iMyanmarHouse.com - Best Property Website for Myanmar
×

,ဖဲေမြ႕ရာေပၚက အေျပးျမန္တဲ့က်ားကိုကိုေတြအတြက္…. ေခါင္းစဥ္ၾကည့္ျပီး ေၾကာင္မသြားပါနဲ႕။
ရွင္းပါမယ္။ေက်ာင္းသားဘဝက ေဘာလံုး ကန္တဲ႕အခ်ိန္ တဖက္အသင္းေရွ႕တန္းက အေျပးတအားျမန္တယ္။ ပဲြျပီးေတာ့ မိမိ အသင္းက ခ်င္းတေယာက္က ဘာေျပာလဲ ဆိုေတာ့ ဟိုေကာင္ျမန္ျမန္ပီးတယ္ ပီးတာ တအားျမန္တယ္ လိုက္မပီးႏိုင္ဘူးတဲ႕ အားလံုးေၾကာင္သြားတယ္ ေနာက္မွ ဟိုေကာင္ ျမန္ျမန္ေျပးတယ္ ေျပးတာ တအားျမန္တယ္ေပါ့ လိုက္မေျပး ႏိုင္ဘူး ဆိုတာ နားလည္ျပီး ဝိုင္း ရယ္ၾကတယ္။

အားကစား ျပိဳင္ပဲြေတြမွာ အေျပးျမန္တာ ေကာင္းေပမဲ႕ ဖဲေမြ႕ရာ ထက္က ျပိဳင္ပဲြ မွာေတာ့ မေကာင္းလွပါဘူး။မိမိ အေဖာ္ကို စိတ္ပ်က္ေစသလို မိမိ ကိုယ္တိုင္လည္း စိတ္ဓာတ္က်ေစပါတယ္။ တစ္မိနစ္မွာ စကၠန္႔ ေျခာက္ဆယ္ရွိပါတယ္ ။ ဒါေပမ ဲ႕ စကၠန္႕ ေျခာက္ဆယ္လဲ တစ္မိနစ္ပါပဲ ကမာၻ႔ ေပၚမွာ အခု ေနာက္ပိုင္း အမ်ိဳးသား သံုးေယာက္မွာ တေယာက္ က အေျပးျမန္ (သို႕) အပီးျမန္တဲ႕ သုတ္လြတ္ေစာျခင္း (Premature ejaculation) ကို ၾကံဳေတြ႔ေနရပါတယ္တဲ႕။

သင္လဲ ဒီအဖဲြ႕ထဲပါေနရင္ေတာင္ စိတ္ဓာတ္ က်စရာ မလိုပါဘူး ။ အြန္လိုင္း မွာ အခုေနာက္ပိုင္းေၾကာ္ျငာအားေကာင္းလာတဲ႕ ေဆးေတြပဲ ဝယ္သံုးရမလား ဘာလုပ္ရမလား မေတြေဝေနပါနဲ႕ ။ေငြမကုန္ အက်ိဳးမ်ားတဲ႕ နည္းလမ္းေတြ ရွိပါတယ္သိရင္ေပါ့။ မသိရင္ေတာ့ ေက်ာ္သြားဦးမွာေပါ့ ။ သိျပီ ဆို လက္ေတြ႕က်င့္ၾကံ ျပီး အျမန္ဆံုး ကုသတာေပါ့။ ကဲ စၾကစို႕

(၁) မ်ားမ်ားဆက္ဆံပါ

သုတ္လြတ္ေစာျခင္း ကို ၾကံဳေတြ႔ရတဲ႕ အမ်ိဳဳးသား မ်ား မၾကာခဏ ဆက္ဆံျခင္းျဖင့္ က်င့္ယူရမည္ ဆိုျပီး MDVIP.com အေမးအေျဖ ဝက္ဆိုဒ္က သမားေတာ္ Larry P Gassner ကေျပာထားပါတယ္ ။
စြမ္းေဆာင္ရည္နဲ႕ပတ္သက္ျပီး စိတ္လႈပ္ရွား မႈ နဲ႕ စိတ္ထဲက ပူပန္ေနမႈ ကို ေလွ်ာ့ခ်ဖို႔က
မိမိ အေဖာ္ရဲ႕ ေႏြးေထြးမႈ နဲ႕ သက္ေတာင့္သက္သာ ျဖစ္တယ္ ဆိုတဲ႕ စိတ္ခံစားမႈႈ ရဖို႔ က ပိုအေရးၾကီးသည္။Practice makes perfect တဲ႕

(၂) Kegels ေလ့က်င့္ပါ

ဘာတုန္း Kegels? ဒီေလ့က်င့္ခန္းကို က်င့္ပါက သုတ္လြတ္ေစာတာကို အက်ိဳးရွိေစပါတယ္။
ဒီ Kegels ေလ့က်င့္တာက သင့္ခႏၶာကိုယ္ Pubococcygeus (PC) ၾကြက္သားကို သန္မာေစတယ္တဲ႕။ဒီ PC ၾကြက္သားဆိုတာ ဆီးသြားခ်ိန္ ရုတ္တရက္ ရပ္လိုက္ခ်ိန္ ၾကံဳ႕ျပီး အားယူလိုက္တဲ႕ ၾကြက္သားပဲ။သူက သုတ္လြတ္တာ ကိုထိန္းတဲ႕ အဓိက ခရာပဲ။
Kegels ကို ဘယ္လို က်င့္ရမလဲ ဆိုေတာ့ ဆီးသြားတဲ႕ခ်ိန္ ရုတ္တရက္ ရပ္လိုက္ ၁၀ စကၠန္႔ေလာက္ ျပီးမွ ဆက္သြား။ ဒီေလ့က်င့္ခန္းကို တရက္ သံုးၾကိမ္ လုပ္ေပးပါ တဲ႕ ထူးျခားစြာ သိသာလာပါမည္။

(၃) တကိုယ္ေရအာသာေျဖၾကည့္ပါ

မိမိအေဖာ္နဲ႕ မဆက္ဆံခင္ တကိုယ္ေရ အာသာေျဖျခင္း အေတြ႕အၾကံဳ ရွိသင့္ပါတယ္။ တကိုယ္ေရ အာသာေျဖခ်ိန္မွာ မိမိ ဘယ္အခ်ိန္မွာ ျပီးလိုတဲ႕ ခံစားခ်က္ရသလဲ သိဖို႔ အေရးၾကီးပါသည္။ မိမိ အေဖာ္ နဲ႕ အတူ ေနခ်ိန္မွာ မိမိ ဘယ္အခ်ိန္ ဆို အထြတ္အထိပ္ေရာက္လဲ ျပီးလိုတဲ႕ ခံစားခ်က္ ဘယ္အခ်ိန္စရလဲ။ ဘယ္လို အေနအထား ပံုစံ ဆို ပို ျပီးျမန္တယ္ သိရင္ ေရွာင္ၾကည္ျခင္းျဖင့္ ပိုၾကာလာမွာ ျဖစ္ပါသည္။

(၄) ကြန္ဒံုး အသံုးျပဳပါ

” အလႊာျခားရင္ ကမာၻျခားတယ္ ” ဆရာေတာ့ မလုပ္နဲ႕။ သုတ္လြတ္ေစာ သူေတြအတြက္ အထူး ထုတ္ထားတဲ႕ ကြန္ဒံုးေတြရွိပါတယ္ ။ ကြန္ဒံုး အထဲမွာ ထံုေစတဲ႕ ေဆးရည္ေလးေတြ ပါေလ့ရွိတယ္ ကြန္ဒံုး စြပ္တဲ႕အခ်ိန္မွာ ထို အရည္ေလးေတြက အေပၚယံ အေရျပားကို ထံုေစျပီး အထိအေတြ႕ ခံစားမႈ ေလ်ာ့ေစလို႔ အခ်ိန္ပိုၾကာေစပါတယ္ ။ တခါတေလ မိမိအေဖာ္ပါ ခံစားမႈေလ်ာ့ေစသတဲ႕။
ဒီအတြက္ ျပသနာ ရွိတာက အလႊာ မျခား ခ်င္တဲ႕ ကိုကို ေတြ ပဲ။ကိုယ္ဝန္တားျပီးသားျဖစ္သလို လိင္မွ ကူးစက္ေရာဂါ လဲ ကာကြယ္မယ္ ပိုလဲ ၾကာမယ္ေလ။ တခ်က္ခုတ္ သံုးခ်က္ျပတ္ပဲ။

(၅)ကြ်မ္းက်င္သူ ႏွင့္ ေဆြးေႏြးပါ

မိမိျပသနာကို ကြ်မ္းက်င္သူ ဆရာဝန္ ႏွင့္ေဆြးေႏြးသင့္ပါသည္။မိမိ စိတ္ထဲ ပူပန္ေနတဲ႕ စြမ္းေဆာင္ရည္ နဲ႕ ပတ္သက္တဲ႕ အပိုင္းကို နားလည္ တတ္ကြ်မ္းသူမ်ားႏွင့္ တိုင္ပင္ ေဆြးေႏြးပါ ။ ေဘးပတ္ဝန္းက်င္က ေကာလဟာလ ေဆးျမီးတို မ်ားႏွင့္စာရင္ မ်ားစြာ အက်ိဳးရွိပါသည္ ။ ကြ်မ္းက်င္သူ ႏွင့္ ေဆြးေႏြး ျပီး မိမိ စိတ္ပူပန္မႈ မ်ား သက္သာသြားလွ်င္ စြမ္းေဆာင္ရည္ တက္လာျခင္းကို ေတြ႔ရပါမည္ ။ စိတ္က အဓိက ပဲ မဟုုတ္ဘူးလား ။ စိတ္မပူပါနဲ႕ အျမန္ ေဆြးေႏြးပါ ။

(၆)အသက္ျပင္းျပင္းရူ

အသက္ျပင္းျပင္းရႈိက္ရူျခင္းက ခႏၶာကိုယ္မွာရွိတဲ႕ တက္ၾကြေနတဲ႕ စိတ္
Sympathetic system ကို ျငိမ္ေစသည္ ထိုုအခါ သုတ္လြတ္ေစာ ျခင္းကာကြယ္ျပီးသားျဖစ္သြားသည္ ။ အသက္ျပင္းျပင္းရႈျခင္းအားျဖင့္ ေသြးထဲ ေအာက္ဂ်ီဂ်င္ ဓာတ္ ပိုရျပီး ဦးေႏွာက္မွ Endorphins ဆိုတဲ႕ ဓာတ္ပိုထြက္ေစသည္ ။ ထိုဓာတ္ေၾကာင့္လူက သက္ေတာင့္သက္သာရွိျပီး စိတ္လႈပ္ ရွားမႈ
 ေလ်ာ့သြားေစသည္ ။ ႏွာေခါင္း နဲ႕ ျပင္းျပင္းရႈထား သံုးစကၠန္႕ေလာက္ေအာင့္ထား ျပီးမွ
 ေျဖးေျဖးခ်င္း ပါးစပ္က ျပန္ထုတ္တဲ႕။ တေန႕ သံုးခါ ေလ့က်င့္ေပးပါ ။ ဖဲေမြ႕ရာထက္ မေရာက္ခင္ စိတ္အရမ္း လႈႈပ္ရွားေနပါကလည္း အသက္ျပင္းျပင္းရူဖိုု႔ မေမ႔ပါနဲ႕ ။


(၇) ရပ္လိုက္ သြားလိုုက္

ကားေမာင္းသလိုေပါ့ ဘရိုတ္နဲ႕ လီဗာလို| ေႏွးခ်င္ ဘရိုက္နင္းလိုက္ ျမန္ခ်င္ လီဗာ နင္းလိုက္။ မိမိ အထြတ္အထိပ္ေရာက္ခါနီးဆို ရပ္လိုက္ ခဏ နား ျပီးမွ ျပန္စတဲ႕။ ေရာက္ခါနီး နားလိုက္ရင္လည္း အမ်ိဳးသား အဂၤ ါ အတံ ေအာက္ေျခ ကို လက္နဲ႕ ညွစ္ေပးတဲ႕ နည္းလည္း အသံုးျပဳလို႔ရပါသည္ ။
ဒီနည္းက ေတာ္ေတာ္မ်ားမ်ား နဲ႕ အဆင္ေျပေပမဲ႕ တခ်ိဳ႕ အမ်ိဳးသားမ်ားက ငါလုပ္ႏိုင္ပါ့မလား စိတ္ပူျပီး အဆင္မေျပတတ္ပါဘူး ။ဒါ့ျပင္ တခ်ိဳ႕ အမ်ိဳးသမီး အဖာ္မ်ားကလည္း မၾကိဳက္ပါတဲ႕။ အထြတ္အထိပ္ ႏွစ္ေယာက္အတူ ေရာက္ဖို႔ ညိွ႕ ယူပါ ။

(၈)ဆရာဝန္ ႏွင့္ တိုင္ပင္ျပီး ေဆးဝါးမွီဝဲပါ

အထက္ပါ နည္းမ်ား ႏွင့္ လည္း အဆင္မေျပဘူး။ မတိုးတက္ဘူး ဆိုရင္ေတာ့ ဆရာဝန္ ႏွင့္ တိုင္ပင္ျပီး ေဆးဝါးႏွင့္ ကုသ သင့္ပါျပီ။ ဆရာဝန္ ညြန္ၾကားတဲ႕ အတိုင္း ေဆးဝါး
 ေသာက္သံုးသင့္ပါသည္။ မိမိ အေျခအေန က်န္းမာေရးႏွင့္ ခ်ိန္ဆျပီး ေပးေသာေၾကာင့္
 ေဘးကင္းပါသည္။ တရားဝင္ လိမ္းေဆး ထိုးေဆး မ်ားလည္းရွိပါသည္။ ဆရာဝန္မ်ား ညြန္ၾကားခ်က္ရမွသာ သံုးစဲြသင့္ပါသည္။ မိမိ သေဘာ ႏွင့္ သံုးစဲြၿခင္းသည္ အလြန္ အႏၲာရယ္ မ်ားလွပါသည္။ ႏိုင္ငံျခား တိုင္းျပည္မ်ားတြင္ လိင္မႈႈ ဆက္ဆံေရးအထူးကု မ်ားရွိပါသည္ ။အြန္လိုင္းမွ
 ေဆးမ်ားဝယ္မေသာက္ပါႏွင့္ ေငြကုန္ အက်ိဳးမရွိပဲ ကံဆိုးရင္ ပန္းေသတတ္ ပါသည္ ။

အားလံုး ျခံဳၾကည့္ရင္ စိတ္သာ အဓိက ျဖစ္ေၾကာင္းေတြ႔ရမွာပါ။ စိတ္ကိုသာ ေလ့က်င့္ေပးပါ ခႏၶာကိုယ္က သူ႔အလိုလို ျဖစ္လာပါမည္တဲ႕။ တကယ္လုပ္ရင္ တကယ္ျဖစ္ပါတယ္။ ယံု ယံုၾကည္ၾကည္ စိတ္ရွည္ရွည္ နဲ႕ေလ့က်င့္ျပီးဖဲေမြ႔ရာေပၚက က်ားဆိုမွ တကယ့္ က်ား ျဖစ္ပါေစ ဆုေတာင္းေပးပါတယ္။

Credit: ေဒါက္တာဗိုး(Health Guide)

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဖဲမွေ့ရာပေါ်က အပြေးမြန်တဲ့ကျားကိုကိုတွေအတွက်…. ခေါင်းစဉ်ကြည့်ပြီး ကြောင်မသွားပါနဲ့။
ရှင်းပါမယ်။ကျောင်းသားဘဝက ဘောလုံး ကန်တဲ့အချိန် တဖက်အသင်းရှေ့တန်းက အပြေးတအားမြန်တယ်။ ပွဲပြီးတော့ မိမိ အသင်းက ချင်းတယောက်က ဘာပြောလဲ ဆိုတော့ ဟိုကောင်မြန်မြန်ပီးတယ် ပီးတာ တအားမြန်တယ် လိုက်မပီးနိုင်ဘူးတဲ့ အားလုံးကြောင်သွားတယ် နောက်မှ ဟိုကောင် မြန်မြန်ပြေးတယ် ပြေးတာ တအားမြန်တယ်ပေါ့ လိုက်မပြေး နိုင်ဘူး ဆိုတာ နားလည်ပြီး ဝိုင်း ရယ်ကြတယ်။

အားကစား ပြိုင်ပွဲတွေမှာ အပြေးမြန်တာ ကောင်းပေမဲ့ ဖဲမွေ့ရာ ထက်က ပြိုင်ပွဲ မှာတော့ မကောင်းလှပါဘူး။မိမိ အဖော်ကို စိတ်ပျက်စေသလို မိမိ ကိုယ်တိုင်လည်း စိတ်ဓာတ်ကျစေပါတယ်။ တစ်မိနစ်မှာ စက္ကန့် ခြောက်ဆယ်ရှိပါတယ် ။ ဒါပေမ ဲ့ စက္ကန့် ခြောက်ဆယ်လဲ တစ်မိနစ်ပါပဲ ကမ္ဘာ့ ပေါ်မှာ အခု နောက်ပိုင်း အမျိုးသား သုံးယောက်မှာ တယောက် က အပြေးမြန် (သို့) အပီးမြန်တဲ့ သုတ်လွတ်စောခြင်း (Premature ejaculation) ကို ကြုံတွေ့နေရပါတယ်တဲ့။

သင်လဲ ဒီအဖွဲ့ထဲပါနေရင်တောင် စိတ်ဓာတ် ကျစရာ မလိုပါဘူး ။ အွန်လိုင်း မှာ အခုနောက်ပိုင်းကြော်ငြာအားကောင်းလာတဲ့ ဆေးတွေပဲ ဝယ်သုံးရမလား ဘာလုပ်ရမလား မတွေဝေနေပါနဲ့ ။ငွေမကုန် အကျိုးများတဲ့ နည်းလမ်းတွေ ရှိပါတယ်သိရင်ပေါ့။ မသိရင်တော့ ကျော်သွားဦးမှာပေါ့ ။ သိပြီ ဆို လက်တွေ့ကျင့်ကြံ ပြီး အမြန်ဆုံး ကုသတာပေါ့။ ကဲ စကြစို့

(၁) များများဆက်ဆံပါ

သုတ်လွတ်စောခြင်း ကို ကြုံတွေ့ရတဲ့ အမျိုုးသား များ မကြာခဏ ဆက်ဆံခြင်းဖြင့် ကျင့်ယူရမည် ဆိုပြီး MDVIP.com အမေးအဖြေ ဝက်ဆိုဒ်က သမားတော် Larry P Gassner ကပြောထားပါတယ် ။
စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှား မှု နဲ့ စိတ်ထဲက ပူပန်နေမှု ကို လျှော့ချဖို့က
မိမိ အဖော်ရဲ့ နွေးထွေးမှု နဲ့ သက်တောင့်သက်သာ ဖြစ်တယ် ဆိုတဲ့ စိတ်ခံစားမှုှု ရဖို့ က ပိုအရေးကြီးသည်။Practice makes perfect တဲ့

(၂) Kegels လေ့ကျင့်ပါ

ဘာတုန်း Kegels? ဒီလေ့ကျင့်ခန်းကို ကျင့်ပါက သုတ်လွတ်စောတာကို အကျိုးရှိစေပါတယ်။
ဒီ Kegels လေ့ကျင့်တာက သင့်ခန္ဓာကိုယ် Pubococcygeus (PC) ကြွက်သားကို သန်မာစေတယ်တဲ့။ဒီ PC ကြွက်သားဆိုတာ ဆီးသွားချိန် ရုတ်တရက် ရပ်လိုက်ချိန် ကြုံ့ပြီး အားယူလိုက်တဲ့ ကြွက်သားပဲ။သူက သုတ်လွတ်တာ ကိုထိန်းတဲ့ အဓိက ခရာပဲ။
Kegels ကို ဘယ်လို ကျင့်ရမလဲ ဆိုတော့ ဆီးသွားတဲ့ချိန် ရုတ်တရက် ရပ်လိုက် ၁၀ စက္ကန့်လောက် ပြီးမှ ဆက်သွား။ ဒီလေ့ကျင့်ခန်းကို တရက် သုံးကြိမ် လုပ်ပေးပါ တဲ့ ထူးခြားစွာ သိသာလာပါမည်။

(၃) တကိုယ်ရေအာသာဖြေကြည့်ပါ

မိမိအဖော်နဲ့ မဆက်ဆံခင် တကိုယ်ရေ အာသာဖြေခြင်း အတွေ့အကြုံ ရှိသင့်ပါတယ်။ တကိုယ်ရေ အာသာဖြေချိန်မှာ မိမိ ဘယ်အချိန်မှာ ပြီးလိုတဲ့ ခံစားချက်ရသလဲ သိဖို့ အရေးကြီးပါသည်။ မိမိ အဖော် နဲ့ အတူ နေချိန်မှာ မိမိ ဘယ်အချိန် ဆို အထွတ်အထိပ်ရောက်လဲ ပြီးလိုတဲ့ ခံစားချက် ဘယ်အချိန်စရလဲ။ ဘယ်လို အနေအထား ပုံစံ ဆို ပို ပြီးမြန်တယ် သိရင် ရှောင်ကြည်ခြင်းဖြင့် ပိုကြာလာမှာ ဖြစ်ပါသည်။

(၄) ကွန်ဒုံး အသုံးပြုပါ

” အလွှာခြားရင် ကမ္ဘာခြားတယ် ” ဆရာတော့ မလုပ်နဲ့။ သုတ်လွတ်စော သူတွေအတွက် အထူး ထုတ်ထားတဲ့ ကွန်ဒုံးတွေရှိပါတယ် ။ ကွန်ဒုံး အထဲမှာ ထုံစေတဲ့ ဆေးရည်လေးတွေ ပါလေ့ရှိတယ် ကွန်ဒုံး စွပ်တဲ့အချိန်မှာ ထို အရည်လေးတွေက အပေါ်ယံ အရေပြားကို ထုံစေပြီး အထိအတွေ့ ခံစားမှု လျော့စေလို့ အချိန်ပိုကြာစေပါတယ် ။ တခါတလေ မိမိအဖော်ပါ ခံစားမှုလျော့စေသတဲ့။
ဒီအတွက် ပြသနာ ရှိတာက အလွှာ မခြား ချင်တဲ့ ကိုကို တွေ ပဲ။ကိုယ်ဝန်တားပြီးသားဖြစ်သလို လိင်မှ ကူးစက်ရောဂါ လဲ ကာကွယ်မယ် ပိုလဲ ကြာမယ်လေ။ တချက်ခုတ် သုံးချက်ပြတ်ပဲ။

(၅)ကျွမ်းကျင်သူ နှင့် ဆွေးနွေးပါ

မိမိပြသနာကို ကျွမ်းကျင်သူ ဆရာဝန် နှင့်ဆွေးနွေးသင့်ပါသည်။မိမိ စိတ်ထဲ ပူပန်နေတဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်တဲ့ အပိုင်းကို နားလည် တတ်ကျွမ်းသူများနှင့် တိုင်ပင် ဆွေးနွေးပါ ။ ဘေးပတ်ဝန်းကျင်က ကောလဟာလ ဆေးမြီးတို များနှင့်စာရင် များစွာ အကျိုးရှိပါသည် ။ ကျွမ်းကျင်သူ နှင့် ဆွေးနွေး ပြီး မိမိ စိတ်ပူပန်မှု များ သက်သာသွားလျှင် စွမ်းဆောင်ရည် တက်လာခြင်းကို တွေ့ရပါမည် ။ စိတ်က အဓိက ပဲ မဟုုတ်ဘူးလား ။ စိတ်မပူပါနဲ့ အမြန် ဆွေးနွေးပါ ။

(၆)အသက်ပြင်းပြင်းရူ

အသက်ပြင်းပြင်းရှိုက်ရူခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ တက်ကြွနေတဲ့ စိတ်
Sympathetic system ကို ငြိမ်စေသည် ထိုုအခါ သုတ်လွတ်စော ခြင်းကာကွယ်ပြီးသားဖြစ်သွားသည် ။ အသက်ပြင်းပြင်းရှုခြင်းအားဖြင့် သွေးထဲ အောက်ဂျီဂျင် ဓာတ် ပိုရပြီး ဦးနှောက်မှ Endorphins ဆိုတဲ့ ဓာတ်ပိုထွက်စေသည် ။ ထိုဓာတ်ကြောင့်လူက သက်တောင့်သက်သာရှိပြီး စိတ်လှုပ် ရှားမှု
 လျော့သွားစေသည် ။ နှာခေါင်း နဲ့ ပြင်းပြင်းရှုထား သုံးစက္ကန့်လောက်အောင့်ထား ပြီးမှ
 ဖြေးဖြေးချင်း ပါးစပ်က ပြန်ထုတ်တဲ့။ တနေ့ သုံးခါ လေ့ကျင့်ပေးပါ ။ ဖဲမွေ့ရာထက် မရောက်ခင် စိတ်အရမ်း လှုှုပ်ရှားနေပါကလည်း အသက်ပြင်းပြင်းရူဖိုု့ မမေ့ပါနဲ့ ။


(၇) ရပ်လိုက် သွားလိုုက်

ကားမောင်းသလိုပေါ့ ဘရိုတ်နဲ့ လီဗာလို| နှေးချင် ဘရိုက်နင်းလိုက် မြန်ချင် လီဗာ နင်းလိုက်။ မိမိ အထွတ်အထိပ်ရောက်ခါနီးဆို ရပ်လိုက် ခဏ နား ပြီးမှ ပြန်စတဲ့။ ရောက်ခါနီး နားလိုက်ရင်လည်း အမျိုးသား အင်္ဂ ါ အတံ အောက်ခြေ ကို လက်နဲ့ ညှစ်ပေးတဲ့ နည်းလည်း အသုံးပြုလို့ရပါသည် ။
ဒီနည်းက တော်တော်များများ နဲ့ အဆင်ပြေပေမဲ့ တချို့ အမျိုးသားများက ငါလုပ်နိုင်ပါ့မလား စိတ်ပူပြီး အဆင်မပြေတတ်ပါဘူး ။ဒါ့ပြင် တချို့ အမျိုးသမီး အဖာ်များကလည်း မကြိုက်ပါတဲ့။ အထွတ်အထိပ် နှစ်ယောက်အတူ ရောက်ဖို့ ညှိ့ ယူပါ ။

(၈)ဆရာဝန် နှင့် တိုင်ပင်ပြီး ဆေးဝါးမှီဝဲပါ

အထက်ပါ နည်းများ နှင့် လည်း အဆင်မပြေဘူး။ မတိုးတက်ဘူး ဆိုရင်တော့ ဆရာဝန် နှင့် တိုင်ပင်ပြီး ဆေးဝါးနှင့် ကုသ သင့်ပါပြီ။ ဆရာဝန် ညွန်ကြားတဲ့ အတိုင်း ဆေးဝါး
 သောက်သုံးသင့်ပါသည်။ မိမိ အခြေအနေ ကျန်းမာရေးနှင့် ချိန်ဆပြီး ပေးသောကြောင့်
 ဘေးကင်းပါသည်။ တရားဝင် လိမ်းဆေး ထိုးဆေး များလည်းရှိပါသည်။ ဆရာဝန်များ ညွန်ကြားချက်ရမှသာ သုံးစွဲသင့်ပါသည်။ မိမိ သဘော နှင့် သုံးစွဲခြင်းသည် အလွန် အန္တာရယ် များလှပါသည်။ နိုင်ငံခြား တိုင်းပြည်များတွင် လိင်မှုှု ဆက်ဆံရေးအထူးကု များရှိပါသည် ။အွန်လိုင်းမှ
 ဆေးများဝယ်မသောက်ပါနှင့် ငွေကုန် အကျိုးမရှိပဲ ကံဆိုးရင် ပန်းသေတတ် ပါသည် ။

အားလုံး ခြုံကြည့်ရင် စိတ်သာ အဓိက ဖြစ်ကြောင်းတွေ့ရမှာပါ။ စိတ်ကိုသာ လေ့ကျင့်ပေးပါ ခန္ဓာကိုယ်က သူ့အလိုလို ဖြစ်လာပါမည်တဲ့။ တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်။ ယုံ ယုံကြည်ကြည် စိတ်ရှည်ရှည် နဲ့လေ့ကျင့်ပြီးဖဲမွေ့ရာပေါ်က ကျားဆိုမှ တကယ့် ကျား ဖြစ်ပါစေ ဆုတောင်းပေးပါတယ်။

Credit: ဒေါက်တာဗိုး(Health Guide)



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top