iMyanmarHouse.com - Best Property Website for Myanmar
×

My DREAM Wedding Design Studio ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည့် ပုံကိုတွေ့ရစဉ်(MY DREAM Wedding Design Studio)









Credit:7DayDaily

#Unicode Version
 မင်္ဂလာဆောင်တော့ မည်ဟု သတင်းများထွက်ပေါ်နေ သည့် သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း ၏ မင်္ဂလာအကြိုပွဲဓာတ်ပုံအချို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့နေသည်။

 သဉ္ဇာနွယ်ဝင်းလက်ထပ် မည့် သတိုသားလောင်းသည် အနု ပညာလောကမှမဟုတ်ဘဲ စီးပွားရေး  လုပ်ငန်းရှင်တစ်ဦးဖြစ် ကြောင်း သတင်းများထွက်ပေါ်နေ ပြီး ၎င်းတို့နှစ်ဦး၏ မင်္ဂလာအကြိုပွဲ ဓာတ်ပုံ
ရိုက်ကူးမှုနှင့် မင်္ဂလာပွဲ အစီအစဉ်များနှင့် ပတ်သက်၍ My Dream Wedding Studio က နှစ်သစ်ကူး
ကံစမ်းမဲအစီအစဉ် အနေဖြင့် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ကြေညာထားသည်။


ယင်းစတူဒီယိုက သဉ္ဇာနွယ် ဝင်းနှင့် သတို့သားလောင်း စတီဗင်လှတို့ ၏ ပထမဆုံး Pre wedding Photo & Video ရိုက်ကူးထား သည့် Wedding Studio အမည်နှင့် ၎င်းတို့၏ စုလျားရစ်ပတ်ထိမ်း မြား မင်္ဂလာဧည့်ခံပွဲ၊ မင်္ဂလာညစာစားပွဲတို့တွင် ဓာတ်ပုံနှင့် ဗီဒီယို တာဝန်ယူရိုက်ကူးမည့် Wed-ding Studio အမည်ကို မေးမြန်း ထားခဲ့ရာ အဖြေမှန်သူများထဲမှ သုံးဦးကို ရွေးချယ်၍ မင်္ဂလာ အကြိုပွဲ ဓာတ်ပုံ
အခမဲ့ရိုက်ကူးခွင့် ပေးမည်ဟု အဆိုပါစတူဒီယို၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြ ထားသည်။

မင်္ဂလာအစီအစဉ်နှင့်ပတ် သက်၍ ကာယကံရှင်များကို7DayDailyသတင်းစာကဆက်သွယ်သော်လည်း
 မရခဲ့၍ အစီအစဉ်နှင့်ပတ်သက်၍ အတည် မပြုနိုင်ခဲ့ပေ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:7DayDaily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top