iMyanmarHouse.com - Best Property Website for Myanmar
×

မ်ဳိးစပ္ထားတဲ့ အစိမ္းေရာင္စပ်စ္သီး cotton candy grapes အေၾကာင္းစၾကားတုန္းက အင္တာနက္က ကြ်ႏု္ပ္တုိ႔ရဲ႕ စပ်စ္သီးၾကိဳက္ႏွစ္သက္မႈကို က်ီစယ္ေနတယ္ပဲ ကြ်ႏု္ပ္တုိ႔ ယူဆခဲ့ၾကပါတယ္။ ဒီလိုမ်ိဳး သစ္သီးအဆန္းေတြ ဘယ္လုိလုပ္ ရွိႏိုင္မွာလဲ။ တအံ့တၾသျဖစ္ရတာက ဒါေတြ တကယ္ရိွျပီး မိမိတုိ႔လက္နဲ႔ ထိကိုင္ၾကည့္ႏိုင္ခဲ့ၾကပါတယ္။ အခုလည္း ေနာက္သစ္သီး အထူးအဆန္းတစ္မ်ဳိးက ကြ်ႏု္ပ္တုိ႔ကို စိတ္ဝင္စားေစခဲ့ျပန္ပါတယ္။ ပန္းေရာင္နာနတ္သီးပါ။

ခရမ္းေရာင္အာလူး၊ cotton candy grapes နဲ႔ ပန္းေရာင္နာနတ္သီးေတြက တကယ္ရိွေနတာပါ။ သူတို႔ေတြမွာ သစ္သီးစုိက္ပ်ဳိးထုတ္လုပ္တဲ့ ဘီလူးၾကီး Del Monte လက္ေအာက္မွာ မူပုိင္ခြင့္ရိွ မ်ဳိးေပါက္စိုက္ပ်ဳိးထားတဲ့ သစ္သီးေတြ ျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္ကတည္းက စုိက္ပ်ဳိးတဲ့ ဒီအသီးကို အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးအဖြဲ႔ရဲ႕ ေထာက္ခံမႈအမွတ္တံဆိပ္ကို ခုအပတ္မွ ရရိွခဲ့တယ္လုိ႔ NBC သတင္းဌာနက ေဖာ္ျပထားပါတယ္။ အခုခ်ိန္ထိ Del Monte ဟာ Costa Rica မွာ ပန္းေရာင္နာနတ္သီး စုိက္ပ်ဳိးထုတ္လုပ္တဲ့ တစ္ခုတည္းေသာ ကုမၸဏီျဖစ္ပါတယ္။

သူတုိ႔ကို ခရမ္းခ်ဥ္သီးေတြ နီျမန္းတဲ့ အေရာင္အေသြး ျဖစ္ေစတဲ့ ပစၥည္း lycopene ထည့္ေပါင္းကာ ႏွင္းဆီေရာင္ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ေနာက္ျပီး ဒီသစ္သီးကို ပိုမိုခ်ဳိျမေအာင္ ျပဳလုပ္ထားတယ္လုိ႔ Del Monte က အခုိင္အမာဆိုထားပါတယ္။ ဒီအသီးကို "အခ်ဳိဓာတ္ကဲ လတ္ဆတ္ပန္းေရာင္နာနတ္သီး" လုိ႔ label သစ္ေပးဖုိ႔ ရည္ရြယ္ထားေၾကာင္း သိရပါတယ္။


Credit : Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျိုးစပ်ထားတဲ့ အစိမ်းရောင်စပျစ်သီး cotton candy grapes အကြောင်းစကြားတုန်းက အင်တာနက်က ကျွနု်ပ်တို့ရဲ့ စပျစ်သီးကြိုက်နှစ်သက်မှုကို ကျီစယ်နေတယ်ပဲ ကျွနု်ပ်တို့ ယူဆခဲ့ကြပါတယ်။ ဒီလိုမျိုး သစ်သီးအဆန်းတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ တအံ့တသြဖြစ်ရတာက ဒါတွေ တကယ်ရှိပြီး မိမိတို့လက်နဲ့ ထိကိုင်ကြည့်နိုင်ခဲ့ကြပါတယ်။ အခုလည်း နောက်သစ်သီး အထူးအဆန်းတစ်မျိုးက ကျွနု်ပ်တို့ကို စိတ်ဝင်စားစေခဲ့ပြန်ပါတယ်။ ပန်းရောင်နာနတ်သီးပါ။

ခရမ်းရောင်အာလူး၊ cotton candy grapes နဲ့ ပန်းရောင်နာနတ်သီးတွေက တကယ်ရှိနေတာပါ။ သူတို့တွေမှာ သစ်သီးစိုက်ပျိုးထုတ်လုပ်တဲ့ ဘီလူးကြီး Del Monte လက်အောက်မှာ မူပိုင်ခွင့်ရှိ မျိုးပေါက်စိုက်ပျိုးထားတဲ့ သစ်သီးတွေ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက စိုက်ပျိုးတဲ့ ဒီအသီးကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ ထောက်ခံမှုအမှတ်တံဆိပ်ကို ခုအပတ်မှ ရရှိခဲ့တယ်လို့ NBC သတင်းဌာနက ဖော်ပြထားပါတယ်။ အခုချိန်ထိ Del Monte ဟာ Costa Rica မှာ ပန်းရောင်နာနတ်သီး စိုက်ပျိုးထုတ်လုပ်တဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။

သူတို့ကို ခရမ်းချဉ်သီးတွေ နီမြန်းတဲ့ အရောင်အသွေး ဖြစ်စေတဲ့ ပစ္စည်း lycopene ထည့်ပေါင်းကာ နှင်းဆီရောင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီသစ်သီးကို ပိုမိုချိုမြအောင် ပြုလုပ်ထားတယ်လို့ Del Monte က အခိုင်အမာဆိုထားပါတယ်။ ဒီအသီးကို "အချိုဓာတ်ကဲ လတ်ဆတ်ပန်းရောင်နာနတ်သီး" လို့ label သစ်ပေးဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။



Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top