iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ထမင္းခ်ိဳင့္ယူပါ
ေန႔လည္စာအတြက္ ထမင္းခ်ိဳင့္ယူတတ္တဲ့ အက်င့္ေမြးျမဴပါ။ ေန႔လည္စာကုိ အျပင္ဆိုင္ေတြမွာ သြားစားတဲ့အခါမွာ ကယ္လိုရီျမင့္တဲ့ အဆီဓာတ္ပိုကဲတဲ့ အစာေတြပိုမ်ားတာေၾကာင့္ ကိုယ့္အစီအစဥ္နဲ႕ကိုယ္ မွ်တတဲ့စားေသာက္စရာေတြ စီစဥ္ၿပီး ရံုးကို ထမင္းဘူးသယ္လာတာက သင့္ကို ၀ိတ္တက္ျခင္းက သက္သာေစပါလိမ့္မယ္။

၂။ အဆာေျပစာ ပမာဏသတိျပဳပါ
ရံုးတက္၊ရံုးဆင္းခ်ိန္နဲ႕ ထမင္းစားခ်ိန္ဟာ ၄နာရီ၊ ၅နာရီေလာက္ကြာတာမို႕ ဒီႀကားထဲမွာ အပ်င္းေျပျဖစ္ျဖစ္၊အဆာေျပျဖစ္ျဖစ္ မုန္႔စားတတ္ၾကပါတယ္။ ဒီေတာ့ အဆာေျပမုန္႕စားတာလည္း ရွိသင့္ပါတယ္။ ဒါေပမယ့္ အဆာေျပဟာ အဆာေျပဆိုဒ္ပဲ ရွိသင့္ပါတယ္။ အဆာေျပစားတယ္ဆိုၿပီး ေခါက္ဆြဲျပဳတ္စားတာမ်ိဳး ၊ ထမင္းေလာက္နီးနီး အမ်ားႀကီးစားတာမ်ိဳးကေတာ့ ရံုးထဲမွာထိုင္ေနတဲ့ သင့္ကို ၀လာေစတာ မဆန္းၾကယ္ပါဘူး။ အဆီအစိမ့္နည္းတာေလးေတြ၊ အသီးအႏွံေလးေတြသာ ပမာဏနည္းနည္းနဲ႕ ေရြးခ်ယ္စားေသာက္သင့္ပါတယ္။


၃။ အခ်ိဳမုန္႕ေတြ ေရွာင္ပါ
ရံုးကစီစဥ္ေပးထားတဲ့ သၾကားလံုးေတြ၊ အခ်ိဳမုန္႕ေတြကို ေရွာင္ႏိုုင္ပါေစ။ ရံုးခ်ိန္အတြင္းမွာ အလုပ္လုပ္ရင္း ၿငီးေငြ႔တတ္တာေၾကာင့္ တျခားဟာ လုပ္စရာမရွိရင္ အစားကို မ်က္စိက်တတ္ၾကပါတယ္။ လုပ္ေဖာ္ကိုင္ဘက္တစ္ေယာက္ မုန္႕ပါလာၿပီဆိုရင္လဲ စားတတ္သလို၊ ရံုးမွာရွိတဲ့ မုန္႔လဲ အကုန္စားတတ္ပါတယ္။ စားတာက ကိစၥမရွိေပမယ့္ အခ်ိဳမ်ားတဲ့ အစာေတြစားမိၿပီး တစ္ေနကုန္ထိုင္ေနရင္း အဆီေတြစုလာမွာမို႔ ဆင္ျခင္ဖုိ႕လိုပါတယ္။


၄။ ေရမ်ားမ်ားေသာက္ပါ
ခႏၶာကိုယ္မွာ ေရဓာတ္နည္းပါးေနျခင္းကလည္း သင့္ကို အစာစားခ်င္စိတ္ပိုျဖစ္ေစၿပီး ဗိုက္ဆာေစတတ္ပါတယ္။
တစ္ေန႕ကို အနည္းဆံုး ေရ (၈)ခြက္ (သို႕မဟုတ္) ၂လီတာ ေသာက္သံုးဖို႕လိုအပ္ပါတယ္။

၅။ တစ္နာရီခန္႕တစ္ခါေလာက္ လမ္းထေလွ်ာက္ပါ
အခ်ိန္ၾကာျမင့္စြာ ထုိင္ေနျခင္းက ခႏၶာကိုယ္အတြက္ ဆိုးက်ိဳးမ်ားေစပါတယ္။ ၀ိတ္တက္ေစတာအျပင္ ေက်ာရိုးနဲ႕ ခါးနာျခင္းေတြအျပင္ အရိုးေပ်ာ့ျခင္းကိုပါ ျဖစ္ေစတတ္တာေၾကာင့္ မၾကာခဏ ထိုင္ေနရာက ထၿပီး လမ္းေလွ်ာက္ျခင္း ကိုယ္လက္လႈပ္ရွားျခင္းေတြ လုပ္ေပးသင့္ပါတယ္။ ၁ နာရီတစ္ခါေလာက္ထဖို႕ ဖုန္း၊ကြန္ပ်ဳတာေတြမွာ Alarm ေပးထားပါ။ ေရမ်ားမ်ားေသာက္ပါ( ခဏခဏ အိမ္သာခ်င္ရင္ ခဏခဏ ထျဖစ္မွာမို႕ပါ)။

၆။ ေျခလွမ္းေတြကို ေရတြက္ပါ
တစ္ေန႕ကို ေျခလွမ္းေပါင္း တစ္ေသာင္း (သို႕မဟုတ္) ၅မိုင္ခန္႕ လမ္းေလွ်ာက္ျခင္းက သင့္ခႏၶာကိုယ္ အေလးခ်ိန္ကို သင့္တင့္ေစၿပီး ကိုယ္လံုးလွေစပါတယ္။

၇။ အေသးစား ေလ့က်င့္ခန္းမ်ား ပံုမွန္လုပ္ပါ
Gym သြားေဆာ့ဖို႕၊ ေျပးဖို႕ အခ်ိန္မရသူေတြကေတာ့ ရံုးမွာတင္ ထိုင္ခံုမွာလုပ္လို႔ရမယ့္ ေလ့က်င့္ခန္းေတြ ရွာေဖြၿပီး
နာရီေပါင္းမ်ားစြာ ထိုင္ခံုမွာ ျငိမ္ေနရတဲ့ ခႏၶာကိုယ္အတြက္ ေန႔စဥ္ ၁၀မိနစ္ ၊ ၁၅မိနစ္ခန္႕ ေလ့က်င့္ခန္းေလးေတြ လုပ္ေပးရပါမယ္။

၈။ လႈပ္လႈပ္ရွားရွားေနပါ
မိနစ္အနည္းငယ္ခန္႕ ေသြးပူေအာင္ ၊ ႏွလံုးခုန္ႏႈန္းျမန္ေအာင္၊ အသက္ရွဴျမန္ေအာင္ လႈပ္လႈပ္ရွားရွားေနျခင္းကလည္း သင့္ခႏၶာကိုယ္က ကယ္လိုရီေတြ ေလာင္ကၽြမ္းေစပါတယ္။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ စကားေျပာစရာ၊ ေဆြေႏြးစရာရွိရင္ ထုိင္ခံုမွာထက္ လမ္းေလွ်ာက္ရင္းေျပာတာမ်ိဳး ၊ ထမင္းစားခ်ိန္ေတြမွာ ရံုးအေဆာက္အဦးကို ေလွ်ာက္ပတ္တာမ်ိဳး၊ ေလွကား အတက္အဆင္းလုပ္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။

Credit : Shwemom


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

၁။ ထမင်းချိုင့်ယူပါ
နေ့လည်စာအတွက် ထမင်းချိုင့်ယူတတ်တဲ့ အကျင့်မွေးမြူပါ။ နေ့လည်စာကို အပြင်ဆိုင်တွေမှာ သွားစားတဲ့အခါမှာ ကယ်လိုရီမြင့်တဲ့ အဆီဓာတ်ပိုကဲတဲ့ အစာတွေပိုများတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် မျှတတဲ့စားသောက်စရာတွေ စီစဉ်ပြီး ရုံးကို ထမင်းဘူးသယ်လာတာက သင့်ကို ဝိတ်တက်ခြင်းက သက်သာစေပါလိမ့်မယ်။

၂။ အဆာပြေစာ ပမာဏသတိပြုပါ
ရုံးတက်၊ရုံးဆင်းချိန်နဲ့ ထမင်းစားချိန်ဟာ ၄နာရီ၊ ၅နာရီလောက်ကွာတာမို့ ဒီကြားထဲမှာ အပျင်းပြေဖြစ်ဖြစ်၊အဆာပြေဖြစ်ဖြစ် မုန့်စားတတ်ကြပါတယ်။ ဒီတော့ အဆာပြေမုန့်စားတာလည်း ရှိသင့်ပါတယ်။ ဒါပေမယ့် အဆာပြေဟာ အဆာပြေဆိုဒ်ပဲ ရှိသင့်ပါတယ်။ အဆာပြေစားတယ်ဆိုပြီး ခေါက်ဆွဲပြုတ်စားတာမျိုး ၊ ထမင်းလောက်နီးနီး အများကြီးစားတာမျိုးကတော့ ရုံးထဲမှာထိုင်နေတဲ့ သင့်ကို ဝလာစေတာ မဆန်းကြယ်ပါဘူး။ အဆီအစိမ့်နည်းတာလေးတွေ၊ အသီးအနှံလေးတွေသာ ပမာဏနည်းနည်းနဲ့ ရွေးချယ်စားသောက်သင့်ပါတယ်။


၃။ အချိုမုန့်တွေ ရှောင်ပါ
ရုံးကစီစဉ်ပေးထားတဲ့ သကြားလုံးတွေ၊ အချိုမုန့်တွေကို ရှောင်နိုုင်ပါစေ။ ရုံးချိန်အတွင်းမှာ အလုပ်လုပ်ရင်း ငြီးငွေ့တတ်တာကြောင့် တခြားဟာ လုပ်စရာမရှိရင် အစားကို မျက်စိကျတတ်ကြပါတယ်။ လုပ်ဖော်ကိုင်ဘက်တစ်ယောက် မုန့်ပါလာပြီဆိုရင်လဲ စားတတ်သလို၊ ရုံးမှာရှိတဲ့ မုန့်လဲ အကုန်စားတတ်ပါတယ်။ စားတာက ကိစ္စမရှိပေမယ့် အချိုများတဲ့ အစာတွေစားမိပြီး တစ်နေကုန်ထိုင်နေရင်း အဆီတွေစုလာမှာမို့ ဆင်ခြင်ဖို့လိုပါတယ်။


၄။ ရေများများသောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်နည်းပါးနေခြင်းကလည်း သင့်ကို အစာစားချင်စိတ်ပိုဖြစ်စေပြီး ဗိုက်ဆာစေတတ်ပါတယ်။
တစ်နေ့ကို အနည်းဆုံး ရေ (၈)ခွက် (သို့မဟုတ်) ၂လီတာ သောက်သုံးဖို့လိုအပ်ပါတယ်။

၅။ တစ်နာရီခန့်တစ်ခါလောက် လမ်းထလျှောက်ပါ
အချိန်ကြာမြင့်စွာ ထိုင်နေခြင်းက ခန္ဓာကိုယ်အတွက် ဆိုးကျိုးများစေပါတယ်။ ဝိတ်တက်စေတာအပြင် ကျောရိုးနဲ့ ခါးနာခြင်းတွေအပြင် အရိုးပျော့ခြင်းကိုပါ ဖြစ်စေတတ်တာကြောင့် မကြာခဏ ထိုင်နေရာက ထပြီး လမ်းလျှောက်ခြင်း ကိုယ်လက်လှုပ်ရှားခြင်းတွေ လုပ်ပေးသင့်ပါတယ်။ ၁ နာရီတစ်ခါလောက်ထဖို့ ဖုန်း၊ကွန်ပျုတာတွေမှာ Alarm ပေးထားပါ။ ရေများများသောက်ပါ( ခဏခဏ အိမ်သာချင်ရင် ခဏခဏ ထဖြစ်မှာမို့ပါ)။

၆။ ခြေလှမ်းတွေကို ရေတွက်ပါ
တစ်နေ့ကို ခြေလှမ်းပေါင်း တစ်သောင်း (သို့မဟုတ်) ၅မိုင်ခန့် လမ်းလျှောက်ခြင်းက သင့်ခန္ဓာကိုယ် အလေးချိန်ကို သင့်တင့်စေပြီး ကိုယ်လုံးလှစေပါတယ်။

၇။ အသေးစား လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ
Gym သွားဆော့ဖို့၊ ပြေးဖို့ အချိန်မရသူတွေကတော့ ရုံးမှာတင် ထိုင်ခုံမှာလုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ ရှာဖွေပြီး
နာရီပေါင်းများစွာ ထိုင်ခုံမှာ ငြိမ်နေရတဲ့ ခန္ဓာကိုယ်အတွက် နေ့စဉ် ၁၀မိနစ် ၊ ၁၅မိနစ်ခန့် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးရပါမယ်။

၈။ လှုပ်လှုပ်ရှားရှားနေပါ
မိနစ်အနည်းငယ်ခန့် သွေးပူအောင် ၊ နှလုံးခုန်နှုန်းမြန်အောင်၊ အသက်ရှူမြန်အောင် လှုပ်လှုပ်ရှားရှားနေခြင်းကလည်း သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောစရာ၊ ဆွေနွေးစရာရှိရင် ထိုင်ခုံမှာထက် လမ်းလျှောက်ရင်းပြောတာမျိုး ၊ ထမင်းစားချိန်တွေမှာ ရုံးအဆောက်အဦးကို လျှောက်ပတ်တာမျိုး၊ လှေကား အတက်အဆင်းလုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။


Credit : Shwemom



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top