iMyanmarHouse.com - Best Property Website for Myanmar
×

သင္တုိ႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကို ေရရွည္ခုိင္ျမဲေစခ်င္တယ္ဆုိရင္ သင္တုိ႔ႏွစ္ေယာက္ၾကားမွာ ျပင္းျပတဲ့အခ်စ္ထက္ ေႏြးေထြးမႈကို ပိုမို လုိအပ္ပါတယ္။

သင့္ခ်စ္သူနဲ႔ သင္ ပိုမိုရင္းႏွီးမႈရဖုိ႔အတြက္ ဒါေလးေတြ လုပ္ေပးသင့္ပါတယ္။

၁။ ေလးနက္တဲ့ ေဆြးေႏြးမႈမ်ဳိး လုပ္ပါ

 တစ္ေယာက္နဲ႔ တစ္ေယာက္ ဆက္သြယ္မႈ မျပတ္ေစဖုိ႔ စကားေျပာတာ၊ စာအျပန္အလွန္ပို႔တာတင္ မကပါဘူး။ ႏွစ္ဦးလံုးရဲ႕ ရင္ထဲက ခံစားခ်က္ေတြ၊ အျမင္ေတြကို ေဆြးေႏြးဖို႔လိုပါတယ္။ သင္ရဲ႕ အေတြးအျမင္၊ အိပ္မက္၊ စိတ္ဆႏၵေတြကို ေျပာသင့္ပါတယ္။

၂။ လက္ခ်င္းတြဲၿပီး လမ္းေလွ်ာက္ထြက္ပါ

 သင္တုိ႔ႏွစ္ေယာက္ ခ်ိန္းေတြ႕တဲ့အခ်ိန္မွာ လက္ခ်င္းတြဲၿပီး လမ္းေလွ်ာက္ရင္း ျဖဴျဖဴစင္စင္ေလး ကုန္ဆံုးခဲ့တဲ့ေန႔ရက္ေတြ ရွိဖို႔လည္း လိုအပ္ပါတယ္။

၃။ အျပန္အလွန္ ႏွိပ္နယ္ေပးပါ

 တစ္ေယာက္နဲ႔ တစ္ေယာက္ႏွိပ္နယ္ေပးျခင္းဟာလည္း ဂ႐ုစိုက္မႈ၊ ၾကင္နာမႈရဲ႕ျပယုဂ္တစ္ခုျဖစ္ၿပီး ရင္းႏွီးမႈ ပိုရေစပါတယ္။

၄။ ခ်စ္ခင္ေၾကာင္း စာေလးေတြ ေရးေပးပါ

အျမဲလုိလို emoji ေလးေတြပါတဲ့ ခ်စ္ေၾကာင္း စာေလးေတြ အျပန္အလွန္ ပို႔ဖူးၾကမွာပါ။ အရင္ေခတ္ကလို စာရြက္မွာ စာေလးေတြ ေရးၿပီး အျပန္အလွန္ပို႔ေပးတာက တစ္ဖက္လူကို ပိုမို ရင္ခုန္ေႏြးေထြးေစပါတယ္။

၅။ ေပြ႕ဖက္ပါ

သင့္ခ်စ္သူက လံုျခံဳေႏြးေထြးတဲ့ခံစားခ်က္ရေစဖုိ႔ ေပြ႕ဖက္ထားေပးသင့္ပါတယ္။ အထူးသျဖင့္ သူ စိတ္ညစ္ေနတဲ့အခါ၊ ဘာစကားမွ မေျပာခ်င္တဲ့အခါ သူ႔ကို ေပြ႕ဖက္႐ံုေလး ေပြ႕ဖက္ေပးထားလုိက္ပါ။

၆။ အျပန္အလွန္ စာဖတ္ျပပါ

ကိုယ္အႀကိဳက္ဆံုး စာအုပ္ထဲက စာပိုဒ္တစ္ပိုဒ္ကို ဖတ္ျပေပးပါ။ ဒါဟာ ခ်စ္သူခ်င္း စိတ္ခ်င္းနီးစပ္မႈရဖုိ႔ လြယ္ကူတဲ့ နည္းလမ္းလည္း ျဖစ္ပါတယ္။

၇။ ညဉ့္နက္ခ်ိန္မွာ ဖုန္းေခၚေပးပါ

အျမဲတမ္းေတာ့ မဟုတ္ဘူးေပါ့။ ခ်စ္္သူကို လြမ္းဆြတ္သတိရခ်ိန္ ဘယ္ေလာက္လြမ္းေၾကာင္း ဖုန္းဆက္ၿပီး ဖြင့္ေျပာလုိက္ပါ။

Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version

သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးကို ရေရှည်ခိုင်မြဲစေချင်တယ်ဆိုရင် သင်တို့နှစ်ယောက်ကြားမှာ ပြင်းပြတဲ့အချစ်ထက် နွေးထွေးမှုကို ပိုမို လိုအပ်ပါတယ်။

သင့်ချစ်သူနဲ့ သင် ပိုမိုရင်းနှီးမှုရဖို့အတွက် ဒါလေးတွေ လုပ်ပေးသင့်ပါတယ်။

၁။ လေးနက်တဲ့ ဆွေးနွေးမှုမျိုး လုပ်ပါ

 တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှု မပြတ်စေဖို့ စကားပြောတာ၊ စာအပြန်အလှန်ပို့တာတင် မကပါဘူး။ နှစ်ဦးလုံးရဲ့ ရင်ထဲက ခံစားချက်တွေ၊ အမြင်တွေကို ဆွေးနွေးဖို့လိုပါတယ်။ သင်ရဲ့ အတွေးအမြင်၊ အိပ်မက်၊ စိတ်ဆန္ဒတွေကို ပြောသင့်ပါတယ်။

၂။ လက်ချင်းတွဲပြီး လမ်းလျှောက်ထွက်ပါ

 သင်တို့နှစ်ယောက် ချိန်းတွေ့တဲ့အချိန်မှာ လက်ချင်းတွဲပြီး လမ်းလျှောက်ရင်း ဖြူဖြူစင်စင်လေး ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ ရှိဖို့လည်း လိုအပ်ပါတယ်။

၃။ အပြန်အလှန် နှိပ်နယ်ပေးပါ

 တစ်ယောက်နဲ့ တစ်ယောက်နှိပ်နယ်ပေးခြင်းဟာလည်း ဂရုစိုက်မှု၊ ကြင်နာမှုရဲ့ပြယုဂ်တစ်ခုဖြစ်ပြီး ရင်းနှီးမှု ပိုရစေပါတယ်။

၄။ ချစ်ခင်ကြောင်း စာလေးတွေ ရေးပေးပါ

အမြဲလိုလို emoji လေးတွေပါတဲ့ ချစ်ကြောင်း စာလေးတွေ အပြန်အလှန် ပို့ဖူးကြမှာပါ။ အရင်ခေတ်ကလို စာရွက်မှာ စာလေးတွေ ရေးပြီး အပြန်အလှန်ပို့ပေးတာက တစ်ဖက်လူကို ပိုမို ရင်ခုန်နွေးထွေးစေပါတယ်။

၅။ ပွေ့ဖက်ပါ

သင့်ချစ်သူက လုံခြုံနွေးထွေးတဲ့ခံစားချက်ရစေဖို့ ပွေ့ဖက်ထားပေးသင့်ပါတယ်။ အထူးသဖြင့် သူ စိတ်ညစ်နေတဲ့အခါ၊ ဘာစကားမှ မပြောချင်တဲ့အခါ သူ့ကို ပွေ့ဖက်ရုံလေး ပွေ့ဖက်ပေးထားလိုက်ပါ။

၆။ အပြန်အလှန် စာဖတ်ပြပါ

ကိုယ်အကြိုက်ဆုံး စာအုပ်ထဲက စာပိုဒ်တစ်ပိုဒ်ကို ဖတ်ပြပေးပါ။ ဒါဟာ ချစ်သူချင်း စိတ်ချင်းနီးစပ်မှုရဖို့ လွယ်ကူတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

၇။ ညဉ့်နက်ချိန်မှာ ဖုန်းခေါ်ပေးပါ

အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ ချစ်သူကို လွမ်းဆွတ်သတိရချိန် ဘယ်လောက်လွမ်းကြောင်း ဖုန်းဆက်ပြီး ဖွင့်ပြောလိုက်ပါ။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top