iMyanmarHouse.com - Best Property Website for Myanmar
×
ကျနော်တို့ဆီမှာ ကိုယ့်အိမ်ကို ထမင်းစားနေတုန်း မဖိတ်ပဲ ရောက်လာတဲ့ ရပ်ကွက်က ဧည့်သည်တွေကို ကြုံဖူးကြမယ်ထင်တယ်။ အဓိကကတော့ ဆင်ခြေဖုံးရပ်ကွက်တွေ မှာနေရတဲ့သူတွေ ပိုကြုံဖူးဖို့အလားလာများတယ်။ ကျနော်ဆို ငယ်ငယ်က အတော်ကြုံရပါတယ်။ ကိုယ့်မိသားစု ထမင်းလက်ဆုံစားရင် အကြောင်းတစ်ခုခုကြောင့် ရပ်ကွက်ထဲက ဧည့်သည်ရောက်လာတာမျိုး။ ကျနော်တို့ဆီက ယဉ်ကျေးမှုအရတော့ ထမင်းစားနေတုန်း ဖိတ်မထားတဲ့ဧည့်သည်တစ်ယောက် ကိုယ့်အိမ်ကို လာလည်တာကို ရိုင်းတဲ့အပြုမူလို့မသတ်မှတ်တဲ့အပြင်  ကိုယ်တွေက စားနေတုန်းရောက်လာလို့ စားပါဦးလို့တောင် လောကွတ်ပြုရပါတယ်။ မပြုရင်ရိုင်းရာရောက်တယ်ပေါ့။
ဒါပေမယ့် ကျနော့်ကျတော့ငယ်ငယ်ကတည်းက ကိုယ်ထမင်းစားနေတုန်း တမင်သက်သက် ထမင်းဖိတ်ကျွေးတာမျိုးမဟုတ်ပဲ ဧည့်သည်ရောက်လာရင် ထမင်းဆက်စားရတာ မဖြောင့်တော့တာမျိုး ဖြစ်လေ့ရှိတယ်။ အဲ့မှာ ကိုယ်စား
နေတာကို သူက အနားမှာ ထိုင်ကြည့်နေရင် ပိုတောင် မနေတတ်တော့တာမျိုးခံစားရတယ်။ ခုထိလည်း ဒီလိုပဲ ခံစားနေရတုန်း။ အနောက်ဖက်နိုင်ငံတွေမှာတော့ သူတို့ယဉ်ကျေးမှုက တမျိုးဗျ။ အိမ်ကို ဖိတ်မထားတဲ့ ဧည့်သည်လာရင်
ကိုယ်ခေါ်ထားတဲ့ အလုပ်သမား ဘာညာဆိုရင်တော့ တစ်မျိုးပေါ့လေ။နောက်လမ်းထဲကိုယ်ဝင်လာရင် အချို့ယဉ်ကျေးမှုမရှိပဲ ကိုယ့်ကို စိုက်ကြည့်နေတာမျိုးလည်းကြုံရဖူးတယ်။ ပြောချင်တာက ကျနော်တို့ဆီမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်  Personal space အရေးကြီးပုံကို သိပ်နားမလည်ကြတဲ့သူတွေများတယ်။ Personal Space ဆိုတဲ့ စကားလုံးက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အထူးခေတ်စားနေတဲ့ ယနေ့ခေတ် buzzword တစ်ခုပါပဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင်နေရာ ၊ ဝန်းကျင်လို့
ယူဆထားတဲ့ အကွာအဝေး space တစ်ရပ်ကို personal space လို့ခေါ်ပါတယ်။ လူတော်တော်များများက ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့သူတွေ ကိုယ့်ရဲ့ personal space ကို ချဉ်းကပ်ဝင်ရောက်လာတယ်လို့ ခံစားရရင် သက်တောင့်သက်သာ မဖြစ်တာ၊ စိတ်အနှောက်အယှက်ဖြစ်တာမျိုးခံစားရလေ့ရှိပါတယ်။ကျနော် ကိုယ်တိုင်လည်း အဲ့လိုခံစားရတာ ခဏခဏပါပဲ။ ကိုယ့်ရဲ့ personal space ဆိုတာမျိုးဆိုတာ ကိုယ့်မိသားစုနဲ့ ကိုယ်တကယ်ချစ်ခင်ရင်းနှီးရသူတွေကိုပဲ ရောက်ရှိခွင့်ပြုရတဲ့နေရာမျိုးပါ။
ဥပမာ ကိုယ့်အိပ်ခန်းဖြစ်နိုင်သလို ၊ ကိုယ့်နဲ့နီးကပ်တဲ့နေရာမှာ ရှိနေခွင့်ပြုတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ခုနက ကျနော်ပြောတဲ့ ကိုယ်ထမင်းစားချိန်မှာ ကိုယ့်အနား သိပ်မခင်တဲ့သူစိမ်းတစ်ယောက် အလိုက်တသိမရှိပဲ ကိုယ်ထမင်းစားပြီးတဲ့အထိ ဘေးမှာ ထိုင်နေ ၊ စောင့်နေတာဟာလည်း ကိုယ့်ရဲ့  personal space ကို ထိုးဖောက်ဝင်ရောက်ခံရခြင်းပါပဲ။ ကိုယ့်အိပ်ခန်းထဲကို အခွင့်မရှိပဲ သိပ်မခင်တဲ့သူစိမ်းတစ်ယောက် ဝင်ရောက်တာဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
ကိုယ့်ဖုန်းထဲက ကိုယ်ရေးအချက်လက်တွေကို ကိုယ့်အခွင့်မရပဲ ဝင်ကြည့်ခံရတာဟာလည်း ကိုယ့် perosnal space ကို  ထိပါးခံရခြင်းသဘောပါပဲ။ ကိုယ့်ဘေးနားကပ်ရပ်မှာ လူစိမ်းတစ်ယောက် အတင်းချဉ်းကပ်လာတာမျိုးဟာလည်း ဒီသဘောခံစားရစေတာပါပဲ။
မွမ်းကြပ်ပြီး လူနေထူထပ်တဲ့ မြို့ကြီးပြကြီးတွေမှာတော့ အပြင်သွားလာရတဲ့အခါ ပါဆင်နယ်စပေ့စ်ကို ရဖို့ခက်ခဲပါတယ်။ ဥပမာ လူကြပ်တဲ့ရထားစီးရတာမျိုး၊ ဘပ်စ်ကားစီးရတာမျိုး၊ ဆေးခန်းမှာ ခုံဘေးချင်းကပ်ထိုင်ရတာမျိုးမှာ ကိုယ့်ဘေးနားက နေရာကို ကိုယ့် personal space အဖြစ်သတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အဲ့လိုအနေအထားမျိုးမှာ ကိုယ့်ကို လူတစ်ယောက်က စိုက်ကြည့်နေတာမျိုး၊ ကိုယ်ဘေးနားလာပြီး ကိုယ့်အသားကို ထိနေတာမျိုး၊ လုပ်တာတွေကတော့ ကိုယ့်ရဲ့ personal spaceကို ထိပါးခံရတာမျိုးဖြစ်တဲ့အတွက် အဲ့လိုအနေထားမျိုးမှာ ကိုယ့်ဘက်က စိတ်အနှောက်အယှက်ဖြစ်သလိုခံစားရပြီဆိုရင် ကိုယ်မှားတာမဟုတ်ပါဘူး။ လူတစ်ဖက်သားရဲ့ personal space ကို နားမလည်
ပဲ အဲ့လိုလုပ်တဲ့ လူတွေရဲ့ အမှားပါ။ စောစောကပြောသလိုပဲ ကျနော်ကိုယ့်အိမ်ရှိတဲ့ လမ်းထဲဝင်လာရင် အဲ့သလို စိုက်ကြည့်နေတတ်တဲ့သူတွေကို ကြုံရလို့ စိတ်အနှောက်ယှက်ဖြစ်ရတဲ့ အခြေနေတွေ ရှိခဲ့ဖူးပါတယ်။
Personal space ဆိုတာဟာ ကျနော်တို့ ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ ပညတ်ချက်သာသာမဟုတ်ပါဘူး။ကျနော်တို့ လူ့အဖွဲ့အစည်းထဲက လူတွေ အပေါ် သက်ရောက်မှုရှိတဲ့ အကွာအဝေး၊ အပြုအမူတို့ကို သိပ္ဗံနည်းကျလေ့လာထားတဲ့ မနုဿဗေဒ အယူအဆတစ်ရပ်ဖြစ်ပါတယ်။ Proxemics လို့ခေါ်တဲ့ သီအိုရီတစ်ရပ်ပါ။ Cultural Anthropologist တစ်ဦးဖြစ်တဲ့ Edward T.Hall ဆိုတဲ့ ပုဂ္ဂိုလ်က ၁၉ ၆၃ ခုနှစ်မှာ ဒီအယူအဆကို စတင်ဖော်ထုတ်
ခဲ့ပြီး ဒီအယူအဆဟာ လူတွေအပေါ် နေရာအကွာအဝေး၊ အပြုအမူ၊ ဆက်သွယ်ပြောဆိုပုံ၊ လူမှုရေးရင်းနှီးမှုအနေအထား နဲ့ လူဦးရေထူထပ်သိပ်သည်းမှုတို့ရဲ့ အကျိုးသက်ရောက်ပုံကို လေ့လာတဲ့ အယူအတစ်ရပ်ပါ။ သူက ကျနော်တို့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ပတ်သက်ဆက်နွယ် ၊ပြောဆိုဆက်သွယ်တဲ့အခါ အဝိုက်အဝန်း လေးရပ်အပေါ် အခြေခံပြီး စိတ်ခံစားချက်ကွဲလွဲမှု ရှိတယ်လို့ ဆိုတယ်။ အဲ့အဝိုက်အဝန်းလေးရပ်က
၁။ Intimate distance (အရမ်းကို ရင်းနှီး နီးစပ်သူတွေ အတွက် ထားတဲ့ အကွာအဝေး၊ ဖက်တာ၊ ထိတွေ့တာ၊ စကားတီးတိုးဆိုတာမျိုးတွေ ကိုယ်လုပ်လေ့ရှိတဲ့သူမျိုးတွေကို ဒီ စပေ့စ်ထဲ ဝင်ရောက်ခွင့်ပြုတယ်။ ဥပမာ ကိုယ့်ရည်းစား၊
ဇနီးမယား၊ လင်ယောင်္ကျား)
၂။ Personal distance (ရင်းနှီးသူတွေ၊ မိသားစုတွေကို ဝင်ရောက်ခွင့်ပြုတဲ့ စပေစ့်မျိုး)
၃။ Social distance (တော်ရုံ ရင်းနီးကျွမ်းဝင်သူတွေကို  လူမှုရေးအရ ပေါင်းသင်းဆက်ဆံဖို့ ဝင်ခွင့်ပြုတဲ့ စပေစ့်)
၎။ Public distance (လူကြားသူကြားထဲမှာ ကိုယ်မသိတဲ့ သူတွေနဲ့ ပြောဆိုဆက်ဆံဖို့ သူစိမ်းတွေကို ဝင်ခွင့်ပြုတဲ့  အဝိုက်အဝန်း) စတဲ့ အဝိုက်အဝန်း လေးရပ်ပဲ ဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရာမှာ ရင်းနီးမှု နီးစပ်မှုနဲ့ ယုံကြည်ရမှုအပေါ် အခြေခံပြီး ဒီအဝိုက်ဝန်းလေးရပ်ထဲက သင့်ရာ အဝိုက်အဝန်းတွေထဲကိုသာ သတ်မှတ်ထားတဲ့သူတွေကို ပေးဝင်ပါတယ်။ ကိုယ်က မဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့သူတွေ ကိုယ်သူတို့ကိုသတ်မှတ်ပေးထားတဲ့ အဝိုက်ဝန်းထက် ဘောင်ကျော် ဝင်ရောက်လာရင်တော့ ကျနော်တို့ စိတ်အနှောက်ယှက်ဖြစ်ကြ စိတ်တို စိတ်ပျက်တာမျိုး ဖြစ်တတ်ကြပါတယ်။ဒါကြောင့် ခုနက  ကျနော်ပြောသလိုမျိုး ကိုယ့်ကိုယ်ရေးကိုယ်တာကို မရင်းနီးတဲ့
သူတွေက ဝင်ရောက်စွက်ဖက်တာ၊ အများသူငါနဲ့ဆိုင်တဲ့  public spaces တွေမှာ မျိုးမဟုတ်ပဲ ကိုယ့်တစ်ကိုယ်ရည် သီးသန့်နေရာမျိုးမှာ သူစိမ်းတစ်ယောက်က ကိုယ့်ဘေး  အတင်းချှုဉ်းနင်းပြီး ရောတာမျိုး၊ ကိုယ့်ကို လူကြားထဲ တောက်လျှောက်စိုက်ကြည့်နေတာမျိုး၊ ကိုယ်မဖိတ်ပဲ ကိုယ့်အိမ်ကို အတင်းလာပြီး မပြန်ပဲ ကိုယ်နဲ့ စကားတွေ လိုက်ပြောနေတာမျိုး ကြုံလာရလို့ ကိုယ့်ဘက်က စိတ်အနှောက်ယှက်ဖြစ်၊ စိတ်တို စိတ်ဆိုးတာမျိုးဖြစ်တဲ့အခါ ကိုယ့်ဘက်က
လူမှုရေးမရှိ ယဉ်ကျေးမှုမရှိပဲ ကိုယ့်အလွန်ဖြစ်တာမျိုးမဟုတ်ပဲ အဲ့လိုလုပ်တဲ့ တစ်ဖက်လူရဲ့ ဘောင်ကျော်မှုသက်သက်သာဖြစ် ပါတယ်။
တကယ်တမ်းပြောရင် သမီးရည်းစားကိစ္စတွေမှာတောင် ကိုယ့် ဖေ့စ်ဘွတ်ခ်ပက်စ်ဝက်ယူထားတာမျိုး၊ ကိုယ့်အတွင်းရေးတွေမှာ ဝင်စွက်ဖက်တာမျိုးတွေဟာ ကိုယ့်ရဲ့ personal  space ကို ကျူးကျော်ထိပါးခံရတယ်လို့ ကိုယ့်မှာ ယူဆပိုင်ခွင့်
အပြည့်အဝရှိတာကို သိစေချင်တယ်။ဆိုရှယ်မီဒီယာတွေ ၊  dating app တွေ၊ အခမဲ့ အီးမေးလ် (gmail, yahoomail) စတာတွေဟာလည်း ကျနော်တို့ရဲ့ ကိုယ်ရေးအချက်လက်တွေကို နေ့စဉ်နဲ့အမျှ ကြည့်ခွင့် သိခွင့်ရပြီး အခွင့်ကြုံ ရင် ကြုံသလို third parties တွေကို ရောင်းစားခွင့်ရှိနေတဲ့အတွက် သူတို့တွေဟာလည်း ကျနော်တို့ရဲ့ personal space ကို နေ့စဉ်နဲ့အမျှ ထိုးဖောက် ဝင်ရောက်နေတာပါပဲ။
Credit : Trend Myanmar
Unicode Version
ကျနေ်ာတိုု့ဆီမှာ ကိုုယ့်အိမ်ကိုု ထမင်းစားနေတုုန်း မဖိတ်ပဲ ရောက်လာတဲ့ ရပ်ကွက်က ဧည့်သည်တွေကိုု ကြုံဖူးကြမယ်ထင်တယ်။ အဓိကကတော့ ဆင်ခြေဖုံုးရပ်ကွက်တွေ မှာနေရတဲ့သူတွေ ပိုုကြုံဖူးဖိုု့အလားလာများတယ်။ ကျနော်ဆိုု ငယ်ငယ်က အတော်ကြုံရပါတယ်။ ကိုုယ့်မိသားစုု ထမင်းလက်ဆုံုစားရင် အကြောင်းတစ်ခုုခုုကြောင့် ရပ်ကွက်ထဲက ဧည့်သည်ရောက်လာတာမျိုး။ ကျနော်တိုု့ဆီက ယဉ်ကျေးမှုအရတော့ ထမင်းစားနေတုုန်း ဖိတ်မထားတဲ့ဧည့်သည်တစ်ယောက် ကိုုယ့်အိမ်ကိုု လာလည်တာကိုု ရိုုင်းတဲ့အပြုမူလိုု့မသတ်မှတ်တဲ့အပြင်  ကိုုယ်တွေက စားနေတုုန်းရောက်လာလိုု့ စားပါဦးလိုု့တောင် လောကွတ်ပြုရပါတယ်။ မပြုရင်ရိုုင်းရာရောက်တယ်ပေါ့။
ဒါပေမယ့် ကျနော့်ကျတော့ငယ်ငယ်ကတည်းက ကိုုယ်ထမင်းစားနေတုုန်း တမင်သက်သက် ထမင်းဖိတ်ကျွေးတာမျိုးမဟုုတ်ပဲ ဧည့်သည်ရောက်လာရင် ထမင်းဆက်စားရတာ မဖြောင့်တော့တာမျျိုး ဖြစ်လေ့ရှိတယ်။ အဲ့မှာ ကိုုယ်စား
နေတာကိုု သူက အနားမှာ ထိုုင်ကြည့်နေရင် ပိုုတောင် မနေတတ်တော့တာမျိုးခံစားရတယ်။ ခုုထိလည်း ဒီလိုုပဲ ခံစားနေရတုုန်း။ အနောက်ဖက်နိုုင်ငံတွေမှာတော့ သူတိုု့ယဉ်ကျေးမှုက တမျိုးဗျ။ အိမ်ကိုု ဖိတ်မထားတဲ့ ဧည့်သည်လာရင်
အကြောင်းကိစ္စထွေထွေ ထူးထူးမရှိရင် ကျနော်တိုု့ဆီက အိမ်လည်တတ်တဲ့ မြန်မာများလိုု အထူးတလည် လက်ခံစကားပြောနေတာမရှိဘူး။ အိမ်ထဲလည်း ပေးမဝင်တတ်ဘူး။
ကိုုယ်ခေါ်ထားတဲ့ အလုုပ်သမား ဘာညာဆိုုရင်တော့ တစ်မျိုးပေါ့လေ။နောက်လမ်းထဲကိုုယ်ဝင်လာရင် အချို့ယဉ်ကျေးမှုမရှိပဲ ကိုုယ့်ကိုု စိုုက်ကြည့်နေတာမျိုးလည်းကြုံရဖူးတယ်။ ပြောချင်တာက ကျနော်တိုု့ဆီမှာ ကိုုယ့်ရဲ့ ကိုုယ်ပိုုင်  Personal space အရေးကြီးပုံုကိုု သိပ်နားမလည်ကြတဲ့သူတွေများတယ်။ Personal Space ဆိုုတဲ့ စကားလုံုးက ဖွံ့ဖြိုးပြီးနိုုင်ငံတွေမှာ အထူးခေတ်စားနေတဲ့ ယနေ့ခေတ် buzzword တစ်ခုုပါပဲ။ ကိုုယ့်ရဲ့ ကိုုယ်ပိုုင်နေရာ ၊ ဝန်းကျင်လိုု့
ယူဆထားတဲ့ အကွာအဝေး space တစ်ရပ်ကိုု personal space လိုု့ခေါ်ပါတယ်။ လူတော်တော်များများက ကိုုယ်နဲ့ သိပ်မရင်းနှီးတဲ့သူတွေ ကိုုယ့်ရဲ့ personal space ကိုု ချဉ်းကပ်ဝင်ရောက်လာတယ်လိုု့ ခံစားရရင် သက်တောင့်သက်သာ မဖြစ်တာ၊ စိတ်အနှောက်အယှက်ဖြစ်တာမျိုးခံစားရလေ့ရှိပါတယ်။ကျနော် ကိုုယ်တိုုင်လည်း အဲ့လိုုခံစားရတာ ခဏခဏပါပဲ။ ကိုုယ့်ရဲ့ personal space ဆိုုတာမျိုးဆိုုတာ ကိုုယ့်မိသားစုုနဲ့ ကိုုယ်တကယ်ချစ်ခင်ရင်းနှီးရသူတွေကိုုပဲ ရောက်ရှိခွင့်ပြုရတဲ့နေရာမျိုးပါ။
ဥပမာ ကိုုယ့်အိပ်ခန်းဖြစ်နိုုင်သလိုု ၊ ကိုုယ့်နဲ့နီးကပ်တဲ့နေရာမှာ ရှိနေခွင့်ပြုတာမျိုးလည်းဖြစ်နိုုင်ပါတယ်။ ခုုနက ကျနော်ပြောတဲ့ ကိုုယ်ထမင်းစားချိန်မှာ ကိုုယ့်အနား သိပ်မခင်တဲ့သူစိမ်းတစ်ယောက် အလိုုက်တသိမရှိပဲ ကိုုယ်ထမင်းစားပြီးတဲ့အထိ ဘေးမှာ ထိုုင်နေ ၊ စောင့်နေတာဟာလည်း ကိုုယ့်ရဲ့  personal space ကိုု ထိုုးဖောက်ဝင်ရောက်ခံရခြင်းပါပဲ။ ကိုုယ့်အိပ်ခန်းထဲကိုု အခွင့်မရှိပဲ သိပ်မခင်တဲ့သူစိမ်းတစ်ယောက် ဝင်ရောက်တာဟာလည်း ထိုုနည်းလည်းကောင်းပါပဲ။
ကိုုယ့်ဖုုန်းထဲက ကိုုယ်ရေးအချက်လက်တွေကိုု ကိုုယ့်အခွင့်မရပဲ ဝင်ကြည့်ခံရတာဟာလည်း ကိုုယ့် perosnal space ကိုု  ထိပါးခံရခြင်းသဘောပါပဲ။ ကိုုယ့်ဘေးနားကပ်ရပ်မှာ လူစိမ်းတစ်ယောက် အတင်းချဉ်းကပ်လာတာမျိုုးဟာလည်း ဒီသဘောခံစားရစေတာပါပဲ။
မွမ်းကြပ်ပြီး လူနေထူထပ်တဲ့ မြို့ကြီးပြကြီးတွေမှာတော့ အပြင်သွားလာရတဲ့အခါ ပါဆင်နယ်စပေ့စ်ကိုု ရဖိုု့ခက်ခဲပါတယ်။ ဥပမာ လူကြပ်တဲ့ရထားစီးရတာမျိုး၊ ဘပ်စ်ကားစီးရတာမျိုး၊ ဆေးခန်းမှာ ခုံုဘေးချင်းကပ်ထိုုင်ရတာမျိုးမှာ ကိုုယ့်ဘေးနားက နေရာကိုု ကိုုယ့် personal space အဖြစ်သတ်မှတ်ဖိုု့ မဖြစ်နိုုင်ပါဘူး။ ဒါပေမယ့် အဲ့လိုုအနေအထားမျိုးမှာ ကိုုယ့်ကိုု လူတစ်ယောက်က စိုုက်ကြည့်နေတာမျိုး၊ ကိုုယ်ဘေးနားလာပြီး ကိုုယ့်အသားကိုု ထိနေတာမျိုး၊ လုုပ်တာတွေကတော့ ကိုုယ့်ရဲ့ personal spaceကိုု ထိပါးခံရတာမျိုးဖြစ်တဲ့အတွက် အဲ့လိုုအနေထားမျိုးမှာ ကိုုယ့်ဘက်က စိတ်အနှောက်အယှက်ဖြစ်သလိုုခံစားရပြီဆိုုရင် ကိုုယ်မှားတာမဟုုတ်ပါဘူး။ လူတစ်ဖက်သားရဲ့ personal space ကိုု နားမလည်
ပဲ အဲ့လိုုလုုပ်တဲ့ လူတွေရဲ့ အမှားပါ။ စောစောကပြောသလိုုပဲ ကျနော်ကိုုယ့်အိမ်ရှိတဲ့ လမ်းထဲဝင်လာရင် အဲ့သလိုု စိုုက်ကြည့်နေတတ်တဲ့သူတွေကိုု ကြုံရလိုု့ စိတ်အနှောက်ယှက်ဖြစ်ရတဲ့ အခြေနေတွေ ရှိခဲ့ဖူးပါတယ်။
Personal space ဆိုုတာဟာ ကျနော်တိုု့ ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ ပညတ်ချက်သာသာမဟုုတ်ပါဘူး။ကျနော်တိုု့ လူ့အဖွဲ့အစည်းထဲက လူတွေ အပေါ် သက်ရောက်မှုရှိတဲ့ အကွာအဝေး၊ အပြုအမူတိုု့ကိုု သိပ္ဗံနည်းကျလေ့လာထားတဲ့ မနုုဿဗေဒ အယူအဆတစ်ရပ်ဖြစ်ပါတယ်။ Proxemics လိုု့ခေါ်တဲ့ သီအိုုရီတစ်ရပ်ပါ။ Cultural Anthropologist တစ်ဦးဖြစ်တဲ့ Edward T.Hall ဆိုုတဲ့ ပုုဂ္ဂိုလ်က ၁၉ ၆၃ ခုုနှစ်မှာ ဒီအယူအဆကိုု စတင်ဖော်ထုုတ်
ခဲ့ပြီး ဒီအယူအဆဟာ လူတွေအပေါ် နေရာအကွာအဝေး၊ အပြုအမူ၊ ဆက်သွယ်ပြောဆိုုပုံု၊ လူမှုရေးရင်းနှီးမှုအနေအထား နဲ့ လူဦးရေထူထပ်သိပ်သည်းမှုတိုု့ရဲ့ အကျိုးသက်ရောက်ပုံုကိုု လေ့လာတဲ့ အယူအတစ်ရပ်ပါ။ သူက ကျနော်တိုု့ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ပတ်သက်ဆက်နွယ် ၊ပြောဆိုုဆက်သွယ်တဲ့အခါ အဝိုုက်အဝန်း လေးရပ်အပေါ် အခြေခံပြီး စိတ်ခံစားချက်ကွဲလွဲမှု ရှိတယ်လိုု့ ဆိုုတယ်။ အဲ့အဝိုုက်အဝန်းလေးရပ်က
၁။ Intimate distance (အရမ်းကိုု ရင်းနှီး နီးစပ်သူတွေ အတွက် ထားတဲ့ အကွာအဝေး၊ ဖက်တာ၊ ထိတွေ့တာ၊ စကားတီးတိုုးဆိုုတာမျိုးတွေ ကိုုယ်လုုပ်လေ့ရှိတဲ့သူမျိုးတွေကိုု ဒီ စပေ့စ်ထဲ ဝင်ရောက်ခွင့်ပြုတယ်။ ဥပမာ ကိုုယ့်ရည်းစား၊
ဇနီးမယား၊ လင်ယောကျၤား)
၂။ Personal distance (ရင်းနှီးသူတွေ၊ မိသားစုုတွေကိုု ဝင်ရောက်ခွင့်ပြုတဲ့ စပေစ့်မျိုး)
၃။ Social distance (တော်ရုံု ရင်းနီးကျွမ်းဝင်သူတွေကိုု  လူမှုရေးအရ ပေါင်းသင်းဆက်ဆံဖိုု့ ဝင်ခွင့်ပြုတဲ့ စပေစ့်)
၄။ Public distance (လူကြားသူကြားထဲမှာ ကိုုယ်မသိတဲ့ သူတွေနဲ့ ပြောဆိုုဆက်ဆံဖိုု့ သူစိမ်းတွေကိုု ဝင်ခွင့်ပြုုတဲ့  အဝိုုက်အဝန်း) စတဲ့ အဝိုုက်အဝန်း လေးရပ်ပဲ ဖြစ်ပါတယ်။ ကျနော်တိုု့တတွေဟာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရာမှာ ရင်းနီးမှု နီးစပ်မှုနဲ့ ယုံုကြည်ရမှုအပေါ် အခြေခံပြီး ဒီအဝိုုက်ဝန်းလေးရပ်ထဲက သင့်ရာ အဝိုုက်အဝန်းတွေထဲကိုုသာ သတ်မှတ်ထားတဲ့သူတွေကိုု ပေးဝင်ပါတယ်။ ကိုုယ်က မဆိုုင်ဘူးလိုု့ သတ်မှတ်ထားတဲ့သူတွေ ကိုုယ်သူတိုု့ကိုုသတ်မှတ်ပေးထားတဲ့ အဝိုုက်ဝန်းထက် ဘောင်ကျော် ဝင်ရောက်လာရင်တော့ ကျနော်တိုု့ စိတ်အနှောက်ယှက်ဖြစ်ကြ စိတ်တိုု စိတ်ပျက်တာမျိုး ဖြစ်တတ်ကြပါတယ်။ဒါကြောင့် ခုုနက  ကျနော်ပြောသလိုုမျိုး ကိုုယ့်ကိုုယ်ရေးကိုုယ်တာကိုု မရင်းနီးတဲ့
သူတွေက ဝင်ရောက်စွက်ဖက်တာ၊ အများသူငါနဲ့ဆိုုင်တဲ့  public spaces တွေမှာ မျိုးမဟုုတ်ပဲ ကိုုယ့်တစ်ကိုုယ်ရည် သီးသန့်နေရာမျိုးမှာ သူစိမ်းတစ်ယောက်က ကိုုယ့်ဘေး  အတင်းချှုဉ်းနင်းပြီး ရောတာမျိုး၊ ကိုုယ့်ကိုု လူကြားထဲ တောက်လေ ျှာက်စိုုက်ကြည့်နေတာမျိုး၊ ကိုုယ်မဖိတ်ပဲ ကိုုယ့်အိမ်ကိုု အတင်းလာပြီး မပြန်ပဲ ကိုုယ်နဲ့ စကားတွေ လိုုက်ပြောနေတာမျိုး ကြုံလာရလိုု့ ကိုုယ့်ဘက်က စိတ်အနှောက်ယှက်ဖြစ်၊ စိတ်တိုု စိတ်ဆိုုးတာမျိုးဖြစ်တဲ့အခါ ကိုုယ့်ဘက်က
လူမှုရေးမရှိ ယဉ်ကျေးမှုမရှိပဲ ကိုုယ့်အလွန်ဖြစ်တာမျိုးမဟုုတ်ပဲ အဲ့လိုုလုုပ်တဲ့ တစ်ဖက်လူရဲ့ ဘောင်ကျော်မှုသက်သက်သာဖြစ် ပါတယ်။
တကယ်တမ်းပြောရင် သမီးရည်းစားကိစ္စတွေမှာတောင် ကိုုယ့် ဖေ့စ်ဘွတ်ခ်ပက်စ်ဝက်ယူထားတာမျိုး၊ ကိုုယ့်အတွင်းရေးတွေမှာ ဝင်စွက်ဖက်တာမျိုးတွေဟာ ကိုုယ့်ရဲ့ personal  space ကိုု ကျူးကျော်ထိပါးခံရတယ်လိုု့ ကိုုယ့်မှာ ယူဆပိုုင်ခွင့်
အပြည့်အဝရှိတာကိုု သိစေချင်တယ်။ဆိုုရှယ်မီဒီယာတွေ ၊  dating app တွေ၊ အခမဲ့ အီးမေးလ် (gmail, yahoomail) စတာတွေဟာလည်း ကျနော်တိုု့ရဲ့ ကိုုယ်ရေးအချက်လက်တွေကိုု နေ့စဉ်နဲ့အမ ျှ ကြည့်ခွင့် သိခွင့်ရပြီး အခွင့်ကြုံ ရင် ကြုံသလိုု third parties တွေကိုု ရောင်းစားခွင့်ရှိနေတဲ့အတွက် သူတိုု့တွေဟာလည်း ကျနော်တိုု့ရဲ့ personal space ကိုု နေ့စဉ်နဲ့အမ ျှ ထိုုးဖောက် ဝင်ရောက်နေတာပါပဲ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top