအချက်ကို ချစ်သူရည်းစား စုံတွဲတွေမှာလည်း ဆက်လက်သုံးစွဲနေတုန်းပါ။ ဒီတော့ ကိုယ့်ချစ်သူကောင်လေးကို တိုက်ရိုက်ကြီး တခြားတစ်ယောက်နဲ့ နှိုင်းယှဉ်တာကို နှိုင်းယှဉ်မှန်းမသိသာအောင် ပြောဆိုဖို့တော့ လိုပါတယ်။ စကားပြောဆိုရင်း ဘယ်သူကတော့ GYM ကို ၅ရက်စလုံးသွားဆော့တာ၊ ဘယ်သူကတော့ဖြင့် သူ့အလုပ်မှာ ရာထူးတက်သွားတာ စသဖြင့် ပြောဆိုလိုက်ရင် တစ်ဖက်လူက ငါရောဆိုတဲ့ အတွေးမျိုး ဝင်သွားပါလိမ့်မယ်။ သတိထားရမှာကတော့ တိုက်ရိုက်ကြီး ရှင်ကတော့ ဘယ်လို၊ သူကတော့ဘယ်လိုဆိုတာမျိုး ယှဉ်ပြီးမပြောပဲ မသိမသာ ပြောဆိုဖို့ပါ။

Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top