iMyanmarHouse.com - Best Property Website for Myanmar
×

ရီဟားနားနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာေတာ့ ရက္ပ္အဆိုေက်ာ္ Drake တစ္ေယာက္ နာမည္ေက်ာ္အဆိုေတာ္ျဖစ္တဲ့ ေတလာဆြစ္ဖ္ကို ဒိတ္ဖို႔ ၾကိဳးစားေနတယ္လို႔ သတင္းေတြထြက္ေနပါတယ္။

“Hotline Bling” သီခ်င္းနဲ႔ ေအာင္ျမင္မႈေတြကုိရယူထားတဲ့ Drake ဟာ ေတလာရဲ႕ အသက္ ၂၇ ႏွစ္ျပည့္ ေမြးေန႔မွာ အံ့ၾသဖြယ္ရာ လက္ေဆာင္တစ္ခုကို ေပးခ်င္ေနတယ္လုိ႔ သိရပါတယ္။

Drake ဟာ ေလာ့စ္အိန္ဂ်လိစ္ျမိဳ႕က ရွိသမွ်ေၾကာ္ျငာေဘလ္ဘုတ္ေတြကို ငွားၿပီး ေမြးေန႔ဆုေတာင္းေပးဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ ဒီနည္းကိုေတာ့ Drake က ရီဟားနားကို Vanguard Video Award ရရွိတုန္းက ဂုဏ္ျပဳတဲ့အေနနဲ႔ အသံုးျပဳခဲ့ဖူးတယ္လို႔ သိရပါတယ္။

Drake အေနနဲ႔ ေတလာ့အတြက္ ဆန္တာကေလာ့စ္လုိ ဝတ္ဆင္ၿပီးေတာ့ေတာင္ လက္ေဆာင္ေတြေပးခ်င္ေနတယ္လုိ႔ နီးစပ္သူေတြက ဆိုပါတယ္။ Drake ဟာ ရုိမန္တစ္ဆန္တာကို သေဘာက်သူတစ္ေယာက္ျဖစ္ၿပီး ရည္းစားေတြကို အျမဲတမ္း Surprise လုပ္ေပးခဲ့ဖူးတယ္လို႔ သိရပါတယ္။

Drake နဲ႔ ေတလာတို႔ ဒိတ္ေနတယ္ဆိုတဲ့ ေကာလဟာလေတြဟာ ႏုိဝင္ဘာလအစပို္င္းတည္းက ေပၚထြက္လာခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကိုေတာ့ ဘယ္သူမွ အတိအက်မသိရေသးပါဘူး။ ဒါေပမယ့္လည္း Drake ဟာ သူ႔ရဲ႕ Instagram မွာ ေတလာနဲ႔ ပုံေတြကို ခပ္စိတ္စိတ္တင္ေနတာလည္း လူစိတ္ဝင္စားစရာျဖစ္လာတာပါ။

ေတလာကေတာ့ သူမရဲ႕ အသက္ ၂၇ ႏွစ္ျပည့္ ေမြးေန႔လက္ေဆာင္အျဖစ္ Drake ရဲ႕ အခ်စ္ကိုလက္ခံလုိက္မလားေတာ့ မသိပါဘူး။ ၂၀၁၇ ေရာက္ရင္ေတာ့ Drake နဲ႔ ေတလာဆြစ္ဖ္တုိ႔ စံုတြဲ တစ္ကယ္ျဖစ္လာမလားဆုိတာကေတာ့ ေစာင့္ၾကည့္ရေတာ့မွာပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

ရီဟားနားနဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ ရက်ပ်အဆိုကျော် Drake တစ်ယောက် နာမည်ကျော်အဆိုတော်ဖြစ်တဲ့ တေလာဆွစ်ဖ်ကို ဒိတ်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်နေပါတယ်။

“Hotline Bling” သီချင်းနဲ့ အောင်မြင်မှုတွေကိုရယူထားတဲ့ Drake ဟာ တေလာရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့မှာ အံ့သြဖွယ်ရာ လက်ဆောင်တစ်ခုကို ပေးချင်နေတယ်လို့ သိရပါတယ်။

Drake ဟာ လော့စ်အိန်ဂျလိစ်မြို့က ရှိသမျှကြော်ငြာဘေလ်ဘုတ်တွေကို ငှားပြီး မွေးနေ့ဆုတောင်းပေးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒီနည်းကိုတော့ Drake က ရီဟားနားကို Vanguard Video Award ရရှိတုန်းက ဂုဏ်ပြုတဲ့အနေနဲ့ အသုံးပြုခဲ့ဖူးတယ်လို့ သိရပါတယ်။

Drake အနေနဲ့ တေလာ့အတွက် ဆန်တာကလော့စ်လို ဝတ်ဆင်ပြီးတော့တောင် လက်ဆောင်တွေပေးချင်နေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ Drake ဟာ ရိုမန်တစ်ဆန်တာကို သဘောကျသူတစ်ယောက်ဖြစ်ပြီး ရည်းစားတွေကို အမြဲတမ်း Surprise လုပ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

Drake နဲ့ တေလာတို့ ဒိတ်နေတယ်ဆိုတဲ့ ကောလဟာလတွေဟာ နိုဝင်ဘာလအစပိုင်းတည်းက ပေါ်ထွက်လာခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုတော့ ဘယ်သူမှ အတိအကျမသိရသေးပါဘူး။ ဒါပေမယ့်လည်း Drake ဟာ သူ့ရဲ့ Instagram မှာ တေလာနဲ့ ပုံတွေကို ခပ်စိတ်စိတ်တင်နေတာလည်း လူစိတ်ဝင်စားစရာဖြစ်လာတာပါ။

တေလာကတော့ သူမရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် Drake ရဲ့ အချစ်ကိုလက်ခံလိုက်မလားတော့ မသိပါဘူး။ ၂၀၁၇ ရောက်ရင်တော့ Drake နဲ့ တေလာဆွစ်ဖ်တို့ စုံတွဲ တစ်ကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top