iMyanmarHouse.com - Best Property Website for Myanmar
×

႐ုပ္ရွင္ထဲကလို အဆင့္အတန္းခ်င္းမတူမွ၊ မိဘေတြ သေဘာမတူမွ၊ အခ်စ္ခ်င္း မညီမွ လူႏွစ္ဦး ေပါင္းစည္းဖုိ႔ မျဖစ္ႏုိင္ဘူးလို႔ ထင္ခဲ့ၾကတာပါ။ အမွန္ေတာ့ သာယာတဲ့ အခ်စ္ေရး၊ အိမ္ ေထာင္ေရးျဖစ္ဖို႔အတြက္ နားလည္မႈ၊ ယံုၾကည္မႈ၊ ေလးစားမႈ၊ ေဆြးေႏြးတုိင္ပင္မႈ၊ ႐ိုးသားမႈနဲ႔ ကတိေတြလည္း လိုအပ္ပါေသးတယ္။ ဒါေတြအားလံုးရွိေနရင္ေတာင္ တခါတေလမွာ ေျဖရွင္းရခက္တဲ့ ျပႆနာေတြ ရွိတတ္ျပန္ပါတယ္။
၁။ သင့္ကုိ မေကာင္းတဲ့စိတ္ေတြျဖစ္ေအာင္ သူလုပ္ေနတဲ့အခ်ိန္

ခ်စ္တိုင္းလည္း တစ္ဦးေပၚတစ္ဦး ေကာင္းၾကတာ မဟုတ္ပါဘူး။ လူတုိင္းလုိအပ္တာက ကိုယ့္ရဲ႕စိတ္ခံစားခ်က္ကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေပးႏုိင္သူပါ။ သင့္ကို သူ႔လို ဆိုးရြားတဲ့ ဒါမွမဟုတ္ ေဒါသႀကီးတဲ့ သူတစ္ဦး ျဖစ္ေအာင္ လုပ္ေပးတဲ့သူမ်ဳိးနဲ႔ အတူမရွိသင့္ပါဘူး။ ဒီလိုအေျခအေနမ်ဳိး အျမဲျဖစ္ေနရင္ေတာ့ သင္ဘယ္ေတာ့မွ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရမွာ မဟုတ္ပါဘူး။

၂။ ဒီအခ်စ္ေရးခုိင္ျမဲဖုိ႔ တစ္ဦးက ပိုၿပီးအားထုတ္ေနတဲ့အခ်ိန္

ခ်စ္တာခ်င္းတူေပမဲ့ အားထုတ္မႈျခင္း မတူတဲ့ အခ်စ္ေရးက ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ အခ်စ္ေရးအဆင္ေျပဖို႔အတြက္ ႀကိဳးစားအားထုတ္မႈ မရွိဘူးဆုိရင္ ဘယ္ေလာက္ခ်စ္ခ်စ္ အဆင္ေျပမွာ မဟုတ္ပါဘူး။

၃။ သဝန္တုိမႈေတြ ႀကီးစိုးေနခ်ိန္

သင့္ရဲ႕သဝန္တုိမႈက ထိန္းမႏိုင္သိမ္းမရ ျဖစ္လာၿပီဆုိရင္ သင္တုိ႔အခ်စ္ေရးမွာ ျပႆနာက ပိုႀကီးထြားလာၿပီဆုိတဲ့ အဓိပၸာယ္ပါပဲ။ သင့္ခ်စ္သူကို တကယ္ခ်စ္တယ္ဆုိရင္ ဘာလုိ႔ မယံုၾကည္ေပးႏုိင္ရတာလဲ။ သင္ သူ႔ကို မယံုဘူးဆုိရင္ ဘာလို႔ ဒီအခ်စ္ေရးကို ခုိင္ျမဲေအာင္ ႀကိဳးစားမွာလဲ။ အခ်စ္ေရးေအာင္ျမင္ဖုိ႔အတြက္ အခ်စ္တင္မကဘူး။ အခ်စ္ေပၚ ယံုၾကည္ေပးဖို႔လိုလည္း လိုအပ္ပါတယ္။

၄။ ျပႆနာေတြကို ေျပလည္ေအာင္ ဘယ္လိုေျဖရွင္းရမယ္မွန္း မသိတဲ့အခ်ိန္တစ္ခါတရံမွာ ျပႆနာကို ေျဖရွင္းႏုိင္တဲ့ နည္းလမ္းက ဒီအခ်စ္ေရးကို အဆံုးသတ္လုိက္ဖို႔ပဲ ျဖစ္ေနတတ္တယ္။ သင္တုိ႔ရဲ႕ျပႆနာကို ေျဖရွင္းဖုိ႔ ေကာင္းမြန္တဲ့ နည္းလမ္းေတြ ရွာမေတြ႕ႏုိင္ဘူးဆုိရင္ အခ်စ္တစ္ခုတည္းနဲ႔တင္ မလံုေလာက္ေတာ့ပါဘူး။ အဲဒီအခ်ိန္မွာ တုိင္ပင္ေဆြးေႏြးဖို႔ လိုလာပါၿပီ။ ဒါေပမဲ့ ေဆြးေႏြးလိုက္တိုင္း ရန္ပြဲအျဖစ္ကို ကူးေျပာင္းသြားမယ္ဆုိရင္၊ အျမဲတမ္း ရန္ပြဲေတြခ်ည္းပဲ ဆက္ေနမယ္ဆုိရင္ေတာ့ ဒီအခ်စ္ေရးကို အဆံုးသတ္လုိက္ဖုိ႔ကလြဲလုိ႔ တျခားနည္းလမ္း မရွိေတာ့ပါဘူး။

၅။ တစ္ဦးတစ္ေယာက္က ေဖာက္ျပန္သြားခ်ိန္

သင္တုိ႔ၾကားမွာ အခ်စ္ဆုိတာ ရွိေကာင္းရွိႏုိင္ပါေသးတယ္။ ဒါေပမဲ့ မလံုေလာက္ေတာ့ဘူး။ ဒီအခ်စ္ေရးကို အဆံုးသတ္ဖုိ႔ သတၱိမရွိေလေတာ့ တစ္ဦးတစ္ေယာက္က အသစ္ရွာလာတယ္။ ေလးစားမႈ၊ ယံုၾကည္မႈနဲ႔ ကတိေတြ ပ်က္ျပယ္သြားခ်ိန္မွာ ဒီအခ်စ္ေရးကို ဘယ္လိုေရွ႕ဆက္မလဲ။

၆။ ဘဝကို ပံုေဖာ္ခ်င္တဲ့ ပံုစံခ်င္း မတူညီတဲ့အခ်ိန္

သင္တုိ႔ ႏွစ္ေယာက္စလံုးမွာ ကိုယ္ပိုင္ပန္းတိုင္ေတြ ရွိၾကတယ္။ အခ်စ္စစ္ကို ရွာတယ္ဆုိတာ ဘဝတစ္ခုကို အတူေလွ်ာက္လမ္းဖို႔ ရဲေဘာ္ရဲဘက္တစ္ေယာက္ ရွာျခင္းပါပဲ။ ႏွစ္ေယာက္စလံုး ကေလးလုိခ်င္ရဲ႕လား။ ဘယ္ေနရာမွာ ေနခ်င္ၾကတာလဲ။ ကိုယ့္ရဲ႕အလုပ္ေတြက ဘယ္ေလာက္အေရးပါလဲ။ အခ်စ္ခ်င္းညီေသာ္လည္း သေဘာထားခ်င္းမတူရင္ ဘယ္လိုမွ မျဖစ္ႏုိင္ပါဘူး။ ဒါကိုပဲ ရေအာင္ ေရွ႕ဆက္ရင္ေတာ့ တစ္ေယာက္က လိုက္ေလ်ာရမွာျဖစ္ၿပီး သူ႔ဘဝတစ္သက္လံုးလည္း ဘယ္ေတာ့မွ ေပ်ာ္ရႊင္ရမွာ မဟုတ္ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

ရုပ်ရှင်ထဲကလို အဆင့်အတန်းချင်းမတူမှ၊ မိဘတွေ သဘောမတူမှ၊ အချစ်ချင်း မညီမှ လူနှစ်ဦး ပေါင်းစည်းဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတာပါ။ အမှန်တော့ သာယာတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးဖြစ်ဖို့အတွက် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှု၊ ဆွေးနွေးတိုင်ပင်မှု၊ ရိုးသားမှုနဲ့ ကတိတွေလည်း လိုအပ်ပါသေးတယ်။ ဒါတွေအားလုံးရှိနေရင်တောင် တခါတလေမှာ ဖြေရှင်းရခက်တဲ့ ပြဿနာတွေ ရှိတတ်ပြန်ပါတယ်။
၁။ သင့်ကို မကောင်းတဲ့စိတ်တွေဖြစ်အောင် သူလုပ်နေတဲ့အချိန်

ချစ်တိုင်းလည်း တစ်ဦးပေါ်တစ်ဦး ကောင်းကြတာ မဟုတ်ပါဘူး။ လူတိုင်းလိုအပ်တာက ကိုယ့်ရဲ့စိတ်ခံစားချက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်သူပါ။ သင့်ကို သူ့လို ဆိုးရွားတဲ့ ဒါမှမဟုတ် ဒေါသကြီးတဲ့ သူတစ်ဦး ဖြစ်အောင် လုပ်ပေးတဲ့သူမျိုးနဲ့ အတူမရှိသင့်ပါဘူး။ ဒီလိုအခြေအနေမျိုး အမြဲဖြစ်နေရင်တော့ သင်ဘယ်တော့မှ ပျော်ပျော်ရွှင်ရွှင် နေရမှာ မဟုတ်ပါဘူး။

၂။ ဒီအချစ်ရေးခိုင်မြဲဖို့ တစ်ဦးက ပိုပြီးအားထုတ်နေတဲ့အချိန်

ချစ်တာချင်းတူပေမဲ့ အားထုတ်မှုခြင်း မတူတဲ့ အချစ်ရေးက ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အချစ်ရေးအဆင်ပြေဖို့အတွက် ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင် ဘယ်လောက်ချစ်ချစ် အဆင်ပြေမှာ မဟုတ်ပါဘူး။

၃။ သဝန်တိုမှုတွေ ကြီးစိုးနေချိန်

သင့်ရဲ့သဝန်တိုမှုက ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီဆိုရင် သင်တို့အချစ်ရေးမှာ ပြဿနာက ပိုကြီးထွားလာပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သင့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ဘာလို့ မယုံကြည်ပေးနိုင်ရတာလဲ။ သင် သူ့ကို မယုံဘူးဆိုရင် ဘာလို့ ဒီအချစ်ရေးကို ခိုင်မြဲအောင် ကြိုးစားမှာလဲ။ အချစ်ရေးအောင်မြင်ဖို့အတွက် အချစ်တင်မကဘူး။ အချစ်ပေါ် ယုံကြည်ပေးဖို့လိုလည်း လိုအပ်ပါတယ်။

၄။ ပြဿနာတွေကို ပြေလည်အောင် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိတဲ့အချိန်တစ်ခါတရံမှာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ဒီအချစ်ရေးကို အဆုံးသတ်လိုက်ဖို့ပဲ ဖြစ်နေတတ်တယ်။ သင်တို့ရဲ့ပြဿနာကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှာမတွေ့နိုင်ဘူးဆိုရင် အချစ်တစ်ခုတည်းနဲ့တင် မလုံလောက်တော့ပါဘူး။ အဲဒီအချိန်မှာ တိုင်ပင်ဆွေးနွေးဖို့ လိုလာပါပြီ။ ဒါပေမဲ့ ဆွေးနွေးလိုက်တိုင်း ရန်ပွဲအဖြစ်ကို ကူးပြောင်းသွားမယ်ဆိုရင်၊ အမြဲတမ်း ရန်ပွဲတွေချည်းပဲ ဆက်နေမယ်ဆိုရင်တော့ ဒီအချစ်ရေးကို အဆုံးသတ်လိုက်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။

၅။ တစ်ဦးတစ်ယောက်က ဖောက်ပြန်သွားချိန်

သင်တို့ကြားမှာ အချစ်ဆိုတာ ရှိကောင်းရှိနိုင်ပါသေးတယ်။ ဒါပေမဲ့ မလုံလောက်တော့ဘူး။ ဒီအချစ်ရေးကို အဆုံးသတ်ဖို့ သတ္တိမရှိလေတော့ တစ်ဦးတစ်ယောက်က အသစ်ရှာလာတယ်။ လေးစားမှု၊ ယုံကြည်မှုနဲ့ ကတိတွေ ပျက်ပြယ်သွားချိန်မှာ ဒီအချစ်ရေးကို ဘယ်လိုရှေ့ဆက်မလဲ။

၆။ ဘဝကို ပုံဖော်ချင်တဲ့ ပုံစံချင်း မတူညီတဲ့အချိန်

သင်တို့ နှစ်ယောက်စလုံးမှာ ကိုယ်ပိုင်ပန်းတိုင်တွေ ရှိကြတယ်။ အချစ်စစ်ကို ရှာတယ်ဆိုတာ ဘဝတစ်ခုကို အတူလျှောက်လမ်းဖို့ ရဲဘော်ရဲဘက်တစ်ယောက် ရှာခြင်းပါပဲ။ နှစ်ယောက်စလုံး ကလေးလိုချင်ရဲ့လား။ ဘယ်နေရာမှာ နေချင်ကြတာလဲ။ ကိုယ့်ရဲ့အလုပ်တွေက ဘယ်လောက်အရေးပါလဲ။ အချစ်ချင်းညီသော်လည်း သဘောထားချင်းမတူရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကိုပဲ ရအောင် ရှေ့ဆက်ရင်တော့ တစ်ယောက်က လိုက်လျောရမှာဖြစ်ပြီး သူ့ဘဝတစ်သက်လုံးလည်း ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top