iMyanmarHouse.com - Best Property Website for Myanmar
×

အူအတက္ေရာင္ရမ္းျခင္းလကၡဏာမ်ားသည္ အလြန္အမင္း မသက္မသာျဖစ္ျခင္း၊ နာက်င္ျခင္းတို႔ျဖစ္ႏုိင္ၿပီး မကုသဘဲထားပါ က အသက္အႏၲရာယ္စိုးရိမ္ရႏုိင္သည္။

အူအတက္ေရာင္ရမ္းေနပါက ၀မ္းဗိုက္ပုိင္း ခ်က္နားမွစနာၿပီး ညာဘက္ေအာက္ပုိင္းတြင္ နာက်င္ေလ့ရိွကာ နာရီအနည္းငယ္အ တြင္း ေ၀ဒနာပုိျပင္းထန္လာႏုိင္သည္။

အူအတက္ေရာင္ရမ္းျခင္း အျခားေသာလကၡဏာမ်ားတြင္ မူး ေမာ္ျခင္း၊ ေအာ့အန္ျခင္း၊ အစာစားခ်င္စိတ္ေပ်ာက္ဆံုးျခင္း၊ ၀မ္း ခ်ဳပ္ျခင္း (သို႔မဟုတ္) ၀မ္းေလွ်ာျခင္း၊ ေလမလည္ႏုိင္ျဖစ္ျခင္း၊ အဖ်ားအနည္းငယ္တက္ျခင္းႏွင့္ ခ်မ္းတုန္ျခင္း၊ အစာအိမ္ ေရာင္ရမ္းျခင္း သက္သာရာရေစရန္ ၀မ္းသြားလိုျခင္းတို႔ ပါ၀င္သည္။

အူအတက္ေရာင္ရမ္းျခင္းသည္ အသက္အႏၲရာယ္ရိွႏုိင္ေသာ အေျခအေနတစ္ရပ္ျဖစ္ၿပီး ခ်က္ခ်င္းကုသမႈခံယူရန္လုိသည္။ မကုသဘဲထားပါက အလြန္ဆိုးရြားလာႏုိင္သည္။

အူအတက္သည္ တစ္ဖက္ပိတ္ႁပြန္လံုးသဏၭာန္တစ္သွ်ဴးျဖစ္သည္။

ေလးလက္မခန္႔ရွည္ၿပီး ၀မ္းဗုိက္ညာဘက္ေအာက္ပုိင္းတြင္ တည္ရိွသည္။

မျပင္းထန္ေသာ အူအတက္ေရာင္ရမ္းမႈကုိ ပဋိဇီ၀ေဆး၀ါးမ်ား ျဖင့္ ကုသႏုိင္ေသာ္လည္း အူအတက္ေရာင္ရမ္းမႈမ်ားအတြက္ ခဲြစိတ္ကုသမႈလည္း ခံယူရေလ့ရိွသည္။ ေပါက္ထြက္ႏုိင္သည့္ အႏၲရာယ္ ရိွေသာ အူအတက္ကုိ ခဲြစိတ္၍ ဖယ္ရွားပစ္ျခင္းျဖစ္သည္။ ယင္းသို႔ မကုသႏုိင္မီ အေျခအေနဆုိးရြားလာပါက အသက္အႏၲရာယ္ႀကံဳ ေတြ႕ႏုိင္သည္။

အူအတက္ေရာင္ရမ္းျခင္းကုိ ေစာေစာစီးစီးကုသရန္ အေရးႀကီး ၿပီး သုိ႔မဟုတ္ပါက အသက္အႏၲရာယ္ရိွသည့္ ႐ႈပ္ေထြးမႈမ်ားျဖစ္ေပၚလာႏုိင္သည့္ အႏၲရာယ္ျမင့္မားသည္။

အူအတက္ေပါက္သြားပါက ေရာဂါပုိးမ်ား၊ အညစ္အေၾကးမ်ား အူလမ္းေၾကာင္းထဲသုိ႔ ၀င္ေရာက္ကာ ႐ႈပ္ေထြးမႈမ်ားျဖစ္ေပၚလာႏုိင္ သည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version
အူအတက်ရောင်ရမ်းခြင်းလက္ခဏာများသည် အလွန်အမင်း မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်းတို့ဖြစ်နိုင်ပြီး မကုသဘဲထားပါ က အသက်အန္တရာယ်စိုးရိမ်ရနိုင်သည်။

အူအတက်ရောင်ရမ်းနေပါက ဝမ်းဗိုက်ပိုင်း ချက်နားမှစနာပြီး ညာဘက်အောက်ပိုင်းတွင် နာကျင်လေ့ရှိကာ နာရီအနည်းငယ်အ တွင်း ဝေဒနာပိုပြင်းထန်လာနိုင်သည်။

အူအတက်ရောင်ရမ်းခြင်း အခြားသောလက္ခဏာများတွင် မူး မော်ခြင်း၊ အော့အန်ခြင်း၊ အစာစားချင်စိတ်ပျောက်ဆုံးခြင်း၊ ဝမ်း ချုပ်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်း၊ လေမလည်နိုင်ဖြစ်ခြင်း၊ အဖျားအနည်းငယ်တက်ခြင်းနှင့် ချမ်းတုန်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်း သက်သာရာရစေရန် ဝမ်းသွားလိုခြင်းတို့ ပါဝင်သည်။

အူအတက်ရောင်ရမ်းခြင်းသည် အသက်အန္တရာယ်ရှိနိုင်သော အခြေအနေတစ်ရပ်ဖြစ်ပြီး ချက်ချင်းကုသမှုခံယူရန်လိုသည်။ မကုသဘဲထားပါက အလွန်ဆိုးရွားလာနိုင်သည်။

အူအတက်သည် တစ်ဖက်ပိတ်ပြွန်လုံးသဏ္ဌာန်တစ်သျှူးဖြစ်သည်။

လေးလက်မခန့်ရှည်ပြီး ဝမ်းဗိုက်ညာဘက်အောက်ပိုင်းတွင် တည်ရှိသည်။

မပြင်းထန်သော အူအတက်ရောင်ရမ်းမှုကို ပဋိဇီဝဆေးဝါးများ ဖြင့် ကုသနိုင်သော်လည်း အူအတက်ရောင်ရမ်းမှုများအတွက် ခွဲစိတ်ကုသမှုလည်း ခံယူရလေ့ရှိသည်။ ပေါက်ထွက်နိုင်သည့် အန္တရာယ် ရှိသော အူအတက်ကို ခွဲစိတ်၍ ဖယ်ရှားပစ်ခြင်းဖြစ်သည်။ ယင်းသို့ မကုသနိုင်မီ အခြေအနေဆိုးရွားလာပါက အသက်အန္တရာယ်ကြုံ တွေ့နိုင်သည်။

အူအတက်ရောင်ရမ်းခြင်းကို စောစောစီးစီးကုသရန် အရေးကြီး ပြီး သို့မဟုတ်ပါက အသက်အန္တရာယ်ရှိသည့် ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မြင့်မားသည်။

အူအတက်ပေါက်သွားပါက ရောဂါပိုးများ၊ အညစ်အကြေးများ အူလမ်းကြောင်းထဲသို့ ဝင်ရောက်ကာ ရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင် သည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top