iMyanmarHouse.com - Best Property Website for Myanmar
×

တနဂၤေႏြ
လုပ္ကိုင္ေနေသာ လုပ္ငန္းမ်ား ဖ႐ိုဖရဲ ကစဥ့္ကလ်ားျဖစ္ေနမည္။ ကိုယ့္အေပၚ ဒုကၡေပးေသာ သူမ်ားႏွင့္ ေတြ႔မည္။ စကားမတည္ေသာသူမ်ားႏွင့္ ေတြ႔မည္။ လူမ်ဳိးကြဲ၊ လူမ်ဳိးျခားႏွင့္ လုပ္ေသာ ကိစၥမ်ားတြင္ စိတ္အေႏွာင့္အယွက္မ်ား၊ အတုိက္ အခံမ်ား ဆက္တုိက္ျဖစ္တတ္သည္။ ႐ုတ္တရက္ ဆုံးျဖတ္ၿပီး ေရွ႕တုိးလုပ္ကိုင္ေသာ လုပ္ငန္းမ်ားမွ အဆင့္ျမင့္ တက္လမ္းမ်ား ျဖစ္ေပၚမည္။ အခ်ိန္ကုန္၊ ေငြကုန္ခံၿပီး လုပ္ကိုင္ေဆာင္ရြက္ေသာ ကိစၥမ်ားမွ ျပႆနာေပၚတတ္သည္။
ယၾတာ ။ ။ ေမြးေန႔တြင္ အုန္းထမင္းဆြမ္းေတာ္တင္ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~
~~~~~
~~~~~~~~~~~~~~~~~~~~~
တနလၤာ
ကုိယ္ပိုင္ဆုံးျဖတ္ခ်က္ကို အသုံးခ်၍ အဆင့္ျမင့္တုိးတက္မႈမ်ားရရွိမည္။ ဦးတည္ခ်က္သစ္ႏွင့္ ေဆာင္ရြက္ျခင္းမွ ေအာင္ ျမင္မႈမ်ားျဖစ္ေပၚမည္။ ေနအိမ္ေနရာတြင္လည္းေကာင္း၊ အလုပ္ေနရာတြင္လည္းေကာင္း အေဆာက္အအုံျပင္ဆင္ျခင္း၊ ေနရာထုိင္ခင္းျပဳျပင္ တုိးခ်ဲ႕ျခင္းမ်ားႀကံဳမည္။ ဦးတည္ခ်က္ေျပာင္း၍ ေရွ႕တုိးလုိက္ေသာ ကိစၥမ်ားမွ အဆင့္ျမင့္ တက္လမ္း မ်ားျဖစ္ထြန္းမည္။ ေငြေၾကးကိစၥစကားေျပာဆုိမႈမ်ား ေအာင္ျမင္မည္။
ယၾတာ ။ ။ ေမြးေန႔တြင္ ၾကာဆံေၾကာ္ ဒါနျပဳပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~
~~~~~
~~~~~~~~~~~~~~~~~~~~~~~~
အဂၤါ
လြန္ခဲ့ေသာ ႏွစ္လအေတာအတြင္း ၾကန္႔ၾကာေနေသာ ေငြေၾကးမ်ား လက္ဝယ္ျပန္လည္ရရွိမည္။ လူမ်ဳိးကြဲ အက်ဳိးေပး မည္။ ကိုယ့္အေပၚ အေႏွာင့္အယွက္ ေပးသူမ်ားႏွင့္ ယွဥ္ၿပိဳင္သူ အားလုံးအေပၚ အႏုိင္ယူလႊမ္းမုိးႏုိင္မည္။ ေနရာအေျပာင္း အေရႊ႕ႏွင့္ စီစဥ္ႏုိင္မည္။ အရပ္တစ္ပါးႏွင့္ ဆက္စပ္၍ ေဆာင္ရြက္ေသာ ကိစၥမွ ထူးျခားေသာ တုိးတက္မႈမ်ားျဖစ္ေပၚမည္။ သူတစ္ပါးႏွင့္ ဆန္႔က်င္ဘက္အေတြးမ်ား ဝင္လာမည္။
ယၾတာ ။ ။ ေမြးေန႔တြင္ စံပယ္ပန္းရွစ္ကုံး ဘုရားပန္းကပ္လွဴပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~
~~~~~~
~~~~~~~~~~~~~~~~~~~~~~
ဗုဒၶဟူး
ရည္ရြယ္ခ်က္ေအာင္ျမင္မည္။ အခက္အခဲမ်ား ေက်ာ္လႊားႏုိင္မည္။ အေတြးသစ္၊ အျမင္သစ္ႏွင့္ ေအာင္ျမင္မႈသစ္မ်ားျဖစ္ ထြန္းမည္။ ၅၂၈၊ ၁၅ဝဝ ေမတၱာေရးတြင္ ထူးထူးျခားျခားတုိးတက္မည္။ ပုံမွန္ထက္ ေငြဝင္ျခင္းႏွင့္ အဆင္ေျပျခင္းမ်ား ျဖစ္ထြန္းမည္။ အေတြးအေခၚသစ္ႏွင့္ အႏွစ္သာရေကာင္းကို ရရွိမည္။ ခ်က္ခ်င္းဆုံးျဖတ္၍ လုပ္ေဆာင္လုိက္သည္မ်ားမွ ထူးျခားေသာ ေအာင္ျမင္မႈရမည္။
ယၾတာ ။ ။ ေမြးေန႔တြင္ ရြက္လွ ငါးၫြန္႔ ဘုရားပန္းကပ္လွဴပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~
~~~
~~~~~~~~~~~~~~~~~~~~~~
ရာဟု
ေအာင္ျမင္မႈမ်ားရလ်က္ ေရွ႕တုိးလုပ္ရန္ ခဲယဥ္းသည္။ ပိုင္ဆုိင္ထားေသာ ေငြေၾကးမ်ားကို စနစ္တက် အသုံးမခ်တတ္ ၍ ဆုံး႐ႈံးနစ္နာစရာမ်ား ျဖစ္လာမည္။ နာမည္ေက်ာ္မည္။ လူသိထင္ရွားျဖစ္မည္။ ပညာအတတ္ႏွင့္ ဆက္ႏြယ္၍ အဆင့္ျမင့္ ေအာင္ျမင္မႈမ်ားရရွိမည္။ လူမ်ဳိးကြဲ၊ လူမ်ဳိးျခားႏွင့္ ဆက္ဆံေသာ လုပ္ငန္းမ်ားမွ ေကာင္းေသာ အက်ဳိးဆက္ရွိမည္။ ခရီးသြား ရမည္။
ယၾတာ ။ ။ ေမြးေန႔ ညေနပုိင္းတြင္ ေရွာက္သီးသုပ္ဒါနျပဳပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~
~~~
~~~~~~~~~~~~~~~~~~~~~~~~
ၾကာသပေတး
အခက္အခဲအလုံးစုံ ေျဖရွင္းႏုိင္မည္။ ေပၚေပါက္လာေသာ အေျခအေနကို အသုံးခ်၍ အဆင့္ျမင့္ တက္လမ္းရမည္။ လုပ္ငန္း မရွိသူ လုပ္ငန္းရမည္။ လုပ္ငန္းရွိသူ အလုပ္တုိးတက္မည္။ အဆင့္ျမင့္မားရန္ အလားအလာမရွိသူမ်ား ဝင္ေငြတုိး မည္။ ကိုယ္ပိုင္စီးပြားေရးႏွင့္ ေအာင္ျမင္မႈ ျဖစ္ထြန္းမည္။ လုပ္သမွ် လူသိထင္ရွားျဖစ္မည္။ တစ္ခုထက္မကသာ အလုပ္ မ်ားကိုင္တြယ္လုပ္ကိုင္ရမည္။ အလွဴအတန္း ကိစၥ၊ မဂၤလာကိစၥမ်ား ပါဝင္ပတ္သက္ရမည္။
ယၾတာ ။ ။ ေမြးေန႔တြင္ ေျမပဲယို ဒါနျပဳပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~
~
~~~~~~~~~~~~~~~~~~~~~~~~
ေသာၾကာ
လူေပါင္းမွား၊ ဆုံးျဖတ္ခ်က္မွားတတ္သည္။ အၿပိဳင္အတုိက္အခံမ်ားၾကားမွ တုိးတက္မႈကို ရွာရမည္။ ကုန္ပစၥည္း ေလွာင္ ျခင္းမျပဳရ။ ေရာင္းမွား၊ ဝယ္မွားျဖစ္တတ္သည္။ ႏုိင္ငံရပ္ျခားႏွင့္ ပတ္သက္ေသာ ခရီးကိစၥ၊ အႀကံအစည္မ်ား ေဆာင္ရြက္ ေအာင္ျမင္မည္။ ၿခံ၊ ေျမ၊ ေနရာထုိင္ခင္းကိစၥအတြက္ အျငင္းပြားရမည္။ ျပႆနာမ်ား၊ အတုိက္အခံမ်ားႏွင့္ အထင္အျမင္လြဲ ခံရ၏ ေျဖရွင္းရျခင္းမ်ား ႀကံဳမည္။ အမႈအခင္းျဖစ္တတ္သည္။
ယၾတာ ။ ။ ေမြးေန႔တြင္ ေသာ့ေဟာင္းမ်ား စြန္႔ပစ္ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~
စေန
အခါတုိင္း ဆန္႔က်င္ဘက္ျပဳသူမ်ား၊ စိတ္အေႏွာင့္အယွက္ေပးသူမ်ားပင္လွ်င္ ကိုယ့္အေပၚ စိတ္သေဘာေကာင္းျခင္းႏွင့္ ဆက္ဆံရျခင္းကို ႀကံဳမည္။ စုေပါင္းလုပ္ငန္းေရွ႕တုိးလုပ္ကိုင္ႏုိင္သည္။ အမ်ဳိးသမီး မိတ္ေဆြအႀကီး တစ္ဦးထံမွ အဆက္အ သြယ္ အကူအညီကို ရယူ၍ ေဆာင္ရြက္ေသာ ကိစၥမွ အက်ဳိးဆက္ေကာင္းရရွိမည္။ သြား၊ သြားဖုံးႏွင့္ ပတ္သက္၍ ေဆး႐ုံ ေဆးခန္းေရာက္မည္။
ယၾတာ ။ ။ ေမြးေန႔တြင္ လိေမၼာ္သီး ခုနစ္လုံး ဆြမ္းေတာ္တင္ပါ။

Source : ေစ်းကြက္ဂ်ာနယ္

Credit:စံဇာဏီဘို
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
တနင်္ဂနွေ
လုပ်ကိုင်နေသော လုပ်ငန်းများ ဖရိုဖရဲ ကစဥ့်ကလျားဖြစ်နေမည်။ ကိုယ့်အပေါ် ဒုက္ခပေးသော သူများနှင့် တွေ့မည်။ စကားမတည်သောသူများနှင့် တွေ့မည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် လုပ်သော ကိစ္စများတွင် စိတ်အနှောင့်အယှက်များ၊ အတိုက် အခံများ ဆက်တိုက်ဖြစ်တတ်သည်။ ရုတ်တရက် ဆုံးဖြတ်ပြီး ရှေ့တိုးလုပ်ကိုင်သော လုပ်ငန်းများမှ အဆင့်မြင့် တက်လမ်းများ ဖြစ်ပေါ်မည်။ အချိန်ကုန်၊ ငွေကုန်ခံပြီး လုပ်ကိုင်ဆောင်ရွက်သော ကိစ္စများမှ ပြဿနာပေါ်တတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် အုန်းထမင်းဆွမ်းတော်တင်ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~

~~~~~

~~~~~~~~~~~~~~~~~~~~~
တနင်္လာ
ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အသုံးချ၍ အဆင့်မြင့်တိုးတက်မှုများရရှိမည်။ ဦးတည်ချက်သစ်နှင့် ဆောင်ရွက်ခြင်းမှ အောင် မြင်မှုများဖြစ်ပေါ်မည်။ နေအိမ်နေရာတွင်လည်းကောင်း၊ အလုပ်နေရာတွင်လည်းကောင်း အဆောက်အအုံပြင်ဆင်ခြင်း၊ နေရာထိုင်ခင်းပြုပြင် တိုးချဲ့ခြင်းများကြုံမည်။ ဦးတည်ချက်ပြောင်း၍ ရှေ့တိုးလိုက်သော ကိစ္စများမှ အဆင့်မြင့် တက်လမ်း များဖြစ်ထွန်းမည်။ ငွေကြေးကိစ္စစကားပြောဆိုမှုများ အောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကြာဆံကြော် ဒါနပြုပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~

~~~~~

~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
လွန်ခဲ့သော နှစ်လအတောအတွင်း ကြန့်ကြာနေသော ငွေကြေးများ လက်ဝယ်ပြန်လည်ရရှိမည်။ လူမျိုးကွဲ အကျိုးပေး မည်။ ကိုယ့်အပေါ် အနှောင့်အယှက် ပေးသူများနှင့် ယှဉ်ပြိုင်သူ အားလုံးအပေါ် အနိုင်ယူလွှမ်းမိုးနိုင်မည်။ နေရာအပြောင်း အရွှေ့နှင့် စီစဉ်နိုင်မည်။ အရပ်တစ်ပါးနှင့် ဆက်စပ်၍ ဆောင်ရွက်သော ကိစ္စမှ ထူးခြားသော တိုးတက်မှုများဖြစ်ပေါ်မည်။ သူတစ်ပါးနှင့် ဆန့်ကျင်ဘက်အတွေးများ ဝင်လာမည်။
ယတြာ ။ ။ မွေးနေ့တွင် စံပယ်ပန်းရှစ်ကုံး ဘုရားပန်းကပ်လှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~

~~~~~~

~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
ရည်ရွယ်ချက်အောင်မြင်မည်။ အခက်အခဲများ ကျော်လွှားနိုင်မည်။ အတွေးသစ်၊ အမြင်သစ်နှင့် အောင်မြင်မှုသစ်များဖြစ် ထွန်းမည်။ ၅၂၈၊ ၁၅ဝဝ မေတ္တာရေးတွင် ထူးထူးခြားခြားတိုးတက်မည်။ ပုံမှန်ထက် ငွေဝင်ခြင်းနှင့် အဆင်ပြေခြင်းများ ဖြစ်ထွန်းမည်။ အတွေးအခေါ်သစ်နှင့် အနှစ်သာရကောင်းကို ရရှိမည်။ ချက်ချင်းဆုံးဖြတ်၍ လုပ်ဆောင်လိုက်သည်များမှ ထူးခြားသော အောင်မြင်မှုရမည်။
ယတြာ ။ ။ မွေးနေ့တွင် ရွက်လှ ငါးညွန့် ဘုရားပန်းကပ်လှူပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~

~~~

~~~~~~~~~~~~~~~~~~~~~~
ရာဟု
အောင်မြင်မှုများရလျက် ရှေ့တိုးလုပ်ရန် ခဲယဉ်းသည်။ ပိုင်ဆိုင်ထားသော ငွေကြေးများကို စနစ်တကျ အသုံးမချတတ် ၍ ဆုံးရှုံးနစ်နာစရာများ ဖြစ်လာမည်။ နာမည်ကျော်မည်။ လူသိထင်ရှားဖြစ်မည်။ ပညာအတတ်နှင့် ဆက်နွယ်၍ အဆင့်မြင့် အောင်မြင်မှုများရရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် ဆက်ဆံသော လုပ်ငန်းများမှ ကောင်းသော အကျိုးဆက်ရှိမည်။ ခရီးသွား ရမည်။
ယတြာ ။ ။ မွေးနေ့ ညနေပိုင်းတွင် ရှောက်သီးသုပ်ဒါနပြုပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~

~~~

~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အခက်အခဲအလုံးစုံ ဖြေရှင်းနိုင်မည်။ ပေါ်ပေါက်လာသော အခြေအနေကို အသုံးချ၍ အဆင့်မြင့် တက်လမ်းရမည်။ လုပ်ငန်း မရှိသူ လုပ်ငန်းရမည်။ လုပ်ငန်းရှိသူ အလုပ်တိုးတက်မည်။ အဆင့်မြင့်မားရန် အလားအလာမရှိသူများ ဝင်ငွေတိုး မည်။ ကိုယ်ပိုင်စီးပွားရေးနှင့် အောင်မြင်မှု ဖြစ်ထွန်းမည်။ လုပ်သမျှ လူသိထင်ရှားဖြစ်မည်။ တစ်ခုထက်မကသာ အလုပ် များကိုင်တွယ်လုပ်ကိုင်ရမည်။ အလှူအတန်း ကိစ္စ၊ မင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။
ယတြာ ။ ။ မွေးနေ့တွင် မြေပဲယို ဒါနပြုပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~

~

~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားတတ်သည်။ အပြိုင်အတိုက်အခံများကြားမှ တိုးတက်မှုကို ရှာရမည်။ ကုန်ပစ္စည်း လှောင် ခြင်းမပြုရ။ ရောင်းမှား၊ ဝယ်မှားဖြစ်တတ်သည်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ခရီးကိစ္စ၊ အကြံအစည်များ ဆောင်ရွက် အောင်မြင်မည်။ ခြံ၊ မြေ၊ နေရာထိုင်ခင်းကိစ္စအတွက် အငြင်းပွားရမည်။ ပြဿနာများ၊ အတိုက်အခံများနှင့် အထင်အမြင်လွဲ ခံရ၏ ဖြေရှင်းရခြင်းများ ကြုံမည်။ အမှုအခင်းဖြစ်တတ်သည်။
ယတြာ ။ ။ မွေးနေ့တွင် သော့ဟောင်းများ စွန့်ပစ်ပါ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~~~~~~
စနေ
အခါတိုင်း ဆန့်ကျင်ဘက်ပြုသူများ၊ စိတ်အနှောင့်အယှက်ပေးသူများပင်လျှင် ကိုယ့်အပေါ် စိတ်သဘောကောင်းခြင်းနှင့် ဆက်ဆံရခြင်းကို ကြုံမည်။ စုပေါင်းလုပ်ငန်းရှေ့တိုးလုပ်ကိုင်နိုင်သည်။ အမျိုးသမီး မိတ်ဆွေအကြီး တစ်ဦးထံမှ အဆက်အ သွယ် အကူအညီကို ရယူ၍ ဆောင်ရွက်သော ကိစ္စမှ အကျိုးဆက်ကောင်းရရှိမည်။ သွား၊ သွားဖုံးနှင့် ပတ်သက်၍ ဆေးရုံ ဆေးခန်းရောက်မည်။
ယတြာ ။ ။ မွေးနေ့တွင် လိမ္မော်သီး ခုနစ်လုံး ဆွမ်းတော်တင်ပါ။

Source : ဈေးကွက်ဂျာနယ်




Credit:စံဇာဏီဘို

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top