iMyanmarHouse.com - Best Property Website for Myanmar
×









Credit : 7day daily

#Unicode Version

အသားအရေ အစိုဓာတ် ထိန်းသိမ်းတယ်ဆိုရင် အရေပြား ကို နူးညံ့ချောမွေ့ စိုပြည်စေပေ မယ့် ဂရုတစိုက် မလုပ်မိရင်တော့ အရေပြားတွေ ခြောက်သွေ့ ကွဲ အက်ကာ အသားပပ်တာ၊ ယား ယံတာတွေဖြစ်လာပြီး ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုလည်း ကျ ဆင်းလာစေပါတယ်။

ဒါကြောင့်မို့ အသားအရေ အစိုဓာတ် မထိန်းသိမ်းဘူးဆိုရင် ဖြစ်တတ်တာလေးတွေ သိထားပြီး ကာကွယ်နိုင်အောင်လို့ ဖော်ပြ ပေးလိုက်ပါတယ်။

အသားရောင်မှုန်မှိုင်းစေခြင်း - လုံလောက်တဲ့ အစိုဓာတ်မရှိလို့ အသားအရေဟာ မှုန်မှုန် မှိုင်းမှိုင်းနဲ့မလှမပဖြစ်လာပြီး ခြောက်သွေ့ကွဲအက်လာစေပါတယ်။

ယားယံစေခြင်း - ရေချိုးပြီးတာနဲ့ မျက်နှာအရေပြားကြီး တင်းနေ တာမျိုး ခံစားရမှာဖြစ်ပြီး ရေချိုး ပြီးတာနဲ့ မျက်နှာကို အစိုဓာတ် ထိန်းသိမ်းခရင်မ် မလိမ်းခဲ့ဘူးဆို ရင် အသားအရေ ယားယံမှာ သေချာသလောက်ပါပဲ။

ထိရောက်သောကာကွယ်မှုမရ ခြင်း - တချို့သော အသားအရေ ထိန်းသိမ်းပစ္စည်းတွေမှာပါတဲ့ ပစ္စည်းတချို့ဟာ အသားခြောက် စေတဲ့အတွက် အစိုဓာတ်ထိန်း သိမ်းခရင်မ် ထပ်မလိမ်းခဲ့ရင် ဘယ်လောက်ပဲ အသားအရေ ထိန်းအလှကုန်တွေသုံးသုံး အရာ မရောက်ပါဘူး။

ညက်ညောတဲ့မိတ်ကပ်သားမရ ခြင်း - အစိုဓာတ်ထိန်းခရင်မ် မလိမ်းဘဲ မိတ်ကပ်လိမ်းလိုက်ရင် အသားအရေတွေ ခြောက်နေတဲ့ အတွက် အတော်လေးကို အ ကြည့်ရဆိုးစေမှာပါ။ ဒါကြောင့်မို့ အစိုဓာတ်ထိန်းသိမ်းခရင်မ်လိမ်း ပြီး အသားထဲစိမ့်ဝင်အောင် ငါးမိ နစ်လောက်ထားပြီးမှ မိတ်ကပ် လိမ်းတာမျိုး လုပ်သင့်ပါတယ်။

အသားအရေပိုတွန့်လာခြင်း - အသားအရေ အစိုဓာတ်ထိန်းသိမ်း တာမျိုး ပုံမှန် လုပ်မလာခဲ့ဘူးဆို ရင် အရွယ်မတိုင်မီမှာ အရေး အကြောင်းတွေ ပိုပြီးဖြစ်လာတာ မျိုး ကြုံရမှာပါ။ အစိုဓာတ်မလုံ လောက်တဲ့အတွက် အရေပြားက ချောမွတ်အိစက်နေရမယ့်အစား ခြောက်သွေ့လာပြီး လိုင်းတွေ ပေါ်လာကာ ရှိရင်းစွဲအသက် ထက် ပိုကြီးသယောင် ထင်ခံရမှာ သေချာပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : 7day daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top