iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္နဲ႔တပ္မက္မႈဆိုတာ တူသေယာင္ေယာင္ရွိေပမဲ့ တကယ္တမ္းေတာ့ ကြဲျပားတဲ့စိတ္ခံစားခ်က္ (၂)မ်ိဳးပါ။ ဒါေပမဲ့ တခ်ိဳ႕က အခ်စ္စစ္နဲ႕ခ်စ္ျပီး တပ္မက္မႈေတြရွိတတ္သလို တခ်ိဳ႕က်ေတာ့လည္း အခ်စ္သပ္သပ္ ဘာတပ္မက္မႈမွမပါတာ ဒါမွမဟုတ္ တပ္မက္မႈပဲရွိေနၿပီး တကယ့္အခ်စ္စစ္နဲ႕မခ်စ္ႏိုင္တာေတြလည္း ျဖစ္တတ္ပါတယ္။ ဒါဆို အခ်စ္စစ္နဲ႕ တပ္မက္မႈၾကားမွာ ဘယ္လိုကြာျခားခ်က္ ေတြရွိေနလဲ...

၁။ သက္ေတာင့္သက္သာရွိျခင္း

အခ်စ္စစ္နဲ႔ ခ်စ္မိရင္ သူအလွေတြျပင္ထားမွ၊ သူၾကည့္ေကာင္းေနမွ သေဘာက်တာမ်ိဳးမရွိပါဘူး။ သူေနတတ္သလိုေနျပီး သက္ေတာင့္သက္သာျဖစ္ေနတာကိုပဲ လိုလားပါတယ္။ တပ္မက္မႈက ပိုမ်ားေနရင္ေတာ့ ရုပ္ပိုင္းဆိုင္ရာအလွက သင့္အတြက္ ပိုအေရးပါေနပါလိမ့္မယ္။

၂။ အမွားေတြ

လူဆိုတာအမွားနဲ႕မကင္းပါဘူး။ အခ်စ္စစ္နဲ႕ခ်စ္တဲ့သူေတြက သူတို႕ခ်စ္သူ အမွားေတြလုပ္မိမွာ၊ အမွားလုပ္မိတဲ့အေပၚမွာ ခံစားရတဲ့ခံစားခ်က္ေတြကို ဂရုစိုက္ေပးေလ့ရွိပါတယ္။ တပ္မက္မႈသပ္သပ္ပဲ ရွိေနရင္ေတာ့ သူ႕အမွားကိုယ့္အမွားက သူနဲ႕ကိုယ္နဲ႕ၾကားမွာ ဘာမွအေရးမပါပါဘူး။

၃။ ဘာေတြေတြးေနလဲ

ခ်စ္သူရယ္လို႕ျဖစ္လာရင္ စကားေတြေျပာၾကမယ္၊ အေတြးေလးေတြ၊ စိတ္ကူးေလးေတြဖလွယ္ၾကမယ္ဆိုတာမ်ိဳးက လုပ္ေလ့လုပ္ထရွိတဲ့အရာေတြပါ။ ဒါေပမဲ့ အခ်စ္စစ္နဲ႕ခ်စ္တာမဟုတ္ဘဲ တပ္မက္မႈပဲရွိေနတဲ့သူအတြက္ေတာ့ သူဘာေတြေတြးေနလဲဆိုတာကလည္း အေရးမပါသလို ကိုယ္ဘာေတြေတြးေနမိတယ္ဆိုတာလည္း သူ႕ကိုထုတ္ေျပာခ်င္စိတ္မရွိပါဘူး။

၄။ နားလည္မႈ

တကယ္ခ်စ္ရင္ သူနဲ႔ပတ္သက္သမွ်ကို တကယ္နားလည္သြားပါတယ္။ နားမလည္ေသးရင္လည္း နားလည္ေအာင္ အၿမဲႀကိဳးစားေနမွာပါ။ တပ္မက္မႈပဲဆိုရင္ေတာ့ နားလည္ဖုိ႔လိုတယ္လို႔ကို မထင္ပါဘူး။

၅။ စိတ္ခ်င္းဆက္သြယ္မႈ

ဒါကေတာ့ နည္းနည္းထူးျခားပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ တကယ္အခ်စ္စစ္နဲ႕ခ်စ္ေနမိရင္ စိတ္ခ်င္းဆက္သြယ္မႈေလးေတြ ရွိတတ္တယ္လို႕ သုေတသီေတြက ဆိုပါတယ္။ တပ္မက္မႈသီးသန္႔ပဲဆိုရင္ေတာ့ ဒီအရာက ဘယ္လိုမွ မျဖစ္တည္လာႏုိင္ပါဘူး။

၆။ တိတ္ဆိတ္ျငိမ္သက္ျခင္း

တကယ္ခ်စ္ၾကတဲ့ခ်စ္သူေတြမွာ ဘာစကားမွမေျပာ၊ ဘာဆက္သြယ္မႈမွရွိမေနဘဲ တိတ္ဆိတ္ျငိမ္သက္ေနၾကတာ အခ်ိန္ၾကာလာရင္ ဘယ္လိုမွမေနႏုိင္ၾကပါဘူး။ ဒါေပမဲ့ တပ္မက္မႈတစ္ခုပဲရွိေနသူအတြက္ေတာ့ တိတ္ဆိတ္ျငိမ္သက္တဲ့အေျခအေနကို ပိုျပီးေတာင္ သေဘာက်ေကာင္းက်ႏုိင္ပါတယ္။

၇။ အနာဂတ္

ခ်စ္သူတိုင္းမွာ သူတို႕ႏွစ္ေယာက္ရဲ႕အနာဂတ္က ဘယ္လိုေလး၊ ဘယ္ပံုစံေလးဆိုျပီး တိုင္ပင္ေဆြးေႏြးစိတ္ကူးယဥ္ၾကတာမ်ိဳးရွိတတ္စၿမဲပါ။ တကယ္ခ်စ္ၾကတဲ့ခ်စ္သူေတြမဟုတ္ဘဲ တပ္မက္မႈကိုပဲ ဦးစားေပးသူေတြအတြက္ေတာ့ အနာဂတ္ဆိုတဲ့ေခါင္းစဥ္ေအာက္မွာ ဘာစာသားမွ ရွိမေနတတ္ပါဘူး။

၈။ ခံစားခ်က္

ရိုးရိုးေလးပါပဲ။ အခ်စ္စစ္နဲ႕ခ်စ္ရင္ သူေရာကိုယ္ေရာရဲ႕ခံစားခ်က္ေတြကသာ အေရးအၾကီးဆံုးပါ။ တပ္မက္မႈသပ္သပ္ပဲဆိုရင္ေတာ့ စိတ္ခံစားခ်က္ထက္ အထိအေတြ႕အယုအယေတြက ပိုအေလးသာေနမွာပါ။

Credit: duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အချစ်နဲ့တပ်မက်မှုဆိုတာ တူသယောင်ယောင်ရှိပေမဲ့ တကယ်တမ်းတော့ ကွဲပြားတဲ့စိတ်ခံစားချက် (၂)မျိုးပါ။ ဒါပေမဲ့ တချို့က အချစ်စစ်နဲ့ချစ်ပြီး တပ်မက်မှုတွေရှိတတ်သလို တချို့ကျတော့လည်း အချစ်သပ်သပ် ဘာတပ်မက်မှုမှမပါတာ ဒါမှမဟုတ် တပ်မက်မှုပဲရှိနေပြီး တကယ့်အချစ်စစ်နဲ့မချစ်နိုင်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဆို အချစ်စစ်နဲ့ တပ်မက်မှုကြားမှာ ဘယ်လိုကွာခြားချက် တွေရှိနေလဲ...

၁။ သက်တောင့်သက်သာရှိခြင်း

အချစ်စစ်နဲ့ ချစ်မိရင် သူအလှတွေပြင်ထားမှ၊ သူကြည့်ကောင်းနေမှ သဘောကျတာမျိုးမရှိပါဘူး။ သူနေတတ်သလိုနေပြီး သက်တောင့်သက်သာဖြစ်နေတာကိုပဲ လိုလားပါတယ်။ တပ်မက်မှုက ပိုများနေရင်တော့ ရုပ်ပိုင်းဆိုင်ရာအလှက သင့်အတွက် ပိုအရေးပါနေပါလိမ့်မယ်။

၂။ အမှားတွေ

လူဆိုတာအမှားနဲ့မကင်းပါဘူး။ အချစ်စစ်နဲ့ချစ်တဲ့သူတွေက သူတို့ချစ်သူ အမှားတွေလုပ်မိမှာ၊ အမှားလုပ်မိတဲ့အပေါ်မှာ ခံစားရတဲ့ခံစားချက်တွေကို ဂရုစိုက်ပေးလေ့ရှိပါတယ်။ တပ်မက်မှုသပ်သပ်ပဲ ရှိနေရင်တော့ သူ့အမှားကိုယ့်အမှားက သူနဲ့ကိုယ်နဲ့ကြားမှာ ဘာမှအရေးမပါပါဘူး။

၃။ ဘာတွေတွေးနေလဲ

ချစ်သူရယ်လို့ဖြစ်လာရင် စကားတွေပြောကြမယ်၊ အတွေးလေးတွေ၊ စိတ်ကူးလေးတွေဖလှယ်ကြမယ်ဆိုတာမျိုးက လုပ်လေ့လုပ်ထရှိတဲ့အရာတွေပါ။ ဒါပေမဲ့ အချစ်စစ်နဲ့ချစ်တာမဟုတ်ဘဲ တပ်မက်မှုပဲရှိနေတဲ့သူအတွက်တော့ သူဘာတွေတွေးနေလဲဆိုတာကလည်း အရေးမပါသလို ကိုယ်ဘာတွေတွေးနေမိတယ်ဆိုတာလည်း သူ့ကိုထုတ်ပြောချင်စိတ်မရှိပါဘူး။

၄။ နားလည်မှု

တကယ်ချစ်ရင် သူနဲ့ပတ်သက်သမျှကို တကယ်နားလည်သွားပါတယ်။ နားမလည်သေးရင်လည်း နားလည်အောင် အမြဲကြိုးစားနေမှာပါ။ တပ်မက်မှုပဲဆိုရင်တော့ နားလည်ဖို့လိုတယ်လို့ကို မထင်ပါဘူး။

၅။ စိတ်ချင်းဆက်သွယ်မှု

ဒါကတော့ နည်းနည်းထူးခြားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တကယ်အချစ်စစ်နဲ့ချစ်နေမိရင် စိတ်ချင်းဆက်သွယ်မှုလေးတွေ ရှိတတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ တပ်မက်မှုသီးသန့်ပဲဆိုရင်တော့ ဒီအရာက ဘယ်လိုမှ မဖြစ်တည်လာနိုင်ပါဘူး။

၆။ တိတ်ဆိတ်ငြိမ်သက်ခြင်း

တကယ်ချစ်ကြတဲ့ချစ်သူတွေမှာ ဘာစကားမှမပြော၊ ဘာဆက်သွယ်မှုမှရှိမနေဘဲ တိတ်ဆိတ်ငြိမ်သက်နေကြတာ အချိန်ကြာလာရင် ဘယ်လိုမှမနေနိုင်ကြပါဘူး။ ဒါပေမဲ့ တပ်မက်မှုတစ်ခုပဲရှိနေသူအတွက်တော့ တိတ်ဆိတ်ငြိမ်သက်တဲ့အခြေအနေကို ပိုပြီးတောင် သဘောကျကောင်းကျနိုင်ပါတယ်။

၇။ အနာဂတ်

ချစ်သူတိုင်းမှာ သူတို့နှစ်ယောက်ရဲ့အနာဂတ်က ဘယ်လိုလေး၊ ဘယ်ပုံစံလေးဆိုပြီး တိုင်ပင်ဆွေးနွေးစိတ်ကူးယဉ်ကြတာမျိုးရှိတတ်စမြဲပါ။ တကယ်ချစ်ကြတဲ့ချစ်သူတွေမဟုတ်ဘဲ တပ်မက်မှုကိုပဲ ဦးစားပေးသူတွေအတွက်တော့ အနာဂတ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘာစာသားမှ ရှိမနေတတ်ပါဘူး။

၈။ ခံစားချက်

ရိုးရိုးလေးပါပဲ။ အချစ်စစ်နဲ့ချစ်ရင် သူရောကိုယ်ရောရဲ့ခံစားချက်တွေကသာ အရေးအကြီးဆုံးပါ။ တပ်မက်မှုသပ်သပ်ပဲဆိုရင်တော့ စိတ်ခံစားချက်ထက် အထိအတွေ့အယုအယတွေက ပိုအလေးသာနေမှာပါ။


Credit: duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top