iMyanmarHouse.com - Best Property Website for Myanmar
×

သာမန္ခ်စ္သူစံုတြဲအမ်ားစုရဲ႕ ဆက္ဆံေရးဟာ ေန႔စဥ္ေန႔တိုင္း ေပ်ာ္စရာေတြနဲ႔ခ်ည္း ျပည့္ေနတာ မဟုတ္ပါဘူး။ ရွည္ၾကာတဲ့ ခ်စ္သက္တမ္းကိုထိန္းထားႏုိင္တဲ့ ခ်စ္သူ ရည္းစား၊ ဇနီးေမာင္ႏွံေတြမွာလည္း သည္းခံလ်စ္လွ်ဴရႈရတဲ့ အခါေတြရွိပါလိမ့္မယ္။ သင့္ထက္ေတာင္ ပိုမ်ားခ်င္မ်ားေနပါလိမ့္မယ္။

ရုပ္ရွင္ေတြ ဝတၳဳေတြထဲကလို ၾကည္ႏူးစရာခ်စ္သူႏွစ္ဦးရဲ႕ေနာက္ကျမင္ကြင္းမွာ ေရာင္စံုသက္တန္႔ႀကီးနဲ႔ လိပ္ျပာကေလးေတြ အျပင္ေလာကမွာ ရွိမေနတာကို သင္သတိျပဳရပါမယ္။ ဆိုလိုခ်င္တာက သင့္အေနနဲ႔ ခ်စ္သူရည္းစား ဘဝဟာ ေပ်ာ္စရာေတြခ်ည္းပဲ ရွိေနမွာမဟုတ္ဘူးဆိုတာကိုေတာ့ လက္ခံထားရပါမယ္။ ဘယ္လိုပင္ျဖစ္ေစ ေအာက္မွာ ေဖာ္ျပမယ့္ အခ်က္ကေလးေတြကို
ထိန္းသိမ္းလိုက္နာၾကည့္မယ္ဆိုရင္ သင့္ရဲ႕အခ်စ္ေရး ပိုအဆင္ေျပေခ်ာေမြ႔သြား ဖို႔ ေမွ်ာ္လင့္မိပါတယ္။ ဘာေတြလဲဆိုတာ ဖတ္ၾကည့္လုိက္ပါဦး။

၁။ သူ႔ / သူမ ကို သင့္စိတ္တိုင္းက်ပံုစံ ျဖစ္လုိျခင္း

ဒါဟာ ခ်စ္သူစံုတြဲ၊ အိမ္ေထာင္သည္ေတြၾကားထဲမွာ ေတြ႔ရေလ့ရွိတက္တဲ့ အမွားျဖစ္ပါတယ္။
 ျပန္စဥ္းစားၾကည့္လုိက္ပါ။ သင့္ကိုသင္ေတာင္ အၿမဲတမ္းစိတ္တိုင္းက်တာမ်ိဳး ျဖစ္မိရဲ႕လား
ဆိုတာကိုေလ။ သင့္ရဲ႕ခ်စ္သူကို သင့္စိတ္တိုင္းက် ပံုသြင္းယူေနတာဟာ အေတာ္ဆိုးရြားတဲ့ စိတ္ကူးအႀကံဥာဏ္ျဖစ္ပါတယ္။ သူ႔မွာ သင္မႀကိဳက္တဲ့အခ်က္ တစ္ခ်ိဳ႕ရွိခဲ့ရင္အခ်ိန္ယူၿပီး
ရွင္းျပေဖ်ာင္းဖ်ေျပာဆိုရမွာ ျဖစ္ပါတယ္။ဒါေပမယ့္သင့္အိပ္မက္စိတ္ကူးထဲကလို ဘာအျပစ္ေျပာစရာမွ
 မရွိတဲ့ သူမ်ိဳး၊ သင့္စိတ္တိုင္းက်ေနႏုိင္မယ့္သူမ်ိဳးဆိုတာေတာ့ ျဖစ္ဖို႔မလြယ္ပါဘူး။ သင္မႀကိဳက္လွေပမယ္ လက္ခံႏုိင္ေလာက္တဲ့ အရာေတြကို ခ်င့္ခ်ိန္ၿပီးခြင့္ျပဳေပးရမွာ ျဖစ္ပါတယ္။ ဒါကိုမွ သင္ဇြတ္တိုးႀကိဳးစားမယ္ဆိုရင္ေတာ့ ဆက္ဆံေရးဟာ ဆိုးရြားလာဖို႔သာ မ်ားပါတယ္။

၂။ ၾကား စကားမ်ားကို ယံုကာ အျပစ္ရွာျခင္း

ဒီအက်င့္လည္း စံုတြဲအေတာ္မ်ားမ်ားမွာ ေတြ႔ရတက္ပါတယ္။ အခိုင္အမာသိထားတာမ်ိဳး မရွိပဲ ေကာလဟာလ သတင္းစကားေတြနဲ႔ ကိုယ့္ခ်စ္သူကို အျပစ္ရွာတက္တဲ့ အက်င့္ျဖစ္ပါတယ္။ တစ္ဦးအေပၚတစ္ဦး အျပစ္ျမင္ျခင္းဟာ ဘယ္ဘက္ၾကည့္ၾကည့္ မေကာင္းလွပါဘူး။ သူနဲ႔ပတ္သတ္တဲ့ သတင္းတစ္ခုခုၾကားမိတယ္ဆိုရင္ ကိုယ့္ဘက္က ခိုင္ခုိင္မာမာ သိေအာင္အရင္ႀကိဳးစားရမွာ
 ျဖစ္ပါတယ္။ ကာယကံရွင္ေလာက္ေတာ့ ေဘးလူက ပိုမသိႏုိင္ပါဘူး။ ကိုယ္မႀကိဳက္တာ လုပ္ေနေၾကာင္း သတင္းစကား ၾကားခဲ့ရင္ေတာင္ အျပစ္အရင္မေျပာပဲ စံုစမ္းပါ။ စံုစမ္းဖို႔ အခ်ိန္မရွိရင္၊ အေျခအေနမေပးရင္ သူ႔ကို တိုက္ရိုက္ေမးျမန္းပါ။ မခိုင္လံုတဲ့ သတင္းနဲ႔ေတာ့ သြားၿပီးအျပစ္တင္ရင္ ကိုယ့္ရဲ႕ဆက္ဆံေရးကို ကိုယ္ကိုယ္တိုင္ဖ်က္ဆီးတာနဲ႔ အတူတူပါပဲ။


၃။ လူျမင္ကြင္းမေရွာင္ ရန္ျဖစ္ျခင္း

လူျမင္ကြင္းမွာ ရန္ျဖစ္တယ္ဆုိလို႔ ထိုးႀကိတ္သတ္ပုပ္မွ ရန္ျဖစ္တယ္မဟုတ္ပါဘူး။ တစ္ေယာက္တစ္ခြန္း အျပန္အလွန္ စကားမ်ားရင္လည္း ရန္ျဖစ္တာပါပဲ။ မလႊဲသာလို႔သာ တစ္ေယာက္နဲ႔ တစ္ေယာက္ရန္ျဖစ္ေနၾကေပမယ့္ ပတ္ဝန္းက်င္ကို အရွက္ရေနၾကမွာ ေသခ်ာပါတယ္။ ရွက္စိတ္ႀကီးစိုးသြားရင္ ဆက္ဆံေရးဟာ မေျဖာင့္ျဖဴးေတာ့ပဲ ျဖစ္သြားပါလိမ့္မယ္။ ဘယ္ေလာက္ပဲ ေသးငယ္တဲ့ ကိစၥပဲျဖစ္ပါေစ လူျမင္ကြင္းမွာ ရန္မျဖစ္ပါနဲ႔။ ျဖစ္ဖို႔ အေၾကာင္းေတြဖန္တီးလာရင္လည္း ကိုယ့္ဘက္သည္းခံလုိက္ပါ။ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္က်မွ ေျဖရွင္းပါ။

၄။ စကားမေျပာေတာ့ျခင္း

သင့္ခ်စ္သူဟာ အၾကားအျမင္ဆရာ မဟုတ္ပါဘူး။ သင္ဘာျဖစ္ေနလဲ ဆိုတာ သူအၿမဲတမ္း အတိအက်မသိႏုိင္ပါဘူး။ သင္မႀကိဳက္တဲ့ကိစၥတစ္ခုကို သူလုပ္ထားမိတယ္ဆိုရင္ေတာင္ ပြင့္ပြင့္လင္းလင္း ေျပာဆိုရမွာ ျဖစ္ပါတယ္။ စိတ္ဆိုးလာတဲ့ အခါ ဘာစကားမွ မေျပာေတာ့ပဲ
 ေနလိုက္ျခင္းဟာ တဖက္လူကို စိတ္အေႏွာက္အယွက္မ်ားစြာ ျဖစ္ေစပါတယ္။ က်န္းမာတဲ့ခ်စ္သူစံုတြဲဆက္ဆံေရးမ်ိဳး လိုခ်င္ရင္ေတာ့ ပြင့္လင္းရမွာ ႏွစ္ဦးလံုးရဲ႕ တာဝန္ျဖစ္ပါတယ္။ ဘာမေက်နပ္လဲ ဆိုတာ ထုတ္သာေျပာလုိက္ပါ။ စိတ္ဆုိးလာတဲ့အခါ စကားမေျပာေတာ့တဲ့ အက်င့္ကို တက္ႏုိင္သေလာက္ ေရွာင္တာ ေကာင္းမြန္ပါလိမ့္မယ္။

၅။ မယံုမၾကည္ျဖစ္ျခင္း

ပေရာ္ဖက္ရွင္နယ္ လုပ္ငန္းခြင္ေတြမွာသာ မက၊ ခ်စ္သူသမီးရည္းစား ဆက္ဆံေရးရဲ႕ အေျခခံအုတ္ျမစ္ဟာလည္း ယံုၾကည္မႈ ျဖစ္ပါတယ္။ ခ်စ္သူဇနီးေမာင္ႏွံႏွစ္ဦးရဲ႕ ဆက္ဆံေရးမွာ ယံုၾကည္မႈဟာ မရွိမျဖစ္လိုအပ္ပါတယ္။ သူ႔ရဲ႕ အက်င့္စာရိတၱအေပၚ ယံုၾကည္မႈ ရွိေပးလိုက္ပါ။ သူ႔ရဲ႕ပုဂၢိဳလ္ေရးကိစၥေတြအေပၚ ေလးစားမႈ ျပလိုက္ပါ။ သူ႔ရဲ႕ အီးေမးလ္ေတြ၊ ဖုန္းေတြကို အခ်ိန္ျပည့္ စစ္ေဆးမေနပါနဲ႔။ အေျခခံအုတ္ျမစ္ျဖစ္တဲ့ ယံုၾကည္မႈမွ တစ္ဦးအေပၚ တစ္ဦးမရွိခဲ့ဘူးဆိုရင္ အျခားအရာေတြ ေဆာက္တည္ဖို႔လည္း မလြယ္ပါဘူး။

၆။ လိမ္ညာျခင္း

လိမ္ညာျခင္းဟာ ဆက္ဆံေရးအတြက္ ႀကီးမားတဲ့ဆူးေညွာင့္ခလုပ္ျဖစ္ပါတယ္။ ခ်စ္သူစံုတြဲ ၾကားထဲမွ မဟုတ္ပါဘူး။ ဘယ္ဆက္ဆံေရးမွာမဆို လိမ္ညာျခင္းဟာ ဆက္ဆံေရးကို လံုးဝၿပိဳကြဲပ်က္စီးေစတဲ့ အရာျဖစ္ပါတယ္။ တစ္ဦးကို တစ္ဦး ယံုၾကည္မႈနဲ႔ ေလွ်ာက္လွမ္းေနတဲ့အခ်ိန္ လိမ္ညာျခင္းကို မလုပ္တာ အေကာင္းဆံုးျဖစ္ပါတယ္။ အလိမ္ခံရတာလည္း ဘယ္သူမွ ႀကိဳက္မွာမဟုတ္ပါဘူး။ သင္လိမ္ေနတာ သူသိသြားရင္ ပိုလို႔ေတာင္ဆက္ဆံေရး ဆိုးသြားႏုိင္ပါတယ္။ ဒါေၾကာင့္ တက္ႏိုင္သမွ် ရိုးသားမႈရိွပါ။ ကိုယ့္ဘက္က စၿပီးမလိမ္ရေအာင္ ေနထုိင္ျပဳမူတာ ဂရုတစိုက္ရွိပါေစ။

၇။ အေသးအဖြဲမ်ားက အတင္စီးမခံျခင္း

ကုိယ့္ဘက္ အယူခ်ည္းပဲရွိတာလည္း မေကာင္းသလို အေပးခ်ည္းပဲရွိတာလည္း မေကာင္းပါဘူး။ စံုတြဲေတြအၾကားမွာ အေပးအယူမွ်တဖို႔လည္း လိုပါတယ္။ ဒါေပမယ့္လည္း အေသးအဖြဲေတြကအစ အေသးစိတ္လိုက္တြက္ေနစရာ ေတာ့မလိုပါဘူး။ ေနာက္ဆံုးညစာ ဆယ္ခါစားတုန္းက ငါက ေျခာက္ႀကိမ္ရွင္းရၿပီး သူက ေလးႀကိမ္ပဲရွင္းေသးတယ္ ဆိုတာမ်ိဳး စသျဖင့္ ဒါေတြကို အေသးစိတ္လိုက္တြက္ေနရင္ အဆင္မေျပပါဘူး။ ဘဝႏွစ္ခု ေပါင္းစပ္ဖို႔ရည္ရြယ္ၾကတဲ့ အခါဒါေတြက အေသးအဖြဲျဖစ္ပါတယ္။ ဒီလိုေတြးမိလိုက္တယ္ဆိုရင္ပဲ မလိုလားအပ္တဲ့ တင္းမာမႈေတြ
 ျဖစ္လာေစႏိုင္ပါတယ္။ အေရးမပါတဲ့အရာေတြအတြက္ အခ်ိန္ကုန္ခံၿပီး တြက္ခ်က္ဖို႔ မလိုပါဘူး။


Credit:Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သာမန်ချစ်သူစုံတွဲအများစုရဲ့ ဆက်ဆံရေးဟာ နေ့စဉ်နေ့တိုင်း ပျော်စရာတွေနဲ့ချည်း ပြည့်နေတာ မဟုတ်ပါဘူး။ ရှည်ကြာတဲ့ ချစ်သက်တမ်းကိုထိန်းထားနိုင်တဲ့ ချစ်သူ ရည်းစား၊ ဇနီးမောင်နှံတွေမှာလည်း သည်းခံလျစ်လျှူရှုရတဲ့ အခါတွေရှိပါလိမ့်မယ်။ သင့်ထက်တောင် ပိုများချင်များနေပါလိမ့်မယ်။

ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို ကြည်နူးစရာချစ်သူနှစ်ဦးရဲ့နောက်ကမြင်ကွင်းမှာ ရောင်စုံသက်တန့်ကြီးနဲ့ လိပ်ပြာကလေးတွေ အပြင်လောကမှာ ရှိမနေတာကို သင်သတိပြုရပါမယ်။ ဆိုလိုချင်တာက သင့်အနေနဲ့ ချစ်သူရည်းစား ဘဝဟာ ပျော်စရာတွေချည်းပဲ ရှိနေမှာမဟုတ်ဘူးဆိုတာကိုတော့ လက်ခံထားရပါမယ်။ ဘယ်လိုပင်ဖြစ်စေ အောက်မှာ ဖော်ပြမယ့် အချက်ကလေးတွေကို
ထိန်းသိမ်းလိုက်နာကြည့်မယ်ဆိုရင် သင့်ရဲ့အချစ်ရေး ပိုအဆင်ပြေချောမွေ့သွား ဖို့ မျှော်လင့်မိပါတယ်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ သူ့ / သူမ ကို သင့်စိတ်တိုင်းကျပုံစံ ဖြစ်လိုခြင်း

ဒါဟာ ချစ်သူစုံတွဲ၊ အိမ်ထောင်သည်တွေကြားထဲမှာ တွေ့ရလေ့ရှိတက်တဲ့ အမှားဖြစ်ပါတယ်။
 ပြန်စဉ်းစားကြည့်လိုက်ပါ။ သင့်ကိုသင်တောင် အမြဲတမ်းစိတ်တိုင်းကျတာမျိုး ဖြစ်မိရဲ့လား
ဆိုတာကိုလေ။ သင့်ရဲ့ချစ်သူကို သင့်စိတ်တိုင်းကျ ပုံသွင်းယူနေတာဟာ အတော်ဆိုးရွားတဲ့ စိတ်ကူးအကြံဉာဏ်ဖြစ်ပါတယ်။ သူ့မှာ သင်မကြိုက်တဲ့အချက် တစ်ချို့ရှိခဲ့ရင်အချိန်ယူပြီး
ရှင်းပြဖျောင်းဖျပြောဆိုရမှာ ဖြစ်ပါတယ်။ဒါပေမယ့်သင့်အိပ်မက်စိတ်ကူးထဲကလို ဘာအပြစ်ပြောစရာမှ
 မရှိတဲ့ သူမျိုး၊ သင့်စိတ်တိုင်းကျနေနိုင်မယ့်သူမျိုးဆိုတာတော့ ဖြစ်ဖို့မလွယ်ပါဘူး။ သင်မကြိုက်လှပေမယ် လက်ခံနိုင်လောက်တဲ့ အရာတွေကို ချင့်ချိန်ပြီးခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ ဒါကိုမှ သင်ဇွတ်တိုးကြိုးစားမယ်ဆိုရင်တော့ ဆက်ဆံရေးဟာ ဆိုးရွားလာဖို့သာ များပါတယ်။

၂။ ကြား စကားများကို ယုံကာ အပြစ်ရှာခြင်း

ဒီအကျင့်လည်း စုံတွဲအတော်များများမှာ တွေ့ရတက်ပါတယ်။ အခိုင်အမာသိထားတာမျိုး မရှိပဲ ကောလဟာလ သတင်းစကားတွေနဲ့ ကိုယ့်ချစ်သူကို အပြစ်ရှာတက်တဲ့ အကျင့်ဖြစ်ပါတယ်။ တစ်ဦးအပေါ်တစ်ဦး အပြစ်မြင်ခြင်းဟာ ဘယ်ဘက်ကြည့်ကြည့် မကောင်းလှပါဘူး။ သူနဲ့ပတ်သတ်တဲ့ သတင်းတစ်ခုခုကြားမိတယ်ဆိုရင် ကိုယ့်ဘက်က ခိုင်ခိုင်မာမာ သိအောင်အရင်ကြိုးစားရမှာ
 ဖြစ်ပါတယ်။ ကာယကံရှင်လောက်တော့ ဘေးလူက ပိုမသိနိုင်ပါဘူး။ ကိုယ်မကြိုက်တာ လုပ်နေကြောင်း သတင်းစကား ကြားခဲ့ရင်တောင် အပြစ်အရင်မပြောပဲ စုံစမ်းပါ။ စုံစမ်းဖို့ အချိန်မရှိရင်၊ အခြေအနေမပေးရင် သူ့ကို တိုက်ရိုက်မေးမြန်းပါ။ မခိုင်လုံတဲ့ သတင်းနဲ့တော့ သွားပြီးအပြစ်တင်ရင် ကိုယ့်ရဲ့ဆက်ဆံရေးကို ကိုယ်ကိုယ်တိုင်ဖျက်ဆီးတာနဲ့ အတူတူပါပဲ။


၃။ လူမြင်ကွင်းမရှောင် ရန်ဖြစ်ခြင်း

လူမြင်ကွင်းမှာ ရန်ဖြစ်တယ်ဆိုလို့ ထိုးကြိတ်သတ်ပုပ်မှ ရန်ဖြစ်တယ်မဟုတ်ပါဘူး။ တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားများရင်လည်း ရန်ဖြစ်တာပါပဲ။ မလွှဲသာလို့သာ တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်နေကြပေမယ့် ပတ်ဝန်းကျင်ကို အရှက်ရနေကြမှာ သေချာပါတယ်။ ရှက်စိတ်ကြီးစိုးသွားရင် ဆက်ဆံရေးဟာ မဖြောင့်ဖြူးတော့ပဲ ဖြစ်သွားပါလိမ့်မယ်။ ဘယ်လောက်ပဲ သေးငယ်တဲ့ ကိစ္စပဲဖြစ်ပါစေ လူမြင်ကွင်းမှာ ရန်မဖြစ်ပါနဲ့။ ဖြစ်ဖို့ အကြောင်းတွေဖန်တီးလာရင်လည်း ကိုယ့်ဘက်သည်းခံလိုက်ပါ။ နှစ်ယောက်တည်းရှိတဲ့အချိန်ကျမှ ဖြေရှင်းပါ။

၄။ စကားမပြောတော့ခြင်း

သင့်ချစ်သူဟာ အကြားအမြင်ဆရာ မဟုတ်ပါဘူး။ သင်ဘာဖြစ်နေလဲ ဆိုတာ သူအမြဲတမ်း အတိအကျမသိနိုင်ပါဘူး။ သင်မကြိုက်တဲ့ကိစ္စတစ်ခုကို သူလုပ်ထားမိတယ်ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ စိတ်ဆိုးလာတဲ့ အခါ ဘာစကားမှ မပြောတော့ပဲ
 နေလိုက်ခြင်းဟာ တဖက်လူကို စိတ်အနှောက်အယှက်များစွာ ဖြစ်စေပါတယ်။ ကျန်းမာတဲ့ချစ်သူစုံတွဲဆက်ဆံရေးမျိုး လိုချင်ရင်တော့ ပွင့်လင်းရမှာ နှစ်ဦးလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ဘာမကျေနပ်လဲ ဆိုတာ ထုတ်သာပြောလိုက်ပါ။ စိတ်ဆိုးလာတဲ့အခါ စကားမပြောတော့တဲ့ အကျင့်ကို တက်နိုင်သလောက် ရှောင်တာ ကောင်းမွန်ပါလိမ့်မယ်။

၅။ မယုံမကြည်ဖြစ်ခြင်း

ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်တွေမှာသာ မက၊ ချစ်သူသမီးရည်းစား ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ဟာလည်း ယုံကြည်မှု ဖြစ်ပါတယ်။ ချစ်သူဇနီးမောင်နှံနှစ်ဦးရဲ့ ဆက်ဆံရေးမှာ ယုံကြည်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်။ သူ့ရဲ့ အကျင့်စာရိတ္တအပေါ် ယုံကြည်မှု ရှိပေးလိုက်ပါ။ သူ့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေအပေါ် လေးစားမှု ပြလိုက်ပါ။ သူ့ရဲ့ အီးမေးလ်တွေ၊ ဖုန်းတွေကို အချိန်ပြည့် စစ်ဆေးမနေပါနဲ့။ အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်မှုမှ တစ်ဦးအပေါ် တစ်ဦးမရှိခဲ့ဘူးဆိုရင် အခြားအရာတွေ ဆောက်တည်ဖို့လည်း မလွယ်ပါဘူး။

၆။ လိမ်ညာခြင်း

လိမ်ညာခြင်းဟာ ဆက်ဆံရေးအတွက် ကြီးမားတဲ့ဆူးညှောင့်ခလုပ်ဖြစ်ပါတယ်။ ချစ်သူစုံတွဲ ကြားထဲမှ မဟုတ်ပါဘူး။ ဘယ်ဆက်ဆံရေးမှာမဆို လိမ်ညာခြင်းဟာ ဆက်ဆံရေးကို လုံးဝပြိုကွဲပျက်စီးစေတဲ့ အရာဖြစ်ပါတယ်။ တစ်ဦးကို တစ်ဦး ယုံကြည်မှုနဲ့ လျှောက်လှမ်းနေတဲ့အချိန် လိမ်ညာခြင်းကို မလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ အလိမ်ခံရတာလည်း ဘယ်သူမှ ကြိုက်မှာမဟုတ်ပါဘူး။ သင်လိမ်နေတာ သူသိသွားရင် ပိုလို့တောင်ဆက်ဆံရေး ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် တက်နိုင်သမျှ ရိုးသားမှုရှိပါ။ ကိုယ့်ဘက်က စပြီးမလိမ်ရအောင် နေထိုင်ပြုမူတာ ဂရုတစိုက်ရှိပါစေ။

၇။ အသေးအဖွဲများက အတင်စီးမခံခြင်း

ကိုယ့်ဘက် အယူချည်းပဲရှိတာလည်း မကောင်းသလို အပေးချည်းပဲရှိတာလည်း မကောင်းပါဘူး။ စုံတွဲတွေအကြားမှာ အပေးအယူမျှတဖို့လည်း လိုပါတယ်။ ဒါပေမယ့်လည်း အသေးအဖွဲတွေကအစ အသေးစိတ်လိုက်တွက်နေစရာ တော့မလိုပါဘူး။ နောက်ဆုံးညစာ ဆယ်ခါစားတုန်းက ငါက ခြောက်ကြိမ်ရှင်းရပြီး သူက လေးကြိမ်ပဲရှင်းသေးတယ် ဆိုတာမျိုး စသဖြင့် ဒါတွေကို အသေးစိတ်လိုက်တွက်နေရင် အဆင်မပြေပါဘူး။ ဘဝနှစ်ခု ပေါင်းစပ်ဖို့ရည်ရွယ်ကြတဲ့ အခါဒါတွေက အသေးအဖွဲဖြစ်ပါတယ်။ ဒီလိုတွေးမိလိုက်တယ်ဆိုရင်ပဲ မလိုလားအပ်တဲ့ တင်းမာမှုတွေ
 ဖြစ်လာစေနိုင်ပါတယ်။ အရေးမပါတဲ့အရာတွေအတွက် အချိန်ကုန်ခံပြီး တွက်ချက်ဖို့ မလိုပါဘူး။


Credit:Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top