iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ပတ္လံုးအလုပ္ေတြ မနားမေနလုပ္ရတဲ့သူတုိင္း ေသာၾကာေန႕ေရာက္တဲ့အခါ သူငယ္ခ်င္းေတြ၊ အသိမိတ္ေဆြေတြကို အခ်ိန္ေပးျပီး အတူတူ ေသာင္းက်န္းတတ္ၾကပါတယ္။ တစ္ခါတစ္ေလက်ေတာ့လည္း ကုိယ့္ေဘးနားမွာရွိတဲ့ လူေတြဟာ ကိုယ့္အတြက္ တကယ့္ကိုစိတ္အပန္းေျပေစတဲ့အျပင္ သူတုိ႕ရွိေနရင္ကို ေပ်ာ္ေနရသလို ခံစားမိပါလိမ့္မယ္။ ဒါေပမယ့္ ကုိယ္ေပါင္းတဲ့ သူငယ္ခ်င္းအေပါင္းအသင္းက ရက္သတၱပတ္တုိင္း ပါတီသြား၊ ကလပ္ တက္၊ ေသာက္စားျပီး ေတာ္ေတာ္ေလး ၀ုန္းဒိုင္းၾကဲတတ္တဲ့ သူဆုိရင္ေတာ့ သင့္ကိုပါ သူတုိ႕နဲ႕အတူကဲဖုိ႕ ဆြဲေဆာင္ စည္းရံုးပါလိမ့္မယ္။ ဒီေတာ့ သင့္သူငယ္ခ်င္းေတြထဲမွာ ေပ်ာ္ပြဲရႊင္ပြဲတုိင္းနဲ႕ ပါတီတုိင္း ဘယ္ေတာ့မွ အလြတ္မခံပဲ ေသာင္းက်န္းတတ္တဲ့ ရာသီဖြားေတြ ပါ၀င္ေနသလား၊ ဒါမွမဟုတ္ သင္ကိုယ္တုိင္ အဲ့ဒီရာသီဖြားေလးမ်ိဳးထဲ ပါ၀င္ေနသလားဆုိတာ ၾကည့္ရေအာင္။

Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )
ဒီရာသီဖြားေတြကေတာ့ ေသာၾကာေန႕ညေရာက္ျပီဆိုတာနဲ႕ သူငယ္ခ်င္း အားလံုးနဲ႕စုျပီး ေသာင္းက်န္းဖုိ႕အျမဲ စိတ္အားထက္သန္ေနတတ္တဲ့ သူေတြပါ။ သူတုိ႕ရွိေနရင္ ေပ်ာ္စရာေကာင္းပါတယ္။ ဘာလုိ႕လဲဆုိေတာ့ သူတုိ႕က လူမႈဆက္ဆံေရးလည္း ေတာ္ေတာ္ေလး ေကာင္းတာေၾကာင့္ပါ။ သူငယ္ခ်င္းအသစ္၊ မိတ္ေဆြသစ္ဆုိရင္ေတာင္ အဲ့ဒီည ပါတီ၊ ဒါမွမဟုတ္ ဘား၊ ကလပ္စတဲ့ေနရာေတြမွာ တန္းျပီးခင္မင္သြားေအာင္ ဒီရာသီဖြားေတြက စည္းရံုးပစ္ႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ဒီရာသီဖြားေတြဟာ ကိုယ္ဘယ္ေလာက္အတုိင္းအတာထိ ေသာက္ႏိုင္တယ္ဆုိတာမ်ိဳး သိရင္ေတာင္ အဲ့ဒါထက္ပိုျပီး အလြန္အက်ြံေသာက္တတ္တာေၾကာင့္ ေနာက္ေန႕မွာအျမဲ အရက္နာက်ေနတတ္သူေတြပါ။ ဒါ့ေၾကာင့္ ဒီေမထုန္ရာသီဖြားေတြကို တစ္ခုသတိထားေစခ်င္တာက နည္းနည္းေလးေသာက္ျပီးတဲ့အခါ ဆက္တုိက္ေသာက္မယ္ဆုိရင္ေတာင္ ကိုယ့္ကို ေစာင့္ေရွာက္ေပးမယ့္သူ တစ္ေယာက္ေလာက္ေတာ့ အနားမွာရွိေစခ်င္ပါတယ္။

Leo - သိဟ္ ရာသီဖြား (ဇူလိုင္လ ၂၃ ရက္ - ၾသဂုတ္လ ၂၂ ရက္ )
သိဟ္ရာသီဖြားေတြက်ေတာ့ သူတုိ႕သြားေနက် ဘား၊ ကလပ္စတဲ့ေနရာေတြမွာသာ ထပ္ခါထပ္ခါ ေသာင္းက်န္းခ်င္တာမ်ိဳးပါ။  သူတုိ႕ကတကယ္ကိုမိုက္တဲ့၊ သူတုိ႕နဲ႕အဆင္ေျပတဲ့ ေနရာေတြကိုသာ အျမဲေရြးခ်ယ္တဲ့အျပင္ အဲ့ဒီကိုေရာက္ရင္လည္း သူတုိ႕အစြမ္းအစကို နည္းနည္းေလး ထုတ္ေဖာ္ျပခ်င္ပါတယ္။ ဥပမာ ကတတ္တဲ့သူဆုိရင္ သူအက ဘယ္ေလာက္က်ြမ္းေၾကာင္း အားလံုးသိေအာင္ နည္းနည္း က ျပလိုက္တာမ်ိဳးေပါ့။ တစ္ခုရွိတာက သိဟ္ရာသီဖြားေတြက ပါတီတစ္ခုတည္းနဲ႕ တင္းတိမ္တတ္တဲ့သူေတြေတာ့ မဟုတ္ပါဘူး။ တစ္ခုျပီးရင္ ေနာက္တစ္ေနရာ ဆက္သြားဖုိ႕အျမဲ ၾကံစည္ေနတတ္ပါတယ္။

ဒီေတာ့ သင္က မနက္ျဖန္ခပ္ေစာေစာ သြားစရာရွိတယ္ဘာညာဆုိရင္ သင့္သူငယ္ခ်င္း သိဟ္ရာသီဖြားကို တစ္ခ်က္ သတိေပးဖုိ႕ အားနာမေနပါနဲ႕။ ဘာလုိ႕လဲဆုိေတာ့ သူတုိ႕က သူတုိ႕စိတ္ထဲ တစ္ေနရာျပီး ေနာက္တစ္ေနရာ ဘယ္သြားမယ္ဆုိတာ စာရင္းကို ျပဳလုပ္ထားတတ္တာေၾကာင့္ပါ။

Sagittarius – ဓႏုရာသီဖြား ( ႏို၀င္ဘာလ ၂၂ ရက္ - ဒီဇင္ဘာလ ၂၁ ရက္ )
ဓႏုရာသီဖြားေတြကေတာ့ သူငယ္ခ်င္းေတြနဲ႕ လြတ္လြတ္လပ္လပ္ အခ်ိန္ျဖဳဳန္းရတာကို ေတာ္ေတာ္ေလး ႏွစ္ျခိဳက္ၾကပါတယ္။ ပါတီေတြ၊ ကလပ္ေတြမွာဆုိရင္လည္း မိတ္ေဆြသစ္ေတြ ဖြဲ႕မယ္၊ ဒီကလပ္မွာ ဘာေတြကဘယ္လိုဆုိတာ အျမဲစူးစမ္းေနပါလိမ့္မယ္။ ေနာက္ေန႕ဆုိရင္ အဲ့ဒီညက ဘယ္သူေတြက ဘယ္လို၊ ဘယ္ေနရာမွာ ဘာျဖစ္တာဆုိျပီး သူငယ္ခ်င္းေတြကို အျမဲျပန္ေျပာျပေနက် ရာသီဖြားကေတာ့ ဓႏုရာသီဖြားပါ။

ဒါ့ေၾကာင့္ သူနဲ႕အတူသြားရင္ေတာ့ သူ႕ကိုမ်က္စိေအာက္က အေပ်ာက္မခံပဲ ၾကည့္ေနဖုိ႕ လိုပါတယ္။ မဟုတ္ရင္ စြန္႕စားခန္းအသစ္ေတြကိုဖြင့္ဖုိ႕ စိတ္၀င္စားလြန္းအားၾကီးတဲ့ ဓႏုရာသီဖြားေၾကာင့္ ျပန္ခါနီး သူမရွိလို႕ လိုက္ရွာေနရတာမ်ိဳး၊ ဘယ္သူေတြနဲ႕အတူ ဘယ္ကိုလိုက္သြားမွန္းမသိလို႕ စိတ္ပူရတာမ်ိဳးေတြ ၾကံဳရႏိုင္ပါတယ္။

Aquarius - ကံုရာသီဖြား ( ဇန္န၀ါရီလ ၂၀ ရက္ - ေဖေဖာ္၀ါရီလ ၁၈ ရက္ )
ကံုရာသီဖြားေတြကေတာ့ ပ်င္းစရာေကာင္းတဲ့ အေျခအေနကုိ သေဘာမေတြ႕တတ္ပါဘူး။ သူကေတာ့ ပါတီ၊ ကလပ္ေတြ သြားတတ္ေပမယ့္ သူငယ္ခ်င္းေတြနဲ႕ပဲ အတူေသာင္းက်န္းခ်င္တာပါ။ သူငယ္ခ်င္းအသစ္ေတြ၊ မိတ္ေဆြသစ္ေတြ မရွာတတ္သလို သူ ကတာ ၀ါသနာပါရင္ကမယ္၊ ေသာက္တာ ၀ါသနာပါရင္ေသာက္ေနမယ္ဆုိတဲ့ လူစားမ်ိဳးပါ။ သာမာန္အားျဖင့္ အရွက္အေၾကာက္ၾကီးတဲ့ ကံုရာသီဖြားေတြဟာ တစ္ခြက္ႏွစ္ခြက္ေလာက္၀င္ျပီးတာနဲ႕ အားလံုးေအးေဆးျဖစ္သြားကာ စတင္ေသာင္းက်န္းပါေတာ့တယ္။  

သူက သူငယ္ခ်င္းေတြဆီက ဘာလုပ္ရင္ ဘာေကာင္းတယ္ဆုိတဲ့ အၾကံဥာဏ္မ်ိဳးေတြ အျမဲေတာင္းခံတတ္ပါတယ္။ တစ္ခုရွိတာက သူနဲ႕အတူ ပါတီ၊ ကလပ္ေတြမွာရွိရင္ သူအိမ္ျပန္တဲ့အခါ အိမ္ေခ်ာေခ်ာေမာေမာေရာက္ရဲ႕ လားဆုိတာေတာ့ ေသခ်ာေအာင္ ေမးဖုိ႕လိုပါလိမ့္မယ္။ သူလည္း ေသာက္ျပီးရင္ ေသာင္းက်န္းဖုိ႕ပဲသိတဲ့လူစားမ်ိဳး မုိ႕လို႕ပါ။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ပတ်လုံးအလုပ်တွေ မနားမနေလုပ်ရတဲ့သူတိုင်း သောကြာနေ့ရောက်တဲ့အခါ သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေကို အချိန်ပေးပြီး အတူတူ သောင်းကျန်းတတ်ကြပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကိုယ့်ဘေးနားမှာရှိတဲ့ လူတွေဟာ ကိုယ့်အတွက် တကယ့်ကိုစိတ်အပန်းပြေစေတဲ့အပြင် သူတို့ရှိနေရင်ကို ပျော်နေရသလို ခံစားမိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ပေါင်းတဲ့ သူငယ်ချင်းအပေါင်းအသင်းက ရက်သတ္တပတ်တိုင်း ပါတီသွား၊ ကလပ် တက်၊ သောက်စားပြီး တော်တော်လေး ဝုန်းဒိုင်းကြဲတတ်တဲ့ သူဆိုရင်တော့ သင့်ကိုပါ သူတို့နဲ့အတူကဲဖို့ ဆွဲဆောင် စည်းရုံးပါလိမ့်မယ်။ ဒီတော့ သင့်သူငယ်ချင်းတွေထဲမှာ ပျော်ပွဲရွှင်ပွဲတိုင်းနဲ့ ပါတီတိုင်း ဘယ်တော့မှ အလွတ်မခံပဲ သောင်းကျန်းတတ်တဲ့ ရာသီဖွားတွေ ပါဝင်နေသလား၊ ဒါမှမဟုတ် သင်ကိုယ်တိုင် အဲ့ဒီရာသီဖွားလေးမျိုးထဲ ပါဝင်နေသလားဆိုတာ ကြည့်ရအောင်။

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )
ဒီရာသီဖွားတွေကတော့ သောကြာနေ့ညရောက်ပြီဆိုတာနဲ့ သူငယ်ချင်း အားလုံးနဲ့စုပြီး သောင်းကျန်းဖို့အမြဲ စိတ်အားထက်သန်နေတတ်တဲ့ သူတွေပါ။ သူတို့ရှိနေရင် ပျော်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လူမှုဆက်ဆံရေးလည်း တော်တော်လေး ကောင်းတာကြောင့်ပါ။ သူငယ်ချင်းအသစ်၊ မိတ်ဆွေသစ်ဆိုရင်တောင် အဲ့ဒီည ပါတီ၊ ဒါမှမဟုတ် ဘား၊ ကလပ်စတဲ့နေရာတွေမှာ တန်းပြီးခင်မင်သွားအောင် ဒီရာသီဖွားတွေက စည်းရုံးပစ်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ဒီရာသီဖွားတွေဟာ ကိုယ်ဘယ်လောက်အတိုင်းအတာထိ သောက်နိုင်တယ်ဆိုတာမျိုး သိရင်တောင် အဲ့ဒါထက်ပိုပြီး အလွန်အကျွံသောက်တတ်တာကြောင့် နောက်နေ့မှာအမြဲ အရက်နာကျနေတတ်သူတွေပါ။ ဒါ့ကြောင့် ဒီမေထုန်ရာသီဖွားတွေကို တစ်ခုသတိထားစေချင်တာက နည်းနည်းလေးသောက်ပြီးတဲ့အခါ ဆက်တိုက်သောက်မယ်ဆိုရင်တောင် ကိုယ့်ကို စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်လောက်တော့ အနားမှာရှိစေချင်ပါတယ်။

Leo - သိဟ် ရာသီဖွား (ဇူလိုင်လ ၂၃ ရက် - သြဂုတ်လ ၂၂ ရက် )
သိဟ်ရာသီဖွားတွေကျတော့ သူတို့သွားနေကျ ဘား၊ ကလပ်စတဲ့နေရာတွေမှာသာ ထပ်ခါထပ်ခါ သောင်းကျန်းချင်တာမျိုးပါ။  သူတို့ကတကယ်ကိုမိုက်တဲ့၊ သူတို့နဲ့အဆင်ပြေတဲ့ နေရာတွေကိုသာ အမြဲရွေးချယ်တဲ့အပြင် အဲ့ဒီကိုရောက်ရင်လည်း သူတို့အစွမ်းအစကို နည်းနည်းလေး ထုတ်ဖော်ပြချင်ပါတယ်။ ဥပမာ ကတတ်တဲ့သူဆိုရင် သူအက ဘယ်လောက်ကျွမ်းကြောင်း အားလုံးသိအောင် နည်းနည်း က ပြလိုက်တာမျိုးပေါ့။ တစ်ခုရှိတာက သိဟ်ရာသီဖွားတွေက ပါတီတစ်ခုတည်းနဲ့ တင်းတိမ်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တစ်ခုပြီးရင် နောက်တစ်နေရာ ဆက်သွားဖို့အမြဲ ကြံစည်နေတတ်ပါတယ်။

ဒီတော့ သင်က မနက်ဖြန်ခပ်စောစော သွားစရာရှိတယ်ဘာညာဆိုရင် သင့်သူငယ်ချင်း သိဟ်ရာသီဖွားကို တစ်ချက် သတိပေးဖို့ အားနာမနေပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့က သူတို့စိတ်ထဲ တစ်နေရာပြီး နောက်တစ်နေရာ ဘယ်သွားမယ်ဆိုတာ စာရင်းကို ပြုလုပ်ထားတတ်တာကြောင့်ပါ။

Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ဓနုရာသီဖွားတွေကတော့ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် အချိန်ဖြုုန်းရတာကို တော်တော်လေး နှစ်ခြိုက်ကြပါတယ်။ ပါတီတွေ၊ ကလပ်တွေမှာဆိုရင်လည်း မိတ်ဆွေသစ်တွေ ဖွဲ့မယ်၊ ဒီကလပ်မှာ ဘာတွေကဘယ်လိုဆိုတာ အမြဲစူးစမ်းနေပါလိမ့်မယ်။ နောက်နေ့ဆိုရင် အဲ့ဒီညက ဘယ်သူတွေက ဘယ်လို၊ ဘယ်နေရာမှာ ဘာဖြစ်တာဆိုပြီး သူငယ်ချင်းတွေကို အမြဲပြန်ပြောပြနေကျ ရာသီဖွားကတော့ ဓနုရာသီဖွားပါ။

ဒါ့ကြောင့် သူနဲ့အတူသွားရင်တော့ သူ့ကိုမျက်စိအောက်က အပျောက်မခံပဲ ကြည့်နေဖို့ လိုပါတယ်။ မဟုတ်ရင် စွန့်စားခန်းအသစ်တွေကိုဖွင့်ဖို့ စိတ်ဝင်စားလွန်းအားကြီးတဲ့ ဓနုရာသီဖွားကြောင့် ပြန်ခါနီး သူမရှိလို့ လိုက်ရှာနေရတာမျိုး၊ ဘယ်သူတွေနဲ့အတူ ဘယ်ကိုလိုက်သွားမှန်းမသိလို့ စိတ်ပူရတာမျိုးတွေ ကြုံရနိုင်ပါတယ်။

Aquarius - ကုံရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )
ကုံရာသီဖွားတွေကတော့ ပျင်းစရာကောင်းတဲ့ အခြေအနေကို သဘောမတွေ့တတ်ပါဘူး။ သူကတော့ ပါတီ၊ ကလပ်တွေ သွားတတ်ပေမယ့် သူငယ်ချင်းတွေနဲ့ပဲ အတူသောင်းကျန်းချင်တာပါ။ သူငယ်ချင်းအသစ်တွေ၊ မိတ်ဆွေသစ်တွေ မရှာတတ်သလို သူ ကတာ ဝါသနာပါရင်ကမယ်၊ သောက်တာ ဝါသနာပါရင်သောက်နေမယ်ဆိုတဲ့ လူစားမျိုးပါ။ သာမာန်အားဖြင့် အရှက်အကြောက်ကြီးတဲ့ ကုံရာသီဖွားတွေဟာ တစ်ခွက်နှစ်ခွက်လောက်ဝင်ပြီးတာနဲ့ အားလုံးအေးဆေးဖြစ်သွားကာ စတင်သောင်းကျန်းပါတော့တယ်။ 

သူက သူငယ်ချင်းတွေဆီက ဘာလုပ်ရင် ဘာကောင်းတယ်ဆိုတဲ့ အကြံဉာဏ်မျိုးတွေ အမြဲတောင်းခံတတ်ပါတယ်။ တစ်ခုရှိတာက သူနဲ့အတူ ပါတီ၊ ကလပ်တွေမှာရှိရင် သူအိမ်ပြန်တဲ့အခါ အိမ်ချောချောမောမောရောက်ရဲ့ လားဆိုတာတော့ သေချာအောင် မေးဖို့လိုပါလိမ့်မယ်။ သူလည်း သောက်ပြီးရင် သောင်းကျန်းဖို့ပဲသိတဲ့လူစားမျိုး မို့လို့ပါ။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top