iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ျပဳျခင္းက ဘဝမွာ စိတ္လႈပ္ရွားစရာ အကူးအေျပာင္းကာလတစ္ခုျဖစ္ေပမယ့္ ေလာေလာလတ္လတ္ အိမ္ေထာင္ဘဝရဲ႕ ေပ်ာ္ရႊင္မႈနဲ႔အတူ စိန္ေခၚမႈသစ္ေတြလည္း အတူတြဲလ်က္ကပ္ပါလာတတ္ပါတယ္။ အဲ့ဒါေတြက ဘာေတြလဲဆုိတာသိရင္ ပူပူေႏြးေႏြးအိမ္ေထာင္သည္စံုတြဲေတြ အထိုက္အေလ်ာက္ ၾကိဳတင္ျပင္ဆင္ထားႏိုင္ပါလိမ့္မယ္။

၁။ မဂၤလာေဆာင္အလြန္ စိတ္အားငယ္မႈ

မဂၤလာေဆာင္ျပီး ရက္ပိုင္း သုိ႔မဟုတ္ ရက္သတၱပတ္အတြင္း တခ်ဳိ႕စုံတြဲေတြ ပ်င္းရိျငီးေငြ႔မႈ ဒါမွမဟုတ္ ဝမ္းနည္းမႈေတာင္ ခံစားရတတ္ပါတယ္။ အေသးဖြဲေအာင္ျမင္မႈေလးေတြနဲ႔ ေန႔စဥ္သတင္းအခ်က္အလက္ေတြ တစ္ေယာက္ကိုတစ္ေယာက္ ေျပာျပဖုိ႔ မျဖစ္မေန လုိအပ္ပါတယ္။ အေသးအမႊားကိစၥေတြက ဘဝအစိတ္အပိုင္းအမ်ားစုကို ဖန္တီးတည္ေဆာက္ေပးေနတာမုိ႔ အေသးဆုံးကိစၥကစလို႕ ႏွစ္ေယာက္အတူ ေပ်ာ္ရႊင္မႈရွာေဖြတာက သင္နဲ႔ သင့္လက္တြဲေဖာ္ကို ေရရွည္မွာ အကူအညီျဖစ္ေစပါလိမ့္မယ္။

၂။ ကုိယ္ပုိင္ခ်ိန္ မရိွေတာ့ျခင္း

လက္တြဲေဖာ္ဆိုတာ လက္တြဲေဖာ္သက္သက္မဟုတ္ပါဘူး။ အခ်စ္ဆုံးသူငယ္ခ်င္းဆုိရင္လည္း ဟုတ္ပါတယ္။ ဒါေပမယ့္ အခ်စ္ဆုံးသူငယ္ခ်င္းေတြကိုလည္း ဆက္ထားဖုိ႔ လုိပါတယ္။ သစ္လြင္ျပီး အံ့အားသင့္ဖြယ္ ဘဝတစ္ခုစတင္ခဲ့တယ္ဆုိေပမယ့္ သင္ဟာ အိမ္ေထာင္မျပဳခင္က လူပုဂၢိဳလ္အတုိင္းပဲ ရိွေနတာျဖစ္ျပီး မဂၤလာေဆာင္မတုိင္ခင္ သင့္ကို ေပ်ာ္ရႊင္မႈ ရရိွေစတဲ့ အေပါင္းအသင္းေတြ ဆက္လက္ထိန္းသိမ္းထားျခင္းျဖင့္ တကယ္အက်ဳိးရရိွေစပါလိမ့္မယ္။

၃။ မိသားစုေတြဝင္ကို ေဒါသထြက္ျခင္း

ဒါက အိမ္ ေထာင္သည္ဘဝရဲ႕ မလြဲမေသြေတြ႔ၾကဳံရမယ့္ အစိတ္အပုိင္းတစ္ခု ျဖစ္ပါတယ္။ အထူးသျဖင့္ မိသားစုႏွစ္ခုနဲ႔ အစီအစဥ္ေတြခ်မွတ္တဲ့အခါ တစ္စုံတစ္ေယာက္က သင့္ေရြးခ်ယ္မႈကို သေဘာတူမွာ မဟုတ္ပါဘူး။ အိမ္ေထာင္ျပဳခါစ တစ္ေယာက္ကုိတစ္ေယာက္ပ့ံပုိးကူညီေပးတာ သံေယာဇဥ္ ခုိင္ျမဲေစပါလိမ့္မယ္။

၄။ လိင္ကိစၥစိတ္မပါျခင္း

လိင္ဆက္ဆံမႈ လုပ္ေကာင္း လုပ္ပါလိမ့္မယ္။ ဒါေပမယ့္ အိမ္ေထာင္ျပဳတယ္ဆုိတာ မိသားစုတစ္ခု အတူစတင္ထူေထာင္ဖုိ႔ ဆႏၵတစ္ခုကေန အရင္းခံတာပါ။ ဒီအခ်ိန္မွာ လိင္ကိစၥဆုိတာ ကေလးရယူဖုိ႔ ျဖစ္ျပီး တစ္စုံတစ္ခုကို ေမွ်ာ္လင့္တာထက္ တာဝန္တစ္ခုလုိ ပုိခံစားလာၾကပါတယ္။

၅။ လက္တြဲေဖာ္ရဲ႕ ေဝဖန္မႈခံရျခင္း

အဓိကစိတ္ပူစရာအေျခအေနတစ္ခုက သင့္လက္တြဲေဖာ္ဟာ သင္ သူ႔ကို မေဝဖန္ဘဲ ေဝဖန္ေနတယ္လုိ႔ သူယူဆေနတ့ဲ အခ်ိန္ျဖစ္ပါတယ္။ ကုိယ္က တုိက္ခုိက္ဖုိ႔ မရည္ရြယ္ဘူး၊ ပုံမွန္အတုိင္းပဲ ေျပာဆိုဆက္ဆံေနသည့္တုိင္ ေဝဖန္ေနတယ္ပဲ သူ ယူဆေနတတ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: trend myanmar

#Unicode Version

အိမ်ထောင်ပြုခြင်းက ဘဝမှာ စိတ်လှုပ်ရှားစရာ အကူးအပြောင်းကာလတစ်ခုဖြစ်ပေမယ့် လောလောလတ်လတ် အိမ်ထောင်ဘဝရဲ့ ပျော်ရွှင်မှုနဲ့အတူ စိန်ခေါ်မှုသစ်တွေလည်း အတူတွဲလျက်ကပ်ပါလာတတ်ပါတယ်။ အဲ့ဒါတွေက ဘာတွေလဲဆိုတာသိရင် ပူပူနွေးနွေးအိမ်ထောင်သည်စုံတွဲတွေ အထိုက်အလျောက် ကြိုတင်ပြင်ဆင်ထားနိုင်ပါလိမ့်မယ်။

၁။ မင်္ဂလာဆောင်အလွန် စိတ်အားငယ်မှု

မင်္ဂလာဆောင်ပြီး ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ်အတွင်း တချို့စုံတွဲတွေ ပျင်းရိငြီးငွေ့မှု ဒါမှမဟုတ် ဝမ်းနည်းမှုတောင် ခံစားရတတ်ပါတယ်။ အသေးဖွဲအောင်မြင်မှုလေးတွေနဲ့ နေ့စဉ်သတင်းအချက်အလက်တွေ တစ်ယောက်ကိုတစ်ယောက် ပြောပြဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ အသေးအမွှားကိစ္စတွေက ဘဝအစိတ်အပိုင်းအများစုကို ဖန်တီးတည်ဆောက်ပေးနေတာမို့ အသေးဆုံးကိစ္စကစလို့ နှစ်ယောက်အတူ ပျော်ရွှင်မှုရှာဖွေတာက သင်နဲ့ သင့်လက်တွဲဖော်ကို ရေရှည်မှာ အကူအညီဖြစ်စေပါလိမ့်မယ်။

၂။ ကိုယ်ပိုင်ချိန် မရှိတော့ခြင်း

လက်တွဲဖော်ဆိုတာ လက်တွဲဖော်သက်သက်မဟုတ်ပါဘူး။ အချစ်ဆုံးသူငယ်ချင်းဆိုရင်လည်း ဟုတ်ပါတယ်။ ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းတွေကိုလည်း ဆက်ထားဖို့ လိုပါတယ်။ သစ်လွင်ပြီး အံ့အားသင့်ဖွယ် ဘဝတစ်ခုစတင်ခဲ့တယ်ဆိုပေမယ့် သင်ဟာ အိမ်ထောင်မပြုခင်က လူပုဂ္ဂိုလ်အတိုင်းပဲ ရှိနေတာဖြစ်ပြီး မင်္ဂလာဆောင်မတိုင်ခင် သင့်ကို ပျော်ရွှင်မှု ရရှိစေတဲ့ အပေါင်းအသင်းတွေ ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့် တကယ်အကျိုးရရှိစေပါလိမ့်မယ်။

၃။ မိသားစုတွေဝင်ကို ဒေါသထွက်ခြင်း

ဒါက အိမ်ထောင်သည်ဘဝရဲ့ မလွဲမသွေတွေ့ကြုံရမယ့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုနှစ်ခုနဲ့ အစီအစဉ်တွေချမှတ်တဲ့အခါ တစ်စုံတစ်ယောက်က သင့်ရွေးချယ်မှုကို သဘောတူမှာ မဟုတ်ပါဘူး။ အိမ်ထောင်ပြုခါစ တစ်ယောက်ကိုတစ်ယောက်ပံ့ပိုးကူညီပေးတာ သံယောဇဉ် ခိုင်မြဲစေပါလိမ့်မယ်။

၄။ လိင်ကိစ္စစိတ်မပါခြင်း

လိင်ဆက်ဆံမှု လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ မိသားစုတစ်ခု အတူစတင်ထူထောင်ဖို့ ဆန္ဒတစ်ခုကနေ အရင်းခံတာပါ။ ဒီအချိန်မှာ လိင်ကိစ္စဆိုတာ ကလေးရယူဖို့ ဖြစ်ပြီး တစ်စုံတစ်ခုကို မျှော်လင့်တာထက် တာဝန်တစ်ခုလို ပိုခံစားလာကြပါတယ်။

၅။ လက်တွဲဖော်ရဲ့ ဝေဖန်မှုခံရခြင်း

အဓိကစိတ်ပူစရာအခြေအနေတစ်ခုက သင့်လက်တွဲဖော်ဟာ သင် သူ့ကို မဝေဖန်ဘဲ ဝေဖန်နေတယ်လို့ သူယူဆနေတဲ့ အချိန်ဖြစ်ပါတယ်။ ကိုယ်က တိုက်ခိုက်ဖို့ မရည်ရွယ်ဘူး၊ ပုံမှန်အတိုင်းပဲ ပြောဆိုဆက်ဆံနေသည့်တိုင် ဝေဖန်နေတယ်ပဲ သူ ယူဆနေတတ်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top