iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီေသြးအေရာင္အေသြးက မိမိ၏က်န္းမာေရး အေျခအေနကို ေဖာ္ျပေပးပါတယ္။ ရာသီေသြး အေရာင္အေသြးကို သတိထားၾကည့္ဖို႔ဆိုတာက စိတ္ကသိကေအာင့္ျဖစ္ေစတဲ့အရာတစ္ခုပါ။ ဒါေပမဲ့ သတိထားၾကည့္မိပါက မမ်ိဳးပြား အဂၤါက်န္းမာေရးတစ္ခုခုခ်ိဳ႕ယြင္းေနေၾကာင္းသိႏိုင္သျဖင့္ ခ်က္ခ်င္းေျဖရွင္းႏိုင္ပါတယ္။

ရာသီေသြးအေရာင္နက္ေမွာင္ေနပါက ရာသီေသြးက်ဆင္းမႈ ေႏွးေနတယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။ ဒါဆို အျခားအေရာင္ေတြကေကာ ဘာေတြလဲ။ Boldsky စာမ်က္ႏွာမွာ တင္ထားေသာ အခ်က္အလက္မ်ားကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

အညိုေရာင္
ရာသီေသြးအရာင္ဟာ အညိုရင့္ေရာင္ျဖစ္ေနပါက ဝမ္းဗိုက္ထဲမွာၾကာၾကာရွိေနတဲ့အတြက္ ေသြးသားမသန္႔စင္ဘူးလို႔ ဆိုပါတယ္။ ဒီလိုေသြးက်ျခင္းဟာ မနက္အိပ္ရာထခ်ိန္မွာ ပံုမွန္ျဖစ္ေပၚတတ္ပါတယ္။

အနီေရာင္
ရာသီေသြးအေရာင္ဟာ ခႏၶာကိုယ္ထိရွလို႔ ထြက္လာတဲ့ေသြးလို နီးရဲေနပါက ဝမ္းဗိုက္ထဲမွာ ရွိေနတဲ့ အခ်ိန္ မၾကာေသးဘူး/အခ်ိ္န္မတန္ေသးဘူးလို႔ ဆိုလိုတယ္။

ပန္းေရာင္
ပန္းေရာင္ဟာ က်န္းမာေရးႏွင့္ ကိုက္ညီတဲ့ ရာသီေသြးျဖစ္ျပီး ပံုမွန္လာေနတဲ့ကာလရဲ႕ ဒုတိယေန႔မွာ လာတတ္တယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုထားပါတယ္။ ေယဘူယ်အားျဖင့္ သင္၏ရာသီေသြး စက္ဝန္း က်ဆင္းခ်ိန္ၾကာေနပါက ပန္းေရာင္ ရာသီေသြးက်ဆင္းမႈဟာလည္း အခ်ိန္ၾကာျမင့္ပါတယ္။

မီးခိုးေရာင္
ရာသီေသြးအေရာင္ဟာ မီးခိုးေရာင္ ဒါမွမဟုတ္ အမဲေရာင္ျဖစ္ေနပါက က်န္းမာေရးႏွင့္ မကိုက္ညီပါ။ ဆိုလိုတာက မမ်ိဳးပြားအဂၤါထဲရွိ သားအိမ္လမ္းေၾကာင္းမွာ ကူးစက္ေရာဂါ ဒါမွမဟုတ္ ကိုယ္ဝန္ပ်က္က်တဲ့ သေကၤတတစ္ခု ျဖစ္ပါတယ္။ ဒါေပမဲ့ ရာသီခ်ိန္ေလးရက္ေျမာက္ေန႕မွာ အမဲေရာင္ရာသီေသြးက်လာပါက သားအိမ္လမ္းေၾကာင္းမွ ေသြးခဲေတြက်လာႏိုင္ တာေၾကာင္း စိတ္ပူစရာမလိုပါ။

လိေမၼာ္ေရာင္
ရာသီေသြးဟာ လိေမၼာ္ေရာင္ျဖစ္ေနပါက သားအိမ္လည္ပင္းမွ အရည္ႏွင့္ ေရာေႏွာျခင္း ဒါမွမဟုတ္ မမ်ိဳးအဂၤါမွ ကူးစက္ေရာဂါ၏ အေရာင္သေကၤတ ျဖစ္တယ္။ သင္၏ရာသီေသြး အဲဒီလိုအေရာင္ျဖစ္ေနပါက ဆရာဝန္ႏွင့္ ခ်က္ခ်င္းတိုင္ပင္ပါ။

Credit :  Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရာသီသွေးအရောင်အသွေးက မိမိ၏ကျန်းမာရေး အခြေအနေကို ဖော်ပြပေးပါတယ်။ ရာသီသွေး အရောင်အသွေးကို သတိထားကြည့်ဖို့ဆိုတာက စိတ်ကသိကအောင့်ဖြစ်စေတဲ့အရာတစ်ခုပါ။ ဒါပေမဲ့ သတိထားကြည့်မိပါက မမျိုးပွား အင်္ဂါကျန်းမာရေးတစ်ခုခုချို့ယွင်းနေကြောင်းသိနိုင်သဖြင့် ချက်ချင်းဖြေရှင်းနိုင်ပါတယ်။

ရာသီသွေးအရောင်နက်မှောင်နေပါက ရာသီသွေးကျဆင်းမှု နှေးနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါဆို အခြားအရောင်တွေကကော ဘာတွေလဲ။ Boldsky စာမျက်နှာမှာ တင်ထားသော အချက်အလက်များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အညိုရောင်
ရာသီသွေးအရာင်ဟာ အညိုရင့်ရောင်ဖြစ်နေပါက ဝမ်းဗိုက်ထဲမှာကြာကြာရှိနေတဲ့အတွက် သွေးသားမသန့်စင်ဘူးလို့ ဆိုပါတယ်။ ဒီလိုသွေးကျခြင်းဟာ မနက်အိပ်ရာထချိန်မှာ ပုံမှန်ဖြစ်ပေါ်တတ်ပါတယ်။

အနီရောင်
ရာသီသွေးအရောင်ဟာ ခန္ဓာကိုယ်ထိရှလို့ ထွက်လာတဲ့သွေးလို နီးရဲနေပါက ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့ အချိန် မကြာသေးဘူး/အချိန်မတန်သေးဘူးလို့ ဆိုလိုတယ်။

ပန်းရောင်
ပန်းရောင်ဟာ ကျန်းမာရေးနှင့် ကိုက်ညီတဲ့ ရာသီသွေးဖြစ်ပြီး ပုံမှန်လာနေတဲ့ကာလရဲ့ ဒုတိယနေ့မှာ လာတတ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ ယေဘူယျအားဖြင့် သင်၏ရာသီသွေး စက်ဝန်း ကျဆင်းချိန်ကြာနေပါက ပန်းရောင် ရာသီသွေးကျဆင်းမှုဟာလည်း အချိန်ကြာမြင့်ပါတယ်။

မီးခိုးရောင်
ရာသီသွေးအရောင်ဟာ မီးခိုးရောင် ဒါမှမဟုတ် အမဲရောင်ဖြစ်နေပါက ကျန်းမာရေးနှင့် မကိုက်ညီပါ။ ဆိုလိုတာက မမျိုးပွားအင်္ဂါထဲရှိ သားအိမ်လမ်းကြောင်းမှာ ကူးစက်ရောဂါ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီချိန်လေးရက်မြောက်နေ့မှာ အမဲရောင်ရာသီသွေးကျလာပါက သားအိမ်လမ်းကြောင်းမှ သွေးခဲတွေကျလာနိုင် တာကြောင်း စိတ်ပူစရာမလိုပါ။

လိမ္မော်ရောင်
ရာသီသွေးဟာ လိမ္မော်ရောင်ဖြစ်နေပါက သားအိမ်လည်ပင်းမှ အရည်နှင့် ရောနှောခြင်း ဒါမှမဟုတ် မမျိုးအင်္ဂါမှ ကူးစက်ရောဂါ၏ အရောင်သင်္ကေတ ဖြစ်တယ်။ သင်၏ရာသီသွေး အဲဒီလိုအရောင်ဖြစ်နေပါက ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပါ။

Credit :  Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top