iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ကိုယ္ကို သန္႔စင္ပါ

တစ္ေနလံုး ပင္ပန္းလာၿပီးတဲ့အခ်ိန္မွာ ေရခ်ဳိးဖို႔ အခ်ိန္ ေပးေနရတာကို တခ်ဳိ႕သူေတြကေတာ့ ႏွစ္သက္မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ မအိပ္ခင္ ေရခ်ဳိးတာက မခ်ဳိးတာထက္ အမ်ားႀကီး ပိုေကာင္းပါတယ္။ တကယ္လို႔ မနက္အိပ္ရာ ထတဲ့အခါ ေရခ်ဳိးဖို႔ မမီလည္းကိစၥ မရွိတဲ့အျပင္ အသားအေရကို ထိခုိက္ေစႏိုင္တဲ့ဖုန္ေတြ အညစ္အေၾကးေတြကိုလည္း သန္႔စင္ၿပီး ျဖစ္ပါလိမ့္မယ္။

(၂) ေခါင္းၿဖီးပါ

အိပ္ခါနီးကို ေသေသခ်ာခ်ာ ေခါင္းၿဖီးဖို႔ မေမ့ပါနဲ႔။ အခ်ိန္ရတယ္ဆုိရင္ ဆံပင္ကို ခပ္ေျပေျပ က်စ္ဆံၿမီး က်စ္ၿပီးအိပ္ပါ။ ဆံႏြယ္ေတြ က်ဳိးတဲ့ ေၾကတဲ့ဒဏ္က သက္သာသလို မနက္အိပ္ရာထတဲ့အခါ ႐ႈပ္ေထြးေနတဲ့ ဆံပင္အံုႀကီးကို အၾကာႀကီး ရွင္းေနရတဲ့ ဒုကၡကလည္း ကင္းေဝးပါလိမ့္မယ္။

(၃) အသားအေရ ထိန္းသိမ္းပါ

အသားအေရ ထိန္းသိမ္းတဲ့ ခရင္မ္ေတြ စပေရးေတြ လိမ္းေလ့ရွိတယ္ဆိုရင္ ေန႔ဘက္ထက္ ညဘက္မွာ ပိုဂ႐ုစိုက္လိမ္းပါ။ ညဘက္မွာ အေရျပားဟာ ဒီပစၥည္းေတြရဲ႕ အာနိသင္ကို အေကာင္းဆံုးစုပ္ယူႏိုင္တဲ့အတြက္ အက်ဳိးေက်းဇူးကို ျပည့္ျပည့္ဝဝ ရသလို ေမႊးရနံ႔ကိုလည္း က်န္တဲ့အခ်ိန္မွာ လိမ္းတာထက္ နာရီေပါင္း မ်ားစြာပိုၿပီး သင္းပ်ံ႕ေနေစပါတယ္။

(၄) အေမႊးအမွင္ေတြ ရိတ္ပါ

သင့္ကိုယ္က မလိုအပ္တဲ့ အေမႊးအမွင္ေတြကို ညဘက္မွာ ရိတ္မယ္ဆုိရင္ မနက္မိုးလင္း အျပင္ထြက္ခါနီးမွာ ျပင္ဆင္ဖို႔ အခ်ိန္ပိုရသလို စကတ္အတိုေတြေရွာင္ရ လက္ျပတ္အက်ေတြဆို ဖယ္ရနဲ႔ အဝတ္အစားအတြက္ ေခါင္းေျခာက္ရတဲ့အလုပ္ တစ္ခုလည္း သက္သာပါလိမ့္မယ္။ ဒါအျပင္ အျမန္ရိတ္ရတဲ့အတြက္ မေျပာင္တာ ရွတာေတြ ျဖစ္ေတာ့မွာ မဟုတ္သလို ရိတ္ၿပီးလို႔ ေရဓာတ္ပါတဲ့ခရင္မ္တစ္ခု လိမ္းလိုက္မယ္ဆိုရင္ မနက္မွာ ၾကည္လင္သန္႔စင္ေနတဲ့ အသားအေရကုိ ေတြ႔ရမွာပါ။

(၅) မိတ္ကပ္ေသခ်ာဖ်က္ပါ

ဒါဘယ္ေလာက္အေရးႀကီးလဲဆိုတာ သင္သိၿပီးသား ျဖစ္ရင္ ျဖစ္ေနမွာပါ။ မအိပ္ခင္မွာ မိတ္ကပ္ေတြ၊ ပါးနီေတြ၊ ႏႈတ္ခမ္းနီေတြကို မ်က္ႏွာသစ္ေဆးနဲ႔ ေသေသခ်ာခ်ာ သန္႔စင္ဖို႔ ဘယ္ေတာ့မွ မေမ့ပါနဲ႔။ ဒါ့အျပင္ မ်က္လံုးက အိုင္းရွဲထိုး၊ အိုင္းလိုင္နာ၊ မက္စ္ကာရာေတြဟာ မ်က္ႏွာသစ္ေဆးနဲ႔ဆို အကုန္အစင္ မပ်က္တဲ့အတြက္ မ်က္လံုးအတြက္ သီးသန္႔ ထုတ္ထားတဲ့ ဖ်က္ေဆးနဲ႔ဖ်က္ဖို႔ လိုပါလိမ့္မယ္။ ဒီလို မလုပ္ဘူးဆိုရင္ မ်က္ေတာင္ပါးတာ၊ ကၽြတ္တာ နဲ႔ မ်က္စိေရာင္ရမ္းတာေတြ ျဖစ္လာႏိုင္ပါတယ္။

Credit: The Voice

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁) ကိုယ်ကို သန့်စင်ပါ

တစ်နေလုံး ပင်ပန်းလာပြီးတဲ့အချိန်မှာ ရေချိုးဖို့ အချိန် ပေးနေရတာကို တချို့သူတွေကတော့ နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မအိပ်ခင် ရေချိုးတာက မချိုးတာထက် အများကြီး ပိုကောင်းပါတယ်။ တကယ်လို့ မနက်အိပ်ရာ ထတဲ့အခါ ရေချိုးဖို့ မမီလည်းကိစ္စ မရှိတဲ့အပြင် အသားအရေကို ထိခိုက်စေနိုင်တဲ့ဖုန်တွေ အညစ်အကြေးတွေကိုလည်း သန့်စင်ပြီး ဖြစ်ပါလိမ့်မယ်။

(၂) ခေါင်းဖြီးပါ

အိပ်ခါနီးကို သေသေချာချာ ခေါင်းဖြီးဖို့ မမေ့ပါနဲ့။ အချိန်ရတယ်ဆိုရင် ဆံပင်ကို ခပ်ပြေပြေ ကျစ်ဆံမြီး ကျစ်ပြီးအိပ်ပါ။ ဆံနွယ်တွေ ကျိုးတဲ့ ကြေတဲ့ဒဏ်က သက်သာသလို မနက်အိပ်ရာထတဲ့အခါ ရှုပ်ထွေးနေတဲ့ ဆံပင်အုံကြီးကို အကြာကြီး ရှင်းနေရတဲ့ ဒုက္ခကလည်း ကင်းဝေးပါလိမ့်မယ်။

(၃) အသားအရေ ထိန်းသိမ်းပါ

အသားအရေ ထိန်းသိမ်းတဲ့ ခရင်မ်တွေ စပရေးတွေ လိမ်းလေ့ရှိတယ်ဆိုရင် နေ့ဘက်ထက် ညဘက်မှာ ပိုဂရုစိုက်လိမ်းပါ။ ညဘက်မှာ အရေပြားဟာ ဒီပစ္စည်းတွေရဲ့ အာနိသင်ကို အကောင်းဆုံးစုပ်ယူနိုင်တဲ့အတွက် အကျိုးကျေးဇူးကို ပြည့်ပြည့်ဝဝ ရသလို မွှေးရနံ့ကိုလည်း ကျန်တဲ့အချိန်မှာ လိမ်းတာထက် နာရီပေါင်း များစွာပိုပြီး သင်းပျံ့နေစေပါတယ်။

(၄) အမွှေးအမှင်တွေ ရိတ်ပါ

သင့်ကိုယ်က မလိုအပ်တဲ့ အမွှေးအမှင်တွေကို ညဘက်မှာ ရိတ်မယ်ဆိုရင် မနက်မိုးလင်း အပြင်ထွက်ခါနီးမှာ ပြင်ဆင်ဖို့ အချိန်ပိုရသလို စကတ်အတိုတွေရှောင်ရ လက်ပြတ်အကျတွေဆို ဖယ်ရနဲ့ အဝတ်အစားအတွက် ခေါင်းခြောက်ရတဲ့အလုပ် တစ်ခုလည်း သက်သာပါလိမ့်မယ်။ ဒါအပြင် အမြန်ရိတ်ရတဲ့အတွက် မပြောင်တာ ရှတာတွေ ဖြစ်တော့မှာ မဟုတ်သလို ရိတ်ပြီးလို့ ရေဓာတ်ပါတဲ့ခရင်မ်တစ်ခု လိမ်းလိုက်မယ်ဆိုရင် မနက်မှာ ကြည်လင်သန့်စင်နေတဲ့ အသားအရေကို တွေ့ရမှာပါ။

(၅) မိတ်ကပ်သေချာဖျက်ပါ

ဒါဘယ်လောက်အရေးကြီးလဲဆိုတာ သင်သိပြီးသား ဖြစ်ရင် ဖြစ်နေမှာပါ။ မအိပ်ခင်မှာ မိတ်ကပ်တွေ၊ ပါးနီတွေ၊ နှုတ်ခမ်းနီတွေကို မျက်နှာသစ်ဆေးနဲ့ သေသေချာချာ သန့်စင်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါ့အပြင် မျက်လုံးက အိုင်းရှဲထိုး၊ အိုင်းလိုင်နာ၊ မက်စ်ကာရာတွေဟာ မျက်နှာသစ်ဆေးနဲ့ဆို အကုန်အစင် မပျက်တဲ့အတွက် မျက်လုံးအတွက် သီးသန့် ထုတ်ထားတဲ့ ဖျက်ဆေးနဲ့ဖျက်ဖို့ လိုပါလိမ့်မယ်။ ဒီလို မလုပ်ဘူးဆိုရင် မျက်တောင်ပါးတာ၊ ကျွတ်တာ နဲ့ မျက်စိရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။

Credit: The Voice


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top