iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအႏွံေတြက ခႏၶာကိုယ္အတြက္ အရမ္းေကာင္းတယ္လို႔ သိထားၾကေပမဲ့ တခ်ဳိ႕အစားအစာေတြနဲ႔ တြဲစားမိတဲ့အခါ အႏၱရာယ္ျဖစ္ေစႏုိင္တာမ်ဳိးေတြ ၾကဳံရတတ္ပါတယ္။ သူတုိ႔မွာ ထူးျခားတဲ့ ဂုဏ္သတၱိေတြရွိေနေပမဲ့ အခုေျပာျပမယ့္အစားအစာေတြက တစ္ျပိဳင္တည္းတြဲစားမယ္ဆုိရင္ လူၾကီးေတြဆိုရင္ ေနထုိင္မေကာင္းျဖစ္ေစရုံေပမဲ့ ကေလးငယ္ေတြမွာေသဆုံးတဲ့အထိ ျဖစ္ေစႏုိင္တာေၾကာင့္ သတိထားဖို႔ ေဖာ္ျပလိုပါတယ္။

ငွက္ေပ်ာသီးနဲ႔ ပူတင္း
ဒီအတြဲက လူၾကီးေတြမွာ အစာအိမ္ျပည့္အင့္ျပီးေနထုိင္မေကာင္းျဖစ္ေစတယ္။ စိတ္အာရုံစုစည္းႏုိင္မႈကို က်ဆင္းေစျပီး ကိုယ္တြင္းအဆိပ္ထြက္ရွိမႈကို တုိးေစႏုိင္တာေၾကာင့္ ေမြးစကေလးငယ္ေတြမွာ ေသဆုံးတဲ့အထိ ျဖစ္ႏုိင္ပါတယ္။

လိေမၼာ္သီးႏွင့္ မုန္လာဥနီ
သဘာဝအသီးေဖ်ာ္ရည္ေတြေရာင္းတဲ့ေနရာမွာ ဒီအသီးအႏွံအတြဲက အရမ္းနာမည္ၾကီးေပမဲ့ အခန္႔မသင့္တဲ့အခါ ႏွစ္ခုကိုတစ္ျပိဳင္နက္တည္း စားသုံးမိတဲ့သူေတြမွာ ရင္ပူေစတာ၊ အစာေျခရည္ အလြန္အကၽြံထြက္ေစတာနဲ႔အတူ ေက်ာက္ကပ္စနစ္ကိုလည္း ပ်က္စီးေစတဲ့အထိ ျဖစ္ေစတတ္တဲ့အတြက္ ျပင္းထန္တဲ့ေရာဂါတစ္ခုကို အစပ်ဳိးေစတာျဖစ္ပါတယ္။

နာနတ္သီးနဲ႔ ႏြားႏုိ႔
ဒီအစာႏွစ္ခုကို တြဲျပီးစားသုံးမိတဲ့အခါ ခႏၶာကိုယ္တြင္း အဆိပ္ျဖစ္ေစျပီး အစာအိမ္ေအာင့္တာ၊ အန္ခ်င္သလိုျဖစ္တာနဲ႔ ေခါင္းကိုက္တာေတြျဖစ္ေစႏုိင္ျပီး ဝမ္းေလွ်ာျခင္းကိုလည္း ျဖစ္ေစႏုိင္ပါတယ္။

သေဘာၤသီးနဲ႔ သံပုယုိသီး
ဒီအတြဲက ေသြးအားနည္းေရာဂါကို ျဖစ္ေစႏုိင္ျပီး သင့္ရဲ႕ ေဟမုိဂလုိဘင္ဓာတ္ ( ေသြးတြင္းရွိ ပရုိတင္းဓာတ္)ကို ထိခုိက္ေစႏုိင္တဲ့အတြက္ အတတ္ႏုိင္ဆုံးေရွာင္ၾကဥ္သင့္ပါတယ္။ ကေလးေတြကို သေဘာၤသီးနဲ႔ သံပုယုိသီးတြဲမေကၽြးမိေစေအာင္ သတိထားဖို႔ အေရးၾကီးပါတယ္။

မာလကာသီးနဲ႔ ငွက္ေပ်ာသီး
အစာအိမ္အခ်ဥ္ေပါက္ျခင္းျဖစ္ေစတာေၾကာင့္ အန္ခ်င္သလိုျဖစ္တာ၊ ဗုိက္အင့္တာ၊ ေခါင္းကိုက္တာနဲ႔ အစာအိမ္နာေတြျဖစ္ေစႏုိင္ပါတယ္။

လိေမၼာ္သီးနဲ႔ ႏြားႏုိ႔
 လိေမၼာ္ရည္နဲ႔ ႏြားႏုိ႔ကုိ တြဲျပီးေသာက္မိတဲ့အခါ အစာအိမ္ထဲမွာ အစာေခ်ဖို႔ခက္ခဲသြားေစတာေၾကာင့္ ကေလးေတြအတြက္ဆုိရင္ ပိုျပီး အႏၱရာယ္မ်ားလွပါတယ္။

ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးမ်ား
သစ္သီးေတြမွာ သၾကားဓာတ္မ်ားတဲ့အတြက္ အစာေခ်ရည္ေတြက ဟင္းသီးဟင္းရြက္ေတြကို စနစ္တက်အစာမေခ်ႏုိင္ေအာင္ျဖစ္ေစပါတယ္။ ဟင္းသီးဟင္းရြက္ေတြေၾကာင့္ သစ္သီးက အစာအိမ္ထဲမွာ အခ်ဥ္ေပါက္သလိုျဖစ္ေစျပီး အဆိပ္ေတြကို ပိုျပီးထြက္ေစကာ အစာအိမ္နာတာ၊ ကူးစက္ပိုးဝင္တာ၊ ဝမ္းပ်က္တာနဲ႔ ေခါင္းကိုက္တာမ်ဳိးေတြျဖစ္ေစတတ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

အသီးအနှံတွေက ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်လို့ သိထားကြပေမဲ့ တချို့အစားအစာတွေနဲ့ တွဲစားမိတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ သူတို့မှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိနေပေမဲ့ အခုပြောပြမယ့်အစားအစာတွေက တစ်ပြိုင်တည်းတွဲစားမယ်ဆိုရင် လူကြီးတွေဆိုရင် နေထိုင်မကောင်းဖြစ်စေရုံပေမဲ့ ကလေးငယ်တွေမှာသေဆုံးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိထားဖို့ ဖော်ပြလိုပါတယ်။

ငှက်ပျောသီးနဲ့ ပူတင်း
ဒီအတွဲက လူကြီးတွေမှာ အစာအိမ်ပြည့်အင့်ပြီးနေထိုင်မကောင်းဖြစ်စေတယ်။ စိတ်အာရုံစုစည်းနိုင်မှုကို ကျဆင်းစေပြီး ကိုယ်တွင်းအဆိပ်ထွက်ရှိမှုကို တိုးစေနိုင်တာကြောင့် မွေးစကလေးငယ်တွေမှာ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

လိမ္မော်သီးနှင့် မုန်လာဥနီ
သဘာဝအသီးဖျော်ရည်တွေရောင်းတဲ့နေရာမှာ ဒီအသီးအနှံအတွဲက အရမ်းနာမည်ကြီးပေမဲ့ အခန့်မသင့်တဲ့အခါ နှစ်ခုကိုတစ်ပြိုင်နက်တည်း စားသုံးမိတဲ့သူတွေမှာ ရင်ပူစေတာ၊ အစာခြေရည် အလွန်အကျွံထွက်စေတာနဲ့အတူ ကျောက်ကပ်စနစ်ကိုလည်း ပျက်စီးစေတဲ့အထိ ဖြစ်စေတတ်တဲ့အတွက် ပြင်းထန်တဲ့ရောဂါတစ်ခုကို အစပျိုးစေတာဖြစ်ပါတယ်။

နာနတ်သီးနဲ့ နွားနို့
ဒီအစာနှစ်ခုကို တွဲပြီးစားသုံးမိတဲ့အခါ ခန္ဓာကိုယ်တွင်း အဆိပ်ဖြစ်စေပြီး အစာအိမ်အောင့်တာ၊ အန်ချင်သလိုဖြစ်တာနဲ့ ခေါင်းကိုက်တာတွေဖြစ်စေနိုင်ပြီး ဝမ်းလျှောခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

သဘောၤသီးနဲ့ သံပုယိုသီး
ဒီအတွဲက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပြီး သင့်ရဲ့ ဟေမိုဂလိုဘင်ဓာတ် ( သွေးတွင်းရှိ ပရိုတင်းဓာတ်)ကို ထိခိုက်စေနိုင်တဲ့အတွက် အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။ ကလေးတွေကို သဘောၤသီးနဲ့ သံပုယိုသီးတွဲမကျွေးမိစေအောင် သတိထားဖို့ အရေးကြီးပါတယ်။

မာလကာသီးနဲ့ ငှက်ပျောသီး
အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်စေတာကြောင့် အန်ချင်သလိုဖြစ်တာ၊ ဗိုက်အင့်တာ၊ ခေါင်းကိုက်တာနဲ့ အစာအိမ်နာတွေဖြစ်စေနိုင်ပါတယ်။

လိမ္မော်သီးနဲ့ နွားနို့
 လိမ္မော်ရည်နဲ့ နွားနို့ကို တွဲပြီးသောက်မိတဲ့အခါ အစာအိမ်ထဲမှာ အစာချေဖို့ခက်ခဲသွားစေတာကြောင့် ကလေးတွေအတွက်ဆိုရင် ပိုပြီး အန္တရာယ်များလှပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ
သစ်သီးတွေမှာ သကြားဓာတ်များတဲ့အတွက် အစာချေရည်တွေက ဟင်းသီးဟင်းရွက်တွေကို စနစ်တကျအစာမချေနိုင်အောင်ဖြစ်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေကြောင့် သစ်သီးက အစာအိမ်ထဲမှာ အချဉ်ပေါက်သလိုဖြစ်စေပြီး အဆိပ်တွေကို ပိုပြီးထွက်စေကာ အစာအိမ်နာတာ၊ ကူးစက်ပိုးဝင်တာ၊ ဝမ်းပျက်တာနဲ့ ခေါင်းကိုက်တာမျိုးတွေဖြစ်စေတတ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top