iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာ မဂၤလာပါ႐ွင့္။ သမီးတခုေလာက္ အကူအညီေတာင္းခ်င္လို႔ပါ ။ ေလာေလာဆယ္ သမီး ဝမ္းကိုက္ တဲ့ေဝဒနာ ခံစားေနရပါတယ္ ။ မေန႔ညေနကစျပီး ဝမ္းသြားတာပါ ။ ၄ ခါေလာက္ သြားၿပီးေတာ့ ေဆး႐ုံမွာ သြားျပပါတယ္ ။ လူက အားမရွိေတာ့လို႔ အားေဆးလည္းသြင္းခဲ့ပါတယ္။ ေဆးေတြက Bioflor 250mg, Fomiled 5mg, Norbactin 400mg (အစာနဲ႔ေဝးျပီးေသာက္ရန္) ႏွင့္ ဓါတ္ဆားထုတ္ေပးလိုက္ပါတယ္။ အခုေဆးေသာက္တာ ၃ ႀကိမ္ရွိပါၿပီ ။ အရမ္းေတာ့ မသက္သာေသးပါဘူး ။ ဝမ္းသြားရင္ ဗိုက္ေအာက္ပိုင္း နားေအာင့္ေတာင့္ေတာင့္နဲ႕ အေတာ္ခံရခက္ပါတယ္ ။ ခႏၶာကိုယ္ထဲကလည္း အနည္းငယ္ခ်မ္းပါတယ္။ အရင္က အစာအိမ္ ေရာင္ဖူးတုန္းကလည္း အဲ့လိုခ်မ္းဖူးပါတယ္ ဆရာ။ တခုစိုးရိမ္ေနမိလို႔ပါ ။ ဝမ္းသြားတာမွာ အနီေရာင္အခြၽဲအက်ိေတြပါလာလို႔ ေသြးလို႔ယူဆျပီး မေန႔ကပဲ ဆရာဝန္က ဝမ္းကိုစစ္ဖို႔ ယူထားပါတယ္။ တခါမွလည္း ဝမ္းမကိုက္ဖူးေတာ့ ေသြးပါတတ္သလားလည္း မသိလို႔ပါ။ ဝမ္းစစ္တာေတာ့ ဝမ္းကိုက္ေစတဲ့ ဘတ္တီးရီးယားမ႐ွိဘူးတဲ့ဆရာ။ တခါတေလ ဝမ္းကိုက္ပိုးက ပါမလာတတ္လို႔ ထပ္စစ္ဖို႔ေတာ့ ေျပာပါတယ္။ ေသြးပါတာေတာ့ ဟုတ္ပါတယ္တဲ့။

အသက္နဲ႔ အခ်က္အလက္ေတြ မေျပာလိုသူရဲ႕ေမးခြန္းထဲက တစ္ ၅ လံုးကို ျပင္လိုက္ပါတယ္။ ပီ ၄ လံုးမွာ ယရစ္ ထည့္လိုက္တယ္။ အဆာအိမ္ကိုလည္း အစာအိမ္လို႔ ေျပာင္းပါတယ္။ ေဆာရီး။ ပို႔စ္မွာ သံုးခ်င္လို႔ပါ။ ကိုယ့္စာမွာေတာ့ ေရးခ်င္သလို ေရးေပါ့။ ျဖစ္တဲ့သူက အမ်ိဳးသမီးဆိုရင္ ရာသီ-အိမ္ေထာင္ေရး-ကိုယ္ဝန္-ကေလး သိဘို႔လိုပါေၾကာင္း ေမးနည္းစည္းကမ္းမွာ ထည့္ေရးထားပါတယ္။ မေျပာလိုသူေတြလည္း ဘေလာ့မွာ ဖတ္လိုက ဖတ္ႏိုင္ၾကပါတယ္။ ေရာဂါတူေပမယ့္ အေျခခံအခ်က္ေတြ မတူရင္ ေဆးေပးရတာ မတူပါ။

ဝမ္းကိုက္တာကို အဂၤလိပ္လို Bloody diarrhoea ေသြးဝမ္းသြားတယ္လို႔ အေရးမ်ားတယ္။ ေဆးစာနဲ႔ဆို Dysentery ေခၚတယ္။ WHO ကေနသတ္မွတ္ထားတာက ဝမ္းအရည္သြားျပီးေသြးပါတာတဲ့။ အေမရိကန္ CDC ကေတာ့ ဝမ္းသြားတာထဲမွာ ျမင္သာတဲ့ေသြးပါေနတာကို သတ္မွတ္တယ္။

ကူးစက္ေရာဂါျဖစ္တယ္။ စအိုကထြက္၊ ပါးစပ္ကဝင္လာတာျဖစ္တယ္။ (၁) အမ်ားဆံုးျဖစ္ေစတဲ့ Shigella ဗက္တီးရီးယား ေၾကာင့္ျဖစ္တာကို Bacillary dysentery ေခၚတယ္။ သူ႔ဖါသူေပ်ာက္ႏိုင္တယ္။ (၂) Amoeba Entamoeba histolytica ေၾကာင့္ျဖစ္တာကို Amoebic dysentery ေခၚတယ္။ ဆိုးတယ္ ေနာက္ဆက္တြဲေရာဂါေတြ ဆက္ျဖစ္တတ္တယ္။ ဥပမာ အသည္းေရာင္ (အသားမဝါ)၊ ဦးေႏွာက္ေရာင္။ တျခား E coli, Salmonella နဲ႔ Campylobacter ပိုးေတြကေနလဲျဖစ္တယ္။ ဒါ့အျပင္ သန္ေကာင္ေတြ၊ ဓါတုေဆးနဲ႔ ဗိုင္းရပ္စ္ေတြကေနလဲ ျဖစ္ႏိုင္ေသးတယ္။ ဝမ္းကိုဓါတ္ခြဲခမ္းမွာစစ္မွ အတိအက် သိရမယ္။

တခ်ိဳ႕မွာ နည္းနည္းသာခံရျပီး တခ်ိဳ႕ဆိုးတယ္။ ရက္တိုသူ၊ ရွည္သူရွိတယ္။ ခံစားေနရတာေတြ ၅ ရက္ကေန ရက္ရွည္ ၾကာေနႏိုင္တယ္။ ၾကာေနသူေတြမွာ ေရ + ဓါတ္ဆားခမ္းေျခာက္ႏိုင္တယ္။ ဗိုက္ကယ္မယ္။ ေလတက္မယ္။ ဗိုက္နာမယ္၊ ပ်ိဳ႕အန္မယ္။ ဆီးနည္းလာမယ္။ အေရျပး၊ အာေခါင္ေျခက္လာမယ္။ ေရငတ္မယ္။ ကုိယ္ပူတာက ခ်မ္းႏိုင္တယ္။ ၾကြက္တက္ႏိုင္တယ္။ အားယုတ္ေနမယ္။ ဝမ္းခဏခဏသြားမယ္၊ သြားရင္ဗိုက္ရစ္ျပီးနာမယ္။ ဝမ္းထဲေသြးပါမယ္၊ အက်ိအခြ်ဲပါမယ္။ အားယုတ္မယ္။

ဘယ္လိုကုမလဲ။ ေရမ်ားမ်ားေသာက္ပါ၊ ဓါတ္ဆားရည္ေသာက္ပါ။ နားပါ။ တကိုယ္ေရ သန္႔ရွင္းေရး ပိုလုပ္ေပးပါ။ ပါးစပ္ထဲဝင္တာ မွန္သမွ်ဂရုစိုက္ပါ။ ေရသန္႔မယ္၊ အစားအစာသန္႔မယ္ဆိုရင္ မျဖစ္ႏိုင္ေတာ့ပါ။ ပူေအာင္လုပ္ထားတဲ့ အစာထဲ၊ ေရထဲမွာ ပိုးမပါႏိုင္ပါ။

(၁) Bacterial dysentery ဗက္တီးရီးယား ဝမ္းကိုက္ေရာဂါအတြက္ -
• Ceftriaxone 250 mg ကေန 2 grams အထိ၊ တေန႔ တၾကိမ္ကေန ၂ ၾကိမ္ခြဲေပးတယ္။ ၇-၁၄ ရက္။ ကေလးေတြဆိုရင္ 50-100 mg/kg တေန႔ တၾကိမ္ကေန ၂ ၾကိမ္ခြဲေပးတယ္။ ၇-၁၄ ရက္။ (သို႔)
• Ciprofloxacin 500 mg ကို ၁၂ နာရီတခါ၊ ၅-၇ ရက္။ (သို႔)
• Trimethoprim-sulfamethoxazole (Bactrim, Septrin) လူၾကီး တခါေသာက္ ၂ ျပား၊ တေန႔ ၂ ၾကိမ္၊ ၅-၁ဝ-၁၄ ရက္။ ကေလး ၂ လအထက္ 40 mg per kg of sulfamethoxazole and 8 mg per kg of body of trimethoprim ကို ၁၂ နာရီျခား၊ ၃-၅ ရက္။

(၂) Amebic dysentery (အမီးဘား) ဝမ္းကိုက္ေရာဂါအတြက္ -
• Metronidazole 750 mg တေန႔ ၃ ၾကိမ္၊ ၅-၁ဝ ရက္။

ကာကြယ္ေရး အေရးၾကီးတယ္။ ပါးစပ္ထဲဝင္တာမွန္သမွ် သတိထားပါ။ ေရ + အစားအေသာက္။ ကူးစက္မႈျဖစ္ေနခ်ိန္မွာ အစားအေသာက္နဲ႔ ေရ သတိထားပါ။ ခ်က္ျပဳေက်ာ္ေလွာ္သူနဲ႔ ဆိုင္စာေတြကို သတိထားပါ။ ဘယ္အစာမဆို ပူေႏြးေနခ်ိန္မွာ ကူးစက္ပိုးရွိေနလည္း ေသကုန္မယ္။ ေအးသြာရင္ ယင္ေကာင္ စတာေတြကတဆင့္ ပိုးျပန္ဝင္လာႏိုင္တယ္။ အစားအေသာက္ေတြ ထားသိုတာ ဂရုစိုက္ပါ။ လက္ကို မၾကာမၾကာေဆးပါ။ ကာကြယ္ေရး ေပါ့ဆရင္ ျပန္ျဖစ္တတ္တယ္။

Blood in Stool စအိုက ေသြးယိုျခင္း http://doctortintswe.blogspot.com/2016/12/blood-in-stool.html
Bloody or tarry stools ဝမ္းအမည္းေရာင္သြားျခင္း http://doctortintswe.blogspot.com/2016/12/bloody-or-tarry-stools.html
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:ေဒါက္တာတင့္ေဆြ

#Unicode Version

ဆရာ မင်္ဂလာပါရှင့်။ သမီးတခုလောက် အကူအညီတောင်းချင်လို့ပါ ။ လောလောဆယ် သမီး ဝမ်းကိုက် တဲ့ဝေဒနာ ခံစားနေရပါတယ် ။ မနေ့ညနေကစပြီး ဝမ်းသွားတာပါ ။ ၄ ခါလောက် သွားပြီးတော့ ဆေးရုံမှာ သွားပြပါတယ် ။ လူက အားမရှိတော့လို့ အားဆေးလည်းသွင်းခဲ့ပါတယ်။ ဆေးတွေက Bioflor 250mg, Fomiled 5mg, Norbactin 400mg (အစာနဲ့ဝေးပြီးသောက်ရန်) နှင့် ဓါတ်ဆားထုတ်ပေးလိုက်ပါတယ်။ အခုဆေးသောက်တာ ၃ ကြိမ်ရှိပါပြီ ။ အရမ်းတော့ မသက်သာသေးပါဘူး ။ ဝမ်းသွားရင် ဗိုက်အောက်ပိုင်း နားအောင့်တောင့်တောင့်နဲ့ အတော်ခံရခက်ပါတယ် ။ ခန္ဓာကိုယ်ထဲကလည်း အနည်းငယ်ချမ်းပါတယ်။ အရင်က အစာအိမ်ရောင်ဖူးတုန်းကလည်း အဲ့လိုချမ်းဖူးပါတယ် ဆရာ။ တခုစိုးရိမ်နေမိလို့ပါ ။ ဝမ်းသွားတာမှာ အနီရောင်အချွဲအကျိတွေပါလာလို့ သွေးလို့ယူဆပြီး မနေ့ကပဲ ဆရာဝန်က ဝမ်းကိုစစ်ဖို့ ယူထားပါတယ်။ တခါမှလည်း ဝမ်းမကိုက်ဖူးတော့ သွေးပါတတ်သလားလည်း မသိလို့ပါ။ ဝမ်းစစ်တာတော့ ဝမ်းကိုက်စေတဲ့ ဘတ်တီးရီးယားမရှိဘူးတဲ့ဆရာ။ တခါတလေ ဝမ်းကိုက်ပိုးက ပါမလာတတ်လို့ ထပ်စစ်ဖို့တော့ ပြောပါတယ်။ သွေးပါတာတော့ ဟုတ်ပါတယ်တဲ့။

အသက်နဲ့ အချက်အလက်တွေ မပြောလိုသူရဲ့မေးခွန်းထဲက တစ် ၅ လုံးကို ပြင်လိုက်ပါတယ်။ ပီ ၄ လုံးမှာ ယရစ် ထည့်လိုက်တယ်။ အဆာအိမ်ကိုလည်း အစာအိမ်လို့ ပြောင်းပါတယ်။ ဆောရီး။ ပို့စ်မှာ သုံးချင်လို့ပါ။ ကိုယ့်စာမှာတော့ ရေးချင်သလို ရေးပေါ့။ ဖြစ်တဲ့သူက အမျိုးသမီးဆိုရင် ရာသီ-အိမ်ထောင်ရေး-ကိုယ်ဝန်-ကလေး သိဘို့လိုပါကြောင်း မေးနည်းစည်းကမ်းမှာ ထည့်ရေးထားပါတယ်။ မပြောလိုသူတွေလည်း ဘလော့မှာ ဖတ်လိုက ဖတ်နိုင်ကြပါတယ်။ ရောဂါတူပေမယ့် အခြေခံအချက်တွေ မတူရင် ဆေးပေးရတာ မတူပါ။

ဝမ်းကိုက်တာကို အင်္ဂလိပ်လို Bloody diarrhoea သွေးဝမ်းသွားတယ်လို့ အရေးများတယ်။ ဆေးစာနဲ့ဆို Dysentery ခေါ်တယ်။ WHO ကနေသတ်မှတ်ထားတာက ဝမ်းအရည်သွားပြီးသွေးပါတာတဲ့။ အမေရိကန် CDC ကတော့ ဝမ်းသွားတာထဲမှာ မြင်သာတဲ့သွေးပါနေတာကို သတ်မှတ်တယ်။

ကူးစက်ရောဂါဖြစ်တယ်။ စအိုကထွက်၊ ပါးစပ်ကဝင်လာတာဖြစ်တယ်။ (၁) အများဆုံးဖြစ်စေတဲ့ Shigella ဗက်တီးရီးယား ကြောင့်ဖြစ်တာကို Bacillary dysentery ခေါ်တယ်။ သူ့ဖါသူပျောက်နိုင်တယ်။ (၂) Amoeba Entamoeba histolytica ကြောင့်ဖြစ်တာကို Amoebic dysentery ခေါ်တယ်။ ဆိုးတယ် နောက်ဆက်တွဲရောဂါတွေ ဆက်ဖြစ်တတ်တယ်။ ဥပမာ အသည်းရောင် (အသားမဝါ)၊ ဦးနှောက်ရောင်။ တခြား E coli, Salmonella နဲ့ Campylobacter ပိုးတွေကနေလဲဖြစ်တယ်။ ဒါ့အပြင် သန်ကောင်တွေ၊ ဓါတုဆေးနဲ့ ဗိုင်းရပ်စ်တွေကနေလဲ ဖြစ်နိုင်သေးတယ်။ ဝမ်းကိုဓါတ်ခွဲခမ်းမှာစစ်မှ အတိအကျ သိရမယ်။

တချို့မှာ နည်းနည်းသာခံရပြီး တချို့ဆိုးတယ်။ ရက်တိုသူ၊ ရှည်သူရှိတယ်။ ခံစားနေရတာတွေ ၅ ရက်ကနေ ရက်ရှည် ကြာနေနိုင်တယ်။ ကြာနေသူတွေမှာ ရေ + ဓါတ်ဆားခမ်းခြောက်နိုင်တယ်။ ဗိုက်ကယ်မယ်။ လေတက်မယ်။ ဗိုက်နာမယ်၊ ပျို့အန်မယ်။ ဆီးနည်းလာမယ်။ အရေပြး၊ အာခေါင်ခြေက်လာမယ်။ ရေငတ်မယ်။ ကိုယ်ပူတာက ချမ်းနိုင်တယ်။ ကြွက်တက်နိုင်တယ်။ အားယုတ်နေမယ်။ ဝမ်းခဏခဏသွားမယ်၊ သွားရင်ဗိုက်ရစ်ပြီးနာမယ်။ ဝမ်းထဲသွေးပါမယ်၊ အကျိအချွဲပါမယ်။ အားယုတ်မယ်။

ဘယ်လိုကုမလဲ။ ရေများများသောက်ပါ၊ ဓါတ်ဆားရည်သောက်ပါ။ နားပါ။ တကိုယ်ရေ သန့်ရှင်းရေး ပိုလုပ်ပေးပါ။ ပါးစပ်ထဲဝင်တာ မှန်သမျှဂရုစိုက်ပါ။ ရေသန့်မယ်၊ အစားအစာသန့်မယ်ဆိုရင် မဖြစ်နိုင်တော့ပါ။ ပူအောင်လုပ်ထားတဲ့ အစာထဲ၊ ရေထဲမှာ ပိုးမပါနိုင်ပါ။

(၁) Bacterial dysentery ဗက်တီးရီးယား ဝမ်းကိုက်ရောဂါအတွက် -
• Ceftriaxone 250 mg ကနေ 2 grams အထိ၊ တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။ ကလေးတွေဆိုရင် 50-100 mg/kg တနေ့ တကြိမ်ကနေ ၂ ကြိမ်ခွဲပေးတယ်။ ၇-၁၄ ရက်။ (သို့)
• Ciprofloxacin 500 mg ကို ၁၂ နာရီတခါ၊ ၅-၇ ရက်။ (သို့)
• Trimethoprim-sulfamethoxazole (Bactrim, Septrin) လူကြီး တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၁ဝ-၁၄ ရက်။ ကလေး ၂ လအထက် 40 mg per kg of sulfamethoxazole and 8 mg per kg of body of trimethoprim ကို ၁၂ နာရီခြား၊ ၃-၅ ရက်။

(၂) Amebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါအတွက် -
• Metronidazole 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက်။

ကာကွယ်ရေး အရေးကြီးတယ်။ ပါးစပ်ထဲဝင်တာမှန်သမျှ သတိထားပါ။ ရေ + အစားအသောက်။ ကူးစက်မှုဖြစ်နေချိန်မှာ အစားအသောက်နဲ့ ရေ သတိထားပါ။ ချက်ပြုကျော်လှော်သူနဲ့ ဆိုင်စာတွေကို သတိထားပါ။ ဘယ်အစာမဆို ပူနွေးနေချိန်မှာ ကူးစက်ပိုးရှိနေလည်း သေကုန်မယ်။ အေးသွာရင် ယင်ကောင် စတာတွေကတဆင့် ပိုးပြန်ဝင်လာနိုင်တယ်။ အစားအသောက်တွေ ထားသိုတာ ဂရုစိုက်ပါ။ လက်ကို မကြာမကြာဆေးပါ။ ကာကွယ်ရေး ပေါ့ဆရင် ပြန်ဖြစ်တတ်တယ်။

Blood in Stool စအိုက သွေးယိုခြင်း http://doctortintswe.blogspot.com/2016/12/blood-in-stool.html
Bloody or tarry stools ဝမ်းအမည်းရောင်သွားခြင်း http://doctortintswe.blogspot.com/2016/12/bloody-or-tarry-stools.html
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:ဒေါက်တာတင့်ဆွေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top