iMyanmarHouse.com - Best Property Website for Myanmar
×

ခြင့္ရက္ရွည္ ဒါမွမဟုတ္ အားလပ္ရက္အၾကာၾကီးယူထားျပီး ရံုးျပန္တက္တဲ့အခါ အလုပ္ထဲမွာ စိတ္မပါလက္မပါနဲ႕ ပ်င္းတိပ်င္းရြဲ ျဖစ္ေနတတ္ပါတယ္။ အီးေမးလ္ေတြအမ်ားၾကီးနဲ႕ ဘယ္ကစ၊ ဘာလုပ္ရမွန္းမသိသလို ျဖစ္ေနျပီး အရင္သြားေနတဲ့ အလုပ္လုပ္တဲ့ပံုစံ အေနအထားကို ျပန္ေရာက္ဖုိ႕ ေတာ္ေတာ္ေလး ၾကိဳးစားယူရမလို အေျခအေနမ်ိဳးေပါ့။ ဒါေပမယ့္ အဲ့ဒီလို ျပသနာေတြ မျဖစ္ရေအာင္ ဒီအခ်က္ကေလးေတြအတုိင္း လုပ္ေဆာင္ျပီး ပံုမွန္အေနအထားေလးတစ္ခုရေအာင္ စြမ္းေဆာင္ၾကည့္လုိက္ပါ။

၁။ မနက္ေစာေစာထပါ။
သင္က ပင္ပန္းေနတာမ်ိဳး မရွိဘူးဆုိရင္ အလုပ္ျပန္တက္မယ့္ေန႕မွာ ေစာေစာထျပီး အလုပ္တက္ႏိုင္ဖုိ႕ ၾကိဳးစားရပါမယ္။ ဒါမွ ပထမဆံုး အစပိုင္းမွာ လြဲေခ်ာ္တာမ်ိဳးေတြ မရွိမွာပါ။ ရံုးေရာက္တဲ့အခါ ကိုယ္ကေစာေနရင္ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ အားလပ္ရက္ေတြကို ဘယ္လို ျဖတ္သန္းခဲ့တဲ့အေၾကာင္းေလး ေျပာႏိုင္ပါေသးတယ္။

၂။ လုပ္ရမယ့္အရာေတြကို ခ်ေရးပါ။
ခု အားလပ္ရက္ျပီးေတာ့ ပထမဆံုး ငါ ဘာကို စလုပ္သင့္တယ္ဆုိတာမ်ိဳး ခ်ေရးပါ။ အေရးတၾကီးလုပ္ရမယ့္အရာေတြကို ထင္သာျမင္သာ ရွိေအာင္ ကြင္းခတ္တာ၊ ေဆာ့ပင္နဲ႕ လိုင္းဆြဲမွတ္တာမ်ိဳးေတြ လုပ္ျပီး ကုိယ္ယ္ကစလုပ္ရမယ္ဆုိတာကို စဥ္းစားဖုိ႕ပါပဲ။

၃။ အီးေမးလ္ေတြစစ္တာ၊ ျပန္တာမ်ိဳးလုပ္ပါ။
အားလပ္ရက္အတြင္း အီးေမးလ္မစစ္ပဲ ထားထားတာမ်ားေနျပီဆုိတာ ကိုယ့္ဘာသာကိုယ္အသိဆံုးေပါ့။ ဒီေတာ့ မလိုအပ္တဲ့ အီးေမးလ္ေတြကို ဖ်က္ပစ္လိုက္ျပီး အေရးတၾကီး ျပန္ရမယ့္ေမးလ္ေတြကို ျပန္ေရး၊ ျပန္ပို႕တာေတြလုပ္လိုက္ပါ။

၄။ ပေရာဂ်က္အေျခအေနကို ၾကည့္ပါ။
သင္ အားလပ္ရက္ယူထားတဲ့အခ်ိန္ေတြမွာ အလုပ္မွာ အေျခအေနေတြ ဘယ္လိုရွိလဲ။ ခုလတ္တေလာလုပ္ရမယ့္ ပေရာဂ်က္က ဘာလဲ။ အရင္ အားလပ္ရက္မသြားခင္က ပေရာဂ်က္က အေျခအေနဘာထူးသလဲ စတာေတြကို ျပန္စဥ္းစားျပီး လုပ္ေဆာင္ရမယ့္အခ်ိန္ပါ။

၅။ အလုပ္ရွင္ နဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို အသိေပးပါ။
သင္အလုပ္ျပန္၀င္ေနျပီဆုိတာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ အလုုပ္ရွင္ကို အသိေပးလိုက္ပါ။ သူတုိ႕ကိုယ့္ကို အလုပ္နဲ႕ပတ္သက္ျပီး အသိေပးခ်င္တာ၊ ေျပာခ်င္တာေတြရွိေကာင္းရွိႏိုင္ပါတယ္။ အလုပ္အေျခအေနနဲ႕ပတ္သက္ျပီးေတာ့လည္း သူတုိ႕ကို ကိုယ္မရွိတဲ့အခ်ိန္ ဘာေတြထူးထူးျခားျခား အဆင္မေျပတာရွိသလဲဆုိတာမ်ိဳး ေမးပါ။

၆။ ေျဖးေျဖးသက္သာ လုပ္ပါ။
ပထမဆံုးအလုပ္ျပန္တက္တဲ့ေန႕က ပေရာဂ်က္အသစ္ေတြ၊ လုပ္ငန္းေဆာင္တာအသစ္ေတြ လုပ္ေဆာင္ဖုိ႕ အဆင္မေျပေသးတာမုိ႕ လုပ္ေနက် ပံုမွန္အလုပ္ေလးေတြကိုသာ ျပီးေျမာက္ေအာင္ လုပ္ေဆာင္သြားပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : trend myanmar

#Unicode Version


ခွင့်ရက်ရှည် ဒါမှမဟုတ် အားလပ်ရက်အကြာကြီးယူထားပြီး ရုံးပြန်တက်တဲ့အခါ အလုပ်ထဲမှာ စိတ်မပါလက်မပါနဲ့ ပျင်းတိပျင်းရွဲ ဖြစ်နေတတ်ပါတယ်။ အီးမေးလ်တွေအများကြီးနဲ့ ဘယ်ကစ၊ ဘာလုပ်ရမှန်းမသိသလို ဖြစ်နေပြီး အရင်သွားနေတဲ့ အလုပ်လုပ်တဲ့ပုံစံ အနေအထားကို ပြန်ရောက်ဖို့ တော်တော်လေး ကြိုးစားယူရမလို အခြေအနေမျိုးပေါ့။ ဒါပေမယ့် အဲ့ဒီလို ပြသနာတွေ မဖြစ်ရအောင် ဒီအချက်ကလေးတွေအတိုင်း လုပ်ဆောင်ပြီး ပုံမှန်အနေအထားလေးတစ်ခုရအောင် စွမ်းဆောင်ကြည့်လိုက်ပါ။

၁။ မနက်စောစောထပါ။
သင်က ပင်ပန်းနေတာမျိုး မရှိဘူးဆိုရင် အလုပ်ပြန်တက်မယ့်နေ့မှာ စောစောထပြီး အလုပ်တက်နိုင်ဖို့ ကြိုးစားရပါမယ်။ ဒါမှ ပထမဆုံး အစပိုင်းမှာ လွဲချော်တာမျိုးတွေ မရှိမှာပါ။ ရုံးရောက်တဲ့အခါ ကိုယ်ကစောနေရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အားလပ်ရက်တွေကို ဘယ်လို ဖြတ်သန်းခဲ့တဲ့အကြောင်းလေး ပြောနိုင်ပါသေးတယ်။

၂။ လုပ်ရမယ့်အရာတွေကို ချရေးပါ။
ခု အားလပ်ရက်ပြီးတော့ ပထမဆုံး ငါ ဘာကို စလုပ်သင့်တယ်ဆိုတာမျိုး ချရေးပါ။ အရေးတကြီးလုပ်ရမယ့်အရာတွေကို ထင်သာမြင်သာ ရှိအောင် ကွင်းခတ်တာ၊ ဆော့ပင်နဲ့ လိုင်းဆွဲမှတ်တာမျိုးတွေ လုပ်ပြီး ကိုယ်ယ်ကစလုပ်ရမယ်ဆိုတာကို စဉ်းစားဖို့ပါပဲ။

၃။ အီးမေးလ်တွေစစ်တာ၊ ပြန်တာမျိုးလုပ်ပါ။
အားလပ်ရက်အတွင်း အီးမေးလ်မစစ်ပဲ ထားထားတာများနေပြီဆိုတာ ကိုယ့်ဘာသာကိုယ်အသိဆုံးပေါ့။ ဒီတော့ မလိုအပ်တဲ့ အီးမေးလ်တွေကို ဖျက်ပစ်လိုက်ပြီး အရေးတကြီး ပြန်ရမယ့်မေးလ်တွေကို ပြန်ရေး၊ ပြန်ပို့တာတွေလုပ်လိုက်ပါ။

၄။ ပရောဂျက်အခြေအနေကို ကြည့်ပါ။
သင် အားလပ်ရက်ယူထားတဲ့အချိန်တွေမှာ အလုပ်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ။ ခုလတ်တလောလုပ်ရမယ့် ပရောဂျက်က ဘာလဲ။ အရင် အားလပ်ရက်မသွားခင်က ပရောဂျက်က အခြေအနေဘာထူးသလဲ စတာတွေကို ပြန်စဉ်းစားပြီး လုပ်ဆောင်ရမယ့်အချိန်ပါ။

၅။ အလုပ်ရှင် နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးပါ။
သင်အလုပ်ပြန်ဝင်နေပြီဆိုတာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုုပ်ရှင်ကို အသိပေးလိုက်ပါ။ သူတို့ကိုယ့်ကို အလုပ်နဲ့ပတ်သက်ပြီး အသိပေးချင်တာ၊ ပြောချင်တာတွေရှိကောင်းရှိနိုင်ပါတယ်။ အလုပ်အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း သူတို့ကို ကိုယ်မရှိတဲ့အချိန် ဘာတွေထူးထူးခြားခြား အဆင်မပြေတာရှိသလဲဆိုတာမျိုး မေးပါ။

၆။ ဖြေးဖြေးသက်သာ လုပ်ပါ။
ပထမဆုံးအလုပ်ပြန်တက်တဲ့နေ့က ပရောဂျက်အသစ်တွေ၊ လုပ်ငန်းဆောင်တာအသစ်တွေ လုပ်ဆောင်ဖို့ အဆင်မပြေသေးတာမို့ လုပ်နေကျ ပုံမှန်အလုပ်လေးတွေကိုသာ ပြီးမြောက်အောင် လုပ်ဆောင်သွားပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top