iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္မွာ ပလတ္စတစ္နဲ႔ ျပဳလုပ္ထားတဲ႔ ေရသန္႔ဗူးေတြကုိ သူသူငါငါ အၿမဲလုိလုိ အသုံးျပဳေနၾကပါတယ္။ လူတုိင္းနီးပါးကလည္း ပလတ္စတစ္ေရသန္႔ဗူး တစ္ဗူးတည္းကုိပဲ ထပ္ခါတလဲလဲ အသုံးျပဳေနၾကတာ ထုံးစံလုိျဖစ္ေနပါတယ္။ ဒီလုိအသုံးျပဳျခင္းကုိ ေရွာင္ရွားသင့္ပါတယ္။ ဘာေၾကာင့္ ေရွာင္ရွားသင့္လဲဆုိတာကုိ ေဖာ္ျပေပးသြားပါမယ္။

 လူတိုင္းက ေရသန္႔ဗူးတစ္ဗူးတည္းကုိ အခါခါအသုံးျပဳေနတာက အႏၱရာယ္မမ်ားေလာက္ဘူးလုိ႔ ထင္ၾကေပမယ့္ တကယ္ေတာ့ ဒီလုိေရသန္႔ဗူးမ်ိဳးေတြမွာ ဘက္တီးရီးယားပုိးေတြ ရွင္သန္ေပါက္ဖြားေနႏုိင္ပါတယ္။

သိပၸံပညာရွင္မ်ားရဲ႕ေလ့လာခ်က္မ်ားအရ ၾကာရွည္အသုံးျပဳထားတဲ႔ ေသာက္ေရသန္႔ဗူးေတြအတြင္းမွာ ကုတ္ရာျခစ္ရာနဲ႔ အက္ေၾကာင္းေလးေတြ ေပၚလာႏုိင္ၿပီး ဒီလုိေနရာကေန ဘက္တီးရီးယားေတြ ေမြးဖြားႏုိင္မယ့္ ေနရာအျဖစ္ ေျပာင္းလဲသြားႏုိင္ပါတယ္။ ဒါေၾကာင့္ ေရသန္႔ဗူးတစ္ဗူးကုိ တာရွည္သုံးမယ္ဆုိ ပုံမွန္ေဆးေၾကာသန္႔စင္ဖုိ႔ လုိအပ္ၿပီး ဒီလုိမျပဳလုပ္ပါက ေရသန္႔ဗူးထဲက ဘက္တီးရီးယားပုိးေတြက ခႏၶာကုိယ္ထဲကုိ ေရာက္ရွိသြားမွာ ေသခ်ာပါတယ္။

 ေရသန္႔ဗူးတစ္ဗူးထဲကုိၾကာရွည္သုံးမယ္ဆုိရင္အရမ္းပူတဲ႔ေရနဲ႔ ေရသန္႔ဗူးကုိ ေဆးေၾကာတာမ်ိဳး
 ေရွာင္ၾကည္သင့္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေရသန္႔ဗူးကုိ ျပဳလုပ္ထားတဲ႔ ပလတ္စတစ္က အပူဒဏ္ကုိ ခံႏုိင္ရည္ရွိေအာင္ ျပဳလုပ္ထားျခင္းမ်ိဳး မဟုတ္လုိ႔ပါပဲ။

 အပူနဲ႔ ထိေတြ႕တဲ႔အခါ ပလတ္စတစ္ထဲကေန ဓါတုယုိ႔စိမ္႔မႈေတြ ျဖစ္ေပၚလာၿပီး ေသာက္ေရထဲကုိ ဓါတုအရည္အျဖစ္နဲ႔ အရည္ေပ်ာ္ဝင္သြားႏုိင္ပါတယ္။ ဒါေၾကာင့္ အႏၱရာယ္ကင္းတဲ႔ ေသာက္ေရျဖစ္ဖုိ႔ ဖန္ခြက္တစ္ခြက္နဲ႔သာ ေသာက္သုံးသင့္ၿပီး ေရသန္႔ဗူးမ်ားကုိေတာ့ ကာလၾကာရွည္ အသုံးျပဳျခင္းမ်ိဳး မျပဳလုပ္ဖုိ႔ အႀကံျပဳလုိက္ရပါတယ္ခင္ဗ်ာ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin


#Unicode Version
ယနေ့ခေတ်မှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ရေသန့်ဗူးတွေကို သူသူငါငါ အမြဲလိုလို အသုံးပြုနေကြပါတယ်။ လူတိုင်းနီးပါးကလည်း ပလတ်စတစ်ရေသန့်ဗူး တစ်ဗူးတည်းကိုပဲ ထပ်ခါတလဲလဲ အသုံးပြုနေကြတာ ထုံးစံလိုဖြစ်နေပါတယ်။ ဒီလို အသုံးပြုခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့် ရှောင်ရှားသင့်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

 လူတိုင်းက ရေသန့်ဗူးတစ်ဗူးတည်းကို အခါခါအသုံးပြုနေတာက အန္တရာယ်မများလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ ဒီလိုရေသန့်ဗူးမျိုးတွေမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ပေါက်ဖွားနေနိုင်ပါတယ်။

သိပ္ပံပညာရှင်များရဲ့လေ့လာချက်များအရ ကြာရှည်အသုံးပြုထားတဲ့ သောက်ရေသန့်ဗူးတွေအတွင်းမှာ ကုတ်ရာခြစ်ရာနဲ့ အက်ကြောင်းလေးတွေ ပေါ်လာနိုင်ပြီး ဒီလိုနေရာကနေ ဘက်တီးရီးယားတွေ မွေးဖွားနိုင်မယ့် နေရာအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် ရေသန့်ဗူးတစ်ဗူးကို တာရှည်သုံးမယ်ဆို ပုံမှန်ဆေးကြောသန့်စင်ဖို့ လိုအပ်ပြီး ဒီလိုမပြုလုပ်ပါက ရေသန့်ဗူးထဲက ဘက်တီးရီးယားပိုးတွေက ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားမှာ သေချာပါတယ်။

 ရေသန့်ဗူးတစ်ဗူးထဲကို ကြာရှည်သုံးမယ်ဆိုရင် အရမ်းပူတဲ့ရေနဲ့ ရေသန့်ဗူးကို ဆေးကြောတာမျိုး ရှောင်ကြည်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေသန့်ဗူးကို ပြုလုပ်ထားတဲ့ ပလတ်စတစ်က အပူဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားခြင်းမျိုး မဟုတ်လို့ပါပဲ။

 အပူနဲ့ ထိတွေ့တဲ့အခါ ပလတ်စတစ်ထဲကနေ ဓါတုယို့စိမ့်မှုတွေ ဖြစ်ပေါ်လာပြီး သောက်ရေထဲကို ဓါတုအရည်အဖြစ်နဲ့ အရည်ပျော်ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းတဲ့ သောက်ရေဖြစ်ဖို့ ဖန်ခွက်တစ်ခွက်နဲ့သာ သောက်သုံးသင့်ပြီး ရေသန့်ဗူးများကိုတော့ ကာလကြာရှည် အသုံးပြုခြင်းမျိုး မပြုလုပ်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : thithtoolwin

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top