iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရး

က်န္းမာေရးနဲ႔ ပတ္သက္ရင္ ျပင္းထန္ ဆိုးရြားတဲ့ ေဝဒနာ ရယ္လို ့ မဟုတ္ ေပမယ့္ ေအာင့္သက္သက္နဲ ့ ခံရ ခက္လို ့ ညည္းတြား ၾကတာ မ်ားတဲ့ အထဲမွာ ဝမ္းခ်ဳပ္ တာလည္း ပါေန တာပါ။ အထူး သျဖင္ ့ သက္ႀကီး ရြယ္အိုေတြ၊ လႈပ္ရွားမႈ နည္းပါး အထိုင္မ်ား သူေတြ၊ အစား အေသာက္ထဲမွာ အမွ်င္ဓာတ္ ပါဝင္ေအာင္ စားေသာက္ေလ့ မရွိ သူေတြမွာ အေတြ႔ရ အမ်ား ဆံုးေပါ့။

မတူညီတဲ့ ဝမ္း အေလ့အထ

တေယာက္နဲ႔ တေယာက္ ဝမ္းမွန္တယ္ ဆိုတာက မတူညီ ၾကပါဘူး။ ေလ့လာ ခ်က္ေတြအရ ပ်မ္းမွ် အားျဖင့္ တေန႔ ၃ ႀကိမ္ေလာက္ သြားသူ ကေန တပတ္ ၃ ႀကိမ္ေလာက္ အထိ သြားၾက တာကို အသီးသီးက ဝမ္းမွန္တယ္ ဆိုၾကေလ့ ရွိပါသတဲ့။

အဲသလို ပံုမွန္ ဝမ္းမသြားရရင္ ဝမ္းခ်ဳပ္တယ္လို႔ ထင္ၾကေတာ့ တာပါ။ ဝမ္းခ်ဳပ္တာရဲ႕ အဓိက အေၾကာင္းကေတာ့ အူေတြရဲ႕ လႈပ္ရွားမႈ မူမမွန္လို႔ ျဖစ္ရတာပါ။

ဝမ္းခ်ဳပ္တာကို အဓိပၸါယ္ ဖြင့္ဆိုၾကရာမွာ ဝမ္းက မာေက်ာၿပီး လြယ္လြယ္ မထြက္ႏိုင္တာ၊ ဝမ္းသြား ၿပီးရင္လည္း ကုန္စင္တယ္လို႔ မခံစားရ တာမ်ိဳးေတြ ပါဝင္ ပါတယ္။

ေျဖရွင္းစရာ နည္းနာ

ကံအားေလ်ာ္စြာ ဝမ္းခ်ဳပ္တယ္ ဆိုတာက ယာယီ ေဝဒနာမို ့ေတာ္ေသး တယ္လို ့ဆိုရမွာပါ။ ေဆးဝါး ေတြေၾကာင့္၊ အိမ္သာ တက္ဖို႔ အခင္းအက်င္း အေန အထား အဆင္မေျပ တာေတြေၾကာင့္ ျဖစ္တတ္ သလို ကိုယ္ဝန္ ရွိတာမ်ိဳး ကိုယ္ခႏၶာ အေျပာင္း အလဲေတြ မွာလည္း ျဖစ္တတ္ ပါတယ္။

တကယ္ေတာ့ ႀကီးမားတဲ့ တျခား အူလမ္းေၾကာင္း ပိတ္ဆို႔တဲ့ ေရာဂါေတြေၾကာင့္ မဟုတ္ရင္ ဝမ္းခ်ဳပ္တာက ျပႆနာ မရွိလွပါဘူး။

ပံုမွန္ထက္ပိုၿပီး အမွ်င္ဓာတ္ ၾကြယ္ဝတဲ့ အစားအေသာက္ေတြ စားေပးရင္ အဆင္ေျပ ပါတယ္။ အမွ်င္ဓာတ္ေတြက အစာေခ်ခ်က္ဖို႔ ခက္ေတာ့ ဝမ္းကိုေပ်ာ့ေပ်ာင္းေစသလို ဝမ္းသြား ခ်င္စိတ္လည္း ျဖစ္ေစ ပါတယ္။

သစ္သီးဝလံေတြ၊ ဟင္းသီးဟင္းရြက္ေတြ၊ ပဲအမ်ိဳးမ်ိဳးေတြကို ေန႔စဥ္ စားသံုးေပး ရပါလိမ့္မယ္။ ဂ်ံဳၾကမ္းေပါင္မုန္႔၊ ဆန္လံုးညိဳေတြလည္း အဆင္ေျပ ပါတယ္။

ေရမ်ားမ်ား ေသာက္ေပးဖို႔လည္း လိုပါတယ္။ တေန႔မွာ ေရဖန္ခြက္ႀကီး ၆ ခြက္ကေန ၈ ခြက္ေလာက္ေတာ့ ေသာက္ဖို႔ လိုအပ္တာပါ။ အဲသလို စားေသာက္လိုက္ရင္ ဝမ္းခ်ဳပ္တာ သက္သာမွာပါ။

ကြ်မ္းက်င္သူမ်ား ညႊန္းဆိုၾကတာကေတာ့ တေန႔မွာ အမွ်င္ဓာတ္ လိုအပ္မႈက ၂၅ ဂရမ္ ေလာက္ ရွိၿပီး လူေတြ ပံုမွန္ စားေန တာက ၅ ဂရမ္ နဲ႔ ၁၀ ဂရမ္ ၾကားေလာက္မွာသာ ရွိ ပါတယ္တဲ့။ ဒါေၾကာင့္ ေန႔စဥ္ စားေသာက္တဲ့ အစာေတြမွာ အမွ်င္ဓာတ္ ၾကြယ္မႈ မ်ားျပားတဲ့ ေအာက္ပါ အစားအေသာက္ေတြ ပါဝင္ေအာင္စားေစလိုပါတယ္။

• ဂ်ံဳၾကမ္း၊ ဆန္ၾကမ္းနဲ႔ လုပ္တဲ့ အစားအစာေတြ
• လတ္ဆတ္တဲ့ သစ္သီးဝလံေတြ
• ပဲအမ်ိဳးမ်ိဳး
• ဟင္းသီးဟင္းရြက္ မ်ိဳးစံု

အဲဒီ အစားအစာေတြသာ စားသံုး လိုက္ပါ။ ေန႔စဥ္ မပ်က္ကြက္ ရင္ျဖင့္ ဓာတ္ကေလးေတြလည္း သက္လာ ပါလိမ့္မယ္လို႔ ဆိုပါရေစ။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit :ေဒါက္တာသက္ဦး

#Unicode Version

ကျန်းမာရေး

ကျန်းမာရေးနဲ့ ပတ်သက်ရင် ပြင်းထန် ဆိုးရွားတဲ့ ဝေဒနာ ရယ်လို့ မဟုတ် ပေမယ့် အောင့်သက်သက်နဲ့ ခံရ ခက်လို့ ညည်းတွား ကြတာ များတဲ့ အထဲမှာ ဝမ်းချုပ် တာလည်း ပါနေ တာပါ။ အထူး သဖြင့် သက်ကြီး ရွယ်အိုတွေ၊ လှုပ်ရှားမှု နည်းပါး အထိုင်များ သူတွေ၊ အစား အသောက်ထဲမှာ အမျှင်ဓာတ် ပါဝင်အောင် စားသောက်လေ့ မရှိ သူတွေမှာ အတွေ့ရ အများ ဆုံးပေါ့။

မတူညီတဲ့ ဝမ်း အလေ့အထ

တယောက်နဲ့ တယောက် ဝမ်းမှန်တယ် ဆိုတာက မတူညီ ကြပါဘူး။ လေ့လာ ချက်တွေအရ ပျမ်းမျှ အားဖြင့် တနေ့ ၃ ကြိမ်လောက် သွားသူ ကနေ တပတ် ၃ ကြိမ်လောက် အထိ သွားကြ တာကို အသီးသီးက ဝမ်းမှန်တယ် ဆိုကြလေ့ ရှိပါသတဲ့။

အဲသလို ပုံမှန် ဝမ်းမသွားရရင် ဝမ်းချုပ်တယ်လို့ ထင်ကြတော့ တာပါ။ ဝမ်းချုပ်တာရဲ့ အဓိက အကြောင်းကတော့ အူတွေရဲ့ လှုပ်ရှားမှု မူမမှန်လို့ ဖြစ်ရတာပါ။

ဝမ်းချုပ်တာကို အဓိပ္ပါယ် ဖွင့်ဆိုကြရာမှာ ဝမ်းက မာကျောပြီး လွယ်လွယ် မထွက်နိုင်တာ၊ ဝမ်းသွား ပြီးရင်လည်း ကုန်စင်တယ်လို့ မခံစားရ တာမျိုးတွေ ပါဝင် ပါတယ်။

ဖြေရှင်းစရာ နည်းနာ

ကံအားလျော်စွာ ဝမ်းချုပ်တယ် ဆိုတာက ယာယီ ဝေဒနာမို့တော်သေး တယ်လို့ဆိုရမှာပါ။ ဆေးဝါး တွေကြောင့်၊ အိမ်သာ တက်ဖို့ အခင်းအကျင်း အနေ အထား အဆင်မပြေ တာတွေကြောင့် ဖြစ်တတ် သလို ကိုယ်ဝန် ရှိတာမျိုး ကိုယ်ခန္ဓာ အပြောင်း အလဲတွေ မှာလည်း ဖြစ်တတ် ပါတယ်။

တကယ်တော့ ကြီးမားတဲ့ တခြား အူလမ်းကြောင်း ပိတ်ဆို့တဲ့ ရောဂါတွေကြောင့် မဟုတ်ရင် ဝမ်းချုပ်တာက ပြဿနာ မရှိလှပါဘူး။

ပုံမှန်ထက်ပိုပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရင် အဆင်ပြေ ပါတယ်။ အမျှင်ဓာတ်တွေက အစာချေချက်ဖို့ ခက်တော့ ဝမ်းကိုပျော့ပျောင်းစေသလို ဝမ်းသွား ချင်စိတ်လည်း ဖြစ်စေ ပါတယ်။

သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးတွေကို နေ့စဉ် စားသုံးပေး ရပါလိမ့်မယ်။ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညိုတွေလည်း အဆင်ပြေ ပါတယ်။

ရေများများ သောက်ပေးဖို့လည်း လိုပါတယ်။ တနေ့မှာ ရေဖန်ခွက်ကြီး ၆ ခွက်ကနေ ၈ ခွက်လောက်တော့ သောက်ဖို့ လိုအပ်တာပါ။ အဲသလို စားသောက်လိုက်ရင် ဝမ်းချုပ်တာ သက်သာမှာပါ။

ကျွမ်းကျင်သူများ ညွှန်းဆိုကြတာကတော့ တနေ့မှာ အမျှင်ဓာတ် လိုအပ်မှုက ၂၅ ဂရမ် လောက် ရှိပြီး လူတွေ ပုံမှန် စားနေ တာက ၅ ဂရမ် နဲ့ ၁၀ ဂရမ် ကြားလောက်မှာသာ ရှိ ပါတယ်တဲ့။ ဒါကြောင့် နေ့စဉ် စားသောက်တဲ့ အစာတွေမှာ အမျှင်ဓာတ် ကြွယ်မှု များပြားတဲ့ အောက်ပါ အစားအသောက်တွေ ပါဝင်အောင်စားစေလိုပါတယ်။

• ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့ လုပ်တဲ့ အစားအစာတွေ
• လတ်ဆတ်တဲ့ သစ်သီးဝလံတွေ
• ပဲအမျိုးမျိုး
• ဟင်းသီးဟင်းရွက် မျိုးစုံ

အဲဒီ အစားအစာတွေသာ စားသုံး လိုက်ပါ။ နေ့စဉ် မပျက်ကွက် ရင်ဖြင့် ဓာတ်ကလေးတွေလည်း သက်လာ ပါလိမ့်မယ်လို့ ဆိုပါရစေ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :ဒေါက်တာသက်ဦး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top