iMyanmarHouse.com - Best Property Website for Myanmar
×

ညႇင္းဆိုတာ အေရျပား ေပၚမွာ အေရာင္ေဖ်ာ့၊ အေရာင္ရင့္ အကြက္ေတြ ေပၚတဲ့ Tinea versicolor သို႔မဟုတ္ pityriasis versicolor လို႔ ေခၚတဲ့ အေရျပား မႈိစြဲတဲ့ ကူးစက္ေရာဂါ တမ်ိဳးပါ။ ညႇင္းေပါက္ေစတဲ့ အေၾကာင္းရင္းေတြ ကေတာ့

(၁) ကိုယ္ခံအား နည္းျခင္း
(၂) ေခၽြးထြက္မ်ားျခင္း
(၃) ပူတဲ့ရာသီရပ္၀န္းမွာ ေနထိုင္ျခင္း
(၄) အဆီထြက္လြန္တဲ့ အေရျပားပိုင္ရွင္ ျဖစ္ျခင္း စသျဖင့္ အမ်ိဳးမ်ိဳး ရွိပါတယ္။

တခ်ိဳ႔လဲ အကြက္ေသး ေတြေလာက္ပဲ ျဖစ္ေပမယ့္ တခ်ိဳ႔လဲ အေရျပားျပင္လိုက္ ညႇင္းေတြ ေပါက္ေနတာ ေတြ႔ဖူး ၾကမွာပါ။ အေရျပား ဆရာ၀န္ေတြ ကေတာ့ အေရျပား ကူးစက္ေရာဂါ ျဖစ္ေစတဲ့ yeast ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ေသာက္ေဆးလဲ တြဲေပးေလ့ ရွိပါတယ္။ ညႇင္းရဲ႕သေဘာ သဘာ၀ ေတြထက္ အိမ္မွာရွိတဲ့ ပစၥညး္ေတြနဲ႔ ဘယ္လို ကုစားမလဲ ဆိုတာကို ေစာႏြဲ ့ေနဆိုင္ - ပူတာအို မွ ေရးသား မွ်ေ၀ ေပးလိုက္ ပါတယ္။

နည္း(၁)

လိုရာသံုး ဒိန္ခ်ဥ္ လို႔ ညႊန္းရမလိုပါပဲ။ ညႇင္းကြက္ရဲ႕အစ အနီကြက္ အနီျပင္ေတြေပၚမွာ ဒိန္ခ်ဥ္ကို သုတ္လိမ္းေပးတာပါ။ ဘာမွ မေရာထားတဲ့ ဒိန္ခ်ဥ္သီးသန္႔ကိုသာ သံုးရမွာပါ။ သၾကားပါတဲ့ ဒိန္ခ်ဥ္ဆိုရင္ေတာ့ Yeast ကို ပိုအားေကာင္းေအာင္ လုပ္ေပးသလို ျဖစ္မွာစိုးလို႔ပါ။

နည္း(၂)

ေနာက္တမ်ိဳးကလဲ Apple Cider Vinegar ဆိုတဲ့ ပန္းသီးအရက္ ရွာလကာရည္ပါ။ မႈိစြဲတာကို သတ္ေပးႏိုင္တဲ့ အစြမ္းထက္ မီးဖိုေခ်ာင္ ပစၥည္းေပါ့။ ေရခ်ိဳးဇလံုထဲမွာ Apple Cider Vinegar ကို တခြက္ေလာက္ ေရာစပ္ၿပီးေတာ့ ခပ္ၾကာၾကာေလး စိမ္ေပးတာမ်ိဳး လုပ္ႏိုင္ပါတယ္။ ဒါမွမဟုတ္လဲ ေရနဲ႔ Apple Cider Vinegar ကို ဆတူ ေရာစပ္ၿပီး ညႇင္းကြက္ေနရာေတြေပၚမွာ ဂြမ္းနဲ႔သုတ္ေပးတာလဲ ရပါတယ္။

နည္း(၃)

Tea Tree Oil ဆိုတဲ့ လက္ဖက္ပင္ အဆီေပါ့။ အေရျပား ကူးစက္ေရာဂါ အမ်ိဳးမ်ိဳးအတြက္ သဘာ၀အားျဖင့္ကို မႈိသတ္ေပးႏိုင္စြမ္း ရွိပါတယ္။ သံလြင္ဆီ တဇြန္းစာေလာက္ထဲကို လက္ဖက္ဆီ ၅ စက္- ၇ စက္ေလာက္ ေရာထည့္ၿပီး ညႇင္းေပါက္တဲ့ အေရျပားေပၚ သုတ္လိမ္းေပးရပါမယ္။

နည္း(၄)

အုန္းဆီကလဲ ညႇင္းေပ်ာက္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ အိမ္တြင္း အစြမ္းထက္ ေဆးတစ္လက္ပါ။ အုန္းဆီကို ခပ္ပါးပါး လိမ္းေပးရတာပါပဲ။ အုန္းဆီေတြ ေျခာက္ၿပီး အေရျပားေပၚက yeast ေတြ ေသဆံုးသြားတဲ့အထိ အခ်ိန္ေပးၿပီး လိမ္းေပးထားရတာပါ။

နည္း(၅)

အေရျပားျပသနာ အမ်ိဳးမ်ိဳးအတြက္ ေကာင္းက်ိဳးေပးတဲ့ ရွားေစာင္းလတ္ပတ္ကိုလဲ စာရင္းထဲမွာ ထည့္ဖို႔ မေမ့ပါနဲ႔ေလ။ ရွားေစာင္းလက္ပတ္ရဲ႕ အတြင္းသား ဂ်ယ္လီဟာ yeast ေတြကို သတ္ေပးႏိုင္စြမ္း ရွိရံုသာမက အေရျပားျပသနာျဖစ္ေနတဲ့ ေနရာေတြမွာ အျမန္ဆံုး သက္သာေပ်ာက္ကင္းေစႏိုင္စြမ္းလဲ ရွိပါတယ္။သူ႔အရြက္ကို အပင္ကေန ခ်ိဳးယူလိုက္ၿပီး အေရျပားေပၚ တိုက္ရိုက္ သုတ္လိမ္းလိုက္တာပါ။ တေန႔ ၃ ႀကိမ္ေလာက္ေတာ့ မွန္မွန္ လုပ္ေပးေပါ့။ ရက္သတၱပတ္ေတြနဲ႔ေတာ့ ခ်ီၿပီး လုပ္ေပးရမွာပါ။

နည္း(၆)

အနံ႕ေတာ့ျပင္းမယ္၊ ဒါေပမယ့္ အစြမ္းကေတာ့ ထက္သလား မေမးနဲ႔ ဆိုတာကေတာ့ Yeast ကို တိုက္ဖ်က္ေပးႏိုင္တဲ့ အေတာ္ဆံုး fighter ၾကက္သြန္ျဖဴပါ။ ၾကက္သြန္ျဖဴဥ အျမႊာေလးကို ထုေခ်လိုက္ၿပီး ထြက္လာတဲ့ အေစး အရည္ကို ညႇင္းကြက္ အေရျပားကြက္အေပၚ ပြတ္တိုက္ သုတ္လိမ္းေပးပါ။ စူးတူးရွတ ခံစားမႈေလးေတာ့ ရွိမွာပါ၊ ဒါေပမယ့္ ညႇင္းေတြ တကယ္ပဲ ေပ်ာက္သြားပါလိမ့္မယ္။ အတြင္းေဆးအေနနဲ႔လဲ ေန႔စဥ္ ၾကက္သြန္ျဖဴ ၂ မႊာ ၃ မႊာေလာက္ အစိမ္းလိုက္ စားေပးတာမ်ိဳးကလဲ ညႇင္းေပ်ာက္ေစဖို႔ နည္းေကာင္းတစ္ခုပါ။

နည္း(၇)

ေစ်းဆိုင္ေတြကေန အလြယ္တကူ ၀ယ္လို႔ရတဲ့ ဆႏြင္းမႈန္႔ကလဲ ညႇင္းေပ်ာက္ေစတဲ့ အိမ္တြင္းေဆးတစ္လက္ပါ။ ဆႏြင္းမႈန္႔ကို ေရေဖ်ာ္။ ညႇင္းကြက္ေပၚလိမ္း၊ မိနစ္ ၃၀ ေလာက္ထား။ ၿပီးရင္ ေရေဆးခ်လိုက္ပါ။

ဒါေတြဟာ ညႇင္းအတြက္ လက္လွမ္းမီရာ အစြမ္းထက္ မီးဖိုေခ်ာင္ပစၥညး္ေတြနဲ႔ အိမ္တြင္းကုထံုးေတြပါပဲ။ ပစၥည္းတမ်ိဳး မရွိ၊ ေနာက္တမ်ိဳးနဲ႔ လုပ္လို႔ရပါတယ္။

ညႇင္းေပါက္လို႔ စိတ္ေနာက္မေနနဲ႔ေတာ့ေနာ္။ ညႇင္းေပ်ာက္လို႔ စိတ္ခ်မ္းသာႏိုင္ပါေစ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: ဦးေစာႏြဲ႔ေနဆိုင္ (ပူတာအို)

#Unicode Version
ညှင်းဆိုတာ အရေပြား ပေါ်မှာ အရောင်ဖျော့၊ အရောင်ရင့် အကွက်တွေ ပေါ်တဲ့ Tinea versicolor သို့မဟုတ် pityriasis versicolor လို့ ခေါ်တဲ့ အရေပြား မှိုစွဲတဲ့ ကူးစက်ရောဂါ တမျိုးပါ။ ညှင်းပေါက်စေတဲ့ အကြောင်းရင်းတွေ ကတော့

(၁) ကိုယ်ခံအား နည်းခြင်း
(၂) ချွေးထွက်များခြင်း
(၃) ပူတဲ့ရာသီရပ်ဝန်းမှာ နေထိုင်ခြင်း
(၄) အဆီထွက်လွန်တဲ့ အရေပြားပိုင်ရှင် ဖြစ်ခြင်း စသဖြင့် အမျိုးမျိုး ရှိပါတယ်။

တချို့လဲ အကွက်သေး တွေလောက်ပဲ ဖြစ်ပေမယ့် တချို့လဲ အရေပြားပြင်လိုက် ညှင်းတွေ ပေါက်နေတာ တွေ့ဖူး ကြမှာပါ။ အရေပြား ဆရာဝန်တွေ ကတော့ အရေပြား ကူးစက်ရောဂါ ဖြစ်စေတဲ့ yeast ကို ထိန်းချုပ်နိုင်ဖို့ သောက်ဆေးလဲ တွဲပေးလေ့ ရှိပါတယ်။ ညှင်းရဲ့သဘော သဘာ၀ တွေထက် အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ဘယ်လို ကုစားမလဲ ဆိုတာကို စောနွဲ့နေဆိုင် - ပူတာအို မှ ရေးသား မျှေ၀ ပေးလိုက် ပါတယ်။

နည်း(၁)

လိုရာသုံး ဒိန်ချဉ် လို့ ညွှန်းရမလိုပါပဲ။ ညှင်းကွက်ရဲ့အစ အနီကွက် အနီပြင်တွေပေါ်မှာ ဒိန်ချဉ်ကို သုတ်လိမ်းပေးတာပါ။ ဘာမှ မရောထားတဲ့ ဒိန်ချဉ်သီးသန့်ကိုသာ သုံးရမှာပါ။ သကြားပါတဲ့ ဒိန်ချဉ်ဆိုရင်တော့ Yeast ကို ပိုအားကောင်းအောင် လုပ်ပေးသလို ဖြစ်မှာစိုးလို့ပါ။

နည်း(၂)

နောက်တမျိုးကလဲ Apple Cider Vinegar ဆိုတဲ့ ပန်းသီးအရက် ရှာလကာရည်ပါ။ မှိုစွဲတာကို သတ်ပေးနိုင်တဲ့ အစွမ်းထက် မီးဖိုချောင် ပစ္စည်းပေါ့။ ရေချိုးဇလုံထဲမှာ Apple Cider Vinegar ကို တခွက်လောက် ရောစပ်ပြီးတော့ ခပ်ကြာကြာလေး စိမ်ပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒါမှမဟုတ်လဲ ရေနဲ့ Apple Cider Vinegar ကို ဆတူ ရောစပ်ပြီး ညှင်းကွက်နေရာတွေပေါ်မှာ ဂွမ်းနဲ့သုတ်ပေးတာလဲ ရပါတယ်။

နည်း(၃)

Tea Tree Oil ဆိုတဲ့ လက်ဖက်ပင် အဆီပေါ့။ အရေပြား ကူးစက်ရောဂါ အမျိုးမျိုးအတွက် သဘာဝအားဖြင့်ကို မှိုသတ်ပေးနိုင်စွမ်း ရှိပါတယ်။ သံလွင်ဆီ တဇွန်းစာလောက်ထဲကို လက်ဖက်ဆီ ၅ စက်- ၇ စက်လောက် ရောထည့်ပြီး ညှင်းပေါက်တဲ့ အရေပြားပေါ် သုတ်လိမ်းပေးရပါမယ်။

နည်း(၄)

အုန်းဆီကလဲ ညှင်းပျောက်အောင် စွမ်းဆောင်နိုင်တဲ့ အိမ်တွင်း အစွမ်းထက် ဆေးတစ်လက်ပါ။ အုန်းဆီကို ခပ်ပါးပါး လိမ်းပေးရတာပါပဲ။ အုန်းဆီတွေ ခြောက်ပြီး အရေပြားပေါ်က yeast တွေ သေဆုံးသွားတဲ့အထိ အချိန်ပေးပြီး လိမ်းပေးထားရတာပါ။

နည်း(၅)

အရေပြားပြသနာ အမျိုးမျိုးအတွက် ကောင်းကျိုးပေးတဲ့ ရှားစောင်းလတ်ပတ်ကိုလဲ စာရင်းထဲမှာ ထည့်ဖို့ မမေ့ပါနဲ့လေ။ ရှားစောင်းလက်ပတ်ရဲ့ အတွင်းသား ဂျယ်လီဟာ yeast တွေကို သတ်ပေးနိုင်စွမ်း ရှိရုံသာမက အရေပြားပြသနာဖြစ်နေတဲ့ နေရာတွေမှာ အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်စွမ်းလဲ ရှိပါတယ်။သူ့အရွက်ကို အပင်ကနေ ချိုးယူလိုက်ပြီး အရေပြားပေါ် တိုက်ရိုက် သုတ်လိမ်းလိုက်တာပါ။ တနေ့ ၃ ကြိမ်လောက်တော့ မှန်မှန် လုပ်ပေးပေါ့။ ရက်သတ္တပတ်တွေနဲ့တော့ ချီပြီး လုပ်ပေးရမှာပါ။

နည်း(၆)

အနံ့တော့ပြင်းမယ်၊ ဒါပေမယ့် အစွမ်းကတော့ ထက်သလား မမေးနဲ့ ဆိုတာကတော့ Yeast ကို တိုက်ဖျက်ပေးနိုင်တဲ့ အတော်ဆုံး fighter ကြက်သွန်ဖြူပါ။ ကြက်သွန်ဖြူဥ အမြွှာလေးကို ထုချေလိုက်ပြီး ထွက်လာတဲ့ အစေး အရည်ကို ညှင်းကွက် အရေပြားကွက်အပေါ် ပွတ်တိုက် သုတ်လိမ်းပေးပါ။ စူးတူးရှတ ခံစားမှုလေးတော့ ရှိမှာပါ၊ ဒါပေမယ့် ညှင်းတွေ တကယ်ပဲ ပျောက်သွားပါလိမ့်မယ်။ အတွင်းဆေးအနေနဲ့လဲ နေ့စဉ် ကြက်သွန်ဖြူ ၂ မွှာ ၃ မွှာလောက် အစိမ်းလိုက် စားပေးတာမျိုးကလဲ ညှင်းပျောက်စေဖို့ နည်းကောင်းတစ်ခုပါ။

နည်း(၇)

ဈေးဆိုင်တွေကနေ အလွယ်တကူ ဝယ်လို့ရတဲ့ ဆနွင်းမှုန့်ကလဲ ညှင်းပျောက်စေတဲ့ အိမ်တွင်းဆေးတစ်လက်ပါ။ ဆနွင်းမှုန့်ကို ရေဖျော်။ ညှင်းကွက်ပေါ်လိမ်း၊ မိနစ် ၃၀ လောက်ထား။ ပြီးရင် ရေဆေးချလိုက်ပါ။

ဒါတွေဟာ ညှင်းအတွက် လက်လှမ်းမီရာ အစွမ်းထက် မီးဖိုချောင်ပစ္စည်းတွေနဲ့ အိမ်တွင်းကုထုံးတွေပါပဲ။ ပစ္စည်းတမျိုး မရှိ၊ နောက်တမျိုးနဲ့ လုပ်လို့ရပါတယ်။

ညှင်းပေါက်လို့ စိတ်နောက်မနေနဲ့တော့နော်။ ညှင်းပျောက်လို့ စိတ်ချမ်းသာနိုင်ပါစေ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: ဦးစောနွဲ့နေဆိုင် (ပူတာအို)


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top