iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ တစ္ေန႔ ပန္းသီးတစ္လုံးစားေပးမယ္ဆုိရင္ ဆရာဝန္ဆီ သိပ္ေရာက္ျဖစ္ေတာ့မယ္ မထင္ပါဘူး။ အလားတူ ပန္းသီးက ကုိယ္အေလးခ်ိန္လည္း က်ဆင္းေစပါတယ္။ ပန္းသီးမွာ ပါဝင္တဲ့ အစာမေၾကႏုိင္တဲ့ ျဒပ္ေပါင္းေတြက ကိုယ္အေလးခ်ိန္ေလွ်ာ့မႈနဲ႔ ဆက္ႏြယ္တဲ့ အူအတြင္း အက်ဳိးျပဳတဲ့ ဘက္တီးရီးယားေတြ ဖြံ႔ျဖိဳးၾကီးထြားမႈ တုိးျမင့္ေစပါတယ္။

Ursolic acid supplement က ကယ္လိုရီေလာင္ကြ်မ္းေစျပီး ၾကြက္သားထု တုိးပြားေစေၾကာင့္ Iowa တကၠသိုလ္က သုေတသီေတြ ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ေန႔စဥ္ ပန္းသီး အလုံးေသး (၃) လုံးစားတဲ့ အမ်ဳိးသမီး စမ္းသပ္ခံသူေတြဟာ (၁၀) ပတ္အတြင္း ၂ ေပါင္ေက်ာ္ ေလွ်ာ့က်ခဲ့ၾကပါတယ္။

အက်ဳိးျပဳပုံ

အမွ်င္ဓာတ္

ပန္းသီးမွာ အမွ်င္ဓာတ္ ေပါၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့က်ေစႏုိင္တဲ့ အဓိကအေၾကာင္းအရင္းေတြထဲက တစ္ခုျဖစ္ပါတယ္။ အမွ်င္ဓာတ္ၾကြယ္ဝတဲ့ေနစဥ္ပုံမွန္အစားအစာက ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္းအတြက္ အလြန္အက်ဳိးျဖစ္ထြန္းေစပါတယ္။

အမွ်င္ဓာတ္က အစာအိမ္တင္းတိမ္မႈ ပိုျဖစ္ေစျပီး ပိုမိုၾကာရွည္ ဗုိက္ျပည့္ေစပါတယ္။ ပွ်မ္းမွ်ပန္းသီး (၁) လုံးမွာ အမွ်င္ဓာတ္ ၄-၅ ဂရမ္ ပါဝင္တယ္။ အသက္ ၅၀ ေအာက္ အမ်ဳိးသမီးေတြကို  တစ္ေန႔ ၂၅ ဂရမ္ စားေပးဖုိ႔ အၾကံျပဳေနစဥ္မွာ အသက္ ၅၀ ႏွစ္ေအာက္ အရြယ္ေရာက္ျပီးသူ အမ်ဳိးသားေတြ တစ္ေန႔ ၃၈ ဂရမ္ခန္႔ စားသုံးဖုိ႔ အၾကံျပဳထားပါတယ္။

ကယ္လုိရီနည္းပါး 

ပန္းသီးမွာ ကယ္လုိရီး နည္းပါတယ္။ ကယ္လုိရီမ်ားတဲ့ အခ်ဳိပြဲအစား ပန္းသီးေတြစားေပးျခင္းက ကုိယ္အေလးခ်ိန္က်ေစျပီး ကယ္လုိရီ စားသုံးမႈေလွ်ာ့က်ေစႏုိင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit: trend myanmar



#Unicode Version

သင်ဟာ တစ်နေ့ ပန်းသီးတစ်လုံးစားပေးမယ်ဆိုရင် ဆရာဝန်ဆီ သိပ်ရောက်ဖြစ်တော့မယ် မထင်ပါဘူး။ အလားတူ ပန်းသီးက ကိုယ်အလေးချိန်လည်း ကျဆင်းစေပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ အစာမကြေနိုင်တဲ့ ဒြပ်ပေါင်းတွေက ကိုယ်အလေးချိန်လျှော့မှုနဲ့ ဆက်နွယ်တဲ့ အူအတွင်း အကျိုးပြုတဲ့ ဘက်တီးရီးယားတွေ ဖွံ့ဖြိုးကြီးထွားမှု တိုးမြင့်စေပါတယ်။

Ursolic acid supplement က ကယ်လိုရီလောင်ကျွမ်းစေပြီး ကြွက်သားထု တိုးပွားစေကြောင့် Iowa တက္ကသိုလ်က သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ပန်းသီး အလုံးသေး (၃) လုံးစားတဲ့ အမျိုးသမီး စမ်းသပ်ခံသူတွေဟာ (၁၀) ပတ်အတွင်း ၂ ပေါင်ကျော် လျှော့ကျခဲ့ကြပါတယ်။

အကျိုးပြုပုံ

အမျှင်ဓာတ်

ပန်းသီးမှာ အမျှင်ဓာတ် ပေါကြွယ်ဝစွာပါဝင်ပါတယ်။ ဒါဟာ ကိုယ်အလေးချိန် လျှော့ကျစေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့နေစဉ်ပုံမှန်အစားအစာက ကိုယ်အလေးချိန်လျှော့ချခြင်းအတွက် အလွန်အကျိုးဖြစ်ထွန်းစေပါတယ်။

အမျှင်ဓာတ်က အစာအိမ်တင်းတိမ်မှု ပိုဖြစ်စေပြီး ပိုမိုကြာရှည် ဗိုက်ပြည့်စေပါတယ်။ ပျှမ်းမျှပန်းသီး (၁) လုံးမှာ အမျှင်ဓာတ် ၄-၅ ဂရမ် ပါဝင်တယ်။ အသက် ၅၀ အောက် အမျိုးသမီးတွေကို  တစ်နေ့ ၂၅ ဂရမ် စားပေးဖို့ အကြံပြုနေစဉ်မှာ အသက် ၅၀ နှစ်အောက် အရွယ်ရောက်ပြီးသူ အမျိုးသားတွေ တစ်နေ့ ၃၈ ဂရမ်ခန့် စားသုံးဖို့ အကြံပြုထားပါတယ်။

ကယ်လိုရီနည်းပါး

ပန်းသီးမှာ ကယ်လိုရီး နည်းပါတယ်။ ကယ်လိုရီများတဲ့ အချိုပွဲအစား ပန်းသီးတွေစားပေးခြင်းက ကိုယ်အလေးချိန်ကျစေပြီး ကယ်လိုရီ စားသုံးမှုလျှော့ကျစေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: trend myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top