iMyanmarHouse.com - Best Property Website for Myanmar
×

(သင္ဘယ္အခ်ိန္တြင္ေမြးသနည္း)

ညသန္းေကာင္ေက်ာ္တြင္ေမြးသူမ်ား ညမြန္းတည့္(၁၂)နာရီေက်ာ္၍ တစ္နာရီ၊ ႏွစ္နာရီစသည့္ အခ်ိန္ပတ္၀န္းက်င္တြင္ေမြးဖြား သူမ်ားျဖစ္လွ်င္ ဘ၀တစ္ ေလွ်ာက္လံုးတြင္ ေဆြမ်ိဳးညီအစ္ကုိေမာင္ႏွမမ်ားႏွင့္ နီးစပ္ဆက္သြယ္ရေသာ အက်ိဳးကိုေပးကုိရလိမ့္မည္။ ညီအစ္ကိုေမာင္ႏွမ ေဆြမ်ိဳးသားခ်င္းမ်ားသည္ ဇာတာရွင္၏ဘ၀တြင္ ေကာင္းက်ိဳးဆိုးက်ိဳးျပဳၾကကုန္ေသာအဓိက ဇတ္ေဆာင္မ်ားျဖစ္ၾကလိမ့္မည္။ မိဘေမာင္ဘြားမ်ားေၾကာင့္ အိမ္ေထာင္ေရး အခ်စ္ေရးတို့တြင္ အေႏွာင့္အယွက္ အတားအဆီးေတြ႔ရသူမ်ား ၊ မိဘေမာင္ဘြားမ်ားကိုငဲ့ညွာ၍ အလြယ္တကူ အိမ္ေထာင္မျပဳႏိုင္ဘဲ ရွိၾကသူမ်ားသည္ သန္းေခါင္ယံေက်ာ္တြင္ေမြးၾကသူမ်ားသာ ျဖစ္ပါသည္။

ညမြန္းတည့္သန္းေခါင္မွ (၂)နာရီအတြင္း ေမြးၾကသူမ်ားသည္ ဘ၀တစ္ေလွ်ာက္လံုးတြင္ ခရီးတိုမ်ားမနားမေနသြားရျခင္းမ်ားလိမ့္မည္ ။ ကိုယ္စိတ္ႏွစ္ပါးနားေနျငိမ္ဆိတ္ရသည္ဟူ၍ မရွိပဲ တက္ၾကြလႈပ္ရွားသူမ်ားျဖစ္သျဖင့္ ခရီးသြားလာျခင္းအျပင္ စာေပေရးသားျခင္း ေလ့လာလိုက္စားျခင္း သိပၸံပညာ စိတ္ပညာ ဘာသာေရးတို႔တြင္ ေလ့လာထူးခြ်န္ျခင္းတို႔ျဖစ္လိမ့္မည္။ နံနက္ေနမထြက္မီ ေမြးဖြားသူမ်ား ညသန္းေခါင္ေက်ာ္အခ်ိန္ႏွင့္ နံနက္အာရံုတက္ေနထြက္ခ်ိန္ အၾကားကာလ ေနမထြက္မီတြင္ေမြးလွ်င္ စီးပြားေရး၊ ေငြေရးေၾကးေရးတြင္ ကံေကာင္းထူးခြ်န္သူမ်ားျဖစ္လ္ိမ့္မည္။

စက္နာရီအားျဖင့္ ေဆာင္းတြင္းကာလျဖစ္လွ်င္ နံနက္ (၄)နာရီ (၅) နာရီခန့္တို႔တြင္ ေမြးသူမ်ားသည္ ဤအစုတြင္ အားလံုးအၾကံဳး၀င္သူမ်ားျဖစ္သည္။ ၎ဇာတာရွင္တို့သည္ ေငြကိုရွာတတ္ေဖြတတ္သူမ်ား၊ ေငြရလြယ္သူမ်ား၊ စီးပြားျဖစ္လြယ္သူမ်ားလည္းျဖစ္တတ္ၾကသည္။ ဆရာလည္းလုပ္တတ္ၾက၏။ ေယဘုယ်အားျဖင့္ ဤသိုေနမထြက္မီ ေမြးၾကသူမ်ားသည္ စီးပြားေရးလုပ္ငန္း အေရာင္းအ၀ယ္လုပ္ငန္း တို့ျဖင့္သာ အက်ိဳးေပးသူမ်ားေလသည္။

နံနက္ေနထြက္ခ်ိန္တြင္ေမြးသူမ်ား နံနက္ေနထြက္ခ်ိန္ႏွင့္ ေနထြက္ျပီး (၁) နာရီအတြင္း (ေဆာင္းတြင္းျဖစ္လွ်င္ နံနက္ ၆နာရီႏွင့္ ၇နာရီ၊ ေႏြျဖစ္လွ်င္ နံနက္၅ နာရီႏွင့္ ၆ နာရီခန့္ျဖစ္သည္)၎အခ်ိန္တြင္ ေမြးဖြားသူမ်ားသည္ဘ၀မွာ ကုသိုလ္ကံေကာင္းသူမ်ားျဖစ္လိမ့္မည္။ ကုိယ့္ကို ကုိယ္ ယံုၾကည္စိတ္ခ်ျခင္း၊ ေပ်ာ္ရႊင္ဖ်တ္လတ္၍ ေမွ်ာ္လင့္အားတက္စိတ္မ်ိဳးထားျခင္း စသည့္အရည္အခ်င္းတို႔ေၾကာင့္ ဘ၀မွာ ေအာင္ျမင္ၾကီးပြားသူမ်ားျဖစ္လိမ့္မည္။ သုခခ်မ္းသာႏွင့္ျပည့္စံုသူမ်ားျဖစ္လိမ့္မည္။ ၎အခ်ိန္ေမြးဇာတာရွင္မ်ား သည္ တာ၀န္ကုိခံယူ၀ံ့သူမ်ား၊ အုပ္ခ်ဳပ္ကြပ္ကဲမႈတြင္ ကြ်မ္းက်င္သူမ်ားျဖစ္ျပီး ကုိယ္ပိုင္စီးပြားေရးလုပ္ငန္း၊ ပညာရပ္တစ္ခု ျဖင့္ အသက္ေမြးမႈလုပ္ငန္းတို႔တြင္ ေအာင္ျမင္ၾကသူမ်ားျဖစ္လိမ့္မည္။ ဘ၀တြင္ခပ္ငယ္ငယ္အသက္ပိုင္းကပင္ စတင္၍ အေျခတည္ၾကီးပြားၾကသူမ်ားသည္ ၎အခ်ိန္ပိုင္းတြင္ အမ်ားအားျဖင့္ ေမြးဖြားသူမ်ားျဖစ္ပါသည္။

 ေနထြက္ႏွင့္ေနမြန္းတည့္ၾကား အခ်ိန္တြင္ေမြးဖြားသူမ်ား နံနက္ေနထြက္ႏွင့္ မြန္းတည့္ၾကားအခ်ိန္ (နံနက္ ၈နာရီ၊ ၉နာရီခန့္) တြင္ေမြးဖြားသူမ်ားသည္ အေပါင္းအသင္းဆန္႔သူ၊ မိတ္ေဆြ သဂၤဟေပါမ်ားသူ၊ မိတ္ေဆြသဂၤဟမ်ားႏွင့္ ပတ္သတ္၍ အက်ိဳးခံစားၾကီးပြားရသူမ်ားျဖစ္မည္။ ၎းအခ်ိန္ပိုင္းေမြးဖြားသူမ်ားသည္ ငယ္စဥ္ကေလးဘ၀ကပင္ သူငယ္ခ်င္းအေပါင္းအသင္းမ်ားကို ခင္မင္တြယ္တာ တတ္သူမ်ားျဖစ္သည္။ ၎ဇာတာရွင္မ်ားသည္ ကုိယ့္ကိုကုိယ္လံု့လ၀ီရိယစိုက္ထုတ္ ၾကိဳးစားျခင္းထက္ အေပါင္းအသင္း မိတ္ေဆြမ်ား၏ အကူအညီကိုယူ၍ ပူးေပါင္းေဆာင္ရြက္မႈျဖင့္ထေျမာက္ေအာင္ျမင္ျခင္းက မ်ားလိမ့္မည္။ ထို႔ေၾကာင့္၎အခ်ိန္ပိုင္းေမြးဖြားသူမ်ားသည္ လူအမ်ားစုေပါင္းေတြ႔ဆံုရာျဖစ္ေသာ အသင္းအဖြဲ႔မ်ား ၊ ကုမၸဏီမ်ား၊ အစည္းအရံုးမ်ား၊ သဟာယကလပ္မ်ား စသည္တို့တြင္ဆက္သြယ္၀င္ေရာက္ထားသင့္သည္။ စီးပြားေရးသမားမ်ား၊ ကုန္သည္မ်ား၊ သမဂၢ၊ ဆန္ဆက္ပိုင္ရွင္မ်ားအသင္း၊ ပံုႏွိပ္ထုတ္ေ၀သူမ်ားအသင္း စသည္တို့တြင္ ကိုယ္ႏွင့္သက္ဆိုင္ ရာတြင္ မပ်က္မကြက္ ပါ၀င္တက္ေရာက္ထားရမည္။ စာေပအသိုင္းအ၀ိုင္း၊ စာနယ္ဇင္းေလာကတြင္ေနရာေကာင္း တစ္ေနရာရသူျဖစ္လိမ့္မည္။

မြန္းတည့္ခ်ိန္အနီးကပ္၍ေမြးလွ်င္ လူတို့တြင္ ကိုယ့္ဘ၀၌အေရးထားဆံုကိစၥဟူသည္ တစ္ဦးစီတြင္ ရွိၾကစျမဲျဖစ္သည္။ အခ်ိဳ႔ကအခ်စ္ေရး၊ အိမ္ေထာင္ေရး ကုိအေရးၾကီးဆံုးအျဖစ္ထားၾကသည္။ အခ်ိဳ႕ကမူက်န္းမာေရးသည္သာလွ်င္ အေရးၾကီးဆံုးဟူ၍မွတ္ယူၾကသည္။ အခ်ိဳ႔ကလည္း သားသမီး၊ ေဆြမ်ိဳး မိဘမ်ားအေရးသည္သာလွ်င္ အဓိကျဖစ္သည္ဟု ယူဆၾကသည္။ သို႔ေသာ္ မြန္းတည့္ (၁၂)နာရီထိုးခ်ိန္အနီးကပ္ေမြးၾကသူမ်ားသည္ ဘ၀တစ္သက္တာတြင္ အလုပ္အကိုင္အေရး ၊ ရာထူးဌာနႏၱေရး၊ ၾကီးပြားေရးသည္သာလွ်င္အေရးၾကီးဆံုးျဖစ္ေပလိမ့္မည္။ ေနမြန္းတည့္ခါနီးကာလတြင္ နီးကပ္စြာေမြးၾကသူမ်ားသည္ ဘ၀တြင္ၾကီးပြားရမည္ ေအာင္ျမင္ခ်မ္းသာရမည္ဟု သိႏၷဌာန္ ခ်ထားၾကသူမ်ားျဖစ္ျပီး ထိုဆံုးျဖတ္ခ်က္အတိုင္းလည္း ေအာင္ျမင္ေလ့ရွိသည္။ ထိုအခ်ိန္တြင္ေမြးၾကသူမ်ားသည္တန္ခိုး အာဏာၾကီးမားျခင္း၊ ေက်ာ္ေဇာ္ထင္ရွားျခင္း၊ ဌာနဆိုင္ရာအုပ္ခ်ဳပ္ေရးတို့တြင္ ေနရာရျခင္းတို႔ျဖစ္လိမ့္မည္။ ိုထို့ေၾကာင့္ ေနမြန္းတည့္အခ်ိန္ အနီးကပ္၍ ေမြးသူမ်ားသည္ အမ်ားအားျဖင့္ သူ႔အဆင့္အတန္းႏွင့္သူ ဦးစီးေခါင္းေဆာင္ အၾကီးအကဲျဖစ္တတ္ၾကသူမ်ားသာျဖစ္လိမ့္မည္။

 ေနမြန္းတည့္မွ (၂) နာရီၾကားေမြးဖြားသူမ်ား ေနမြန္းတည့္မွ ေန႔လည္စက္ (၂)နာရီထိုးအၾကားအခ်ိ္န္တြင္ ေမြးဖြားသူမ်ားသည္ ဘ၀တစ္သက္တာတြင္ ရပ္ေ၀းသို႔ေျပာင္း ေရြ႕ကာ အိုးအိမ္ထူေထာင္အေျခစိုက္ရျခင္း၊ ႏုိင္ငံရပ္ျခားခရီးမ်ား၊ ပင္လယ္ေရေၾကာင္းခရီးမ်ား မၾကာခဏသြားရျခင္းမ်ား ရွိလိမ့္မည္။ ၎ဇာတာရွင္မ်ားသည္ ေမြးဖြားၾကီးျပင္းသည့္နယ္ေျမမွ ေက်ာ္လြန္ေသာအရပ္ေဒသတို႔တြင္ ၾကီးပြားခ်မ္း သာေအာင္ျမင္ကံေကာင္းလိမ့္မည္။ တစ္ရြာမေျပာင္းသူေကာင္းမျဖစ္ ဆုိေသာစကားပံုသည္ ထိုသူမ်ားအတြက္ျဖစ္လိ့မ္ မည္။ ၎ဇာတာရွင္မ်ား၏ ထူးျခားခ်က္တစ္ရပ္မွာ ဘာသာတရားကိုင္းရႈိင္းၾက၏။ အိမ္ေထာင္ဘက္၏ ေဆြမ်ိဳးသားခ်င္း မ်ားသည္ မိမိအတြက္ ေကာင္းက်ိဳးဆိုးက်ိဳးကို ထူးထူးျခားျခား ေပးစြမ္းႏိုင္သူမ်ားျဖစ္ျခင္း၊ တရားဥပေဒပညာရပ္ကိုတတ္ ကြ်မ္းနားလည္ျပီး ဥပေဒဘက္တြင္ အလုပ္အကိုင္လုပ္ရျခင္းမ်ားရွိလိမ့္မည္။

မြန္းလြဲ (၂) နာရီမွ (၄) နာရီၾကားေမြးလွ်င္ ဤအခ်ိန္အတြင္းေမြးဖြားသူမ်ားအဖို႔ ဘ၀တစ္သက္တာတြင္ ေငြေၾကးႏွင့္ပတ္သတ္၍ ေၾကြတစ္လက္၊ ၾကက္တစ္ခုန္ဆုိ သကဲ့သို႔ တစ္ခ်က္ေကာင္း အစုလိုက္ အျပံဳလိုက္ရတတ္ျခင္းမ်ား မၾကာခဏ ၾကံဳလိမ့္မည္။ ေလာင္းကစားရာတြင္ အႏိုင္ရျခင္း၊ ျမင္းေလာင္းျခင္း၊ ထီေပါက္ျခင္းမ်ား တစ္ၾကိမ္ထက္မနည္းျဖစ္ လိမ့္မည္။ ေငြေၾကးႏွင့္ပတ္သတ္၍ ကိုယ္တုိင္ျခစ္ခ်ဳပ္၍ စုေဆာင္းကာၾကီးပြားရသည္ထက္ ကံေကာင္းေထာက္မ၍ စုပံုရျခငး္ျဖင့္ ၾကီးပြားခ်မ္းသာလိမ့္မည္။ ၎ဇာတာရွင္မ်ားသည္ အေမြအႏွစ္ မ်ားကို အစုလိုက္အျပံဳလိုက္ရရွိ ခံစားရမည္။ စီးပြားေရးတြင္ စပ္တူလုပ္ကိုင္ျခငး္မ်ားျဖင့္ အမ်ားဆံဳး ေအာင္ျမင္မႈရေနသူမ်ားျဖစ္လိမ့္မည္။

 ေန၀င္ခ်ိန္အနီး ကပ္ေမြးဖြားလွ်င္ ညေန(၄)နာရီေက်ာ္မွ (၆) နာရီ ေန၀င္ရီတေရာ အခ်ိန္တြင္ ေမြးဖြားသူမ်ားသည္ ဦးေဆာင္ေခါင္း ေဆာင္လုပ္ရန္ ၀န္ေလးသူမ်ားျဖစ္တတ္ၾက၏။ ဘ၀တစ္ေလွ်ာက္လံဳးတြင္ အစိုးရ၀န္ထမ္း လခစား အလုပ္မ်ိဳး လုပ္ကုိင္ရတတ္ျပီး သူတစ္ပါး၏ အက်ိဳးေဆာင္ျခင္း လုပ္ငန္းမ်ားျဖင့္သာ အက်ိဳးေပးတတ္ ၾကသည္။ ကိုယ္ပိုင္လုပ္ငန္းကို ဦးေဆာင္ျပဳလွ်င္ ေအာင္ျမင္မႈရသင့္သေလာက္မရပဲ ျဖစ္တတ္မည္။ ေနမ၀င္မီကာလ အပိုင္းအျခားအတြင္း ေမြးဖြားသူမ်ားသည္ အိမ္ေထာင္ဖက္ကုိ အမွီျပဳ၍ ၾကီးပြား ခ်မ္းသာေအာင္ျမင္တတ္ၾကသည္။ သို႔ေသာ္၎တို႔သည္ အမ်ားအားျဖင့္ အိမ္ေထာင္ဘက္ႏွင့္ စီးပြားဘက္တို႔၏ လႊမ္းမိုးျခယ္လွယ္ျခင္းကို ခံရတတ္ပါသည္။ ၎ဇာတာရွင္မ်ားအတြက္ အိမ္ေထာင္ေရးသည္ အေရးၾကီးဆံဳးျဖစ္၏။ အိမ္ေထာင္ဘက္ကုိေရြးရာမွာ အထူးသတိျပဳေရြးခ်ယ္သင့္သည္။ မိမိ၏ အိမ္ေထာင္ဘက္သည္ လူကံုထံ၊ ၾသဇာအာဏာရွိသူမ်ိဳးထဲမွ ျဖစ္တတ္ျခင္း၊ မာန္မာနၾကီးသူမ်ားျဖစ္တတ္ျခင္းတို႔ေၾကာင့္ အိမ္ေထာင္ေရးတြင္ အဆင္မေျပျဖစ္ရ တတ္သျဖင့္၎ဇာတာရွင္မ်ားသည္ ဘ၀တစ္ေလွ်ာက္လံုး သာယာမႈကင္းမဲ့တတ္သည္ကို အထူးနား လည္ၾကရေပမည္။

 ေန၀င္ျပီး (၂)နာရီအတြင္း ေမြးဖြားလွ်င္ ေန၀င္ျပီးေနာက္ (၂) နာရီၾကားကာလအတြင္း ေမြးဖြားသူမ်ားအဖို႔ က်န္းမာေရးကုိ အထူးသတိျပဳရန္လိုေပသည္။ ဘ၀တစ္ေလွ်ာက္လံုးတြင္ အလြန္ပင္အထိခိုက္ႏိုင္ဆံုးေသာ အေရး ကိစၥျဖစ္ေနေပလိမ့္မည္။ ထို႔ေၾကာင့္ က်န္းမာေရးကုိ အထူးဂရုျပဳရန္လိုမည္။ အထူးသျဖင့္ အစာအိမ္ ႏွင့္ဦးေႏွာက္အာရံဳေၾကာဆိုင္ရာ ေရာဂါမ်ားအတြက္ စိုးရိမ္ရတတ္သည္။ အစာမေၾက ေလနာေရာဂါ ျဖစ္တတ္ျခင္း၊ စိတ္တုန္လႈပ္ေျခာက္ျခားလြယ္ကာ ေနမေကာင္းထိုင္မေကာင္း ျဖစ္လာတတ္ျခင္း တို့သည္ ၎ဇာတာရွင္ အမ်ားစုထဲတြင္ အေတာ္ပင္မ်ားေပလိမ့္မည္။

ညဦးပိုင္းတြင္ေမြးဖြားသူမ်ား ညဦးပိုင္းကာလျဖစ္ေသာ (၈) နာရီမွ (၉) နာရီထိကာလအတြင္း ေမြးဖြားသူမ်ားအတြက္ အခ်စ္ေရးသည္ အေရးၾကီးေနတတ္၏။ ၎တို႔သည္ အခ်စ္ေရးႏွင့္ သံေယာဇဥ္ကိစၥမ်ားမ်ား တတ္ၾက၏။ သားေရး သမီးေရးကိစၥမ်ားလည္း မ်ားတတ္ၾက၏။ စိတ္ေနစိတ္ထားအားျဖင့္ ေပ်ာ္ရႊင္တက္ၾကြသူမ်ား ျဖစ္ျပီး ေလာင္းကစားျခင္းတြင္ လြန္စြာ ၀ါသနာထံုတတ္မည္ျဖစ္၏။ ၎ဇာတာရွင္မ်ားသည္ ငယ္စဥ္ကပင္ အခ်စ္ေရးကိစၥအလြန္မ်ားျပီး အရြယ္ၾကီးေသာကာလတြင္ သားသမီးအလြန္မ်ားလိမ့္မည္။ ပါတီ၊ ပြဲလမ္းသဘင္၊ ရုပ္ရွင္၊ ဇာတ္သဘင္၊ စတိတ္ရိႈးမ်ားဆိုလွ်င္ ၎ဇာတာရွင္မ်ားလြန္စြာ ႏွစ္ျခိဳက္လိမ့္မည္။ ေအာင္ျမင္လိမ့္မည္။ ေတးဂီတထုတ္လုပ္ေရး၊ ဗြီဒီယိုထုတ္လုပ္ေရး လုပ္ငန္းမ်ားျဖင့္လည္း ေအာင္ျမင္ၾကီးပြားလိမ့္မည္။

သန္းေခါင္ယံ အခ်ိန္အနီး ေမြးဖြားသူမ်ား ည(၉)နာရီေက်ာ္၍ သန္းေခါင္ယံ (၁၂) နာရီမထိုးမီ ၾကားကာလတြင္ ေမြးဖြားသူမ်ားသည္ ဘ၀တြင္ ေတာ္ေတာ္ႏွင့္ လူလားမေျမာက္ႏိုင္၊ အေျခမက်ႏိုင္ပဲရွိမည့္သူမ်ားျဖစ္တတ္ၾက၏။ အသက္(၃၀) ေရာက္သည့္တိုင္ေအာင္ တစ္အုိုးတစ္အိမ္ထူေထာင္ႏိုင္ျခင္းမရွိပဲ ေနရတတ္သည္။ အသက္(၃၀) ေရာက္ခါမွအလုပ္အကိုင္ အေျခအေန အတည္တက်ျဖစ္ရတတ္သည္။ အသက္(၃၀) မတိုင္မီကာလ တြင္မူ မိဘေဆြမ်ိဳးမ်ားအလယ္တြင္ ကေလးဆိုးၾကီးသဖြယ္ျဖစ္ကာ ဟိုေဆြမ်ိဳးအိမ္တက္ ဒီေဆြမ်ိဳးအိမ္ တက္ဆိုသလိုပင္ လွည့္လည္ေနထိုင္ကာ ေဘာ္ေၾကာ့ေနထိုင္သူမ်ား ျဖစ္တတ္လိမ့္မည္။ ဤဇာတာရွင္ မ်ားသည္ မိဘေဆြမ်ိဳးအသိုင္းအ၀ိုင္းကုိ အလြန္ခင္တြယ္တတ္ၾကသည္။ သူတို့၏ ကိုယ္စြမ္းကိုယ္စျဖင့္ လြတ္လြတ္ကြ်တ္ကြ်တ္မဟုတ္ပဲ ဘာမဆို မိဘေဆြမ်ိဳးသားခ်င္းမ်ားကိုပင္ အားကိုမႈျပဳတတ္ၾက၏။ အခ်ိဳ႔ဇာတာရွင္မ်ားသည္ မိဘေဆြမ်ိဳးတို႔၏ အိုးအိမ္ကုိ ထိန္းသိမ္းေစာင့္ေရွာက္ေပးေနရသည္ႏွင့္ပင္ ကုိယ့္အိုးကိုယ့္အိမ္ကို မထူေထာင္ႏုိင္ပဲ ရွိေနတတ္သည္။ အမ်ိဳးသမီးျဖစ္လွ်င္ ၎အခ်ိန္ေမြးေသာ ဇာတာရွင္မ်ားမွာ အမ်ားအားျဖင့္ ကုိယ့္မိဘမ်ားကို ျပဳစုေစာင့္ေရွာက္ရင္းပင္ အပ်ိဳၾကီးဘ၀ႏွင့္ တစ္ကိုယ္ေတာ္ ျဖစ္ေနၾကရတတ္သည္။ သို႔ေသာ္ထိုဇာတာရွင္မ်ားသည္ အိုးအိမ္ေျမယာပစၥည္းႏွင့္ ပတ္သတ္ျပီး ကံေကာင္းတတ္ၾက၏။ လယ္ယာလုပ္ငန္း၊ အေဆာက္အဦးလုပ္ငန္း၊ ကန္ထရိုက္ လုပ္ငန္းတို႔တြင္ အထူးတလည္ေအာင္ျမင္ၾကီးပြားႏိုင္ၾကေပသည္။

 ဤသို႔နံနက္သန္းေခါင္ေက်ာ္ တစ္ခ်က္ထိုးကာလမွစ၍ ညသန္းေခါင္ယံ (၁၂)နာရီထိုးကာလထိ တစ္ေန႔တာပတ္လံုး မည္သည့္အခ်ိန္တြင္မဆိုေမြးဖြားၾကသူမ်ား၏ ကုသိုလ္ကံ အက်ိဳးေပးမ်ားကို အေနာက္တိုင္းေဗဒင္အရ ေမြးသည့္နာရီတစ္ခုတည္းကို အေျချပဳျပီး သင့္ဘ၀လမ္းညႊန္ေဟာဆို ျခင္းျပီးျပည့္စံုျပီျဖစ္သည္။ သင့္ဘ၀လမ္းညႊန္အေဟာမ်ားသည္ စာရႈသူတို႔၏ဘ၀တာတြင္ အံ့ၾသ ေလာက္ေအာင္ ကိုက္ညီမွန္ကန္စြာ အက်ိဳးေပးလာမည္ျဖစ္ေပသည္။ ဆရာဦးခန့္ေက်ာ္ေရးသားေသာ ကိုယ္ေတြ႔သုခခ်မ္းသာစာအုပ္မွေကာက္ႏူတ္ထားပါသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Bo Mu

#Unicode Version

(သင်ဘယ်အချိန်တွင်မွေးသနည်း)

ညသန်းကောင်ကျော်တွင်မွေးသူများ ညမွန်းတည့်(၁၂)နာရီကျော်၍ တစ်နာရီ၊ နှစ်နာရီစသည့် အချိန်ပတ်ဝန်းကျင်တွင်မွေးဖွား သူများဖြစ်လျှင် ဘဝတစ် လျှောက်လုံးတွင် ဆွေမျိုးညီအစ်ကိုမောင်နှမများနှင့် နီးစပ်ဆက်သွယ်ရသော အကျိုးကိုပေးကိုရလိမ့်မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများသည် ဇာတာရှင်၏ဘဝတွင် ကောင်းကျိုးဆိုးကျိုးပြုကြကုန်သောအဓိက ဇတ်ဆောင်များဖြစ်ကြလိမ့်မည်။ မိဘမောင်ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့တွင် အနှောင့်အယှက် အတားအဆီးတွေ့ရသူများ ၊ မိဘမောင်ဘွားများကိုငဲ့ညှာ၍ အလွယ်တကူ အိမ်ထောင်မပြုနိုင်ဘဲ ရှိကြသူများသည် သန်းခေါင်ယံကျော်တွင်မွေးကြသူများသာ ဖြစ်ပါသည်။

ညမွန်းတည့်သန်းခေါင်မှ (၂)နာရီအတွင်း မွေးကြသူများသည် ဘဝတစ်လျှောက်လုံးတွင် ခရီးတိုများမနားမနေသွားရခြင်းများလိမ့်မည် ။ ကိုယ်စိတ်နှစ်ပါးနားနေငြိမ်ဆိတ်ရသည်ဟူ၍ မရှိပဲ တက်ကြွလှုပ်ရှားသူများဖြစ်သဖြင့် ခရီးသွားလာခြင်းအပြင် စာပေရေးသားခြင်း လေ့လာလိုက်စားခြင်း သိပ္ပံပညာ စိတ်ပညာ ဘာသာရေးတို့တွင် လေ့လာထူးချွန်ခြင်းတို့ဖြစ်လိမ့်မည်။ နံနက်နေမထွက်မီ မွေးဖွားသူများ ညသန်းခေါင်ကျော်အချိန်နှင့် နံနက်အာရုံတက်နေထွက်ချိန် အကြားကာလ နေမထွက်မီတွင်မွေးလျှင် စီးပွားရေး၊ ငွေရေးကြေးရေးတွင် ကံကောင်းထူးချွန်သူများဖြစ်လိမ့်မည်။

စက်နာရီအားဖြင့် ဆောင်းတွင်းကာလဖြစ်လျှင် နံနက် (၄)နာရီ (၅) နာရီခန့်တို့တွင် မွေးသူများသည် ဤအစုတွင် အားလုံးအကြုံးဝင်သူများဖြစ်သည်။ ၎င်းဇာတာရှင်တို့သည် ငွေကိုရှာတတ်ဖွေတတ်သူများ၊ ငွေရလွယ်သူများ၊ စီးပွားဖြစ်လွယ်သူများလည်းဖြစ်တတ်ကြသည်။ ဆရာလည်းလုပ်တတ်ကြ၏။ ယေဘုယျအားဖြင့် ဤသိုနေမထွက်မီ မွေးကြသူများသည် စီးပွားရေးလုပ်ငန်း အရောင်းအဝယ်လုပ်ငန်း တို့ဖြင့်သာ အကျိုးပေးသူများလေသည်။

နံနက်နေထွက်ချိန်တွင်မွေးသူများ နံနက်နေထွက်ချိန်နှင့် နေထွက်ပြီး (၁) နာရီအတွင်း (ဆောင်းတွင်းဖြစ်လျှင် နံနက် ၆နာရီနှင့် ၇နာရီ၊ နွေဖြစ်လျှင် နံနက်၅ နာရီနှင့် ၆ နာရီခန့်ဖြစ်သည်)၎င်းအချိန်တွင် မွေးဖွားသူများသည်ဘဝမှာ ကုသိုလ်ကံကောင်းသူများဖြစ်လိမ့်မည်။ ကိုယ့်ကို ကိုယ် ယုံကြည်စိတ်ချခြင်း၊ ပျော်ရွှင်ဖျတ်လတ်၍ မျှော်လင့်အားတက်စိတ်မျိုးထားခြင်း စသည့်အရည်အချင်းတို့ကြောင့် ဘဝမှာ အောင်မြင်ကြီးပွားသူများဖြစ်လိမ့်မည်။ သုခချမ်းသာနှင့်ပြည့်စုံသူများဖြစ်လိမ့်မည်။ ၎င်းအချိန်မွေးဇာတာရှင်များ သည် တာဝန်ကိုခံယူဝံ့သူများ၊ အုပ်ချုပ်ကွပ်ကဲမှုတွင် ကျွမ်းကျင်သူများဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ပညာရပ်တစ်ခု ဖြင့် အသက်မွေးမှုလုပ်ငန်းတို့တွင် အောင်မြင်ကြသူများဖြစ်လိမ့်မည်။ ဘဝတွင်ခပ်ငယ်ငယ်အသက်ပိုင်းကပင် စတင်၍ အခြေတည်ကြီးပွားကြသူများသည် ၎င်းအချိန်ပိုင်းတွင် အများအားဖြင့် မွေးဖွားသူများဖြစ်ပါသည်။

 နေထွက်နှင့်နေမွန်းတည့်ကြား အချိန်တွင်မွေးဖွားသူများ နံနက်နေထွက်နှင့် မွန်းတည့်ကြားအချိန် (နံနက် ၈နာရီ၊ ၉နာရီခန့်) တွင်မွေးဖွားသူများသည် အပေါင်းအသင်းဆန့်သူ၊ မိတ်ဆွေ သင်္ဂဟပေါများသူ၊ မိတ်ဆွေသင်္ဂဟများနှင့် ပတ်သတ်၍ အကျိုးခံစားကြီးပွားရသူများဖြစ်မည်။ ၎င်းးအချိန်ပိုင်းမွေးဖွားသူများသည် ငယ်စဉ်ကလေးဘဝကပင် သူငယ်ချင်းအပေါင်းအသင်းများကို ခင်မင်တွယ်တာ တတ်သူများဖြစ်သည်။ ၎င်းဇာတာရှင်များသည် ကိုယ့်ကိုကိုယ်လုံ့လဝီရိယစိုက်ထုတ် ကြိုးစားခြင်းထက် အပေါင်းအသင်း မိတ်ဆွေများ၏ အကူအညီကိုယူ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့်ထမြောက်အောင်မြင်ခြင်းက များလိမ့်မည်။ ထို့ကြောင့်၎င်းအချိန်ပိုင်းမွေးဖွားသူများသည် လူအများစုပေါင်းတွေ့ဆုံရာဖြစ်သော အသင်းအဖွဲ့များ ၊ ကုမ္ပဏီများ၊ အစည်းအရုံးများ၊ သဟာယကလပ်များ စသည်တို့တွင်ဆက်သွယ်ဝင်ရောက်ထားသင့်သည်။ စီးပွားရေးသမားများ၊ ကုန်သည်များ၊ သမဂ္ဂ၊ ဆန်ဆက်ပိုင်ရှင်များအသင်း၊ ပုံနှိပ်ထုတ်ဝေသူများအသင်း စသည်တို့တွင် ကိုယ်နှင့်သက်ဆိုင် ရာတွင် မပျက်မကွက် ပါဝင်တက်ရောက်ထားရမည်။ စာပေအသိုင်းအဝိုင်း၊ စာနယ်ဇင်းလောကတွင်နေရာကောင်း တစ်နေရာရသူဖြစ်လိမ့်မည်။

မွန်းတည့်ချိန်အနီးကပ်၍မွေးလျှင် လူတို့တွင် ကိုယ့်ဘဝ၌အရေးထားဆုံကိစ္စဟူသည် တစ်ဦးစီတွင် ရှိကြစမြဲဖြစ်သည်။ အချို့ကအချစ်ရေး၊ အိမ်ထောင်ရေး ကိုအရေးကြီးဆုံးအဖြစ်ထားကြသည်။ အချို့ကမူကျန်းမာရေးသည်သာလျှင် အရေးကြီးဆုံးဟူ၍မှတ်ယူကြသည်။ အချို့ကလည်း သားသမီး၊ ဆွေမျိုး မိဘများအရေးသည်သာလျှင် အဓိကဖြစ်သည်ဟု ယူဆကြသည်။ သို့သော် မွန်းတည့် (၁၂)နာရီထိုးချိန်အနီးကပ်မွေးကြသူများသည် ဘဝတစ်သက်တာတွင် အလုပ်အကိုင်အရေး ၊ ရာထူးဌာနန္တရေး၊ ကြီးပွားရေးသည်သာလျှင်အရေးကြီးဆုံးဖြစ်ပေလိမ့်မည်။ နေမွန်းတည့်ခါနီးကာလတွင် နီးကပ်စွာမွေးကြသူများသည် ဘဝတွင်ကြီးပွားရမည် အောင်မြင်ချမ်းသာရမည်ဟု သိန္နဌာန် ချထားကြသူများဖြစ်ပြီး ထိုဆုံးဖြတ်ချက်အတိုင်းလည်း အောင်မြင်လေ့ရှိသည်။ ထိုအချိန်တွင်မွေးကြသူများသည်တန်ခိုး အာဏာကြီးမားခြင်း၊ ကျော်ဇော်ထင်ရှားခြင်း၊ ဌာနဆိုင်ရာအုပ်ချုပ်ရေးတို့တွင် နေရာရခြင်းတို့ဖြစ်လိမ့်မည်။ ိုထို့ကြောင့် နေမွန်းတည့်အချိန် အနီးကပ်၍ မွေးသူများသည် အများအားဖြင့် သူ့အဆင့်အတန်းနှင့်သူ ဦးစီးခေါင်းဆောင် အကြီးအကဲဖြစ်တတ်ကြသူများသာဖြစ်လိမ့်မည်။

 နေမွန်းတည့်မှ (၂) နာရီကြားမွေးဖွားသူများ နေမွန်းတည့်မှ နေ့လည်စက် (၂)နာရီထိုးအကြားအချိန်တွင် မွေးဖွားသူများသည် ဘဝတစ်သက်တာတွင် ရပ်ဝေးသို့ပြောင်း ရွေ့ကာ အိုးအိမ်ထူထောင်အခြေစိုက်ရခြင်း၊ နိုင်ငံရပ်ခြားခရီးများ၊ ပင်လယ်ရေကြောင်းခရီးများ မကြာခဏသွားရခြင်းများ ရှိလိမ့်မည်။ ၎င်းဇာတာရှင်များသည် မွေးဖွားကြီးပြင်းသည့်နယ်မြေမှ ကျော်လွန်သောအရပ်ဒေသတို့တွင် ကြီးပွားချမ်း သာအောင်မြင်ကံကောင်းလိမ့်မည်။ တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုသောစကားပုံသည် ထိုသူများအတွက်ဖြစ်လိ့မ် မည်။ ၎င်းဇာတာရှင်များ၏ ထူးခြားချက်တစ်ရပ်မှာ ဘာသာတရားကိုင်းရှိုင်းကြ၏။ အိမ်ထောင်ဘက်၏ ဆွေမျိုးသားချင်း များသည် မိမိအတွက် ကောင်းကျိုးဆိုးကျိုးကို ထူးထူးခြားခြား ပေးစွမ်းနိုင်သူများဖြစ်ခြင်း၊ တရားဥပဒေပညာရပ်ကိုတတ် ကျွမ်းနားလည်ပြီး ဥပဒေဘက်တွင် အလုပ်အကိုင်လုပ်ရခြင်းများရှိလိမ့်မည်။

မွန်းလွဲ (၂) နာရီမှ (၄) နာရီကြားမွေးလျှင် ဤအချိန်အတွင်းမွေးဖွားသူများအဖို့ ဘဝတစ်သက်တာတွင် ငွေကြေးနှင့်ပတ်သတ်၍ ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆို သကဲ့သို့ တစ်ချက်ကောင်း အစုလိုက် အပြုံလိုက်ရတတ်ခြင်းများ မကြာခဏ ကြုံလိမ့်မည်။ လောင်းကစားရာတွင် အနိုင်ရခြင်း၊ မြင်းလောင်းခြင်း၊ ထီပေါက်ခြင်းများ တစ်ကြိမ်ထက်မနည်းဖြစ် လိမ့်မည်။ ငွေကြေးနှင့်ပတ်သတ်၍ ကိုယ်တိုင်ခြစ်ချုပ်၍ စုဆောင်းကာကြီးပွားရသည်ထက် ကံကောင်းထောက်မ၍ စုပုံရခြင်းဖြင့် ကြီးပွားချမ်းသာလိမ့်မည်။ ၎င်းဇာတာရှင်များသည် အမွေအနှစ် များကို အစုလိုက်အပြုံလိုက်ရရှိ ခံစားရမည်။ စီးပွားရေးတွင် စပ်တူလုပ်ကိုင်ခြင်းများဖြင့် အများဆုံး အောင်မြင်မှုရနေသူများဖြစ်လိမ့်မည်။

 နေဝင်ချိန်အနီး ကပ်မွေးဖွားလျှင် ညနေ(၄)နာရီကျော်မှ (၆) နာရီ နေဝင်ရီတရော အချိန်တွင် မွေးဖွားသူများသည် ဦးဆောင်ခေါင်း ဆောင်လုပ်ရန် ဝန်လေးသူများဖြစ်တတ်ကြ၏။ ဘဝတစ်လျှောက်လုံးတွင် အစိုးရဝန်ထမ်း လခစား အလုပ်မျိုး လုပ်ကိုင်ရတတ်ပြီး သူတစ်ပါး၏ အကျိုးဆောင်ခြင်း လုပ်ငန်းများဖြင့်သာ အကျိုးပေးတတ် ကြသည်။ ကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်ပြုလျှင် အောင်မြင်မှုရသင့်သလောက်မရပဲ ဖြစ်တတ်မည်။ နေမဝင်မီကာလ အပိုင်းအခြားအတွင်း မွေးဖွားသူများသည် အိမ်ထောင်ဖက်ကို အမှီပြု၍ ကြီးပွား ချမ်းသာအောင်မြင်တတ်ကြသည်။ သို့သော်၎င်းတို့သည် အများအားဖြင့် အိမ်ထောင်ဘက်နှင့် စီးပွားဘက်တို့၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရတတ်ပါသည်။ ၎င်းဇာတာရှင်များအတွက် အိမ်ထောင်ရေးသည် အရေးကြီးဆုံးဖြစ်၏။ အိမ်ထောင်ဘက်ကိုရွေးရာမှာ အထူးသတိပြုရွေးချယ်သင့်သည်။ မိမိ၏ အိမ်ထောင်ဘက်သည် လူကုံထံ၊ သြဇာအာဏာရှိသူမျိုးထဲမှ ဖြစ်တတ်ခြင်း၊ မာန်မာနကြီးသူများဖြစ်တတ်ခြင်းတို့ကြောင့် အိမ်ထောင်ရေးတွင် အဆင်မပြေဖြစ်ရ တတ်သဖြင့်၎င်းဇာတာရှင်များသည် ဘဝတစ်လျှောက်လုံး သာယာမှုကင်းမဲ့တတ်သည်ကို အထူးနား လည်ကြရပေမည်။

 နေဝင်ပြီး (၂)နာရီအတွင်း မွေးဖွားလျှင် နေဝင်ပြီးနောက် (၂) နာရီကြားကာလအတွင်း မွေးဖွားသူများအဖို့ ကျန်းမာရေးကို အထူးသတိပြုရန်လိုပေသည်။ ဘဝတစ်လျှောက်လုံးတွင် အလွန်ပင်အထိခိုက်နိုင်ဆုံးသော အရေး ကိစ္စဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုမည်။ အထူးသဖြင့် အစာအိမ် နှင့်ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများအတွက် စိုးရိမ်ရတတ်သည်။ အစာမကြေ လေနာရောဂါ ဖြစ်တတ်ခြင်း၊ စိတ်တုန်လှုပ်ခြောက်ခြားလွယ်ကာ နေမကောင်းထိုင်မကောင်း ဖြစ်လာတတ်ခြင်း တို့သည် ၎င်းဇာတာရှင် အများစုထဲတွင် အတော်ပင်များပေလိမ့်မည်။

ညဦးပိုင်းတွင်မွေးဖွားသူများ ညဦးပိုင်းကာလဖြစ်သော (၈) နာရီမှ (၉) နာရီထိကာလအတွင်း မွေးဖွားသူများအတွက် အချစ်ရေးသည် အရေးကြီးနေတတ်၏။ ၎င်းတို့သည် အချစ်ရေးနှင့် သံယောဇဉ်ကိစ္စများများ တတ်ကြ၏။ သားရေး သမီးရေးကိစ္စများလည်း များတတ်ကြ၏။ စိတ်နေစိတ်ထားအားဖြင့် ပျော်ရွှင်တက်ကြွသူများ ဖြစ်ပြီး လောင်းကစားခြင်းတွင် လွန်စွာ ဝါသနာထုံတတ်မည်ဖြစ်၏။ ၎င်းဇာတာရှင်များသည် ငယ်စဉ်ကပင် အချစ်ရေးကိစ္စအလွန်များပြီး အရွယ်ကြီးသောကာလတွင် သားသမီးအလွန်များလိမ့်မည်။ ပါတီ၊ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးများဆိုလျှင် ၎င်းဇာတာရှင်များလွန်စွာ နှစ်ခြိုက်လိမ့်မည်။ အောင်မြင်လိမ့်မည်။ တေးဂီတထုတ်လုပ်ရေး၊ ဗွီဒီယိုထုတ်လုပ်ရေး လုပ်ငန်းများဖြင့်လည်း အောင်မြင်ကြီးပွားလိမ့်မည်။

သန်းခေါင်ယံ အချိန်အနီး မွေးဖွားသူများ ည(၉)နာရီကျော်၍ သန်းခေါင်ယံ (၁၂) နာရီမထိုးမီ ကြားကာလတွင် မွေးဖွားသူများသည် ဘဝတွင် တော်တော်နှင့် လူလားမမြောက်နိုင်၊ အခြေမကျနိုင်ပဲရှိမည့်သူများဖြစ်တတ်ကြ၏။ အသက်(၃၀) ရောက်သည့်တိုင်အောင် တစ်အိုးတစ်အိမ်ထူထောင်နိုင်ခြင်းမရှိပဲ နေရတတ်သည်။ အသက်(၃၀) ရောက်ခါမှအလုပ်အကိုင် အခြေအနေ အတည်တကျဖြစ်ရတတ်သည်။ အသက်(၃၀) မတိုင်မီကာလ တွင်မူ မိဘဆွေမျိုးများအလယ်တွင် ကလေးဆိုးကြီးသဖွယ်ဖြစ်ကာ ဟိုဆွေမျိုးအိမ်တက် ဒီဆွေမျိုးအိမ် တက်ဆိုသလိုပင် လှည့်လည်နေထိုင်ကာ ဘော်ကြော့နေထိုင်သူများ ဖြစ်တတ်လိမ့်မည်။ ဤဇာတာရှင် များသည် မိဘဆွေမျိုးအသိုင်းအဝိုင်းကို အလွန်ခင်တွယ်တတ်ကြသည်။ သူတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် လွတ်လွတ်ကျွတ်ကျွတ်မဟုတ်ပဲ ဘာမဆို မိဘဆွေမျိုးသားချင်းများကိုပင် အားကိုမှုပြုတတ်ကြ၏။ အချို့ဇာတာရှင်များသည် မိဘဆွေမျိုးတို့၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေရသည်နှင့်ပင် ကိုယ့်အိုးကိုယ့်အိမ်ကို မထူထောင်နိုင်ပဲ ရှိနေတတ်သည်။ အမျိုးသမီးဖြစ်လျှင် ၎င်းအချိန်မွေးသော ဇာတာရှင်များမှာ အများအားဖြင့် ကိုယ့်မိဘများကို ပြုစုစောင့်ရှောက်ရင်းပင် အပျိုကြီးဘဝနှင့် တစ်ကိုယ်တော် ဖြစ်နေကြရတတ်သည်။ သို့သော်ထိုဇာတာရှင်များသည် အိုးအိမ်မြေယာပစ္စည်းနှင့် ပတ်သတ်ပြီး ကံကောင်းတတ်ကြ၏။ လယ်ယာလုပ်ငန်း၊ အဆောက်အဦးလုပ်ငန်း၊ ကန်ထရိုက် လုပ်ငန်းတို့တွင် အထူးတလည်အောင်မြင်ကြီးပွားနိုင်ကြပေသည်။

 ဤသို့နံနက်သန်းခေါင်ကျော် တစ်ချက်ထိုးကာလမှစ၍ ညသန်းခေါင်ယံ (၁၂)နာရီထိုးကာလထိ တစ်နေ့တာပတ်လုံး မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ အကျိုးပေးများကို အနောက်တိုင်းဗေဒင်အရ မွေးသည့်နာရီတစ်ခုတည်းကို အခြေပြုပြီး သင့်ဘဝလမ်းညွှန်ဟောဆို ခြင်းပြီးပြည့်စုံပြီဖြစ်သည်။ သင့်ဘဝလမ်းညွှန်အဟောများသည် စာရှုသူတို့၏ဘဝတာတွင် အံ့သြ လောက်အောင် ကိုက်ညီမှန်ကန်စွာ အကျိုးပေးလာမည်ဖြစ်ပေသည်။ ဆရာဦးခန့်ကျော်ရေးသားသော ကိုယ်တွေ့သုခချမ်းသာစာအုပ်မှကောက်နူတ်ထားပါသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Bo Mu
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top