ေရႊဆိုသည္မွာ- အေခါက္ေရႊ (သို႕မဟုတ္) မီးလင္း
-၁၅ဲ ရည္ (ဆယ့္ငါးပဲရည္)
- ဒဂၤ ါးရည္ (သို႕) ၁၂ ေရြးစပ္
-၁၄ဲ ရည္ (ဆယ့္ေလးပဲရည္)
-ေရြးသံုးဆယ္စပ္
-မိုးႀကိဳး
တစ္က်ပ္သား =၁၆ ပဲ =ေရြး ၁၂၀
ငါးမူးသား = ၈ဲ(ရွစ္ပဲ) = ေရြး ၆၀
တစ္မတ္သား = ၄ဲ = ေရြး ၃၀
တစ္မူးသား = ၂ဲ = ၁၅ ေရြး
တစ္ပဲသား = ၇.၅ ေရြး
(ငါးမူးသားက်ေတာ့ ေရြး ၆၀ ျဖစ္ၿပီး တစ္မူးသားက်ေတာ့ ၁၅ ေရြးျဖစ္ေနျခင္းမွာ က်ေနာ္လဲမသိ
ေရွးအရင္လူမ်ားလက္ထက္ ကတည္းက အဲ့ဒီအတိုင္း သံုးႏႈန္းခဲ့ၾကတာျဖစ္သည္)
(ျမန္မာ့ အသံုးအႏႈန္းမ်ား၏ တိက်ပံု မွာတစ္ခါတစ္ရံ ထိုသို႕ျဖစ္တတ္သည္)
မီးလင္း ႏွင့္ အေခါက္သည္ အတူတူ ေခၚေ၀ၚပံုသာကြဲသည္ ေရႊေစ်း အသံုးအႏႈန္းကို
အေခါက္ေရႊႏွင့္သာ အေရာင္းအ၀ယ္လုပ္သူမ်ား အသံုးျပဳေျပာၾကားၾကသည္။
အေခါက္ေရႊဆိုသည္မွာ ၉၉.၉၉ ရာခိုင္ႏႈန္းျဒပ္စင္ျဖစ္သည္။ ၁၅ဲ ရည္ဆိုသည္မွာအေခါက္ေရႊ ၁၅ဲ
သားႏွင့္ ေၾကးနီ+ေဘာ္ အခ်ိဳးက် ၁ဲ(တစ္ပဲ) သားႏွင့္ေရာစပ္ၿပီး
တစ္က်ပ္သားျပဳလုပ္ထားတာျဖစ္သည္။
ဒဂၤ ါးရည္ (သို႕) ၁၂ ေရြးစပ္ဆိုသည္မွာလည္း အေခါက္ေရႊ ၁၁၈ ေရြးကို ေၾကးနီ+ေဘာ္ ၁၂
ေရြးအခ်ဳိးက် ေရာစပ္ထားတာျဖစ္သည္။
၁၄ ဲရည္(ဆယ့္ေလးပဲရည္) ဆိုသည္မွာလဲ ထိုနည္း၄င္း အေခါက္ေရႊ ၁၄ဲ (ဆယ့္ေလးပဲ)သားကို
ေၾကးနီႏွင့္ ေဘာ္အခ်ဳိးက် ၂ဲသား(ႏွစ္ပဲသား) ေရာစပ္ထားျခင္းပဲျဖစ္ပါသည္။
ေရြးသံုးဆယ္စပ္ ဆိုတာကေတာ့ အေခါက္ေရႊ သံုးမတ္သား ေရြး (သို႕) ၁၂ဲ သားကို ေၾကးနီႏွင့္
ေဘာ္ အခ်ဳိးက် ၁ မတ္သားေရာစပ္၍ တစ္က်ပ္သား ျဖစ္ေအာင္ျပဳလုပ္ထားတာျဖစ္သည္။
မိုးႀကိဳး- ဆိုသည္မွာေတာ့ အေခါက္ေရႊ တစ္မတ္သား (၄ဲ) ကို ေၾကးနီ ႏွင့္ေဘာ္ အခ်ဳိးက်
သံုးမတ္သား(၁၂ဲ)သားေရာစပ္ ၍တစ္က်ပ္သားျဖစ္ေအာင္ျပဳလုပ္ ထားတာျဖစ္တယ္။
(မလြန္လြန္းဖူးလားကြယ္)
အေခါက္ေရႊတစ္က်ပ္သား ေစ်းဘယ္ေလာက္ရိွတယ္ဆိုတာ သိရင္ က်န္တဲ့အေရႊအမ်ဳိးအစားေတြ
ရဲ႕ေစ်းဟာလဲ ဘယ္ေလာက္ရိွတယ္ဆိုတာ ဒီလို ဒီလို ေဖာ္ျမဴလာေလးေတြ ရိွတယ္ . . . . .
အေခါက္ေရႊေစ်း x ၁၁၂.၅ / ၁၂၀ = ၁၅ဲရည္ေစ်း
အေခါက္ေရႊေစ်း x ၁၀၈ / ၁၂၀ = ဒဂၤ ါးရည္ေစ်း
အေခါက္ေရႊေစ်း x ၁၀၅ / ၁၂၀ = ၁၄ဲ ရည္ေစ်း
အေခါက္ေရႊေစ်း x ၉၀ / ၁၂၀ = ေရြးသံုးဆယ္စပ္ေစ်း
အေခါက္ေရႊေစ်း x ၃၀ / ၁၂၀ = မိုးႀကိဳးေစ်း
အေခါက္ေရႊ ဟာေပ်ာ့တယ္ ေၾကးနီႏွင့္ေဘာ္ ပါ၀င္ႏႈန္းမ်ားလာေလ ေရႊဟာအရည္ညံေလ
မာလာေလျဖစ္ပါတယ္။ အေခါက္ေရႊကို မီးနဲ႕ နီရဲးလာေအာင္ အပူေပး ေရထဲသို႕ ခ်လွ်င္ေသာ္၄င္း
ဒီအတိုင္းပဲ အေအးခံလွ်င္ေသာ္၄င္ အ၀ါေရာင္အတိုင္း မေျပာင္းလဲပဲျမင္ေတြ႕ရပါလိမ္႕မယ္။
ေရႊထည္မ်ား၀ယ္ယူ ၀တ္ဆင္ၿပီးပါက ျပန္လည္ေရာင္းခ်ေသာအခါ
ေဘာက္ခ်ာေပ်ာက္လွ်င္ေသာ္၄င္း မိမိ၀ယ္ယူသည့္ဆိုင္မဟုတ္ပဲ
တစ္ျခားဆိုင္သို႕ေရာင္လွ်င္ေသာ္၄င္း ေစ်းအႏိွမ္ခံရပါတယ္။
အဲ့ဒါက ဘာျဖစ္လို႕လဲဆိုေတာ့
ေရႊထည္တစ္ခု လုပ္ေတာ့မယ္ဆိုရင္ ဂေဟေဆာ္ရတယ္။ အဲ့ဒီဂေဟာေဆာ္ဖို႕က
အထည္လုပ္မည့္ေရႊ အမ်ဳိးအစား ၂ ဆကို ေၾကးနီႏွင့္ေဘာ္ ဆတူ၀န္းက်င္ ေရာစပ္ထားတဲ့ စပ္ခဲ ၁
ဆနဲ႕ေရာရတယ္။ ေရႊထည္တစ္က်ပ္သားဆိုပါက စပ္ခဲ ၁ ေရြးမွစ၍ ၅ ေရြး ၆ ေရြးအထိ၀င္ပါတယ္။
တစ္ခါတစ္ရံ တစ္ပဲ၀န္းက်င္သာ အတင္ခ်ိန္ရိွတဲ့ နားကပ္ လက္စြပ္ တစ္ခုခုျပဳလုပ္ပါကလဲ စပ္ခဲ ၁
ေရြး ၂ ေရြးအထိ၀င္ပါတယ္။ နားကပ္တစ္ရံဆိုပါစို႕ ေရႊခ်ိန္က ၁ဲ သားပဲရိွတယ္ စပ္ခဲက ၂
ေရြးေလာက္၀င္ေနတယ္။ ေရႊက ၅ ေရြးခြဲပဲက်န္ေတာ့တယ္။
ဆိုင္ကကိုယ္၀ယ္ခဲ့ေတာ့ ၁ဲ
ဖိုးေပးခဲ့ရတယ္။ တစ္ကယ္တမ္း ေရႊပါတာက ၁ဲ မျပည့္ဘူး။ အေလွ်ာ့တြက္လက္ခက ၃
ေရြးေလာက္ေပးရတယ္။ ကိုယ္၀ယ္မယ္ဆိုရင္ အတင္ခ်ိန္+အေလွ်ာ့တြက္လက္ခ ၁၀.၅
ေရြးဖိုးေပးခဲ့ရတယ္။ တစ္ကယ္တမ္း အဲ့ဒီအထည္မွာ ပါတဲ့ေရႊက ၅ ေရြးခြဲးေလာက္ပါတယ္။ ဒါကို
မိမိ၀ယ္ယူတဲ့ဆိုင္မွာ ျပန္ေရာင္းမယ္ဆိုရင္ ျပႆနာမရိွဘူး ေရႊခ်ိန္ ၁ဲ ကိုလဲ ၁ဲ ဖိုးျပန္ေပးတယ္။
အေလွ်ာ့တြက္လက္ခ ၃ ေရြးယူထားတာကိုလဲ အထည္မပ်က္စီးေသးဘူးဆိုရင္
တစ္၀က္ဖိုးျပန္ေပးတယ္။ အဲ့ဒါေၾကာင့္ မိမိ၀ယ္ယူတဲ့ဆိုင္ကို ျပန္ေရာင္းမယ္ဆိုရင္ အေလွ်ာ့တြက္
တစ္၀က္ေလာက္ပဲ႐ႈံးတယ္။ အျခားဆိုင္မွာ သြားေရာင္းမယ္ဆိုပါက သူတို႕လုပ္ထားတဲ့
အထည္မဟုတ္တဲ့အတြက္ လက္ရိွအထည္မွာပါတဲ့ ေရႊတန္ဖိုးကိုပဲ တြက္၀ယ္မွာျဖစ္ပါတယ္။
ေရႊပါ၀င္တာက ၅ ေရြးခြဲေလာက္ပဲရိွမယ္ဆိုရင္ သူတို႕အတြက္ အျမတ္က
တစ္ျခမ္းေလာက္ခ်န္လိုက္မယ္(တစ္ေရြး၏တစ္၀က္) ေရာင္းတဲ့လူမွာ ၅ ေရြးဖိုးပဲျပန္ရေတာ့မယ္။
၀ယ္တုန္းက ဆယ္ေရြးနဲ႕ တစ္ျခမ္းရိွတယ္ ငါးေရြးခြဲးေလာက္ ႐ႈံးသြားမယ္။
ေရႊဆိုင္တစ္ဆိုင္အေနျဖင့္ မိမိေရာင္းလိုက္ေသာ အထည္မိမိဆီျပန္မလာေလ ႀကိဳတ္ေလပဲ။
တစ္ခ်ဳိ႕ေရႊဆိုင္ေတြက က်ေတာ့လဲ ေရႊအရည္မျပည့္မွိဘူး ၁၅ဲ ရည္ဆိုရင္ ၁၄ဲ
ရည္ေလာက္ပဲရိွတယ္။ တစ္က်ပ္သားကို တစ္ပဲ ပိုစပ္ထားတဲ့အတြက္ တစ္ပဲ ကို ေလးေသာင္း
ငါးေသာင္း ၀န္းက်င္မွာရိွတယ္။ တစ္ရက္ကို ႏွစ္က်ပ္သားေရာင္းရရင္ တစ္သိန္းေလာက္က
အေလွ်ာ့တြက္ လက္ခ မပါေသးဘူး ပိုစပ္ထားတဲ့အတြက္နဲ႕တင္ျမတ္ေနၿပီ။ ျပန္လာေရာင္းေတာ့
ျပန္ေပးလိုက္တယ္။ ဘာျဖစ္လဲ ကိုယ္လုပ္ထားတဲ့ဟာ ကိုယ္ျပန္ေပးရတာ။ ၾကားထဲမွာ
ေငြသံုးရတာေပါ့။ ျပန္မလာေတာ့ဘူးဆိုရင္ အျမတ္က်န္ေနလိုက္တာေပါ့။
တစ္ကယ္ေတာ့ ဒါဟာ၀ယ္ယူတဲ့လူဆီကေန ပိုစပ္ထားတဲ့ အတြက္ကခိုးလိုက္တာပဲ။
ေရႊအေၾကာင္းဆိုရင္နားမလည္တဲ့လူကမ်ားေတာ့ တစ္ခ်ဳိ႕ေရႊဆိုင္ေတြက ညစ္ပတ္တယ္
ေရႊထည္က၀ယ္ထားတာၾကာေနၿပီ ။
၀ယ္တုန္းကေစ်း နဲ႕ ျပန္ေရာင္းတဲ့
အခ်ိန္ေစ်းဟာလဲေတာ္ေတာ္ကြာေနတယ္။ ဥပမာ ၀ယ္တုန္းက တစ္သိန္း ေပးထားရတယ္ဆိုရင္
အခုတစ္သိန္းခြဲေလာက္ ရ ရမွာ။ ဒါေပမယ့္ တစ္သိန္း သံုးေသာင္းေလာက္ပဲ ေပးတယ္။
ေရာင္းတဲ့လူကလဲ နားမလည္ေတာ့ သံုးေသာင္းေလာက္ျမတ္တာနဲ႕ ေက်နပ္ေနတယ္ အဲ့ဒါမ်ဳိးေတြ
လုပ္ၾကတယ္။ ေရႊဆိုင္ႀကီးေတြမွာ ေရာင္းလိုက္ရတဲ့အထည္ တစ္၀က္ေလာက္က
ဆိုင္ကိုျပန္လာတယ္။ တစ္၀က္ေလာက္က ဆိုင္ကိုယ္ျပန္မေလာေတာ့ဘူးလို႕
ခန္႕မွန္းေျခသိရပါတယ္။ ေရႊထည္မ်ား၀ယ္ယူမည္ ဆိုပါက ထိုကဲ့သို႕ ရိွပါသည္။
တစ္ကယ္လို႕
ပိုက္ဆံေပ်ာက္ပ်က္သြားမွာစိုးလို႕ ေရႊ၀ယ္ထားခ်င္တယ္ဆိုရင္ အခဲလိုက္၀ယ္ထားတာ
အဆင္အေျပဆံုးပါ။ တစ္က်ပ္သားကို ေရာင္းေစ်းနဲ႕ ၀ယ္ေစ်း ၁၅၀၀ ပဲခြါတယ္။ ဒါကလဲ ေခါက္ေရႊ
သီးသန္႕ေရာင္းတဲ့ ဆိုင္ေတြ ေစ်းမွန္တဲ့ ဆိုင္ေတြမွပါ။ တစ္ခ်ဳိ႕ေရႊဆုိင္မ်ားစို ၀ယ္တဲ့အခါမွာ
လက္ရိွေပါက္ေစ်းထက္ တစ္ေသာင္းေလာက္ပိုေရာင္းတယ္ ျပန္၀ယ္တဲ့အခ်ိန္က်ေတာ့
တစ္ေသာင္းေလာက္ ေလ်ာ့ေပးျပန္ေရာ ၀ယ္ေတာ့တစ္ေသာင္းနာ ေရာင္းေတာ့တစ္ေသာင္းနာ။
ရြာသူ ရြာသားအေပါင္းကို ဗဟုသုတျဖစ္ေစလိုတဲ့ ေစတနာနဲ႕ ေရးလိုက္တာပါ။ အမွားမ်ား
မျပည့္စံုသည္မ်ား ေတြ႕ရိွရပါက ျပန္လည္ ျဖည့္စြပ္ေပးၾကပါရန္ . . . . . . . . .
Credit: စစ္ေသြးစစ္မာန္
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ရွှေဆိုသည်မှာ- အခေါက်ရွှေ (သို့မဟုတ်) မီးလင်း
-၁၅ဲ ရည် (ဆယ့်ငါးပဲရည်)
- ဒင်္ဂ ါးရည် (သို့) ၁၂ ရွေးစပ်
-၁၄ဲ ရည် (ဆယ့်လေးပဲရည်)
-ရွေးသုံးဆယ်စပ်
-မိုးကြိုး
တစ်ကျပ်သား =၁၆ ပဲ =ရွေး ၁၂၀
ငါးမူးသား = ၈ဲ(ရှစ်ပဲ) = ရွေး ၆၀
တစ်မတ်သား = ၄ဲ = ရွေး ၃၀
တစ်မူးသား = ၂ဲ = ၁၅ ရွေး
တစ်ပဲသား = ၇.၅ ရွေး
(ငါးမူးသားကျတော့ ရွေး ၆၀ ဖြစ်ပြီး တစ်မူးသားကျတော့ ၁၅ ရွေးဖြစ်နေခြင်းမှာ ကျနော်လဲမသိ
ရှေးအရင်လူများလက်ထက် ကတည်းက အဲ့ဒီအတိုင်း သုံးနှုန်းခဲ့ကြတာဖြစ်သည်)
(မြန်မာ့ အသုံးအနှုန်းများ၏ တိကျပုံ မှာတစ်ခါတစ်ရံ ထိုသို့ဖြစ်တတ်သည်)
မီးလင်း နှင့် အခေါက်သည် အတူတူ ခေါ်ဝေါ်ပုံသာကွဲသည် ရွှေဈေး အသုံးအနှုန်းကို
အခေါက်ရွှေနှင့်သာ အရောင်းအဝယ်လုပ်သူများ အသုံးပြုပြောကြားကြသည်။
အခေါက်ရွှေဆိုသည်မှာ ၉၉.၉၉ ရာခိုင်နှုန်းဒြပ်စင်ဖြစ်သည်။ ၁၅ဲ ရည်ဆိုသည်မှာအခေါက်ရွှေ ၁၅ဲ
သားနှင့် ကြေးနီ+ဘော် အချိုးကျ ၁ဲ(တစ်ပဲ) သားနှင့်ရောစပ်ပြီး
တစ်ကျပ်သားပြုလုပ်ထားတာဖြစ်သည်။
ဒင်္ဂ ါးရည် (သို့) ၁၂ ရွေးစပ်ဆိုသည်မှာလည်း အခေါက်ရွှေ ၁၁၈ ရွေးကို ကြေးနီ+ဘော် ၁၂
ရွေးအချိုးကျ ရောစပ်ထားတာဖြစ်သည်။
၁၄ ဲရည်(ဆယ့်လေးပဲရည်) ဆိုသည်မှာလဲ ထိုနည်း၎င်း အခေါက်ရွှေ ၁၄ဲ (ဆယ့်လေးပဲ)သားကို
ကြေးနီနှင့် ဘော်အချိုးကျ ၂ဲသား(နှစ်ပဲသား) ရောစပ်ထားခြင်းပဲဖြစ်ပါသည်။
ရွေးသုံးဆယ်စပ် ဆိုတာကတော့ အခေါက်ရွှေ သုံးမတ်သား ရွေး (သို့) ၁၂ဲ သားကို ကြေးနီနှင့်
ဘော် အချိုးကျ ၁ မတ်သားရောစပ်၍ တစ်ကျပ်သား ဖြစ်အောင်ပြုလုပ်ထားတာဖြစ်သည်။
မိုးကြိုး- ဆိုသည်မှာတော့ အခေါက်ရွှေ တစ်မတ်သား (၄ဲ) ကို ကြေးနီ နှင့်ဘော် အချိုးကျ
သုံးမတ်သား(၁၂ဲ)သားရောစပ် ၍တစ်ကျပ်သားဖြစ်အောင်ပြုလုပ် ထားတာဖြစ်တယ်။
(မလွန်လွန်းဖူးလားကွယ်)
အခေါက်ရွှေတစ်ကျပ်သား ဈေးဘယ်လောက်ရှိတယ်ဆိုတာ သိရင် ကျန်တဲ့အရွှေအမျိုးအစားတွေ
ရဲ့ဈေးဟာလဲ ဘယ်လောက်ရှိတယ်ဆိုတာ ဒီလို ဒီလို ဖော်မြူလာလေးတွေ ရှိတယ် . . . . .
အခေါက်ရွှေဈေး x ၁၁၂.၅ / ၁၂၀ = ၁၅ဲရည်ဈေး
အခေါက်ရွှေဈေး x ၁၀၈ / ၁၂၀ = ဒင်္ဂ ါးရည်ဈေး
အခေါက်ရွှေဈေး x ၁၀၅ / ၁၂၀ = ၁၄ဲ ရည်ဈေး
အခေါက်ရွှေဈေး x ၉၀ / ၁၂၀ = ရွေးသုံးဆယ်စပ်ဈေး
အခေါက်ရွှေဈေး x ၃၀ / ၁၂၀ = မိုးကြိုးဈေး
အခေါက်ရွှေ ဟာပျော့တယ် ကြေးနီနှင့်ဘော် ပါဝင်နှုန်းများလာလေ ရွှေဟာအရည်ညံလေ
မာလာလေဖြစ်ပါတယ်။ အခေါက်ရွှေကို မီးနဲ့ နီရဲးလာအောင် အပူပေး ရေထဲသို့ ချလျှင်သော်၎င်း
ဒီအတိုင်းပဲ အအေးခံလျှင်သော်၄င် အဝါရောင်အတိုင်း မပြောင်းလဲပဲမြင်တွေ့ရပါလိမ့်မယ်။
ရွှေထည်များဝယ်ယူ ဝတ်ဆင်ပြီးပါက ပြန်လည်ရောင်းချသောအခါ
ဘောက်ချာပျောက်လျှင်သော်၎င်း မိမိဝယ်ယူသည့်ဆိုင်မဟုတ်ပဲ
တစ်ခြားဆိုင်သို့ရောင်လျှင်သော်၎င်း ဈေးအနှိမ်ခံရပါတယ်။
အဲ့ဒါက ဘာဖြစ်လို့လဲဆိုတော့
ရွှေထည်တစ်ခု လုပ်တော့မယ်ဆိုရင် ဂဟေဆော်ရတယ်။ အဲ့ဒီဂဟောဆော်ဖို့က
အထည်လုပ်မည့်ရွှေ အမျိုးအစား ၂ ဆကို ကြေးနီနှင့်ဘော် ဆတူဝန်းကျင် ရောစပ်ထားတဲ့ စပ်ခဲ ၁
ဆနဲ့ရောရတယ်။ ရွှေထည်တစ်ကျပ်သားဆိုပါက စပ်ခဲ ၁ ရွေးမှစ၍ ၅ ရွေး ၆ ရွေးအထိဝင်ပါတယ်။
တစ်ခါတစ်ရံ တစ်ပဲဝန်းကျင်သာ အတင်ချိန်ရှိတဲ့ နားကပ် လက်စွပ် တစ်ခုခုပြုလုပ်ပါကလဲ စပ်ခဲ ၁
ရွေး ၂ ရွေးအထိဝင်ပါတယ်။ နားကပ်တစ်ရံဆိုပါစို့ ရွှေချိန်က ၁ဲ သားပဲရှိတယ် စပ်ခဲက ၂
ရွေးလောက်ဝင်နေတယ်။ ရွှေက ၅ ရွေးခွဲပဲကျန်တော့တယ်။
ဆိုင်ကကိုယ်ဝယ်ခဲ့တော့ ၁ဲ
ဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း ရွှေပါတာက ၁ဲ မပြည့်ဘူး။ အလျှော့တွက်လက်ခက ၃
ရွေးလောက်ပေးရတယ်။ ကိုယ်ဝယ်မယ်ဆိုရင် အတင်ချိန်+အလျှော့တွက်လက်ခ ၁၀.၅
ရွေးဖိုးပေးခဲ့ရတယ်။ တစ်ကယ်တမ်း အဲ့ဒီအထည်မှာ ပါတဲ့ရွှေက ၅ ရွေးခွဲးလောက်ပါတယ်။ ဒါကို
မိမိဝယ်ယူတဲ့ဆိုင်မှာ ပြန်ရောင်းမယ်ဆိုရင် ပြဿနာမရှိဘူး ရွှေချိန် ၁ဲ ကိုလဲ ၁ဲ ဖိုးပြန်ပေးတယ်။
အလျှော့တွက်လက်ခ ၃ ရွေးယူထားတာကိုလဲ အထည်မပျက်စီးသေးဘူးဆိုရင်
တစ်ဝက်ဖိုးပြန်ပေးတယ်။ အဲ့ဒါကြောင့် မိမိဝယ်ယူတဲ့ဆိုင်ကို ပြန်ရောင်းမယ်ဆိုရင် အလျှော့တွက်
တစ်ဝက်လောက်ပဲရှုံးတယ်။ အခြားဆိုင်မှာ သွားရောင်းမယ်ဆိုပါက သူတို့လုပ်ထားတဲ့
အထည်မဟုတ်တဲ့အတွက် လက်ရှိအထည်မှာပါတဲ့ ရွှေတန်ဖိုးကိုပဲ တွက်ဝယ်မှာဖြစ်ပါတယ်။
ရွှေပါဝင်တာက ၅ ရွေးခွဲလောက်ပဲရှိမယ်ဆိုရင် သူတို့အတွက် အမြတ်က
တစ်ခြမ်းလောက်ချန်လိုက်မယ်(တစ်ရွေး၏တစ်ဝက်) ရောင်းတဲ့လူမှာ ၅ ရွေးဖိုးပဲပြန်ရတော့မယ်။
ဝယ်တုန်းက ဆယ်ရွေးနဲ့ တစ်ခြမ်းရှိတယ် ငါးရွေးခွဲးလောက် ရှုံးသွားမယ်။
ရွှေဆိုင်တစ်ဆိုင်အနေဖြင့် မိမိရောင်းလိုက်သော အထည်မိမိဆီပြန်မလာလေ ကြိုတ်လေပဲ။
တစ်ချို့ရွှေဆိုင်တွေက ကျတော့လဲ ရွှေအရည်မပြည့်မှိဘူး ၁၅ဲ ရည်ဆိုရင် ၁၄ဲ
ရည်လောက်ပဲရှိတယ်။ တစ်ကျပ်သားကို တစ်ပဲ ပိုစပ်ထားတဲ့အတွက် တစ်ပဲ ကို လေးသောင်း
ငါးသောင်း ဝန်းကျင်မှာရှိတယ်။ တစ်ရက်ကို နှစ်ကျပ်သားရောင်းရရင် တစ်သိန်းလောက်က
အလျှော့တွက် လက်ခ မပါသေးဘူး ပိုစပ်ထားတဲ့အတွက်နဲ့တင်မြတ်နေပြီ။ ပြန်လာရောင်းတော့
ပြန်ပေးလိုက်တယ်။ ဘာဖြစ်လဲ ကိုယ်လုပ်ထားတဲ့ဟာ ကိုယ်ပြန်ပေးရတာ။ ကြားထဲမှာ
ငွေသုံးရတာပေါ့။ ပြန်မလာတော့ဘူးဆိုရင် အမြတ်ကျန်နေလိုက်တာပေါ့။
တစ်ကယ်တော့ ဒါဟာဝယ်ယူတဲ့လူဆီကနေ ပိုစပ်ထားတဲ့ အတွက်ကခိုးလိုက်တာပဲ။ ရွှေအကြောင်းဆိုရင်နားမလည်တဲ့လူကများတော့ တစ်ချို့ရွှေဆိုင်တွေက ညစ်ပတ်တယ် ရွှေထည်ကဝယ်ထားတာကြာနေပြီ ။
ဝယ်တုန်းကဈေး နဲ့ ပြန်ရောင်းတဲ့ အချိန်ဈေးဟာလဲတော်တော်ကွာနေတယ်။ ဥပမာ ဝယ်တုန်းက တစ်သိန်း ပေးထားရတယ်ဆိုရင် အခုတစ်သိန်းခွဲလောက် ရ ရမှာ။ ဒါပေမယ့် တစ်သိန်း သုံးသောင်းလောက်ပဲ ပေးတယ်။
ရောင်းတဲ့လူကလဲ နားမလည်တော့ သုံးသောင်းလောက်မြတ်တာနဲ့ ကျေနပ်နေတယ် အဲ့ဒါမျိုးတွေ
လုပ်ကြတယ်။ ရွှေဆိုင်ကြီးတွေမှာ ရောင်းလိုက်ရတဲ့အထည် တစ်ဝက်လောက်က
ဆိုင်ကိုပြန်လာတယ်။ တစ်ဝက်လောက်က ဆိုင်ကိုယ်ပြန်မလောတော့ဘူးလို့
ခန့်မှန်းခြေသိရပါတယ်။ ရွှေထည်များဝယ်ယူမည် ဆိုပါက ထိုကဲ့သို့ ရှိပါသည်။
တစ်ကယ်လို့
ပိုက်ဆံပျောက်ပျက်သွားမှာစိုးလို့ ရွှေဝယ်ထားချင်တယ်ဆိုရင် အခဲလိုက်ဝယ်ထားတာ
အဆင်အပြေဆုံးပါ။ တစ်ကျပ်သားကို ရောင်းဈေးနဲ့ ဝယ်ဈေး ၁၅၀၀ ပဲခွါတယ်။ ဒါကလဲ ခေါက်ရွှေ
သီးသန့်ရောင်းတဲ့ ဆိုင်တွေ ဈေးမှန်တဲ့ ဆိုင်တွေမှပါ။ တစ်ချို့ရွှေဆိုင်များစို ဝယ်တဲ့အခါမှာ
လက်ရှိပေါက်ဈေးထက် တစ်သောင်းလောက်ပိုရောင်းတယ် ပြန်ဝယ်တဲ့အချိန်ကျတော့
တစ်သောင်းလောက် လျော့ပေးပြန်ရော ဝယ်တော့တစ်သောင်းနာ ရောင်းတော့တစ်သောင်းနာ။
ရွာသူ ရွာသားအပေါင်းကို ဗဟုသုတဖြစ်စေလိုတဲ့ စေတနာနဲ့ ရေးလိုက်တာပါ။ အမှားများ
မပြည့်စုံသည်များ တွေ့ရှိရပါက ပြန်လည် ဖြည့်စွပ်ပေးကြပါရန် . . . . . . . . .
Credit: စစ်သွေးစစ်မာန်
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
“ေရႊ” ႏွင့္ပတ္သတ္လို႕ ဗဟုသုတ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။