iMyanmarHouse.com - Best Property Website for Myanmar
×



Credit:Planet

ပို့သပေးပါတယ်။


Unicode Version

တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်ခြင်းဖြင့် အမျိုးသားတွေဟာ သူတို့ရဲ့ချစ်သူ၊ ဇနီးမယားတွေနဲ့ ကိုယ်လက်နှီးနှောတဲ့အခါ စွမ်းဆောင်ရည်ပိုမိုပြည့်ဝလာတက်ကြောင်းကို သုတေသနတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ လူပေါင်း လေးထောင်နီးပါးကို စမ်းသမ်ခဲ့တဲ့ဒီစမ်းသပ်မှုအရ အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာ ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ ကိုယ်လက်နှီးနှောတဲ့နေရာမှာ စွမ်းဆောင်ရည် ကောင်းချင်ရင်တော့ တဖက်မှာရှိတဲ့ ကော်ဖီရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို ဂရုစိုက်နေလို့ မရပါဘူး။

 ကော်ဖီလုံးဝ မသောက်သူနဲ့ ကော်ဖီသောက်သူ အမျိုးသားအုပ်စုနှစ်စုခွဲပြီး လေ့လာခဲ့ရာမှာ ကော်ဖီသောက်တဲ့ အုပ်စုကအမျိုးသားတွေဟာ အရင်ထက် ၄၂ ရာခိုင်နှုန်းလောက်ပိုပြီး ကိုယ်လက်နှီးနှောမှုမှာ စွမ်းဆောင်ရည်ပြည့်ဝလာတာ တွေ့ရပါတယ်။ဒါပေမယ့်လည်း လိုအပ်တာထက်ပိုပြီး တစ်နေ့ကို ကော်ဖီလေးခွက်လောက် သောက်မယ်ဆိုရင်တော့ အစာအိမ်ရောဂါဖြစ်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းအပြင် ကော်ဖီနဲ့ပတ်သတ်တဲ့ အခြားရောဂါဝေဒနာတွေကို ခံစားရမှာဖြစ်ပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ အမျိုးသားအင်္ဂါထဲကို သွေးတွေပုံမှန်စီးဆင်းပြီး သွေးလွှတ်ကြောနဲ့ ကြွက်သားတွေကို လန်းဆန်းစေတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ ယနေ့ခေတ်တွက်ချက်မှုတွေအရ အမျိုးသား အသက် ၄၀ နဲ့ ၇၀ ကြားရှိသူတွေက လိင်အင်္ဂါ မသန်စွမ်းတဲ့ ရောဂါကို ကုစားနေရပါတယ်။ ကိန်းဂဏန်းအရဆိုရင်တော့ တနေ့ကို ကဖိန်းဓါတ် ၈၅ မီလီဂရမ်ကနေ ၁၇၀ မီလီဂရမ်လောက် သုံးစွဲသင့်ပါတယ်။

Credit:Planet



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top