iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝဆက္တိုင္း ခ်စ္သူတုိ႔ လက္တြဲရမယ့္ နည္းလမ္း ဗုဒၶဘာသာ ဘုရားေဟာ နည္းလမ္းအရ ခ်စ္သူတို႔ ဘဝဆက္တိုင္း ေပါင္းဖက္ ရမယ့္ နည္းလမ္း ရွိပါတယ္။ သာမန္ အၾကမ္းအားျဖင့္က အခ်စ္ ဆုိတာ တဏွာ လို႔ သိထားေပမယ့္ ယင္း တဏွာကိုပဲ အေျခခံလို႔ နိဗၺာန္ေရာက္ ေအာင္သြားတဲ့ လမ္းစဥ္ ရွိပါတယ္။ ဘုရားရွင္ လက္ထက္က နိဗၺာန္ ဝင္သြားတဲ့ ဇနီးေမာင္ႏွံ ႏွစ္ဦး ဟာဆုိ ဘဝ ဆက္တိုင္း အတူ ပါရမီ ျဖည့္က်က္ျပီး ေနာက္ဆံုးေတာ့ အတူ ေလာကီမွ လါၽႊ္ေျမာက္သြားျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူတို႔ ဘဝ ဆက္တိုင္း မကြဲခ်င္ရင္ ေအာက္ပါ အခ်က္မ်ား လုပ္ေဆာင္ရန္ လိုအပ္ပါတယ္။

၁။ ကုသုိလ္ အတူ ျပဳလုပ္ျခင္း

၂။ မတူ မျပဳႏိုင္ေတာင္ တစ္ဦးက ကုသုိလ္ ျပဳလွ်င္ ေနာက္တစ္ဦးက အားေပး ကူညီ ေထာက္ပံ့ေပးျခင္း

၃။ ႏွစ္ဦး စလံုးက ဝိပႆနာ တရား က်င့္ၾကံၾကျခင္း ယင္း အခ်က္ သံုးခ်က္က ေျပာရင္သာ လြယ္ေပမယ့္ တကယ္ လုပ္ေဆာင္တဲ့ အခါက် ခဲယင္းပါတယ္။ တစ္ဦးက ေကာင္းမွု ျပဳတဲ့အခါ တစ္ဦးက လွိုက္လွိုက္လွဲလွ ျဖစ္ အာေးပး၊ ကူညီျခင္း ျဖစ္ဖို႔က တစ္ခါတစ္ေလက် ခက္ခဲ တတ္ၾက ပါတယ္။ ယင္းခက္ခဲတာကို ေက်ာ္လြန္ျပီး လက္တြဲတဲ့ ဘဝ တစ္ခုစာ အတြင္း တစ္ေယာက္နဲ႔ တစ္ေယာက္ မွားေနတာေတြ ထိန္းေက်ာင္း ျပင္ေပး သြားမယ္။ မွန္တဲ့ အလုပ္ေတြက် အတူတူ ထပ္ခါထပ္ခါ ျပဳလုပ္ၾကမယ္ ဆုိရင္ ေနာက္ဘဝေတြမွာ ျပန္ေတြ႔ႏုိင္ေခ် ပိုမ်ားျပီး ပါရမီ ျဖည့္ဘက္ေတြ ျဖစ္ၾက အံုးမွာ ျဖစ္ပါတယ္။ ေသာတပန္ အတူျဖစ္ ျပီးရင္ နိဗၺာန္ ဝင္ခါနီး အခ်ိန္အထိေတာင္ ပါရမီ ျဖည့္ဖို႔ အခြင့္ အေရး ရၾကအံုးမွာ ျဖစ္ပါတယ္။ စကားခ်ပ္ အေနနဲ႔ အကုသုိလ္ ျပဳတဲ့ သူမ်ားလည္း ျဖစ္ေလရာ ဘံုဘဝမွာ အကုသုိလ္ ျပဳေဖာ္ အျဖစ္ ျပန္စံု ႏိုင္ပါေသးတယ္။ ဒီေတာ့ ဘယ္လို ဘံုဘဝမွာ ျပန္စံုမယ္ဆုိတာ မိမိတို႔ရဲ႕ ေရြးခ်ယ္မွုသာ ျဖစ္ပါတယ္။


Credit:(ရိုးရာေလး) ကိုးကား - အဘိဓမၼာက်မ္း

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဘဝဆက်တိုင်း ချစ်သူတို့ လက်တွဲရမယ့် နည်းလမ်း ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း ရှိပါတယ်။ သာမန် အကြမ်းအားဖြင့်က အချစ် ဆိုတာ တဏှာ လို့ သိထားပေမယ့် ယင်း တဏှာကိုပဲ အခြေခံလို့ နိဗ္ဗာန်ရောက် အောင်သွားတဲ့ လမ်းစဉ် ရှိပါတယ်။ ဘုရားရှင် လက်ထက်က နိဗ္ဗာန် ဝင်သွားတဲ့ ဇနီးမောင်နှံ နှစ်ဦး ဟာဆို ဘဝ ဆက်တိုင်း အတူ ပါရမီ ဖြည့်ကျက်ပြီး နောက်ဆုံးတော့ အတူ လောကီမှ လါျွှ်မြောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတို့ ဘဝ ဆက်တိုင်း မကွဲချင်ရင် အောက်ပါ အချက်များ လုပ်ဆောင်ရန် လိုအပ်ပါတယ်။

၁။ ကုသိုလ် အတူ ပြုလုပ်ခြင်း

၂။ မတူ မပြုနိုင်တောင် တစ်ဦးက ကုသိုလ် ပြုလျှင် နောက်တစ်ဦးက အားပေး ကူညီ ထောက်ပံ့ပေးခြင်း

၃။ နှစ်ဦး စလုံးက ဝိပဿနာ တရား ကျင့်ကြံကြခြင်း ယင်း အချက် သုံးချက်က ပြောရင်သာ လွယ်ပေမယ့် တကယ် လုပ်ဆောင်တဲ့ အခါကျ ခဲယင်းပါတယ်။ တစ်ဦးက ကောင်းမှု ပြုတဲ့အခါ တစ်ဦးက လှိုက်လှိုက်လှဲလှ ဖြစ် အာေးပး၊ ကူညီခြင်း ဖြစ်ဖို့က တစ်ခါတစ်လေကျ ခက်ခဲ တတ်ကြ ပါတယ်။ ယင်းခက်ခဲတာကို ကျော်လွန်ပြီး လက်တွဲတဲ့ ဘဝ တစ်ခုစာ အတွင်း တစ်ယောက်နဲ့ တစ်ယောက် မှားနေတာတွေ ထိန်းကျောင်း ပြင်ပေး သွားမယ်။ မှန်တဲ့ အလုပ်တွေကျ အတူတူ ထပ်ခါထပ်ခါ ပြုလုပ်ကြမယ် ဆိုရင် နောက်ဘဝတွေမှာ ပြန်တွေ့နိုင်ချေ ပိုများပြီး ပါရမီ ဖြည့်ဘက်တွေ ဖြစ်ကြ အုံးမှာ ဖြစ်ပါတယ်။ သောတပန် အတူဖြစ် ပြီးရင် နိဗ္ဗာန် ဝင်ခါနီး အချိန်အထိတောင် ပါရမီ ဖြည့်ဖို့ အခွင့် အရေး ရကြအုံးမှာ ဖြစ်ပါတယ်။ စကားချပ် အနေနဲ့ အကုသိုလ် ပြုတဲ့ သူများလည်း ဖြစ်လေရာ ဘုံဘဝမှာ အကုသိုလ် ပြုဖော် အဖြစ် ပြန်စုံ နိုင်ပါသေးတယ်။ ဒီတော့ ဘယ်လို ဘုံဘဝမှာ ပြန်စုံမယ်ဆိုတာ မိမိတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။


Credit:(ရိုးရာလေး) ကိုးကား - အဘိဓမ္မာကျမ်း



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top