iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြ ေဖာက္ျပန္တဲ့အခါမွာ အေပးအမ်ားဆုံး ဆင္ေျခေတြကို illicitencounters.com ကေန စစ္တမ္းေကာက္ယူခဲ့ပါတယ္။ အမ်ိဳးသား (2000) ကို ေကာက္ယူခဲ့တဲ့ အဲဒီစစ္တမ္းမွာ ၎တုိ႔တစ္ေတြ ေဖာက္ျပန္တဲ့အခါ ဇနီးမယားေတြ ယုံၾကည္ဖုိ႔ရန္အတြက္ ေပးတတ္တဲ့ ဆင္ေျခေတြဟာ အေျခခံအားျဖင့္ တူညီေနတာကုိလည္း ေတြ႕ရပါတယ္။

အဓိကအားျဖင့္ေတာ့ ဇနီးသည္အေပၚမွာ ေဖာက္ျပန္ေနျခင္းအတြက္ အျပင္ကိုထြက္တဲ့အခါ အခ်ိန္အမ်ားဆုံးနဲ႔ ျဖစ္ႏုိ္င္ေခ် အရွိဆုံးကို ေရြးခ်ယ္ၿပီး ဆင္ေျခအျဖစ္ ေပးတတ္ၾကပါတယ္။ အခ်ိန္အမ်ားဆုံးဆုိတာကေတာ့ အျခားတစ္ေယာက္နဲ႔
ေဖာက္ျပန္ဖုိ႔အတြက္ လုံေလာက္တဲ့ အခ်ိန္ကုိ ကာဗာယူလုိက္ျခင္း ျဖစ္ပါတယ္။ ဥပမာအားျဖင့္ ေဂါက္သီး႐ိုက္ျခင္းဆုိပါေတာ့။ အမ်ိဳးသမီးျဖစ္သူက ဘယ္ေရာက္ေနသလဲ ေမးတဲ့အခါ … ကိုယ္က အငယ္အေႏွာင္းနဲ႔ ေတြ႕ေနလင့္ကစား …ေဂါက္႐ိုက္ေနတယ္ မိန္းမေရ … လုိ႔ ေျဖတတ္ၾကပါတယ္။

ဒါဟာ လုိအပ္တဲ့ အခ်ိန္ကုိ အမိအရ ယူလုိက္ျခင္း ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ေဂါက္႐ုိက္ျခင္းမွာ 9 က်ဥ္း ကစားတာ ရွိသလုိ၊ 18 က်ဥ္း ကစားတာမ်ိဳးလည္း ရွိပါတယ္။ ဒီအတြက္ အခ်ိန္ဟာ အနည္းဆုံး ႏွစ္နာရီမွ ေလးနာရီအထိ ၾကာ
တတ္ပါတယ္။ ဒါဟာ အမ်ိဳးသားတစ္ေယာက္ ျပင္ပမွာ ေဖာက္ျပန္ေနျခင္းအတြက္ ဘာေၾကာင့္ အျပင္သြားတာ ဒီေလာက္ ၾကာေနရတာလဲဆုိတဲ့ ဇနီးမယားရဲ႕ သံသယစိတ္ကို ေျပေပ်ာက္ေစႏုိင္တဲ့ လုံေလာက္တဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။


အေပးအမ်ားဆုံး ဆင္ေျခမ်ား

(၁) ေဂါက္သီးကစားေနတယ္ (34%)

(၂) အစည္းအေ၀းရွိလုိ႔/အလုပ္ေနာက္က်မယ္ ( 27%)

(၃) ေဘာ္ဒါေတြနဲ႔ ဘီယာဆုိင္ကုိ ေရာက္ေနတယ္ (13%)

(၄) Gym ကုိ ေရာက္ေနတယ္ (5%)

(၅) ေစ်း၀ယ္စင္တာကို ေရာက္ေနတယ္ (4%)

(၆) အျခား (17%)-တုိ႔ ျဖစ္ၾကပါတယ္။

ဆင္ေျခအမ်ားဆုံးေပးတဲ့ အရာကေတာ့ ေဂါက္သီးကစားေနတယ္-ဆုိတာျဖစ္ၿပီး ေစာေစာက ေျပာသလုိ လုိအပ္တဲ့ အခ်ိန္ပမာဏ အတြက္ အေကာင္းဆုံး ကာဗာလည္း ျဖစ္ပါတယ္။ အမ်ိဳးသား (2000) အနက္ 680 က အဲဒီဆင္ေျခကုိပဲ သုံးတယ္ဆုိၿပီး Vote ေပးခဲ့ပါတယ္။

ဒုတိယအမ််ားဆုံးေပးတဲ့ ဆင္ေျခကေတာ့ အစည္းအေ၀းရွိေနတယ္/ အလုပ္ေနာက္က်မယ္-ျဖစ္ပါတယ္။ အမ်ိဳးသား 340 က Vote လုပ္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ခဏခဏ ဂဂ်ီဂေဂ်ာင္လွမ္းလုပ္မွာကို စုိးရိမ္တဲ့အခါမ်ိဳးမွာ၊ ေနာက္ၿပီး အငယ္အေႏွာင္းနဲ႔လည္း ေတြ႕ခ်ိန္ တစ္နာရီ၀န္းက်င္ေလာက္သာ ရတဲ့အခါမ်ိဳးမွာ သုံးတတ္ေလ့ရွိပါတယ္။

ေဘာ္ဒါေတြနဲ႔ ဘီယာာဆုိင္ေရာက္ေနတယ္-ဆုိတဲ့ ဆင္ေျခကိုေတာ့ အမ်ိဳးသား 260 က Vote ထားပါတယ္။ ဒီအေျခအေနကေတာ့ ၀ါသနာတူေဘာ္ဒါေတြစုၿပီး အငယ္အေႏွာင္းေတြနဲ႔ ပါတီပြဲျဖစ္ျဖစ္၊ ဟုိတစ္ခုခုမွာပဲျဖစ္ျဖစ္ ရွိေနတဲ့ အခ်ိန္မ်ိဳးမွာ သုံးၾကပါတယ္။ ဒါေပမယ့္ အခ်ိန္ကန္႔သတ္ခ်က္က နည္းပါတယ္။ ေနာက္ အမ်ိဳးသမီးက အမ်ိဳးမ်ိဳး လွမ္းၾကပ္ႏုိင္ပါတယ္။ သုိ႔ေသာ္ ဘယ္သူေတြ ပါေသးသလဲလုိ႔ ေမးခဲ့ရင္ … ဓာတ္တူနံတူေဘာ္ဒါေတြရဲ႕ နာမည္ကုိ စီတန္း ရြတ္ျပလုိက္႐ုံပါဘဲ။ ဖုန္းေတာင္ ေပးေျပာၿပီး သက္ေသထူလုိ႔ရတဲ့ ဆင္ေျချဖစ္ပါတယ္။

အျခားဆင္ေျခေတြကုိလည္း Vote လုပ္သူေတြ ရွိခဲ့ၿပီး Gym ကစားရာခန္းမကို ေရာက္ေနတယ္၊ ေစ်း၀ယ္စင္တာကုိေရာက္ေနတယ္နဲ႔ အျခားအေၾကာင္းျပခ်က္ေတြလည္း ေပးႏုိင္တာကို ေတြ႕ရပါတယ္။ ဒီအခ်က္ေတြကို ေထာက္ဆျခင္းအားျဖင့္ အိမ္မွာ က်န္ခဲ့ဲ့တဲ့ အမ်ိဳးသမီးေတြအေနနဲ႔ ေယာက္်ားက ေဂါက္အိတ္ ကားေပၚတင္ၿပီး ခပ္တည္တည္ အျပင္ကို ထြက္သြားတဲ့အခါတုိင္း ေဂါက္ကြင္းမွာ ေဂါက္သြားကစားမယ္လုိ႔ တစ္ထစ္ခ် ယုံၾကည္မထားဖုိ႔ လုိပါတယ္။ အျခား အေျခအေနေတြမွာလည္း အကင္းပါးေနဖုိ႔ လုိအပ္ၿပီး ေရွာင္တခင္ ေနာက္ေန လုိက္သြားတာမ်ိဳးဟာ အလြန္ထိေရာက္တဲ့ နည္း
ျဖစ္တယ္လုိ႔ အဆုိပါ illicitencounters.com က အႀကံျပဳထားပါတယ္။

Credit :  (Shwemom)

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေ ဖောက်ပြန်တဲ့အခါမှာ အပေးအများဆုံး ဆင်ခြေတွေကို illicitencounters.com ကနေ စစ်တမ်းကောက်ယူခဲ့ပါတယ်။ အမျိုးသား (2000) ကို ကောက်ယူခဲ့တဲ့ အဲဒီစစ်တမ်းမှာ ၎င်းတို့တစ်တွေ ဖောက်ပြန်တဲ့အခါ ဇနီးမယားတွေ ယုံကြည်ဖို့ရန်အတွက် ပေးတတ်တဲ့ ဆင်ခြေတွေဟာ အခြေခံအားဖြင့် တူညီနေတာကိုလည်း တွေ့ရပါတယ်။

အဓိကအားဖြင့်တော့ ဇနီးသည်အပေါ်မှာ ဖောက်ပြန်နေခြင်းအတွက် အပြင်ကိုထွက်တဲ့အခါ အချိန်အများဆုံးနဲ့ ဖြစ်နိုင်ချေ အရှိဆုံးကို ရွေးချယ်ပြီး ဆင်ခြေအဖြစ် ပေးတတ်ကြပါတယ်။ အချိန်အများဆုံးဆိုတာကတော့ အခြားတစ်ယောက်နဲ့
ဖောက်ပြန်ဖို့အတွက် လုံလောက်တဲ့ အချိန်ကို ကာဗာယူလိုက်ခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂေါက်သီးရိုက်ခြင်းဆိုပါတော့။ အမျိုးသမီးဖြစ်သူက ဘယ်ရောက်နေသလဲ မေးတဲ့အခါ … ကိုယ်က အငယ်အနှောင်းနဲ့ တွေ့နေလင့်ကစား …ဂေါက်ရိုက်နေတယ် မိန်းမရေ … လို့ ဖြေတတ်ကြပါတယ်။

ဒါဟာ လိုအပ်တဲ့ အချိန်ကို အမိအရ ယူလိုက်ခြင်း ဖြစ်ပါတယ်။ အကြောင်းကတော့ ဂေါက်ရိုက်ခြင်းမှာ 9 ကျဉ်း ကစားတာ ရှိသလို၊ 18 ကျဉ်း ကစားတာမျိုးလည်း ရှိပါတယ်။ ဒီအတွက် အချိန်ဟာ အနည်းဆုံး နှစ်နာရီမှ လေးနာရီအထိ ကြာ
တတ်ပါတယ်။ ဒါဟာ အမျိုးသားတစ်ယောက် ပြင်ပမှာ ဖောက်ပြန်နေခြင်းအတွက် ဘာကြောင့် အပြင်သွားတာ ဒီလောက် ကြာနေရတာလဲဆိုတဲ့ ဇနီးမယားရဲ့ သံသယစိတ်ကို ပြေပျောက်စေနိုင်တဲ့ လုံလောက်တဲ့ အချိန်လည်း ဖြစ်ပါတယ်။


အပေးအများဆုံး ဆင်ခြေများ

(၁) ဂေါက်သီးကစားနေတယ် (34%)

(၂) အစည်းအဝေးရှိလို့/အလုပ်နောက်ကျမယ် ( 27%)

(၃) ဘော်ဒါတွေနဲ့ ဘီယာဆိုင်ကို ရောက်နေတယ် (13%)

(၄) Gym ကို ရောက်နေတယ် (5%)

(၅) ဈေးဝယ်စင်တာကို ရောက်နေတယ် (4%)

(၆) အခြား (17%)-တို့ ဖြစ်ကြပါတယ်။

ဆင်ခြေအများဆုံးပေးတဲ့ အရာကတော့ ဂေါက်သီးကစားနေတယ်-ဆိုတာဖြစ်ပြီး စောစောက ပြောသလို လိုအပ်တဲ့ အချိန်ပမာဏ အတွက် အကောင်းဆုံး ကာဗာလည်း ဖြစ်ပါတယ်။ အမျိုးသား (2000) အနက် 680 က အဲဒီဆင်ခြေကိုပဲ သုံးတယ်ဆိုပြီး Vote ပေးခဲ့ပါတယ်။

ဒုတိယအမျျားဆုံးပေးတဲ့ ဆင်ခြေကတော့ အစည်းအဝေးရှိနေတယ်/ အလုပ်နောက်ကျမယ်-ဖြစ်ပါတယ်။ အမျိုးသား 340 က Vote လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ခဏခဏ ဂဂျီဂဂျောင်လှမ်းလုပ်မှာကို စိုးရိမ်တဲ့အခါမျိုးမှာ၊ နောက်ပြီး အငယ်အနှောင်းနဲ့လည်း တွေ့ချိန် တစ်နာရီဝန်းကျင်လောက်သာ ရတဲ့အခါမျိုးမှာ သုံးတတ်လေ့ရှိပါတယ်။

ဘော်ဒါတွေနဲ့ ဘီယာာဆိုင်ရောက်နေတယ်-ဆိုတဲ့ ဆင်ခြေကိုတော့ အမျိုးသား 260 က Vote ထားပါတယ်။ ဒီအခြေအနေကတော့ ဝါသနာတူဘော်ဒါတွေစုပြီး အငယ်အနှောင်းတွေနဲ့ ပါတီပွဲဖြစ်ဖြစ်၊ ဟိုတစ်ခုခုမှာပဲဖြစ်ဖြစ် ရှိနေတဲ့ အချိန်မျိုးမှာ သုံးကြပါတယ်။ ဒါပေမယ့် အချိန်ကန့်သတ်ချက်က နည်းပါတယ်။ နောက် အမျိုးသမီးက အမျိုးမျိုး လှမ်းကြပ်နိုင်ပါတယ်။ သို့သော် ဘယ်သူတွေ ပါသေးသလဲလို့ မေးခဲ့ရင် … ဓာတ်တူနံတူဘော်ဒါတွေရဲ့ နာမည်ကို စီတန်း ရွတ်ပြလိုက်ရုံပါဘဲ။ ဖုန်းတောင် ပေးပြောပြီး သက်သေထူလို့ရတဲ့ ဆင်ခြေဖြစ်ပါတယ်။

အခြားဆင်ခြေတွေကိုလည်း Vote လုပ်သူတွေ ရှိခဲ့ပြီး Gym ကစားရာခန်းမကို ရောက်နေတယ်၊ ဈေးဝယ်စင်တာကိုရောက်နေတယ်နဲ့ အခြားအကြောင်းပြချက်တွေလည်း ပေးနိုင်တာကို တွေ့ရပါတယ်။ ဒီအချက်တွေကို ထောက်ဆခြင်းအားဖြင့် အိမ်မှာ ကျန်ခဲ့ဲ့တဲ့ အမျိုးသမီးတွေအနေနဲ့ ယောက်ျားက ဂေါက်အိတ် ကားပေါ်တင်ပြီး ခပ်တည်တည် အပြင်ကို ထွက်သွားတဲ့အခါတိုင်း ဂေါက်ကွင်းမှာ ဂေါက်သွားကစားမယ်လို့ တစ်ထစ်ချ ယုံကြည်မထားဖို့ လိုပါတယ်။ အခြား အခြေအနေတွေမှာလည်း အကင်းပါးနေဖို့ လိုအပ်ပြီး ရှောင်တခင် နောက်နေ လိုက်သွားတာမျိုးဟာ အလွန်ထိရောက်တဲ့ နည်း
ဖြစ်တယ်လို့ အဆိုပါ illicitencounters.com က အကြံပြုထားပါတယ်။

Credit :  (Shwemom)


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top