iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္သီဆိုတဲ့  ေတးသီခ်င္းေတြကတစ္ဆင့္ ပရိသတ္ကို စိတ္ဓာတ္ခြန္အားေတြ ေပးေနေပမယ့္ ကိုယ္ကိုတိုင္ စိတ္ဒဏ္ရာ ခံစားေနရသူကေတာ့ Lady Gaga ပါပဲ။ သူမဟာ အျခားအႏုပညာရွင္ေတြနဲ႕မတူ တမူထူးျခားစြာ ရဲရဲရင့္ရင့္ ေနထုိင္တတ္သူျဖစ္ျပီး လိင္တူခ်စ္သူေတြအတြက္လည္း သူမလုပ္ေဆာင္ေပးခဲ့တဲ့အရာေတြ မ်ားစြာရွိပါတယ္။ ဒါေပမယ့္ သူမဟာ ဒီလိုအႏုပညာလႈပ္ရွားမႈေတြ၊ လူမႈေရးလုပ္ငန္းေတြ အားတင္းလုပ္ေဆာင္ေနေပမယ့္ ေန႕စဥ္ေန႕တုိင္း သူမရင္ဆုိင္ေနရတဲ့ စိတ္ဒုကၡေတြကလည္း မေသးပါဘူး။ သူမခံစားေနရတာက စိတ္ေရာဂါတစ္မ်ိဳးပါပဲ။ သူက နာက်င္စရာ အေျခအေန၊ ေၾကာက္စရာအေျခအေနတစ္ခုကို ၾကံဳလိုက္ရတဲ့သူေတြ ခံစားရေလ့ရွိတဲ့ စိတ္ဒဏ္ရာတစ္မ်ိဳးလုိ႕ ေျပာရပါလိမ့္မယ္။

သူမ Ali Forney စင္တာကို ေရာက္လာခဲ့ျပီး အိမ္ ေၿခရာေျခမဲ့လူငယ္ေတြအတြက္ အားေပးစကားေတြေျပာ၊လွဴဒါန္းမႈေတြလည္း ျပဳလုပ္ရင္းနဲ႕ တစ္ဆက္တည္းမွာပဲ သူမခံစားေနရတဲ့ နာက်င္မႈေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Lady Gaga ဟာ အသက္ ၁၉ႏွစ္အရြယ္တုန္းက မေတာ္မတရားျပဳက်င့္ခံခဲ့ရျပီး အဲ့ဒီစိတ္ဒဏ္ရာဟာ ခုခ်ိန္ထိကို သူမကို ေျခာက္လွန္႕ေနဆဲပါ။ အဲ့ဒီအေၾကာင္း သူမက ဖြင့္ဟေျပာခဲ့သလို သူမရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ 'Til It Happens To You'ကလည္း သူမၾကံဳေတြ႕ခဲ့ရတဲ့ ဒီအျဖစ္အပ်က္ကို အေျခခံျပီး ေရးသားသီဆုိ ထားတာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။ အရင္အခါေတြက သူမ ၁၉ႏွစ္အရြယ္တုန္းက ၾကံဳခဲ့ရတဲ့ ေၾကာက္စရာ အျဖစ္အပ်က္ကို ေျပာခဲ့ဖူးေပမယ့္ သူမ စိတ္ဒဏ္ရာေၾကာင့္ ေနတုိင္းနာက်င္ ခံစားေနရတယ္ဆုိတာကိုေတာ့ မဖြင့္ဟခဲ့ဖူးပါဘူး။ ဒါပထမဆံုးအၾကိမ္ ဖြင့္ဟျခင္းလို႕ သူမက ေျပာျပသြားပါေသးတယ္။

သူမခုလို ခံစားေနရတဲ့ စိတ္ေ၀ဒနာေၾကာင့္ ခုလိုအေျခအေနကို ၾကံဳေတြ႕ရသူတုိင္းကို သူမ နားလည္သေဘာေပါက္စာနာတတ္လာေၾကာင္း ဆုိပါတယ္။ ဒါ့အျပင္ သူမက "ဒီေန႕ဟာ က်ြန္မရဲ႕ၾကီးမားတဲ့ လ်ွိဳ႕၀ွက္ခ်က္တစ္ခုကို ေဖာ္ထုတ္လိုက္တာပါပဲ။ အရွက္တရားေတြနဲ႕ က်ြန္မကို အျမဲစိတ္ဒဏ္ရာေပးေနတဲ့ လ်ွိဳ႕၀ွက္ခ်က္ေတြေပါ့ရွင္"လို႕လည္း သူမကဖြင့္ဟသြားပါတယ္။

Credit : trend myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်သီဆိုတဲ့  တေးသီချင်းတွေကတစ်ဆင့် ပရိသတ်ကို စိတ်ဓာတ်ခွန်အားတွေ ပေးနေပေမယ့် ကိုယ်ကိုတိုင် စိတ်ဒဏ်ရာ ခံစားနေရသူကတော့ Lady Gaga ပါပဲ။ သူမဟာ အခြားအနုပညာရှင်တွေနဲ့မတူ တမူထူးခြားစွာ ရဲရဲရင့်ရင့် နေထိုင်တတ်သူဖြစ်ပြီး လိင်တူချစ်သူတွေအတွက်လည်း သူမလုပ်ဆောင်ပေးခဲ့တဲ့အရာတွေ များစွာရှိပါတယ်။ ဒါပေမယ့် သူမဟာ ဒီလိုအနုပညာလှုပ်ရှားမှုတွေ၊ လူမှုရေးလုပ်ငန်းတွေ အားတင်းလုပ်ဆောင်နေပေမယ့် နေ့စဉ်နေ့တိုင်း သူမရင်ဆိုင်နေရတဲ့ စိတ်ဒုက္ခတွေကလည်း မသေးပါဘူး။ သူမခံစားနေရတာက စိတ်ရောဂါတစ်မျိုးပါပဲ။ သူက နာကျင်စရာ အခြေအနေ၊ ကြောက်စရာအခြေအနေတစ်ခုကို ကြုံလိုက်ရတဲ့သူတွေ ခံစားရလေ့ရှိတဲ့ စိတ်ဒဏ်ရာတစ်မျိုးလို့ ပြောရပါလိမ့်မယ်။

သူမ Ali Forney စင်တာကို ရောက်လာခဲ့ပြီး အိမ် ခြေရာခြေမဲ့လူငယ်တွေအတွက် အားပေးစကားတွေပြော၊လှူဒါန်းမှုတွေလည်း ပြုလုပ်ရင်းနဲ့ တစ်ဆက်တည်းမှာပဲ သူမခံစားနေရတဲ့ နာကျင်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Lady Gaga ဟာ အသက် ၁၉နှစ်အရွယ်တုန်းက မတော်မတရားပြုကျင့်ခံခဲ့ရပြီး အဲ့ဒီစိတ်ဒဏ်ရာဟာ ခုချိန်ထိကို သူမကို ခြောက်လှန့်နေဆဲပါ။ အဲ့ဒီအကြောင်း သူမက ဖွင့်ဟပြောခဲ့သလို သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ 'Til It Happens To You'ကလည်း သူမကြုံတွေ့ခဲ့ရတဲ့ ဒီအဖြစ်အပျက်ကို အခြေခံပြီး ရေးသားသီဆို ထားတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အရင်အခါတွေက သူမ ၁၉နှစ်အရွယ်တုန်းက ကြုံခဲ့ရတဲ့ ကြောက်စရာ အဖြစ်အပျက်ကို ပြောခဲ့ဖူးပေမယ့် သူမ စိတ်ဒဏ်ရာကြောင့် နေတိုင်းနာကျင် ခံစားနေရတယ်ဆိုတာကိုတော့ မဖွင့်ဟခဲ့ဖူးပါဘူး။ ဒါပထမဆုံးအကြိမ် ဖွင့်ဟခြင်းလို့ သူမက ပြောပြသွားပါသေးတယ်။

သူမခုလို ခံစားနေရတဲ့ စိတ်ဝေဒနာကြောင့် ခုလိုအခြေအနေကို ကြုံတွေ့ရသူတိုင်းကို သူမ နားလည်သဘောပေါက်စာနာတတ်လာကြောင်း ဆိုပါတယ်။ ဒါ့အပြင် သူမက "ဒီနေ့ဟာ ကျွန်မရဲ့ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်လိုက်တာပါပဲ။ အရှက်တရားတွေနဲ့ ကျွန်မကို အမြဲစိတ်ဒဏ်ရာပေးနေတဲ့ လျှို့ဝှက်ချက်တွေပေါ့ရှင်"လို့လည်း သူမကဖွင့်ဟသွားပါတယ်။

Credit : trend myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top