iMyanmarHouse.com - Best Property Website for Myanmar
×

ဖိအားေတြအရမ္းမ်ားတဲ့အလုပ္မွာ ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္ေနျခင္းဟာ ေသြးတိုးေရာဂါျဖစ္႐ံုေလာက္နဲ႔တင္ ရပ္တန္႔သြားမွာမဟုတ္ပါဘူး။ ဒီ့ထက္မက ပိုဆိုးတဲ့ က်န္းမာေရးအေျခအေနေတြကိုလည္း ၾကံဳေတြ႔ရဦးမွာပါ။ စိတ္ဖိစီးမႈ (Stress) မ်ားတဲ့ လုပ္ငန္းခြင္မွာ ၁၅ ႏွစ္ေလာက္ တာဝန္ထမ္းဆာင္ေနသူဟာ ကင္ဆာေရာဂါ ၅ မ်ိဳး ျဖစ္ႏိုင္တဲ့အႏၱရာယ္႐ွိေၾကာင္း သိပၸံပညာ႐ွင္ေတြက သတိေပးလိုက္ပါတယ္။

စိတ္ဖိစီးမႈဟာ ႐ုပ္ပိုင္းဆုိင္ရာက်န္းမာေရးျပႆနာေတြ မ်ားစြာျဖစ္ေပၚႏုိင္ေၾကာင္း ယခင္သုေတသနေတြမွာ ေတြ႔႐ွိခဲ့ၿပီးေပမဲ့ ကင္ဆာျဖစ္ေစတယ္ဆုိတာကိုေတာ့ သတိမမူမိခဲ့ၾကပါဘူး။ ကေနဒါႏိုင္ငံ Quebec တကၠသိုလ္က သုေတသီေတြဟာ အလုပ္နဲ႔ဆက္ႏႊယ္ၿပီး စိတ္ဖိစီးမႈခံစားေနရတဲ့ အမ်ိဳးသားေတြရဲ႕ ကင္ဆာပ်ံ႕ႏွံ႕မႈကို တုိင္းတာခဲ့ၾကပါတယ္။ လုပ္ငန္းခြင္စိတ္ဖိစီးမႈဟာ အလုပ္တာဝန္မ်ားျပားလြန္းတာနဲ႔ အခ်ိန္ဖိအားအျပင္ အလုပ္နဲ႔ဆက္ႏႊယ္တဲ့ အျခားအခ်က္ေတြကလည္း စိတ္ဖိစီးမႈကိုျဖစ္ေပၚေစကာ က်န္းမာေရးကို ထိခိုက္ေစပါတယ္။

အစာအိမ္ကင္ဆာ၊ အဆုတ္ကင္ဆာ၊ အူမႀကီးကင္ဆာ၊ အစာေဟာင္းလမ္းေၾကာင္း (စအို)နဲ႔သက္ဆိုင္တဲ့ ကင္ဆာနဲ႔ လင္ဖိုးမားေရာဂါ (non-Hodgkin lymphoma) တို႔ပါ ခံစားလာရႏုိင္တဲ့ အႏၱရာယ္ရွိေၾကာင္း သုေတသနမွာေတြ႔႐ွိခဲ့ရပါတယ္။ ဒီလိုကင္ဆာျဖစ္ႏိုင္ေျခေတြကို စိတ္ဖိစီးမႈမ်ားတဲ့ လုပ္ငန္းခြင္မွာ ၁၅ ႏွစ္နဲ႔အထက္ လုပ္ကိုင္သူေတြမွာသာ ေတြ႔ရၿပီး ၁၅ ႏွစ္ေအာက္ လုပ္သက္ရွိသူေတြမွာေတာ့ မေတြ႔ရဘူးလို႔ သိရပါတယ္။ သုေတသနရလဒ္ကိုေတာ့ Preventative Medicine ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ဖိအားတွေအရမ်းများတဲ့အလုပ်မှာ နှစ်ပေါင်းများစွာလုပ်ကိုင်နေခြင်းဟာ သွေးတိုးရောဂါဖြစ်ရုံလောက်နဲ့တင် ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဒီ့ထက်မက ပိုဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ကြုံတွေ့ရဦးမှာပါ။ စိတ်ဖိစီးမှု (Stress) များတဲ့ လုပ်ငန်းခွင်မှာ ၁၅ နှစ်လောက် တာဝန်ထမ်းဆာင်နေသူဟာ ကင်ဆာရောဂါ ၅ မျိုး ဖြစ်နိုင်တဲ့အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

စိတ်ဖိစီးမှုဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ များစွာဖြစ်ပေါ်နိုင်ကြောင်း ယခင်သုတေသနတွေမှာ တွေ့ရှိခဲ့ပြီးပေမဲ့ ကင်ဆာဖြစ်စေတယ်ဆိုတာကိုတော့ သတိမမူမိခဲ့ကြပါဘူး။ ကနေဒါနိုင်ငံ Quebec တက္ကသိုလ်က သုတေသီတွေဟာ အလုပ်နဲ့ဆက်နွှယ်ပြီး စိတ်ဖိစီးမှုခံစားနေရတဲ့ အမျိုးသားတွေရဲ့ ကင်ဆာပျံ့နှံ့မှုကို တိုင်းတာခဲ့ကြပါတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုဟာ အလုပ်တာဝန်များပြားလွန်းတာနဲ့ အချိန်ဖိအားအပြင် အလုပ်နဲ့ဆက်နွှယ်တဲ့ အခြားအချက်တွေကလည်း စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အစာအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာဟောင်းလမ်းကြောင်း (စအို)နဲ့သက်ဆိုင်တဲ့ ကင်ဆာနဲ့ လင်ဖိုးမားရောဂါ (non-Hodgkin lymphoma) တို့ပါ ခံစားလာရနိုင်တဲ့ အန္တရာယ်ရှိကြောင်း သုတေသနမှာတွေ့ရှိခဲ့ရပါတယ်။ ဒီလိုကင်ဆာဖြစ်နိုင်ခြေတွေကို စိတ်ဖိစီးမှုများတဲ့ လုပ်ငန်းခွင်မှာ ၁၅ နှစ်နဲ့အထက် လုပ်ကိုင်သူတွေမှာသာ တွေ့ရပြီး ၁၅ နှစ်အောက် လုပ်သက်ရှိသူတွေမှာတော့ မတွေ့ရဘူးလို့ သိရပါတယ်။ သုတေသနရလဒ်ကိုတော့ Preventative Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top