iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္လႈပ္ရွားမႈနည္းၿပီးက်န္းမာေရးျပသနာေတြရွိလာႏုိင္တဲ့သူေတြအတြက္ကာမစပ္ယွက္တာကုိ
 ေဆး၀ါးတစ္ခုသဖြယ္ အသုံး ျပဳဖုိ႔ၿဗိတိန္အမ်ိဳးသားက်န္းမာေရးဌာနမွ ညႊန္ၾကားထားေၾကာင္း၊ ထိုညႊန္ၾကားခ်က္ကုိဆရာ၀န္ေတြဆီ ေပးပုိ႔ခဲ့တာျဖစ္ျပီးတစ္ေန႔ကုိမိနစ္၃၀ကုိယ္လက္လႈပ္ရွားဖုိ႔လုိေပမယ့္ အဲလုိမလုပ္ႏုိင္သူေတြဟာ ကာမစပ္ယွက္တာကုိ စိတ္ပါလက္ပါလုပ္ဖုိ႔ လုိအပ္ ေၾကာင္း the Academy of Medical Royal Colleges မွ တာ၀န္ရွိသူတစ္ဦးက၂၀၁၅ခုႏွစ္ ႏွစ္ဦးပိုင္းမွာdailymail.co.uk (ေခၚ) အင္တာနက္သတင္းလႊာမွာ ေဖာ္ျပထားပါတယ္။

ခ်စ္တင္းေႏွာျခင္းအတြက္ ေအာက္ေဖာ္ျပပါက်န္းမာေရးအက်ိဳးေက်းဇူးမ်ားကိုရရွိေစမည္ျဖစ္ပါေၾကာင္းကို
လည္း အင္တာနက္သတင္းလႊာတစ္ခုျဖစ္ေသာ InternationalHealthDigestမွာ ေဖာ္ျပထားပါတယ္။
 (၁) ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။ The University of Münster မွ အာရံုေၾကာေရာဂါရွာေဖြေရးသုေတသီမ်ားက ေခါင္းတျခမ္းကိုက္ ေ၀ဒနာသည္ အမ်ိဳးသား၊အမ်ိဳး သမီး အေယာက္၁၀၀၀ျဖင့္ေလ့လာမႈမ်ားျပဳခဲ့ရာ၊ထိုလူနာ၏၆၀ရာခိုင္ႏႈန္းခန္ ့ကဖိုမဆက္ဆံျပီးေနာက္
 ေခါင္းကိုက္ေ၀ဒနာသိသိသာသာသက္သာလာတယ္လို ့ဆိုပါတယ္။
(၂) ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေစပါတယ္။
The BermanCenter(ေခၚ)အမ်ိဳးသမီးမ်ားလိင္ပိုင္းဆိုင္ရာက်မၼာေရးစင္တာမွ ဒါရိုက္တာ တစ္ဦးျဖစ္သူ Ms.Laura Berman ကအမ်ိဳးသမီးမ်ားအိပ္ယာမ၀င္ခင္လိင္ကိစၥျပီးေျမာက္ျခင္းကစိတ္ဖိစီးမႈမ်ားေျပေလ်ာ့
ကာတခဏအတြင္းအိပ္ေပ်ာ္သြားေစတယ္လို ့ဆိုပါတယ္။
(၃)ကယ္လိုရီေလာင္ျမိဳက္ေစပါတယ္။
ကိုယ္အေလးခ်ိန္က်လိုသူမ်ားအတြက္ သတင္းေကာင္းေလးပါ။ မိနစ္၃၀ၾကာ ခ်စ္တင္း ခင္းက ၁၄၄ ကယ္လိုရီ ေလာင္ျမိဳက္ ေစျပီး၊ မၾကာခဏေပြ ့ဖက္နမ္းရႈံ ့ျခင္းက ၆၈ ကယ္လိုရီ ေလာင္ျမိဳက္ေစေၾကာင္း Women'sDayဂ်ာနယ္တစ္ေစာင္တြင္ ေဖာ္ျပထားပါတယ္။
(၄) ႏွလံုးက်မၼာေစပါတယ္။
ခ်စ္တင္းေႏွာျခင္းကကိုယ္အေလးခ်ိန္က်ေစျခင္း၊စိတ္ဖိစီးမႈမ်ားေျပေပ်ာက္ျပီးညဘက္အိပ္ေမာက်
 ျခင္းစသည့္အက်ိဳးေက်းဇူးမ်ားရေစ၍ ႏွလံုးကိုတစ္ဖက္တစ္လမ္းမွအားျပည့္ေစတဲ့အတြက္ ႏွလံုးက်မၼာေရး
ကိုအေထာက္အကူ ျဖစ္ေစပါတယ္။
(၅)ၾကြက္သားမ်ားသန္မာေစပါတယ္ႏွလံုးၾကြက္သားမ်ားကိုေကာင္းက်ိဳးျပဳကာသက္လံုေကာင္းေစ
ရံုသာမက၊ဖို-မဆက္ဆံျခင္းအေနအထားအရၾကြက္သားမ်ားအားစိုက္ထုတ္ရျခင္းေၾကာင့္ျကြက္သားမ်ား
သန္မာေစပါတယ္။
(၆) နာက်င္မႈေ၀ဒနာမ်ားသက္သာေစပါတယ္။ ခ်စ္တင္းေႏွာခ်ိန္မွာ oxytocin ေဟာ္မုန္းထြက္ရိွပါတယ္။
 နာက်င္မႈသက္သာေစရန္ဦးေႏွာက္မွထုတ္ေပးသည့္ထိုေဟာ္မုန္း ေၾကာင့္ခႏၶာကိုယ္ရွိနာက်င္မႈေ၀ဒနာမ်ား
ကိုေလ်ာ့ပါးသြားပါတယ္။
(၇) ကိုယ္ခံစြမ္းအားတိုးတက္ျမင့္မားလာေစပါတယ္။
The University of Pennsylvania မွ ေဆးသိပၸံပညာရွင္မ်ားက အနည္းဆံုးရက္သတၱ ၁-ပတ္လွ်င္ ၁-ၾကိမ္ ခ်စ္တင္းေႏွာျခင္းက ကိုယ္ခံစြမ္းအားကို၃၀ရာခိုင္ႏႈန္းမွ် တိုးတက္ေကာင္းမြန္လာေစတာေၾကာင့္ အေအးမိ၊တုပ္ေကြးစသည့္ရာသီကူးစက္ဖ်ားမ်ားမျဖစ္ေစႏိုင္ဘူးလို ့ဆိုပါတယ္။လိင္စိတ္ကိုအားေပးတဲ့
အစားအစာမ်ားမွာ-
(၁) တရုပ္နံနံပင္ထဲတြင္ပါရွိေသာ androsterone ဓာတ္ကက်ားဟိုမုန္းထြက္ရွိမႈကို လြန္စြာအားေပးတ့ဲ့
အတြက္အမ်ိဳးသားမ်ားညအိပ္ယာမ၀င္ခင္တရုပ္နံနံပင္ကိုအစိမ္းလိုက္၀ါးစားေပးသင့္ပါတယ္။
 (၂)ဂံုးေကာင္/ကမာေကာင္ထဲရွိ သဘာ၀ ဇင့္ဓာတ္ႏွင့္ dopamine ဟိုမုန္းတို ့က လိင္စိတ္ကို သံုးဆမွ်တိုးပြားလာေစကာ၊ အမ်ိဳးသားမ်ားသုက္ရည္ထုတ္ေပးေသာ ဆဲလ္မ်ားကိုအ ေထာက္အပံ့ေပး
သျဖင့္ သားသမီးယူရန္အစီအစဥ္ရွိေသာ ဖခင္ေလာင္းမ်ား ဂံုးေကာင္/ကမာေကာင္ကို မျဖစ္မေန စားေပးသင့္ပါတယ္။(အကယ္၍ကရုကမာေကာင္မၾကိဳက္သူမ်ားအေနျဖင့္၄င္းႏွင့္အစြမ္းသတၱိတူေသာ
ေသာ ေရႊဖရံုေစ့ေလွာ္ကို စား ေပး ႏိုင္ပါတယ္။
(၃) ဌက္ေပ်ာသီးထဲတြင္ပါရွိေသာ bromelain အင္ဇိုင္း ႏွင့္ ဗီတာမင္မ်ားက က်ားခြန္းအားကို
 ျပည့္၀ေစလို ့  ေန ့တိုင္း ဌက္ေပ်ာသီးစားေပးပါ။
(၄) ေရွးမကၠဆီကိုတိုင္းရင္းသားမ်ားကေထာပတ္သီးကို"testicletree(၀ါ)သုက္ရည္ထြက္ ေစတဲ့အပင္ ဟုမွည့္ေခၚကာ ဖို-မ ခြန္အားတိုးေဆးအျဖစ္ စားသံုးလာခဲ့ၾကပါတယ္။
(၅) ဗာဒံေစ့ထဲမွာပါတဲ့ ဖက္ဆီးအက္ဆစ္ မ်ားဟာ က်ားဟိုမုန္း ထုတ္ေပးႏိုင္စြမ္းရွိလို ့၊ဗာဒံေစ့အစိမ္းကို
အစိမ္းလိုက္(အခ်ိ/အငံမေရာဘဲ)၀ါးစားပါ။
(၆) သဖန္းသီး၊သရက္ သီး၊ မက္မံုသီးႏွင့္စေတာ္ဘယ္ရီသီးမ်ားကဖိုမစြမ္းအားတိုးျမွင့္ေပးလို ့
၄င္းသစ္သီး၄မ်ိဳးကိုေရာစား၍ေသာ္လည္းေကာင္း၊တမ်ိဳးခ်င္းသီးသန္ ့စား၍ေသာ္လည္းေကာင္း
အဆင္ေျပသလိုစားေပးႏိုင္ပါတယ္။
(၇) ၾကက္ဥထဲမွာပါတဲ ့ ဗီတာမင္ B5 ႏွင့္ B6တို ့က စိတ္ဖိစီးမႈေျပေပ်ာက္ေစျပီး၊ ဟိုမုန္းပမာဏကို
တိုးပြားလာေစပါတယ္။ ၾကက္ဥကိုအစိမ္းေသာက္ျခင္းက က်ား-မ သဘာ၀ စြမ္းရည္ ကို ပိုမိုတိုးပြားလာေစပါတယ္။ ငါးဥမ်ားကလည္း ၾကက္ဥလိုအစြမ္းသတၱိပါရွိၾကပါတယ္။
(၈)ျကက္သြန္ျဖဴထဲရွိallicinဓာတ္ကက်ားမလိင္အဂၤါထဲရွိ ေသြးမ်ားကိုလွွ်င္ျမန္စြာစီးဆင္းလည္ပတ္ေစလို ့
ရာဂစိတ္ၾကြေစပါတယ္။
(၉) အနက္ေရာင္ ေခ်ာကလက္ထဲမွာပါတဲ့phenylethylamineဓာတ္ေပါင္းစုကခ်စ္စိတ္ကိုတိုးပြားေစလို ့၊
 ခ်စ္တင္းေႏွာအားျဖည့္ေဆးအျဖစ္မွီ၀ဲစားသံုးသင့္ပါ တယ္။
(၁၀) ျမန္မာ့တိုင္းရင္းေဆးက်မ္းမ်ားမွာျမင္းခြာရြက္ကို ၆လ တိတိစားေပးပါက၊ ခြန္အားဗလႀကီး၍ လူပ်ိဳ လိုျဖစ္ေစေၾကာင္းညႊန္းဆိုထားပါတယ္။အိႏိၵယႏိုင္ငံArunaဘုရင္မင္းျမတ္ဟာေန ့စဥ္ျမင္းခြာရြက္စားလို ့
သက္လံုေကာင္းျပီးမိဘုရားေမာင္းမမိသံအေယာက္၅၀အတြက္လိင္ကိစၥကိုစြမ္းေဆာင္ႏိုင္ေၾကာင္းအိႏိၵယ
ရာဇ၀င္သမိုင္းတြင္ေဖာ္ျပထားပါတယ္။ ျမင္းခြာရြက္ဟာလိင္စိတ္ၾကြေစေသာအစြမ္းရွိလို ့၊ ၁၉၆၆ ခုႏွစ္ ထိုင္းႏိုင္ငံေဆးအဘိဓာန္မွာ လိင္စိတ္ကိုအားေပးတဲ့ သဘာ၀ ေဆး(၀ါ)Youth Vitamin X ဟုမွတ္တမ္းတင္ထားပါတယ္။
(၁၁) ကီ၀ီသီးကလည္း ခ်စ္တင္းေႏွာေစတဲ့အားျဖည့္ေဆးပါဘဲ။
(၁၂) ေဖာလစ္အက္ဆစ္ၾကြယ္၀ေသာ ဟင္းႏုနယ္ကို စားေပးျခင္းျဖင့္ လိင္စိတ္ဆႏၵကိုတိုးျမင့္ေပးကာ၊ မ်ိဳးေအာင္ေစပါတယ္။
(၁၃)ဟင္နရီ၇ဘုရင္ႏွင့္ေရွးအာရွဘုရင္မင္းျမတ္မ်ားလက္ထပ္ကတည္းကပင္ ေမာင္းမမိႆံစြမ္းေဆာင္းရည္ အားေကာင္း ေဆးအျဖစ္ ဂ်င္းျပဳတ္ရည္ကိုမွီ၀ဲလာခဲ့ၾကပါတယ္။ ထို ့ျပင္ ၂၁ ရာစု ေဆးသုေတသီမ်ား
ကလည္း ဂ်ငး္ဟာ ကာမစိတ္ဆႏၵကို လွံဳ ့ေဆာ္ေပးတဲ့ အိမ္တြင္းသမားေတာ္လို ့ဆိုၾကပါတယ္။ (၁၄)ဖာလာေစ့ထဲတြင္အေျမာက္အမ်ားပါရွိေသာCineole ဓာတ္ကရာဂစိတ္ကို လွံဳ့ေဆာ္ေပးႏိုင္စြမ္း
ရွိလို ့အိႏၵိယႏိုင္ငံမွာကာမရာဂေဆးအျဖစ္ဖာလာေစ့ေရေႏြးၾကမ္းလၻက္ရည္ကို ေသာက္သံုး ေလ့ရွိၾက
ပါတယ္။
(၁၅)အိီတလီႏိုင္ငံမွာ ေရွးပေ၀သဏီကတည္းကစ၍ ပင္စိမ္းပင္မ်ားကို ဟိုမုန္းအားတိုးေဆးအျဖစ္ အသံုးျပဳ လာခဲ့ၾကပါတယ္။
(၁၆) ေရႊဖရံုေစ့ထဲမွာဇင့္ဓာတ္ျမင့္မားစြာပါရွိသည့္အျပင္ ဗီတာမင္ႏွင့္ သတၱဳဓာတ္တို ့ အလံုအေလာက္ပါရွိ လို ့ကပၸါယ္အိတ္တြင္ ျဖစ္ေပၚသည့္အဖိုလိင္ေဟာ္မုန္းထုတ္လုပ္မႈကို အားေပးျခင္းေၾကာင့္အမ်ိဳးသားမ်ားညအိပ္ယာ၀င္ခါနီး တိုင္း ေရႊဖရံုေစ့ေလွာ္စားေပးသင့္ပါတယ္။
(၁၇) ေနာက္ဆံုးေပၚေလ့လာစမ္းသပ္မႈမ်ားအရ၊စပ်စ္၀ိုင္
တစ္ခြက္ပံုမွန္မွီ၀ဲေလ့ရွိ ေသာအမ်ိဳးသမီးမ်ားဟာလိင္စိတ္ဆႏၵတက္ၾကြေလ့ရွိျပီး၊အလံုးစံုျပီးေျမာက္ေအာ
င္ျမင္ပါတယ္တဲ့။
 (၁၈)ဖရဲသီးမွာပါတဲ့citrulline(ေခၚ)အမိုင္ႏိုအက္ဆစ္ဟာ ေသြးလႊတ္ေၾကာမ်ားကိုေျပေလ်ာ့ကာ၊
 ေသြးလည္ပတ္စီးဆင္းမႈကို တိုးပြားေစလို ့အမ်ိဳး သားမ်ား က်ားခြန္အားေကာင္းေစပါတယ္။
(၁၉) ပန္းေဂၚဖီစိမ္းမွာပါတဲ့ဗီတာမင္ဓာတ္ေပါင္းစုမ်ားဟာ မ-သဘာ၀ခြန္အား ျဖစ္ေစ ၍ အမ်ိဳးသမီးမ်ား ညစာဟင္းလ်ာအျဖစ္စားသံုးေပးသင့္ပါတယ္။
(၂၀) The University of Hawaii မွေလ့လာစမ္းသပ္မႈမ်ားအရ၊ ဂ်င္စင္းမွီ၀ဲသူအမ်ိဳးသမီးမ်ားဟာ တလအတြင္းမွာပင္လိင္စြမ္းေဆာင္ရည္ ၆၈ ရာခိုင္ႏႈန္းမွ် တိုးတက္လာေၾကာင္း၊ သို ့ေသာ္ဓာတုပစၥည္း/
သၾကားတို ့ျဖင့္ ဖန္တီးထားေသာ ဂ်င္စင္းအတုကေတာ့ က်မၼာေရးကိုအက်ိဳးယုတ္ေစေၾကာင္း အၾကံျပဳ ထားပါ တယ္။
(၂၁) အ၀ါေရာင္ကံုကုမံ(၀တ္ဆံ)ဟာ အစာအိမ္ေရာဂါမ်ားအတြက္ ေဆးဘက္၀င္ရံုသာမက လိင္စြမ္းေဆာင္မႈကို အား ေပးလို ့ ေရေႏြးပူပူမွာ ၁၅-မိနစ္ခန့္စိမ္ေသာက္ေပးႏိုင္ပါတယ္။
(၂၂) ဆလတ္ရြက္မွာလိင္စိတ္ဟိုမုန္းကိုႏိႈးေဆာ္ေပးႏိုင္ေသာ အစြမ္းပါရွိလို ့ ညစာစား တဲ့အခါ ဆလတ္ရြက္ ၁-ဇလံုစာ ထဲ့စားေပးပါ။
(၂၃) ကညြတ္ပင္ရဲ ့ ပံုသ႑ာန္ကအထီးလိင္အဂၤါႏွင့္ ခပ္ဆင္ဆင္တူ၍၊ ျပင္သစ္ ဘာသာစကားအရ ကညြတ္ကို asperge (၀ါ)က်ားလိင္အဂၤါဟုေခၚပါတယ္။သဘာ၀က်ားခြန္အား ျပည့္ေစလို ့အမ်ိဳးသားမ်ား အားတိုးေဆးအျဖစ္မွီ၀ဲသင့္ပါတယ္။ ဒါ့ျပင္မီးဖြားျပီးစအမ်ိဳးသမီးမ်ား ကညြတ္ပင္အျမစ္ျပဳတ္ စားျခင္း (သို ့)ကညြတ္ ႏွင့္ ႏြားႏို ့တို ့ေရာ၍ ႏို ့ထမင္းခ်က္စား ျခင့္ျဖင့္ ေသြးသန့္ကာမခြန္အားအျမန္ ျပည့္ေစ
ပါတယ္။ (ေဆာင္းပါးရွင္…ေပါက္ေပါက္္...ေရးသားမွ်ေ၀ည္)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:ေပါက္ေပါက္

#Unicode Version
ကိုယ်လှုပ်ရှားမှုနည်းပြီးကျန်းမာရေးပြသနာတွေရှိလာနိုင်တဲ့သူတွေအတွက်ကာမစပ်ယှက်တာကို

 ဆေးဝါးတစ်ခုသဖွယ် အသုံး ပြုဖို့ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကိုဆရာဝန်တွေဆီ ပေးပို့ခဲ့တာဖြစ်ပြီးတစ်နေ့ကိုမိနစ်၃၀ကိုယ်လက်လှုပ်ရှားဖို့လိုပေမယ့် အဲလိုမလုပ်နိုင်သူတွေဟာ ကာမစပ်ယှက်တာကို စိတ်ပါလက်ပါလုပ်ဖို့ လိုအပ် ကြောင်း the Academy of Medical Royal Colleges မှ တာဝန်ရှိသူတစ်ဦးက၂၀၁၅ခုနှစ် နှစ်ဦးပိုင်းမှာdailymail.co.uk (ခေါ်) အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။


ချစ်တင်းနှောခြင်းအတွက် အောက်ဖော်ပြပါကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေမည်ဖြစ်ပါကြောင်းကို

လည်း အင်တာနက်သတင်းလွှာတစ်ခုဖြစ်သော InternationalHealthDigestမှာ ဖော်ပြထားပါတယ်။

 (၁) ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ The University of Münster မှ အာရုံကြောရောဂါရှာဖွေရေးသုတေသီများက ခေါင်းတခြမ်းကိုက် ဝေဒနာသည် အမျိုးသား၊အမျိုး သမီး အယောက်၁၀၀၀ဖြင့်လေ့လာမှုများပြုခဲ့ရာ၊ထိုလူနာ၏၆၀ရာခိုင်နှုန်းခန့်ကဖိုမဆက်ဆံပြီးနောက်

 ခေါင်းကိုက်ဝေဒနာသိသိသာသာသက်သာလာတယ်လို့ဆိုပါတယ်။

(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

The BermanCenter(ခေါ်)အမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျမ္မာရေးစင်တာမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman ကအမျိုးသမီးများအိပ်ယာမဝင်ခင်လိင်ကိစ္စပြီးမြောက်ခြင်းကစိတ်ဖိစီးမှုများပြေလျော့

ကာတခဏအတွင်းအိပ်ပျော်သွားစေတယ်လို့ဆိုပါတယ်။

(၃)ကယ်လိုရီလောင်မြိုက်စေပါတယ်။

ကိုယ်အလေးချိန်ကျလိုသူများအတွက် သတင်းကောင်းလေးပါ။ မိနစ်၃၀ကြာ ချစ်တင်း ခင်းက ၁၄၄ ကယ်လိုရီ လောင်မြိုက် စေပြီး၊ မကြာခဏပွေ့ဖက်နမ်းရှုံ့ခြင်းက ၆၈ ကယ်လိုရီ လောင်မြိုက်စေကြောင်း Women'sDayဂျာနယ်တစ်စောင်တွင် ဖော်ပြထားပါတယ်။

(၄) နှလုံးကျမ္မာစေပါတယ်။

ချစ်တင်းနှောခြင်းကကိုယ်အလေးချိန်ကျစေခြင်း၊စိတ်ဖိစီးမှုများပြေပျောက်ပြီးညဘက်အိပ်မောကျ

 ခြင်းစသည့်အကျိုးကျေးဇူးများရစေ၍ နှလုံးကိုတစ်ဖက်တစ်လမ်းမှအားပြည့်စေတဲ့အတွက် နှလုံးကျမ္မာရေး

ကိုအထောက်အကူ ဖြစ်စေပါတယ်။

(၅)ကြွက်သားများသန်မာစေပါတယ်နှလုံးကြွက်သားများကိုကောင်းကျိုးပြုကာသက်လုံကောင်းစေ

ရုံသာမက၊ဖို-မဆက်ဆံခြင်းအနေအထားအရကြွက်သားများအားစိုက်ထုတ်ရခြင်းကြောင့်ကြွက်သားများ

သန်မာစေပါတယ်။

(၆) နာကျင်မှုဝေဒနာများသက်သာစေပါတယ်။ ချစ်တင်းနှောချိန်မှာ oxytocin ဟော်မုန်းထွက်ရှိပါတယ်။

 နာကျင်မှုသက်သာစေရန်ဦးနှောက်မှထုတ်ပေးသည့်ထိုဟော်မုန်း ကြောင့်ခန္ဓာကိုယ်ရှိနာကျင်မှုဝေဒနာများ

ကိုလျော့ပါးသွားပါတယ်။

(၇) ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေပါတယ်။

The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင်များက အနည်းဆုံးရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို၃၀ရာခိုင်နှုန်းမျှ တိုးတက်ကောင်းမွန်လာစေတာကြောင့် အအေးမိ၊တုပ်ကွေးစသည့်ရာသီကူးစက်ဖျားများမဖြစ်စေနိုင်ဘူးလို့ဆိုပါတယ်။လိင်စိတ်ကိုအားပေးတဲ့

အစားအစာများမှာ-

(၁) တရုပ်နံနံပင်ထဲတွင်ပါရှိသော androsterone ဓာတ်ကကျားဟိုမုန်းထွက်ရှိမှုကို လွန်စွာအားပေးတဲ့

အတွက်အမျိုးသားများညအိပ်ယာမဝင်ခင်တရုပ်နံနံပင်ကိုအစိမ်းလိုက်ဝါးစားပေးသင့်ပါတယ်။

 (၂)ဂုံးကောင်/ကမာကောင်ထဲရှိ သဘာ၀ ဇင့်ဓာတ်နှင့် dopamine ဟိုမုန်းတို့က လိင်စိတ်ကို သုံးဆမျှတိုးပွားလာစေကာ၊ အမျိုးသားများသုက်ရည်ထုတ်ပေးသော ဆဲလ်များကိုအ ထောက်အပံ့ပေး

သဖြင့် သားသမီးယူရန်အစီအစဉ်ရှိသော ဖခင်လောင်းများ ဂုံးကောင်/ကမာကောင်ကို မဖြစ်မနေ စားပေးသင့်ပါတယ်။(အကယ်၍ကရုကမာကောင်မကြိုက်သူများအနေဖြင့်၎င်းနှင့်အစွမ်းသတ္တိတူသော

သော ရွှေဖရုံစေ့လှော်ကို စား ပေး နိုင်ပါတယ်။

(၃) ဌက်ပျောသီးထဲတွင်ပါရှိသော bromelain အင်ဇိုင်း နှင့် ဗီတာမင်များက ကျားခွန်းအားကို

 ပြည့်ဝစေလို့  နေ့တိုင်း ဌက်ပျောသီးစားပေးပါ။

(၄) ရှေးမက္ကဆီကိုတိုင်းရင်းသားများကထောပတ်သီးကို"testicletree(ဝါ)သုက်ရည်ထွက် စေတဲ့အပင် ဟုမှည့်ခေါ်ကာ ဖို-မ ခွန်အားတိုးဆေးအဖြစ် စားသုံးလာခဲ့ကြပါတယ်။

(၅) ဗာဒံစေ့ထဲမှာပါတဲ့ ဖက်ဆီးအက်ဆစ် များဟာ ကျားဟိုမုန်း ထုတ်ပေးနိုင်စွမ်းရှိလို့၊ဗာဒံစေ့အစိမ်းကို

အစိမ်းလိုက်(အချိ/အငံမရောဘဲ)ဝါးစားပါ။

(၆) သဖန်းသီး၊သရက် သီး၊ မက်မုံသီးနှင့်စတော်ဘယ်ရီသီးများကဖိုမစွမ်းအားတိုးမြှင့်ပေးလို့

၎င်းသစ်သီး၄မျိုးကိုရောစား၍သော်လည်းကောင်း၊တမျိုးချင်းသီးသန့်စား၍သော်လည်းကောင်း

အဆင်ပြေသလိုစားပေးနိုင်ပါတယ်။

(၇) ကြက်ဥထဲမှာပါတဲ့ ဗီတာမင် B5 နှင့် B6တို့က စိတ်ဖိစီးမှုပြေပျောက်စေပြီး၊ ဟိုမုန်းပမာဏကို

တိုးပွားလာစေပါတယ်။ ကြက်ဥကိုအစိမ်းသောက်ခြင်းက ကျား-မ သဘာ၀ စွမ်းရည် ကို ပိုမိုတိုးပွားလာစေပါတယ်။ ငါးဥများကလည်း ကြက်ဥလိုအစွမ်းသတ္တိပါရှိကြပါတယ်။

(၈)ကြက်သွန်ဖြူထဲရှိallicinဓာတ်ကကျားမလိင်အင်္ဂါထဲရှိ သွေးများကိုလှျှင်မြန်စွာစီးဆင်းလည်ပတ်စေလို့

ရာဂစိတ်ကြွစေပါတယ်။

(၉) အနက်ရောင် ချောကလက်ထဲမှာပါတဲ့phenylethylamineဓာတ်ပေါင်းစုကချစ်စိတ်ကိုတိုးပွားစေလို့၊

 ချစ်တင်းနှောအားဖြည့်ဆေးအဖြစ်မှီဝဲစားသုံးသင့်ပါ တယ်။

(၁၀) မြန်မာ့တိုင်းရင်းဆေးကျမ်းများမှာမြင်းခွာရွက်ကို ၆လ တိတိစားပေးပါက၊ ခွန်အားဗလကြီး၍ လူပျို လိုဖြစ်စေကြောင်းညွှန်းဆိုထားပါတယ်။အိန္ဒိယနိုင်ငံArunaဘုရင်မင်းမြတ်ဟာနေ့စဉ်မြင်းခွာရွက်စားလို့

သက်လုံကောင်းပြီးမိဘုရားမောင်းမမိသံအယောက်၅၀အတွက်လိင်ကိစ္စကိုစွမ်းဆောင်နိုင်ကြောင်းအိန္ဒိယ

ရာဇဝင်သမိုင်းတွင်ဖော်ပြထားပါတယ်။ မြင်းခွာရွက်ဟာလိင်စိတ်ကြွစေသောအစွမ်းရှိလို့၊ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံဆေးအဘိဓာန်မှာ လိင်စိတ်ကိုအားပေးတဲ့ သဘာ၀ ဆေး(ဝါ)Youth Vitamin X ဟုမှတ်တမ်းတင်ထားပါတယ်။

(၁၁) ကီဝီသီးကလည်း ချစ်တင်းနှောစေတဲ့အားဖြည့်ဆေးပါဘဲ။

(၁၂) ဖောလစ်အက်ဆစ်ကြွယ်ဝသော ဟင်းနုနယ်ကို စားပေးခြင်းဖြင့် လိင်စိတ်ဆန္ဒကိုတိုးမြင့်ပေးကာ၊ မျိုးအောင်စေပါတယ်။

(၁၃)ဟင်နရီ၇ဘုရင်နှင့်ရှေးအာရှဘုရင်မင်းမြတ်များလက်ထပ်ကတည်းကပင် မောင်းမမိဿံစွမ်းဆောင်းရည် အားကောင်း ဆေးအဖြစ် ဂျင်းပြုတ်ရည်ကိုမှီဝဲလာခဲ့ကြပါတယ်။ ထို့ပြင် ၂၁ ရာစု ဆေးသုတေသီများ

ကလည်း ဂျင်းဟာ ကာမစိတ်ဆန္ဒကို လှုံ့ဆော်ပေးတဲ့ အိမ်တွင်းသမားတော်လို့ဆိုကြပါတယ်။ (၁၄)ဖာလာစေ့ထဲတွင်အမြောက်အများပါရှိသောCineole ဓာတ်ကရာဂစိတ်ကို လှုံ့ဆော်ပေးနိုင်စွမ်း

ရှိလို့အိန္ဒိယနိုင်ငံမှာကာမရာဂဆေးအဖြစ်ဖာလာစေ့ရေနွေးကြမ်းလ္ဘက်ရည်ကို သောက်သုံး လေ့ရှိကြ

ပါတယ်။

(၁၅)အီတလီနိုင်ငံမှာ ရှေးပဝေသဏီကတည်းကစ၍ ပင်စိမ်းပင်များကို ဟိုမုန်းအားတိုးဆေးအဖြစ် အသုံးပြု လာခဲ့ကြပါတယ်။

(၁၆) ရွှေဖရုံစေ့ထဲမှာဇင့်ဓာတ်မြင့်မားစွာပါရှိသည့်အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက်ပါရှိ လို့ကပ္ပါယ်အိတ်တွင် ဖြစ်ပေါ်သည့်အဖိုလိင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးခြင်းကြောင့်အမျိုးသားများညအိပ်ယာဝင်ခါနီး တိုင်း ရွှေဖရုံစေ့လှော်စားပေးသင့်ပါတယ်။

(၁၇) နောက်ဆုံးပေါ်လေ့လာစမ်းသပ်မှုများအရ၊စပျစ်ဝိုင်

တစ်ခွက်ပုံမှန်မှီဝဲလေ့ရှိ သောအမျိုးသမီးများဟာလိင်စိတ်ဆန္ဒတက်ကြွလေ့ရှိပြီး၊အလုံးစုံပြီးမြောက်အော

င်မြင်ပါတယ်တဲ့။

 (၁၈)ဖရဲသီးမှာပါတဲ့citrulline(ခေါ်)အမိုင်နိုအက်ဆစ်ဟာ သွေးလွှတ်ကြောများကိုပြေလျော့ကာ၊

 သွေးလည်ပတ်စီးဆင်းမှုကို တိုးပွားစေလို့အမျိုး သားများ ကျားခွန်အားကောင်းစေပါတယ်။

(၁၉) ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ဗီတာမင်ဓာတ်ပေါင်းစုများဟာ မ-သဘာဝခွန်အား ဖြစ်စေ ၍ အမျိုးသမီးများ ညစာဟင်းလျာအဖြစ်စားသုံးပေးသင့်ပါတယ်။

(၂၀) The University of Hawaii မှလေ့လာစမ်းသပ်မှုများအရ၊ ဂျင်စင်းမှီဝဲသူအမျိုးသမီးများဟာ တလအတွင်းမှာပင်လိင်စွမ်းဆောင်ရည် ၆၈ ရာခိုင်နှုန်းမျှ တိုးတက်လာကြောင်း၊ သို့သော်ဓာတုပစ္စည်း/

သကြားတို့ဖြင့် ဖန်တီးထားသော ဂျင်စင်းအတုကတော့ ကျမ္မာရေးကိုအကျိုးယုတ်စေကြောင်း အကြံပြု ထားပါ တယ်။

(၂၁) အဝါရောင်ကုံကုမံ(ဝတ်ဆံ)ဟာ အစာအိမ်ရောဂါများအတွက် ဆေးဘက်ဝင်ရုံသာမက လိင်စွမ်းဆောင်မှုကို အား ပေးလို့ ရေနွေးပူပူမှာ ၁၅-မိနစ်ခန့်စိမ်သောက်ပေးနိုင်ပါတယ်။

(၂၂) ဆလတ်ရွက်မှာလိင်စိတ်ဟိုမုန်းကိုနှိုးဆော်ပေးနိုင်သော အစွမ်းပါရှိလို့ ညစာစား တဲ့အခါ ဆလတ်ရွက် ၁-ဇလုံစာ ထဲ့စားပေးပါ။

(၂၃) ကညွတ်ပင်ရဲ့ ပုံသဏ္ဍာန်ကအထီးလိင်အင်္ဂါနှင့် ခပ်ဆင်ဆင်တူ၍၊ ပြင်သစ် ဘာသာစကားအရ ကညွတ်ကို asperge (ဝါ)ကျားလိင်အင်္ဂါဟုခေါ်ပါတယ်။သဘာဝကျားခွန်အား ပြည့်စေလို့အမျိုးသားများ အားတိုးဆေးအဖြစ်မှီဝဲသင့်ပါတယ်။ ဒါ့ပြင်မီးဖွားပြီးစအမျိုးသမီးများ ကညွတ်ပင်အမြစ်ပြုတ် စားခြင်း (သို့)ကညွတ် နှင့် နွားနို့တို့ရော၍ နို့ထမင်းချက်စား ခြင့်ဖြင့် သွေးသန့်ကာမခွန်အားအမြန် ပြည့်စေ

ပါတယ်။ (ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေည်)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ပေါက်ပေါက်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top