iMyanmarHouse.com - Best Property Website for Myanmar
×

ဘုရင္မၾကီး Elizabeht ရဲ႕ ေျမးအငယ္ ေတာ္ဝင္မင္းသား ဟယ္ရီကို သရုပ္ေဆာင္မင္းသမီး Meghan Markle နဲ႔ အခ်စ္ေရးဆက္ဆံမႈ ဆက္လက္ထိန္းသိမ္းဖုိ႔ ဘုရင္မၾကီးက ေထာက္ခံေၾကာင္း Us Weekly က သတင္းေဖာ္ျပခဲ့ပါတယ္။ ဘုရင္မၾကီးက သူတုိ႔ ႏွစ္ဦးကို အျပည့္အဝ ေထာက္ခံမႈေပးျပီး ဟယ္ရီကို ဒီလုိခ်စ္စရာ အခ်စ္ေရးဆက္ဆံေရးမွာ ျမင္ေတြ႔ရတာ ေပ်ာ္ရႊင္ေက်နပ္စရာေကာင္းတာေၾကာင့္ ေက်နပ္ေနေၾကာင္း ဘာကင္ဟမ္နန္းေတာ္ အတြင္းလူတစ္ဦးရဲ႕အဆုိအရ သိရပါတယ္။

Markle ဟာ ဘုရင္မၾကီးနဲ႔ မဆုံဖူးေပမယ့္ ပိတ္ပင္တားျမစ္ခံရမွာ မဟုတ္ပါဘူး။ ေျပာမယ္ဆုိရင္ Kate Middleton ဘုရင္မနဲ႔ ေတြ႔ဆုံဖုိ႔ ၅ ႏွစ္အခ်ိန္ၾကာျမင့္ခဲ့ပါတယ္။ ဒီမင္းသမီးဟာ ေတာ္ဝင္မင္းသား ဟယ္ရီနဲ႔ တစ္ႏွစ္နီးပါး လက္တြဲျပီးမွသာ ေတာ္ဝင္မိသားစုနဲ႔ ေတြ႔ဆုံဖုိ႔ အေလးအနက္စဥ္းစားခဲ့ပါတယ္။ အစပထမအေနနဲ႔ ႏုိဝင္ဘာလ ဒန္လန္ခရီးစဥ္တစ္ခုအတြင္း ေတာ္ဝင္မင္းသား ဝီလွ်ံနဲ႔ ေတြ႔ဆုံခဲ့တာပါ။ ဘုရင္မနည္းတူ Cambridge ျမိဳ႕စားကလည္း ဒီစုံတြဲသစ္အတြက္ကို ေထာက္ခံမႈ ျပသခဲ့ပါတယ္။ ဒီမင္းသမီးအေနနဲ႔ ဟယ္ရီ႕ဖခင္ ေတာ္ဝင္မင္းသား ခ်ားလ္စ္ကိုလည္း စိတ္ဝင္စားမႈ ရေစခဲ့ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ Markle မေတြ႔ဆုံရေသးတဲ့ ေတာ္ဝင္မိသားစုဝင္မ်ားစြာ ရိွေနပါေသးတယ္။ သူတုိ႔ႏွစ္ဦးေတြ႔ဆုံမႈသတင္းေတြ မရိွခဲ့ေပမယ့္ Markle Meghan ဘယ္သူလဲဆုိတာ သိရိွဖုိ႔ Middleton တကယ္ စိတ္အားထက္သန္ေနတယ္လုိ႔ သတင္းအရင္းအျမစ္တစ္ခုက Us ကို ေျပာျပခဲ့ပါတယ္။
ဒီအတန္ၾကာေစာင့္ဆုိင္းခဲ့တဲ့ေတြ႔ဆုံမႈ မျဖစ္ပြားခင္အခ်ိန္ထိ Markle နဲ႔ Harry တုိ႔ လန္ဒန္ သုိ႔မဟုတ္ တုိရြန္းတုိးသုိ႔ ခဏတျဖဳတ္ ပုံမွန္လည္ပတ္ေနၾကျမဲျဖစ္ပါတယ္။ ယူေကသုိ႔ ေနာက္ဆုံးခရီးစဥ္အတြင္းမွာလည္း သူတုိ႔ႏွစ္ဦးဟာ လမ္းမွာ ပထမဆုံးအၾကိမ္ ဓာတ္ပုံအတူရုိက္ခဲ့ၾကပါေသးတယ္။

Credit : Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘုရင်မကြီး Elizabeht ရဲ့ မြေးအငယ် တော်ဝင်မင်းသား ဟယ်ရီကို သရုပ်ဆောင်မင်းသမီး Meghan Markle နဲ့ အချစ်ရေးဆက်ဆံမှု ဆက်လက်ထိန်းသိမ်းဖို့ ဘုရင်မကြီးက ထောက်ခံကြောင်း Us Weekly က သတင်းဖော်ပြခဲ့ပါတယ်။ ဘုရင်မကြီးက သူတို့ နှစ်ဦးကို အပြည့်အဝ ထောက်ခံမှုပေးပြီး ဟယ်ရီကို ဒီလိုချစ်စရာ အချစ်ရေးဆက်ဆံရေးမှာ မြင်တွေ့ရတာ ပျော်ရွှင်ကျေနပ်စရာကောင်းတာကြောင့် ကျေနပ်နေကြောင်း ဘာကင်ဟမ်နန်းတော် အတွင်းလူတစ်ဦးရဲ့အဆိုအရ သိရပါတယ်။



Markle ဟာ ဘုရင်မကြီးနဲ့ မဆုံဖူးပေမယ့် ပိတ်ပင်တားမြစ်ခံရမှာ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် Kate Middleton ဘုရင်မနဲ့ တွေ့ဆုံဖို့ ၅ နှစ်အချိန်ကြာမြင့်ခဲ့ပါတယ်။ ဒီမင်းသမီးဟာ တော်ဝင်မင်းသား ဟယ်ရီနဲ့ တစ်နှစ်နီးပါး လက်တွဲပြီးမှသာ တော်ဝင်မိသားစုနဲ့ တွေ့ဆုံဖို့ အလေးအနက်စဉ်းစားခဲ့ပါတယ်။ အစပထမအနေနဲ့ နိုဝင်ဘာလ ဒန်လန်ခရီးစဉ်တစ်ခုအတွင်း တော်ဝင်မင်းသား ဝီလျှံနဲ့ တွေ့ဆုံခဲ့တာပါ။ ဘုရင်မနည်းတူ Cambridge မြို့စားကလည်း ဒီစုံတွဲသစ်အတွက်ကို ထောက်ခံမှု ပြသခဲ့ပါတယ်။ ဒီမင်းသမီးအနေနဲ့ ဟယ်ရီ့ဖခင် တော်ဝင်မင်းသား ချားလ်စ်ကိုလည်း စိတ်ဝင်စားမှု ရစေခဲ့ကြောင်း သိရပါတယ်။



ဒါပေမယ့် Markle မတွေ့ဆုံရသေးတဲ့ တော်ဝင်မိသားစုဝင်များစွာ ရှိနေပါသေးတယ်။ သူတို့နှစ်ဦးတွေ့ဆုံမှုသတင်းတွေ မရှိခဲ့ပေမယ့် Markle Meghan ဘယ်သူလဲဆိုတာ သိရှိဖို့ Middleton တကယ် စိတ်အားထက်သန်နေတယ်လို့ သတင်းအရင်းအမြစ်တစ်ခုက Us ကို ပြောပြခဲ့ပါတယ်။

ဒီအတန်ကြာစောင့်ဆိုင်းခဲ့တဲ့တွေ့ဆုံမှု မဖြစ်ပွားခင်အချိန်ထိ Markle နဲ့ Harry တို့ လန်ဒန် သို့မဟုတ် တိုရွန်းတိုးသို့ ခဏတဖြုတ် ပုံမှန်လည်ပတ်နေကြမြဲဖြစ်ပါတယ်။ ယူကေသို့ နောက်ဆုံးခရီးစဉ်အတွင်းမှာလည်း သူတို့နှစ်ဦးဟာ လမ်းမှာ ပထမဆုံးအကြိမ် ဓာတ်ပုံအတူရိုက်ခဲ့ကြပါသေးတယ်။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top