iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Myawady Health


#Unicode Version

သင့်အနေနဲ့ သင့်ဆံပင်ရဲ့ အမြစ်တွေကို ပေါင်းဆေး အသုံးမပြုသင့်ပါဘူး။

ဆံသား အားလုံးကို ချစ်မြတ်နိုးတဲ့အနေနဲ့ ခေါင်းလျှော်တဲ့အခါမှာ သင့်ဆံပင်ရဲ့ အမြစ်( ဦးရေပြားနဲ့ ထိစပ် နေသောနေရာ)ကို ပေါင်းဆေး(conditioner) လုံး၀ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာကိုတော့ အနုပညာသမားတို့ရဲ့ စတိုင်လ် ပညာရှင် နဲ့ Ted Gibson Color ကုမ္မဏီ ရဲ့ ဒါရိုက်တာ Kitty Nadel က အခုလို ရှင်းပြထားပါတယ်။

“သင့်ဆံသားဟာ ထူသည်ဖြစ်စေ ၊ ပါးသည်ဖြစ်စေ ၊ ပေါင်းဆေးမှာပါဝင်တဲ့ သြဇာဓါတ်တွေဟာ ဆံသားရဲ့အမြစ်ကို ကွေးညွတ်သွားစေပါတယ်။ သဘာ၀ အားဖြင့် ဦးရေပြားကို အဆီပြန်သွားစေပြီး သင့်ဆံသားဟာ ဘာထုထည်မှ ရှိလာတော့မှာ မဟုတ်ပါဘူး။ သင့်ဆံပင်ဟာ နေ့လည်ပိုင်းမှာပင် အမြဲတမ်း စိုရွှဲသလို ဖြစ်နေပါလိမ့်မယ်”

Kitty ရဲ့ ပြောကြားချက်အရတော့ သင့်အနေနဲ့ ဆံပင်တစ်ခုလုံးကို ရှန်ပူ နဲ့ လျှော်သင့်ပေမယ့် ပေါင်းဆေးသုံးတဲ့ အခါမှာတော့ ဆံသားရဲ့ အဖျားကိုသာ သုံးစွဲသင့်ပါတယ်။

“သင့်ဆံပင်ဟာ သင်နဲ့အတူ ကြာရှည်စွာ ရှိနေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် သင့်ဆံသားတွေ အာဟာရ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သင့်ကြောင့် သင့်ဆံသားတွေဟာ ထူလိုက်ပါးလိုက် ဖြစ်ပြီးပါပြီ။ (အရောင်ဆိုးခြင်း ၊ ဆံပင်စတိုင်လ်တစ်ခု ညှပ်ခြင်းကို ဆိုလိုသည်)။ ဒါကြောင့် ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။

ဆံသားရဲ့ အမြစ်ကို ပေါင်းဆေး မသုံးသင့်တဲ့ အနေအထားဟာ သင့်ရဲ့ ဦးရေပြား ခြောက်သွေ့အခါမျိုး (သို့) ထိန်းသိမ်းရခက်တဲ့ ဆံသား ထူထူ ရှိတဲ့ အခါမျိုးပဲ ဖြစ်တယ်လို့ Kitty ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Myawady Health


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top