iMyanmarHouse.com - Best Property Website for Myanmar
×



နည်းလို့ပဲဖြစ်ပါတယ်။




#Unicode Version

သုတေသနတစ်ခုမှာ ပျော်ရွှင်မှု ကိုဝယ်ယူနိုင်တယ်လို့ ဖော်ပြထားပါ တယ်။ ဟားဗတ်တက္ကသိုလ်မှ သုတေ သီတစ်ဦးဖြစ်တဲ့ ပါမောက္ခ Dr.Michael Norton က "တီဗွီအစီ အစဉ်တွေ၊ အဝတ်အစားအသစ်တွေ က
ပျော်ရွှင်စေတာမဟုတ်ပါဘူး ။ အတွေ့အကြုံသစ်တွေကို ဝယ်ယူခြင်း ကသာ ပျော်ရွှင်စေနိုင်မှာပါ" လို့ပြော ကြားထားပါတယ်။

လူမှုဆက်ဆံရေးမှာ ပေါင်းသင်း ဆက်နွှယ်မှုတွေဟာ လူသားတွေကို ပျော်ရွှင်မှုရယ်၊ စိတ်ကျေနပ်မှုနဲ့ အသက်ရှည်မှုကို ပေးစွမ်းနိုင်ပါတယ်။ ပျော်ရွှင်မှုကိုရရှိစေဖို့ရာစနေ၊ တနင်္ဂ နွေလို ရုံးပိတ်ရက်တွေမှာ
ဥယျာဉ် ပြုစုခြင်း ၊ ဇနီးမောင်နှံများ ရက်ကတ် ဘောကစားခြင်း (racquet ballsျူ) တွေဟာ သင့်တော်ကြောင်း ၊ မိမိ ကိုယ်တိုင်ပျော်ရွှင်ရသော နည်းလမ်း ကို ဘဝလက်တွဲဖော်နှင့် မျှဝေ လုပ် ဆောင်ခြင်ဟာ အသက်ရှည်စေရန် ၊ ပျော်ရွင်ရန်အတွက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်း များပင် ဖြစ်ကြောင်း University of Zurich၊ စိတ် ကျန်းမာရေးအထူးကုဌာနမှ ပါမော Dr.Willibald Ruch က ပြော ကြားခဲ့ပါတယ်။

ရုံးတက်သူတွေမှာ စက်ဘီးစီး ခြင်း၊လမ်းလျှောက်ခြင်းများဖြင့် သွား သူတွေဟာ ဘတ်စ်ကားနဲ့ ကိုယ်ပိုင် ကားတွေနဲ့ သွားသူတွေထက်စာရင် ပိုပြီးပျော်ရွှင်ရကြောင်း ပေါ့တလန် (Portland) ကလူဦးရေ ၈၀ဝကျော် ကို၂၀၁၂ခုနှစ်မှာ စစ်တမ်းကောက်ယူ မှုအရ သက်သေပြနိုင်ခဲ့ပါတယ် ။ ဒါဟာစိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်စေတဲ့အခါ မှာ ပျော်ရွှင်မှုနဲ့ဆိုင်တဲ့ အင်ဒေါ်ဖင် (endorphin)ဟော်မုန်းတွေ ထွက် တာ
နည်းလို့ပဲဖြစ်ပါတယ်။

ပြုံးရွှင်စွာ နေထိုင်ခြင်းဟာ လည်းအသက်ရှည်စေတဲ့နည်းလမ်း ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အဲလို နေထိုင်သင့်ပေမယ့် ၂၄/၇လို အမေ ရိကန်ပြည်ထောင်စုအတွက် ဝမ်း နည်းရတဲ့နေ့မျိုးမှာ မပျော်ရွှင်တာကတော့ သဘာဝကျပါတယ်လို့ Dr.Willibald Ruch က သုံးသပ်ထား ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top