iMyanmarHouse.com - Best Property Website for Myanmar
×

သင္ညစဥ္ညတုိင္း မက္ေနတဲ့ အိပ္မက္ေတြက တစ္ခါတစ္ေလ သင့္ရဲ႕ ေနစဥ္ဘ၀ေတြအတြက္ နိမိတ္ေတြ ျဖစ္ေနတတ္ပါတယ္။ ဥပမာ ညက သြားေတြ က်ိဳးတာကို အိပ္မက္မက္တယ္ဆုိရင္၊ ဒါမွမဟုတ္ ေကာင္းကင္ေပၚမွာ ပ်ံသန္းေနသလိုမ်ိဳး မက္တယ္ဆုိရင္ အဲ့ဒါဘာအဓိပၸါယ္လဲဆိုျပီး သူငယ္ခ်င္းကို ေမးေနစရာ မလိုေတာ့ေအာင္ ထူးဆန္းတဲ့ အိပ္မက္ေတြ မက္တတ္သူေတြအတြက္ ခုလို ေဖာ္ျပေပးလိုက္ပါတယ္။

၁။အျမင့္တစ္ေနရာကေန ျပဳတ္က်ျပီး ကိုယ့္ကိုယ္ကို ဘယ္လိုမွ ထိန္းလို႕မရသလို မက္တယ္ဆိုရင္

ဒီလိုအိပ္မက္မ်ိဳးကို ႏွစ္မ်ိဳး ယူလို႕ရပါတယ္။ တစ္ခုက သင္ဟာခက္ခဲတဲ့အေျခအေနတစ္ခု ႀကံဳေနရတာေၾကာင့္ စိတ္ပင္ပန္းေနတာမ်ိဳးကို ဘယ္လိုေျဖရွင္းရမွန္းမသိတာပါ။ အဲ့ဒါမ်ိဳးဆုိရင္ လက္လႊတ္သင့္တာမ်ိဳးကို စိတ္ရွင္းရွင္းနဲ႕ ျပီးဆံုးေအာင္ လုပ္လိုက္ပါ။ ေနာက္ ယံုၾကည္သင့္တဲ့အရာကို ယံုၾကည္ေပးလုိက္ပါ။ သံသယေတြ မမ်ားပါနဲ႕။ ေနာက္တစ္ခုကေတာ့ သင္ဟာၿငိမ္းခ်မ္းသြားျပီဆိုတဲ့ အယူပါ။ တစ္ခုခုကို သင္ေအာင္ျမင္စြာ လုပ္ႏိုင္လိုက္တယ္ဆုိတာမ်ိဳးေၾကာင့္ သင့္စိတ္ျငိမ္းခ်မ္းသြားျပီလုိ႕ ယူလို႕ရပါတယ္။

၂။လူေတြၾကားထဲ သင္ဟာ အ၀တ္ဗလာနဲ႕ ျဖစ္ေနသလိုမ်ိဳး မက္တယ္ဆုိရင္

ဒီလိုအိပ္မက္ျပီး မၾကာခင္မွာ သင္ဟာ အလုပ္မွာ ရာထူးတုိးတာမ်ိဳး ျဖစ္ႏိုင္သလို ရွက္စရာကိစၥရပ္တစ္ခုခု ၾကံဳရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ ဒါ့အျပင္ သင္ဖံုးကြယ္ထားတဲ့အရာတစ္ခုခု ေပၚသြားတာ ဒါမွမဟုတ္ အဲ့ဒီကိစၥကို အေမးခံရတာမ်ိဳးေတြ ႀကံဳေတြ႔ႏိုင္ပါတယ္။

၃။စာေမးပြဲအခန္းထဲ ဘာမွမျပင္ဆင္ထားပဲ ေျဖဖုိ႕ေရာက္ေနသလိုမ်ိဳး၊ ေျဖဖုိ႕သြားေနခ်ိန္အတြင္း မေရာက္ႏိုင္ပဲ ေနာက္က်ေနတာမ်ိဳး မက္တယ္ဆုိရင္

ဒီလိုအိပ္မက္မ်ိဳး မက္တယ္ဆုိရင္ သင့္မွာ စိုးရိမ္ပူပန္စရာ အေျခအေနတစ္ခုခု ရွိေနတာေၾကာင့္ပါ။ ေနာက္တစ္ခုကေက်ာင္းမွာ အလုပ္မွာ စိတ္ဖိစီးမႈႀကံဳေနရတာျဖစ္ျပီး ကိုယ္လုပ္လိုက္တဲ့အရာကို တျခားသူေတြ ေ၀ဖန္မွာ စိုးရိမ္ေနတာမ်ိဳးေၾကာင့္ပါ။

၄။သရဲ၊ တေစၦ၊ အေကာင္တစ္ေကာင္ေကာင္၊ လူတစ္ေယာက္ေယာက္က သင့္ေနာက္လိုက္ေနသလိုမ်ိဳး မက္တယ္ဆုိရင္

ဒီလိုအိပ္မက္မ်ိဳး မက္တဲ့အခါ သင့္စိတ္မွာ ဒါမွမဟုတ္ အျပင္မွာ တစ္စံုတစ္ေယာက္၊ တစ္စံုတစ္ခုက ျခိမ္းေျခာက္တာ ခံေနရတာေၾကာင့္သာ ျဖစ္ပါတယ္။ အဲ့ဒီအေျခအေနကေန လြတ္ေျမာက္ဖုိ႕အတြက္၊ ဒီအေျခအေနကို အဆံုးသတ္ဖုိ႕အတြက္ သင့္မသိစိတ္ေရာ သိစိတ္ကပါ အျပင္းအထန္ ႀကိဳးစားခ်င္ေနတာမ်ိဳးပါ။

၅။ေကာင္းကင္မွာ ပ်ံသန္းေနသလိုမ်ိဳး မက္တယ္ဆုိရင္

ဒီလို အိပ္မက္မ်ိဳးကေတာ့ အေကာင္းဘက္ကိုသာ သြားတဲ့အိပ္မက္ပါ။ သင္ဟာ သင့္ကိုယ္သင္ ထိန္းခ်ဳပ္ႏိုင္ေနျပီျဖစ္သလို တျခားသင္ထိန္းခ်ဳပ္ရမယ့္အရာေတြကိုလည္း သင္အဆင္ေျပေျပ ကိုင္တြယ္ေနႏိုင္တာမ်ိဳးပါ။ သင့္စိတ္အေျခအေနက သင့္ကို တည္ၿငိမ္ခုိင္မာစြာ ဆက္သြားဖုိ႕ အခြင့္အေရးေပးေနပါျပီ။ သင္ဟာ အေျခအေနေပါင္းမ်ားစြာကို အဆင္ေျပေျပ ျဖတ္သန္းႏိုင္ျပီဆုိတာပါပဲ။

၆။သြားေတြက်ိဳးတာ၊ က်ိဳးပဲ့ျပီး ထြက္က်တာမ်ိဳး မက္တယ္ဆုိရင္

လူေတြက ဒီလိုအိပ္မက္မ်ိဳးမက္ရင္ မေကာင္းဘူးဆုိျပီး စိုးရိမ္စိတ္ေတြ ျဖစ္ေပၚတတ္ပါတယ္။ ဒီလိုမ်ိဳးမက္ျပီဆုိရင္ သင့္စိတ္ထဲ ေၾကာက္စိတ္တစ္ခုခုရွိေနလုိ႕ပါ။ ငါအသက္ႀကီးလာျပီ၊ ငါဆြဲေဆာင္မႈမရွိေတာ့ဘူးဆုိတဲ့ စိတ္ေတြလည္း သင့္မွာ ရွိေနပါလိမ့္မယ္။ ဒါ့အျပင္သြားေတြဟာ ပါ၀ါ၊ ဥာဏ္ပညာ၊ ဆက္သြယ္ခ်ိတ္ဆက္မႈ စတာေတြနဲ႕ ပတ္သက္ေနတာေၾကာင့္ သင္ဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ နည္းလာတာ၊ သင့္ခံစားခ်က္အစိတ္အမွန္ေတြကို မေဖာ္ထုတ္ရဲေတာ့သလို ျဖစ္ေနတာမိ်ဳးေတြ ခံစားေနရလို႕ပါ။ ဒါ့အျပင္ သူဟာ အေျပာင္းအလဲတစ္ခုခုကို လုပ္ေဆာင္ရေတာ့မွာမုိ႕ စိတ္မတည္ၿငိမ္တာကိုလည္း ျပေနပါတယ္။ ဒါ့ေၾကာင့္ သင့္ဘ၀ရဲ႔ ဘယ္အေျခအေနမွာ ပူပန္စ၇ာရွိေနသလဲဆိုတာေတြးျပီး ဒါကို ေကာင္းေကာင္ေလး ေျဖရွင္းလိုက္ပါ။ သင္လုပ္ႏိုင္ပါတယ္။

၇။မိသားစု၀င္၊ သူငယ္ခ်င္း၊ ရင္းႏွီးတဲ့သူတစ္ေယာက္ေယာက္ ဆံုးပါးသြားတယ္လို႕ မက္တယ္ဆုိရင္

ဒီလိုအိပ္မက္မ်ိဳး မက္တယ္ဆုိရင္ ဒါဟာ စိတ္ပ်က္၀မ္းနည္းစရာ မဟုတ္ပါဘူး။ သင့္စိတ္အေျခအေန ေျပာင္းလဲရေတာ့မယ္လို႕ ယူဆရမယ့္ အိပ္မက္ပါ။ ေနာက္တစ္ခုက ေနာက္ထပ္ရည္မွန္းခ်က္အသစ္၊ ဘ၀သစ္ကို စတင္ေတာ့မယ့္အေနအထားလုိ႕လည္း ယူလို႕ရပါတယ္။

၈။ၾကည္လင္ေနတဲ့ေရ၊ ေနာက္က်ိေနတဲ့ ေရေတြ အိပ္မက္မက္တယ္ဆုိရင္

သင့္စိတ္အေနအထား ၾကည္လင္ေအးခ်မ္းေနမယ္ဆုိရင္ သင္ဟာ အိပ္မက္ထဲမွာ ၾကည္လင္တဲ့ေရေတြကို မက္ပါလိမ့္မယ္။ သင့္စိတ္အေျခအေနဟာ ရႈပ္ေထြးျပီး ဖိစီးမႈေတြခံစားေနရျပီဆုိရင္ သင္ဟာ ေနာက္က်ိေနတဲ့ ေရေတြကိုသာ မက္ပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:TrendMyanmar

သင်ညစဉ်ညတိုင်း မက်နေတဲ့ အိပ်မက်တွေက တစ်ခါတစ်လေ သင့်ရဲ့ နေစဉ်ဘဝတွေအတွက် နိမိတ်တွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ ညက သွားတွေ ကျိုးတာကို အိပ်မက်မက်တယ်ဆိုရင်၊ ဒါမှမဟုတ် ကောင်းကင်ပေါ်မှာ ပျံသန်းနေသလိုမျိုး မက်တယ်ဆိုရင် အဲ့ဒါဘာအဓိပ္ပါယ်လဲဆိုပြီး သူငယ်ချင်းကို မေးနေစရာ မလိုတော့အောင် ထူးဆန်းတဲ့ အိပ်မက်တွေ မက်တတ်သူတွေအတွက် ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။အမြင့်တစ်နေရာကနေ ပြုတ်ကျပြီး ကိုယ့်ကိုယ်ကို ဘယ်လိုမှ ထိန်းလို့မရသလို မက်တယ်ဆိုရင်

ဒီလိုအိပ်မက်မျိုးကို နှစ်မျိုး ယူလို့ရပါတယ်။ တစ်ခုက သင်ဟာခက်ခဲတဲ့အခြေအနေတစ်ခု ကြုံနေရတာကြောင့် စိတ်ပင်ပန်းနေတာမျိုးကို ဘယ်လိုဖြေရှင်းရမှန်းမသိတာပါ။ အဲ့ဒါမျိုးဆိုရင် လက်လွှတ်သင့်တာမျိုးကို စိတ်ရှင်းရှင်းနဲ့ ပြီးဆုံးအောင် လုပ်လိုက်ပါ။ နောက် ယုံကြည်သင့်တဲ့အရာကို ယုံကြည်ပေးလိုက်ပါ။ သံသယတွေ မများပါနဲ့။ နောက်တစ်ခုကတော့ သင်ဟာငြိမ်းချမ်းသွားပြီဆိုတဲ့ အယူပါ။ တစ်ခုခုကို သင်အောင်မြင်စွာ လုပ်နိုင်လိုက်တယ်ဆိုတာမျိုးကြောင့် သင့်စိတ်ငြိမ်းချမ်းသွားပြီလို့ ယူလို့ရပါတယ်။

၂။လူတွေကြားထဲ သင်ဟာ အဝတ်ဗလာနဲ့ ဖြစ်နေသလိုမျိုး မက်တယ်ဆိုရင်

ဒီလိုအိပ်မက်ပြီး မကြာခင်မှာ သင်ဟာ အလုပ်မှာ ရာထူးတိုးတာမျိုး ဖြစ်နိုင်သလို ရှက်စရာကိစ္စရပ်တစ်ခုခု ကြုံရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် သင်ဖုံးကွယ်ထားတဲ့အရာတစ်ခုခု ပေါ်သွားတာ ဒါမှမဟုတ် အဲ့ဒီကိစ္စကို အမေးခံရတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။

၃။စာမေးပွဲအခန်းထဲ ဘာမှမပြင်ဆင်ထားပဲ ဖြေဖို့ရောက်နေသလိုမျိုး၊ ဖြေဖို့သွားနေချိန်အတွင်း မရောက်နိုင်ပဲ နောက်ကျနေတာမျိုး မက်တယ်ဆိုရင်

ဒီလိုအိပ်မက်မျိုး မက်တယ်ဆိုရင် သင့်မှာ စိုးရိမ်ပူပန်စရာ အခြေအနေတစ်ခုခု ရှိနေတာကြောင့်ပါ။ နောက်တစ်ခုကကျောင်းမှာ အလုပ်မှာ စိတ်ဖိစီးမှုကြုံနေရတာဖြစ်ပြီး ကိုယ်လုပ်လိုက်တဲ့အရာကို တခြားသူတွေ ဝေဖန်မှာ စိုးရိမ်နေတာမျိုးကြောင့်ပါ။

၄။သရဲ၊ တစ္ဆေ၊ အကောင်တစ်ကောင်ကောင်၊ လူတစ်ယောက်ယောက်က သင့်နောက်လိုက်နေသလိုမျိုး မက်တယ်ဆိုရင်

ဒီလိုအိပ်မက်မျိုး မက်တဲ့အခါ သင့်စိတ်မှာ ဒါမှမဟုတ် အပြင်မှာ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုက ခြိမ်းခြောက်တာ ခံနေရတာကြောင့်သာ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက်၊ ဒီအခြေအနေကို အဆုံးသတ်ဖို့အတွက် သင့်မသိစိတ်ရော သိစိတ်ကပါ အပြင်းအထန် ကြိုးစားချင်နေတာမျိုးပါ။

၅။ကောင်းကင်မှာ ပျံသန်းနေသလိုမျိုး မက်တယ်ဆိုရင်

ဒီလို အိပ်မက်မျိုးကတော့ အကောင်းဘက်ကိုသာ သွားတဲ့အိပ်မက်ပါ။ သင်ဟာ သင့်ကိုယ်သင် ထိန်းချုပ်နိုင်နေပြီဖြစ်သလို တခြားသင်ထိန်းချုပ်ရမယ့်အရာတွေကိုလည်း သင်အဆင်ပြေပြေ ကိုင်တွယ်နေနိုင်တာမျိုးပါ။ သင့်စိတ်အခြေအနေက သင့်ကို တည်ငြိမ်ခိုင်မာစွာ ဆက်သွားဖို့ အခွင့်အရေးပေးနေပါပြီ။ သင်ဟာ အခြေအနေပေါင်းများစွာကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ပြီဆိုတာပါပဲ။

၆။သွားတွေကျိုးတာ၊ ကျိုးပဲ့ပြီး ထွက်ကျတာမျိုး မက်တယ်ဆိုရင်

လူတွေက ဒီလိုအိပ်မက်မျိုးမက်ရင် မကောင်းဘူးဆိုပြီး စိုးရိမ်စိတ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလိုမျိုးမက်ပြီဆိုရင် သင့်စိတ်ထဲ ကြောက်စိတ်တစ်ခုခုရှိနေလို့ပါ။ ငါအသက်ကြီးလာပြီ၊ ငါဆွဲဆောင်မှုမရှိတော့ဘူးဆိုတဲ့ စိတ်တွေလည်း သင့်မှာ ရှိနေပါလိမ့်မယ်။ ဒါ့အပြင်သွားတွေဟာ ပါဝါ၊ ဉာဏ်ပညာ၊ ဆက်သွယ်ချိတ်ဆက်မှု စတာတွေနဲ့ ပတ်သက်နေတာကြောင့် သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတာ၊ သင့်ခံစားချက်အစိတ်အမှန်တွေကို မဖော်ထုတ်ရဲတော့သလို ဖြစ်နေတာမျိုးတွေ ခံစားနေရလို့ပါ။ ဒါ့အပြင် သူဟာ အပြောင်းအလဲတစ်ခုခုကို လုပ်ဆောင်ရတော့မှာမို့ စိတ်မတည်ငြိမ်တာကိုလည်း ပြနေပါတယ်။ ဒါ့ကြောင့် သင့်ဘဝရဲ့ ဘယ်အခြေအနေမှာ ပူပန်စရာရှိနေသလဲဆိုတာတွေးပြီး ဒါကို ကောင်းကောင်လေး ဖြေရှင်းလိုက်ပါ။ သင်လုပ်နိုင်ပါတယ်။

၇။မိသားစုဝင်၊ သူငယ်ချင်း၊ ရင်းနှီးတဲ့သူတစ်ယောက်ယောက် ဆုံးပါးသွားတယ်လို့ မက်တယ်ဆိုရင်

ဒီလိုအိပ်မက်မျိုး မက်တယ်ဆိုရင် ဒါဟာ စိတ်ပျက်ဝမ်းနည်းစရာ မဟုတ်ပါဘူး။ သင့်စိတ်အခြေအနေ ပြောင်းလဲရတော့မယ်လို့ ယူဆရမယ့် အိပ်မက်ပါ။ နောက်တစ်ခုက နောက်ထပ်ရည်မှန်းချက်အသစ်၊ ဘဝသစ်ကို စတင်တော့မယ့်အနေအထားလို့လည်း ယူလို့ရပါတယ်။

၈။ကြည်လင်နေတဲ့ရေ၊ နောက်ကျိနေတဲ့ ရေတွေ အိပ်မက်မက်တယ်ဆိုရင်

သင့်စိတ်အနေအထား ကြည်လင်အေးချမ်းနေမယ်ဆိုရင် သင်ဟာ အိပ်မက်ထဲမှာ ကြည်လင်တဲ့ရေတွေကို မက်ပါလိမ့်မယ်။ သင့်စိတ်အခြေအနေဟာ ရှုပ်ထွေးပြီး ဖိစီးမှုတွေခံစားနေရပြီဆိုရင် သင်ဟာ နောက်ကျိနေတဲ့ ရေတွေကိုသာ မက်ပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:TrendMyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top