iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ချို့လူတွေက ရာသီဥတုအကူးအပြောင်းမှာ မကြာခဏဆိုသလို အအေးမိ ဖျားနာလေ့ရှိပြီး တစ်ချို့ကတော့ လုံးဝမဖျားနာတတ်ကြပါဘူး။သူဟာ ဖျားနာခဲ တယ်လို့ လူတစ်ယောက်က များ ပြောလာခဲ့ရင် နောက်ကွယ်က လျှို့ဝှက်ချက် ကို သိချင်ကြမှာပါ။လူတွေရဲ့ ဘ၀တစ်သက်တာမှာ အအေးမိဖျားနာတာ အကြိ မ်ရေ (၂၀၀) တွေ့ ကြုံ ခံစားရနိုင်ပြီး တစ်ကြိမ်လျှင် ငါးရက်လောက်ကြာမြင့် တတ်ပါတယ်။ပျှမ်းမျှ အားဖြင့်(၁၆) ကြိမ်လောက်ကတော့ တုပ်ကွေးရဲ့ အလဲ ထိုးခြင်းကို ခံရတတ်ေ လ့ရှိပါတယ်။ကျွမ်းကျင် သူတွေမှာလည်း ဒီကိစ္စနဲ့ ပတ် သက်ပြီး လုံးဝအတိ အကျအဖြေမျိုးတော့ မရှိပေ မယ့် သူတို့ဆီမှာ အကြံပြု ချက်တစ်ချို့တော့ရှိပါ တယ်။အဲ့ဒါတွေကတော့…

(၁)လေ့ကျင့်ခန်း

ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အချိုးအစား ပိုင်ရှင်တွေ က ဖျားနာ တာတွေကို တိုက်ထုတ် ရာမှာ ပိုပြီးလွယ်ကူတယ်လို့ ကျွမ်းကျင်တွေကတော့ယုံကြည်ကြပါ တယ်။လေ့ ကျင့်ခန်းပုံမှန်လုပ်သူတွေဟာ အအေးမိဖျားနာနိုင်ချေ ပိုနည်းပြီး ကိုယ် ခံအားစနစ် ပိုကောင်းတယ်လို့ သုတေသနရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။ ကိုယ်လက် လှုပ်ရှားမှုမရှိတာတွေဟာ အ၀လွန်တာတွေနဲ့ ကူးစက်ဖျားနာတဲ့ရောဂါကို တိုက် ထုတ်ပေးနိုင်တဲ့သွေးဖြူဥဆဲလ်ပမာဏ အလွန်အမင်းလျော့ နည်း တာတွေ ဖြစ်ေ စတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့် ခန်းတွေ့ြ ပုလုပ်ပေးခြင်းအား အအေးမိဖျားနာ မှုတွေကို (၅၀)ရာခိုင်နှုန်းနီး ပါးလောက်   လျော့နည်းသက်သာစေတယ်လို့ သိရပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့ သူတွေ ဟာ ဖျားနာခဲ့ရင်တောင်မှ သူတို့ရဲ့ ကိုယ်လက်လှုပ်ရှားမှု လူနေမှုစတိုင်က သူ တို့ရဲ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။
(၂)မျိုးရိုးဗီဇ

ဒီအချက်ကတော့ ပြောင်းလဲလို့မရနိုင်ပါဘူး။တစ်ချို့လူတွေ တုပ်ကွေး ဗိုင်းရပ်စ် အလွယ်တကူ ကူးစက်ဝင်ရောက်နေတာဟာ မျိုးရိုးဗီဇကြောင့်ပါလို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။သိပ္ပံပညာရှင်တွေကတော့ အအေးမိဖျားနာ တာတွေကို တိုက်ထုတ်နိုင်တဲ့ တစ်ချို့ ခန္ဓာကိုယ်ကိုယ်တွေရဲ့ (genetic code )ရဲ့ လျို့ ၀ှက်ချက်ကို ရှာနိုင်ဖို့ ကြိုးစားနေပါတယ်။တွေ့ခဲ့တဲ့ အချက်ကတော့   ရောဂါကို ကာကွယ်နိုင်တဲ့ အားကောင်းတဲ့ သွေးဖြူဥ ဆဲလ်ပမာဏကို အမွေ ဆက်ခံထား လို့ဆိုတဲ့ အချက်ပါ။ ဒါပေ မယ့် ဒါဟာ မျိုးရိုးဗီဇအပေါ်မူတည်ပြီး ကိုယ်ခံအားေ ကာင်းတယ်၊မကောင်းဘူးလို့ တစ်ထစ်ချသတ်မှတ်နိုင်တာမျိုးတော့ မဟုတ်ပဲ မျိုးရိုးဗီဇအပေါ်မူတည်ပြီး တုပ်ေ ကွးဗိုင်းရပ်စ်ကို ပိုပြီးကောင်းကောင်း ရင်ဆိုင်နိုင် တယ် မရင်ဆိုင်နိုင်ဘူးဆို တာကို ဆိုလိုတာလို့ Manchester တက္ကသိုလ်မှ ပါမောက္ခ Daniel Davis ကပြောပါတယ်။

(၃)ဗိုင်းရပ်စ်၊ဗက်တီးရီးယားနဲ့ မစိမ်းတဲ့ ကလေးက ပိုကျန်းမာ

ပိုးမွေးသလို မွေးထားတဲ့ ကလေးက ဒီအတိုင်းလွှတ်ထားတဲ့ ကလေးတွေထက် ပိုချူချာလေ့ရှိပါတယ်။ကလေးဘ၀တည်းက အပြင်မှာ ဒီအတိုင်းလွှတ်ထားတဲ့ ကလေးတွေဟာ ဗက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ပိုမိုထိတွေ့မှုရှိကာ အရွယ်ေ ရာက်လာတဲ့ အခါမှာတော့ အဲ့ဒီလိုကလေးမျိုးက ပိုကျန်းမာ ကိုယ်ခံအားပိုေ ကာင်းလေ့ရှိတာကို တွေ့ရပါတယ်။သိပ္ပံပညာရှင်တွေကတော့ ဒါကို “Hygiene Hypothesis” လို့ခေါ်ကြပါတယ်။ကလေးဘ၀က ရောဂါ ပိုးမွှား နဲ့ထိတွေ့မှုလုံးဝမရှိတဲ့ ကလေးတွေဟာ ချူချာတတ်ပါတယ်။

(၄)လက်သန့်ရှင်းမှု

လက်ကိုမကြာခဏ သန့်ရှင်းခြင်းပေးခြင်းဟာလည်း ကျန်းမာခြင်းကို အထောက် အပံ့ဖြစ်စေတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။သုတေသနတွေအရ လူတွေဟာ တစ်နာရီအတွင်းမှာ မျက်နှာကို လက်နဲ့ (၁၆)ကြိမ်လောက် ထိတွေ့လေ့ရှိ တယ်လို့ ဆိုပါတယ်။လက်ကို သန့်ရှင်းမထားဘူးဆိုရင် လက်မှာကပ်နေတဲ့ ဗက်တီးရီးယားတွေက ပါးစပ်၊မျက်လုံးနဲ့နှာခေါင်းဆီကို ရောက်ရှိ သွားတတ် ပါတယ်။ဒါကြောင့် လက်ကို ပုံမှန်သန့်ရှင်းပေးခြင်းဟာလည်း ဖျားနာမှုတွေကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၅)စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဟာလည်း လူတွေရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့  အကြော င်းအရင်းတွေထဲက တစ်ခုလို့ လေ့လာမှုတွေက ဆိုပါတယ်။စိတ်ဖိစီးမှုတွေ များ လာပြီဆိုတာနဲ့ ကိုလက်စထရော၊( stress hormone)ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်လာစေတယ်လို့ ကျွမ်းကျင်ပညာ ရှင်တွေ က ပြော ပါတယ်။တကယ်လို့ ကိုယ်ဟာ စိတ်ဖိစီးလွယ်သူတစ်ယောက် ဆိုရင်တော့ ဖျား နာနိုင်ချေလည်း သူများတွေထက်ပိုများနိုင်တယ်လို့ သုတေသီတွေက အခိုင်အ မာပြောကြပါတယ်။
(၆)ညဖက်ကောင်းကောင်းအနားယူ

ပုံမှန်အိပ်စက်တဲ့ အလေ့အကျင်တစ်ခု ထားရှိခြင်းဟာလည်း လူကို ကျန်းမာေ အာင် အထောက်အကူဖြစ်စေပါတယ်။တစ်ညလျှင် ငါးနာရီခွဲထက်နည်းပြီး အိပ် တဲ့သူတွေဟာ တခြားသူတွေနဲ့ယှဉ်ရင် ပိုပြီးဖျားနာလွယ်တာကို တွေ့ရပါတယ်။

(၇)စားသောက်မှုပုံစံ
 လူတစ်ယောက်ကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်ထဲမှာ စားသောက်မှုပုံစံဟာလည်း တစ်ခုအပါအ၀င်ပါ။ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပြည့်ပြည့်ဝ ၀ရရှိနေရင် ဖျားနာနိုင်ချေလည်း နည်းပါးစေနိုင်တယ်လို့ သိရပါတယ်။ကျန်းမာေ အာင် diet plan နဲ့စားသောက်မှုပုံစံဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပိုကောင်းစေကာ ဗိုင်းရပ်စ်တွေကို ခုခံတိုက်ထုတ်နိုင်စွမ်း ပိုကောင်းစေပါတယ်။

(၈)လိင်ကိစ္စ
လိင်ဆက်ဆံမှုဟာလည်း လူတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင် တယ်လို့ ဆိုပါတယ်။ပုံမှန်လိင်ဆက်ဆံမှုရှိခြင်းဟာ immunoglobulin A (IgA) ဆိုတဲ့ ကိုယ်ခံအားစနစ်ပရိုတင်းပမာဏကို မြင့်တတ်စေကာ၊ အဆိုပါ ပရိုတင်းဟာ အအေးမိတုပ်ကွေးဖျားနာတာတွေကို ကာကွယ်ပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။

Credit : shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top