iMyanmarHouse.com - Best Property Website for Myanmar
×

ကဲဒီေန႕က ပ်ိဳေမတို႔ အတြက္ ကုန္က်စရိတ္လည္းသက္သာ လုပ္ရတာလည္းလြယ္ကူၿပီး အရမ္းလည္း အစြမ္းထက္တဲ့ ဆံပင္ေပါင္းတင္နည္းေလးကို တင္ေပးမယ္ေနာ္။ ဝါသနာပါတဲ့ ေယာကၤ်ားေလးမ်ားလည္း စမ္းၾကည့္နိုင္ပါတယ္။

တခါတေလမွာ ဆံပင္အရွည္ေႏွးေနလို႔ အားမလိုအားမရျဖစ္ေနသူေတြ အတြက္လည္းအားထားရမဲ့ ဆံပင္သန္ေဆးပါ။ အရွည္မထားေပမဲ့ ဆံႏြယ္လုံးေသးမွ်င္ၿပီး ဆံပင္အားမရွိ ပုံသြင္းလို႔ မလြယ္သူေလးေတြအတြက္လဲ သုံးနိုင္တဲ့ ေပါင္္းေဆးကေတာ့ ၾကက္ဥေဆးပါပဲ။ ဒီေန႕ အတြက္ေတာ့ ၾကက္ဥနဲ႕ ဆံပင္ေပါင္းတင္အားျဖည့္နည္း အေၾကာင္းအရင္ေျပာျပေပးမွာျဖစ္ပါတယ္။

တကယ္ေတာ့ ၾကက္ဥကဆံပင္အတြက္ အေကာင္းဆုံး conditioner လို႔ဆိုနိုင္ပါတယ္။ ဆံပင္ကိုၾကက္ဥနဲ႕လိမ္း ဦးေရျပားကို ႏွိပ္နယ္ေပး႐ုံနဲ႕တင္ ဆံပင္သန္ေစတာပါ။ ၾကက္ဥမွာပါတဲ့ protein ကဆံပင္ကိုအားရွိေစတာပါ။

၁။ ၾကက္ဥတစ္လုံးကို (အႏွစ္ေကာ..အကာပါ)

ခြက္ထဲေဖာက္ထည့္ၿပီး အျမႇုပ္ထေအာင္ေခါက္ပါ။

၂။ ေခါင္းေလွ်ာ္ၿပီးစ ေရစိုေနတဲ့ဆံသားေပၚ ေလာင္းထည့္လိုက္ပါ။

၃။ အရင္းကအဖ်ားထိ ႏွံ႕စပ္ေအာင္သုတ္လိမ္းပါ။

၄။ ဦးေရဖ်ားကို ႏွိပ္နယ္ေပးပါ။

၅။ ၄၅ မိနစ္ေလာက္ထားပါ။

၆။ ၿပီးရင္ေရေအးနဲ႕ Shampoo သုံးၿပီးေခါင္းျပန္ေလွ်ာ္ပါ။

၇။ တစ္ပတ္ တစ္ႀကိမ္ (သို႔) သိပ္ဆိုးရင္ ႏွစ္ႀကိမ္ တစ္လတိတိ လုပ္ၾကည့္ၿပီးရင္ သိသာတဲ့ ရလဒ္ကိုရၿပီလို႔ဆိုပါတယ္။

တခ်ိဳ႕မိန္းကေလးေတြက ၾကက္ဥစိမ္းရဲ႕ အနံ႕ကိုမႀကိဳက္ၾကပါဘူး ။ ဒါေပမဲ့ျပန္ေလွ်ာ္လိုက္ရတာပဲမို႔ ခဏေတာ့သည္းခံလိုက္ပါလို႔ အႀကံေပးခ်င္ပါတယ္ ။ ကဲစမ္းၾကည့္လိုက္ရေအာင္ေနာ္. .

အိမ္မွာအလြယ္တကူအသုံးျပဳနိုင္ၿပီးတကယ့္ကို

ထိေရာက္တဲ့ေဆးနည္းတစ္ခုျဖစ္ပါတယ္..။မည္သူ

မဆိုစိတ္ခ်မ္းသာစြာကူးယူမွ်ေဝနိုင္ပါတယ္...။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

credit : myanmar load

#Unicode Version

ကဲဒီနေ့က ပျိုမေတို့ အတွက် ကုန်ကျစရိတ်လည်းသက်သာ လုပ်ရတာလည်းလွယ်ကူပြီး အရမ်းလည်း အစွမ်းထက်တဲ့ ဆံပင်ပေါင်းတင်နည်းလေးကို တင်ပေးမယ်နော်။ ဝါသနာပါတဲ့ ယောင်္ကျားလေးများလည်း စမ်းကြည့်နိုင်ပါတယ်။

တခါတလေမှာ ဆံပင်အရှည်နှေးနေလို့ အားမလိုအားမရဖြစ်နေသူတွေ အတွက်လည်းအားထားရမဲ့ ဆံပင်သန်ဆေးပါ။ အရှည်မထားပေမဲ့ ဆံနွယ်လုံးသေးမျှင်ပြီး ဆံပင်အားမရှိ ပုံသွင်းလို့ မလွယ်သူလေးတွေအတွက်လဲ သုံးနိုင်တဲ့ ပေါင်းဆေးကတော့ ကြက်ဥဆေးပါပဲ။ ဒီနေ့ အတွက်တော့ ကြက်ဥနဲ့ ဆံပင်ပေါင်းတင်အားဖြည့်နည်း အကြောင်းအရင်ပြောပြပေးမှာဖြစ်ပါတယ်။

တကယ်တော့ ကြက်ဥကဆံပင်အတွက် အကောင်းဆုံး conditioner လို့ဆိုနိုင်ပါတယ်။ ဆံပင်ကိုကြက်ဥနဲ့လိမ်း ဦးရေပြားကို နှိပ်နယ်ပေးရုံနဲ့တင် ဆံပင်သန်စေတာပါ။ ကြက်ဥမှာပါတဲ့ protein ကဆံပင်ကိုအားရှိစေတာပါ။

၁။ ကြက်ဥတစ်လုံးကို (အနှစ်ကော..အကာပါ)

ခွက်ထဲဖောက်ထည့်ပြီး အမြှုပ်ထအောင်ခေါက်ပါ။

၂။ ခေါင်းလျှော်ပြီးစ ရေစိုနေတဲ့ဆံသားပေါ် လောင်းထည့်လိုက်ပါ။

၃။ အရင်းကအဖျားထိ နှံ့စပ်အောင်သုတ်လိမ်းပါ။

၄။ ဦးရေဖျားကို နှိပ်နယ်ပေးပါ။

၅။ ၄၅ မိနစ်လောက်ထားပါ။

၆။ ပြီးရင်ရေအေးနဲ့ Shampoo သုံးပြီးခေါင်းပြန်လျှော်ပါ။

၇။ တစ်ပတ် တစ်ကြိမ် (သို့) သိပ်ဆိုးရင် နှစ်ကြိမ် တစ်လတိတိ လုပ်ကြည့်ပြီးရင် သိသာတဲ့ ရလဒ်ကိုရပြီလို့ဆိုပါတယ်။

တချို့မိန်းကလေးတွေက ကြက်ဥစိမ်းရဲ့ အနံ့ကိုမကြိုက်ကြပါဘူး ။ ဒါပေမဲ့ပြန်လျှော်လိုက်ရတာပဲမို့ ခဏတော့သည်းခံလိုက်ပါလို့ အကြံပေးချင်ပါတယ် ။ ကဲစမ်းကြည့်လိုက်ရအောင်နော်. .

အိမ်မှာအလွယ်တကူအသုံးပြုနိုင်ပြီးတကယ့်ကို

ထိရောက်တဲ့ဆေးနည်းတစ်ခုဖြစ်ပါတယ်..။မည်သူ

မဆိုစိတ်ချမ်းသာစွာကူးယူမျှဝေနိုင်ပါတယ်...။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

credit : myanmar load
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top