iMyanmarHouse.com - Best Property Website for Myanmar
×

ဒါက အမျိုးသမီးအများစုအတွက် စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ ပြောရခက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တင်ပါး၊ ပေါင်တံတွေမှာ စုလာပုံလာတတ်တဲ့ အရောင်မှိန်၊ ရှုံ့တွပြီး ဒိန်ခဲပျော့လို အသားအရေဖြစ်စေတဲ့ (cellulite) အဆီပြင်တွေဟာ မျိုးရိုးဗီဇ၊ ဟော်မုန်း၊ နေထိုင်မှုပုံစံနဲ့ တင်းတင်းကျပ်ကျပ် ဝတ်စားဆင်ယင်မှုတွေကြောင့် ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် နောက်ထပ် အကြောင်းအရင်းတစ်ခုရှိပါတယ်။ အဲဒါက နေ့စဉ်အစားအစာပါပဲ။

ကစီဓာတ်၊ အဆီနဲ့ ဆိုဒီယမ်ပမာဏမြင့်မားတဲ့ အစားအသောက်တွေနဲ့ အမျှင်ဓာတ်နည်းပါးတဲ့ အစားအစာတွေက cellulite အဆီ ပိုများစေတယ် ဒါမှမဟုတ် ပြသနာ ပိုဆိုးစေနိုင်ပါတယ်။ ဒီအစားအစာတွေက ဒါတွေအားလုံးရဲ့ အဓိက တရားခံတွေဖြစ်ပါတယ်။

အရေပြားကြမ်းထော်တာက အရေပြားအောက်က အဆီတွေကြောင့် ဖြစ်ပါတယ်။ အဖြေက ရိုးရှင်းပါတယ်။ Cellulite အဆီတွေ တကယ်လျှော့နည်းစေတာက တာရှည်ခံအောင် လုပ်ထားတဲ့အစားအစာနဲ့ သကြားတွေ ဖြတ်ခြင်း၊ ဆိုဒီယမ်ဓာတ်စားသုံးမှု လျှော့ချခြင်းနဲ့ အသီးအရွက်တွေ ပိုစားပေးခြင်းတို့ ဖြစ်ပါတယ်။

အသီးအရွက်၊ သစ်သီး၊ ငါး၊ အခွံမာအစေ့၊ ကြက်သားတွေ ပိုစားပေးမယ်ဆိုပါက cellulite အဆီတွေ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top