iMyanmarHouse.com - Best Property Website for Myanmar
×

 ဆီး၊ ၀မ္း မထိန္းႏိုင္ေသးတဲ့အခ်ိန္မွာ ကေလးေတြကို ဒိုင္ပါ (Diaper) ၀တ္ေပးထားတတ္ၾကပါတယ္။ Diaper ေၾကာင့္ မိဘေတြ၊ ကေလးထိန္းသူေတြအတြက္  အလုပ္ရႈပ္တာကိုသက္သာေစေပမယ့္  ကေလးမွာ  Diaper  ၀တ္ထားရျခင္းေၾကာင့္ သက္ေတာင့္သက္သာမရွိေစပါဘူး။ ကေလးငယ္၀မ္းသြားၿပီးတဲ့အခ်ိန္မ်ဳိးမွာ မသိလိုက္ပဲ Diaper ဆက္၀တ္ေပးထားမိျခင္းဟာ နာက်င္နီျမန္းမႈ ပိုျဖစ္ေစတဲ့အေၾကာင္းရင္းပဲျဖစ္ပါတယ္။ ဒါေၾကာင့္  ကေလးမွာ  Diaper ေၾကာင့္ ပြန္းတာ၊ နာက်င္တာ၊ အသားအရည္နီျမန္းတာေတြ (Diaper Rash) နည္းေစေအာင္၊  ျပင္းျပင္းထန္ထန္ နာက်င္နီျမန္းတာမ်ဳိးမခံစားရေအာင္ မိဘေတြအေနနဲ႔ Diaper နဲ႔ပတ္သက္တဲ့ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေလးေတြကို  ေလ့လာထားဖို႔လိုအပ္ပါတယ္။ 

1. ေန႔အခါမွာ Diaper ၀တ္ေပးထားတာဆိုရင္ 45 မိနစ္ တစ္ခါေလာက္ ၀မ္းသြားထားတာရွိမရွိ စစ္ပါ။

2. စုပ္ယူအားေကာင္းတဲ့  Diaper ၊  အ၀တ္ Diaper  ကို ၀တ္ေပးပါ။

3. Diaper ေၾကာင့္  နာက်င္နီျမန္းေနခ်ိန္မွာ သန္႔စင္ေပးမယ္ဆိုပါက  ဆပ္ျပာ၊  alcohol (သို႔)  propylene glycol  ပါ၀င္တဲ့ baby  wipes ကုိ  မသံုးသင့္ပါ။  ဆပ္ျပာသံုးဖို႔လိုလွ်င္လည္း အေပ်ာ့စားဆပ္ျပာကိုသာ အသံုးျပဳသင့္ပါတယ္။  alcohol (သို႔)  propylene glycol  ပါ၀င္တဲ့ baby  wipes ေတြဟာအသားကိုပိုပူေလာင္ေစႏိုင္ၿပီးအသားေပၚမွာဘက္တီးရီးယားပိုးကိုပ်ံ႕သြားေစႏိုင္ပါတယ္။ သန္႔ရွင္းႏူးညံ့တဲ့ အ၀တ္ပိုင္းေလးကို  ေရေႏြးေႏြးေလးဆြတ္ၿပီး သန္႔စင္ေပးကာ
 ေျခာက္ေသြ႔ေအာင္္သုတ္ေပးပါ။   

4. Diaper rash ျဖစ္ေနခ်ိန္မွာ   Diaper ၀တ္ေပးထားတာမ်ဳိးေရွာင္က်ဥ္သင့္ၿပီး diaper  rash  ေပ်ာက္သြားၿပီးေနာက္  diaper ၀တ္ေပးရာမွာလည္း  ဆိုဒ္ႀကီးတာကို ၀တ္ေပးသင့္ပါတယ္။

5. နီျမန္းေနတဲ့ေနရာအနီးရွိ အသားျပင္ေပၚမွာ Zinc oxide  ပါတဲ့  cream  ကို ညင္သာစြာလိမ္းေပးပါ။

6. ဆီးပူေတြသြားရင္ အနာကို ပိုဆိုးေစတဲ့အတြက္ ဆီးပူမသြားေအာင္ ေရမ်ားမ်ားတိုက္ပါ။ 

7. စားပြဲတင္ဇြန္းႏွစ္ဇြန္းစာ  မုန္႔ဖုတ္ဆိုဒါကို ေရေႏြးေႏြးေလးထဲမွာထည့္ေဖ်ာ္ၿပီးေရခ်ဳိးေပးပါ။  အရြယ္နည္းနည္းႀကီးေနၿပီျဖစ္တဲ့  ကေလးေတြဆို  မုန္႔ဖုတ္ေဆာ္ဒါနဲ႔ေဖ်ာ္ထားတဲ့ ေရေႏြးေႏြးထဲမွာ ခပ္ၾကာၾကာေလးထိုင္ခိုင္းထားပါ။  

8. Diaper rash  ျဖစ္ေနခ်ိန္မွာ  ေပါင္ဒါမလိမ္းေပးသင့္ပါဘူး။

9.2-3ရက္အတြင္းdiaperrash  ေတြမသက္သာသြားဘူးဆိုရင္၊နာက်င္နီျမန္းပိုဆိုးလာတာဒါမွမဟုတ္
မၾကာခဏ ျဖစ္ေနမယ္ဆိုရင္၊ ပိုး၀င္တဲ့လကၡဏာ ျဖစ္ေနမယ္ဆိုရင္၊  diaper rash  ဟာ  ခႏၶာကိုယ္တစ္ေလွ်ာက္မွာျဖစ္တဲ့  rash နဲ႕ ဆင္တူေနမယ္ဆိုရင္ ဆရာ၀န္နဲ႔ျပသသင့္ပါၿပီ။




ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:DrMyanmar


#Unicode Version
ဆီး၊ ဝမ်း မထိန်းနိုင်သေးတဲ့အချိန်မှာ ကလေးတွေကို ဒိုင်ပါ (Diaper) ဝတ်ပေးထားတတ်ကြပါတယ်။ Diaper ကြောင့် မိဘတွေ၊ ကလေးထိန်းသူတွေအတွက်  အလုပ်ရှုပ်တာကိုသက်သာစေပေမယ့်  ကလေးမှာ  Diaper  ဝတ်ထားရခြင်းကြောင့် သက်တောင့်သက်သာမရှိစေပါဘူး။ ကလေးငယ်ဝမ်းသွားပြီးတဲ့အချိန်မျိုးမှာ မသိလိုက်ပဲ Diaper ဆက်ဝတ်ပေးထားမိခြင်းဟာ နာကျင်နီမြန်းမှု ပိုဖြစ်စေတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ ဒါကြောင့်  ကလေးမှာ  Diaper ကြောင့် ပွန်းတာ၊ နာကျင်တာ၊ အသားအရည်နီမြန်းတာတွေ (Diaper Rash) နည်းစေအောင်၊  ပြင်းပြင်းထန်ထန် နာကျင်နီမြန်းတာမျိုးမခံစားရအောင် မိဘတွေအနေနဲ့ Diaper နဲ့ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို  လေ့လာထားဖို့လိုအပ်ပါတယ်။

1. နေ့အခါမှာ Diaper ဝတ်ပေးထားတာဆိုရင် 45 မိနစ် တစ်ခါလောက် ဝမ်းသွားထားတာရှိမရှိ စစ်ပါ။

2. စုပ်ယူအားကောင်းတဲ့  Diaper ၊  အဝတ် Diaper  ကို ဝတ်ပေးပါ။

3. Diaper ကြောင့်  နာကျင်နီမြန်းနေချိန်မှာ သန့်စင်ပေးမယ်ဆိုပါက  ဆပ်ပြာ၊  alcohol (သို့)  propylene glycol  ပါဝင်တဲ့ baby  wipes ကို  မသုံးသင့်ပါ။  ဆပ်ပြာသုံးဖို့လိုလျှင်လည်း အပျော့စားဆပ်ပြာကိုသာ အသုံးပြုသင့်ပါတယ်။  alcohol (သို့)  propylene glycol  ပါဝင်တဲ့ baby  wipes တွေဟာ အသားကိုပိုပူလောင်စေနိုင်ပြီး အသားပေါ်မှာဘက်တီးရီးယားပိုးကိုပျံ့သွားစေနိုင်ပါတယ်။ သန့်ရှင်းနူးညံ့တဲ့ အဝတ်ပိုင်းလေးကို  ရေနွေးနွေးလေးဆွတ်ပြီး  သန့်စင်ပေးကာ  ခြောက်သွေ့အောင်သုတ်ပေးပါ။  

4. Diaper rash ဖြစ်နေချိန်မှာ   Diaper ဝတ်ပေးထားတာမျိုးရှောင်ကျဉ်သင့်ပြီး diaper  rash  ပျောက်သွားပြီးနောက်  diaper ဝတ်ပေးရာမှာလည်း  ဆိုဒ်ကြီးတာကို ဝတ်ပေးသင့်ပါတယ်။

5. နီမြန်းနေတဲ့နေရာအနီးရှိ အသားပြင်ပေါ်မှာ Zinc oxide  ပါတဲ့  cream  ကို ညင်သာစွာလိမ်းပေးပါ။

6. ဆီးပူတွေသွားရင် အနာကို ပိုဆိုးစေတဲ့အတွက် ဆီးပူမသွားအောင် ရေများများတိုက်ပါ။

7. စားပွဲတင်ဇွန်းနှစ်ဇွန်းစာ  မုန့်ဖုတ်ဆိုဒါကို ရေနွေးနွေးလေးထဲမှာထည့်ဖျော်ပြီးရေချိုးပေးပါ။  အရွယ်နည်းနည်းကြီးနေပြီဖြစ်တဲ့  ကလေးတွေဆို  မုန့်ဖုတ်ဆော်ဒါနဲ့ဖျော်ထားတဲ့ ရေနွေးနွေးထဲမှာ ခပ်ကြာကြာလေးထိုင်ခိုင်းထားပါ။ 

8. Diaper rash  ဖြစ်နေချိန်မှာ  ပေါင်ဒါမလိမ်းပေးသင့်ပါဘူး။

9. 2-3 ရက်  အတွင်း  diaper rash  တွေ မသက်သာသွားဘူးဆိုရင်၊ နာကျင်နီမြန်းပိုဆိုးလာတာဒါမှမဟုတ်မကြာခဏ ဖြစ်နေမယ်ဆိုရင်၊ ပိုးဝင်တဲ့လက္ခဏာ ဖြစ်နေမယ်ဆိုရင်၊  diaper rash  ဟာ  ခန္ဓာကိုယ်တစ်လျှောက်မှာဖြစ်တဲ့  rash နဲ့ ဆင်တူနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါပြီ။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:DrMyanmar





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top